ရန်ကုန်တိုင်းအတွင်းမှာကျန်နေတဲ့ မြေယာလျော်ကြေးတွေကို အခုလကုန်ပိုင်းအတွင်း ပေးလျော်သွားဖို့ စီစဉ်နေ

ရန်ကုန်တိုင်းအတွင်းမှာကျန်နေတဲ့ မြေယာလျော်ကြေးတွေကို အခုလကုန်ပိုင်းအတွင်း ပေးလျော်သွားဖို့ စီစဉ်နေ

ရန်ကုန် ၊ သြဂုတ် ၂၈-၂၀၂၀
ယဉ်ပပထွန်း (VOM)

ရန်ကုန်တိုင်းအတွင်းမှာကျန်ရှိနေတဲ့ မြေယာလျော်ကြေးတွေကို အခုလကုန်အတွင်း မြို့နယ်အလိုက် ပေးလျော်သွားဖို့ စိစစ်ဆောင်ရွက်နေပါတယ်လို့ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဟံထွန်းကပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ရောင်းချခဲ့တဲ့ မြေကွက်တွေနဲ့ပတ်သက်ပြီး ရောင်းချခဲ့တဲ့ ငွေတစ်စိတ်တစ်ဒေသကို မြေယာလျော်ကြေးအဖြစ်နဲ့ ဘယ်လိုပေးထားသလဲဆိုတဲ့မေးခွန်းကို ဒီကနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ မေးခွန်းကို ဝန်ကြီးက အထက်ပါအတိုင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေကို ပွင့်လင်းမြင်သာမူနဲ့ မြေကွက်ရောင်းချမှုအား ပထမအကြိမ်နဲ့ယခုဒုတိယအကြိမ်ရောင်းချမှုအရ ရရှိခဲ့တဲ့ငွေတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ငွေစာရင်းမှာ ပေးသွင်းထားပြီး စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့ သိမ်းဆည်းခံလယ်ယာမြေ လျော်ကြေးငွေပေးအပ်မှုတွင် ဘတ်ဂျက်ရေးဆွဲလျာထားပေးလျော်နေပါတယ်”လို့ ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဟံထွန်းကပြောပါတယ်။

အခုလိုဆောင်ရွက်မှုမှာ ပထမအကြိမ် မြေယာလျော်ကြေးအဖြစ် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်း ၆၉၆၃.၁၀၀ ပေးလျော်ခဲ့ပြီး ဒုတိယအကြိမ် မြေယာလျော်ကြေးကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်မှာ ပေးလျော်ဖို့အတွက် ကျပ်သန်း ၉၉၁၅.၃၃၇ လျာထားခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီးကပြောခဲ့တာဖြစ်ပါတယ်။

မြေယာလျော်ကြေးအဖြစ် ကျပ်သန်း ၁၅၆၃၂.၂၂၀ကို ပေးလျော်ခဲ့ပြီးဖြစ်တဲ့အပြင် မြေယာလျော်ကြေးထပ်မံပေးအတွက် လျာထားတဲ့ ငွေကျပ်သန်းပေါင်း ၈၃၄၈၃.၁၁၇ ကျန်ရှိပါတယ်လို့ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဟံထွန်းကပြောကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းအတြင္းမွာက်န္ေနတဲ့ ေျမယာေလ်ာ္ေၾကးေတြကို အခုလကုန္ပိုင္းအတြင္း ေပးေလ်ာ္သြားဖို႔ စီစဥ္ေန

ရန္ကုန္ ၊ ၾသဂုတ္ ၂၈-၂၀၂၀
ယဥ္ပပထြန္း (VOM)

ရန္ကုန္တိုင္းအတြင္းမွာက်န္ရွိေနတဲ့ ေျမယာေလ်ာ္ေၾကးေတြကို အခုလကုန္အတြင္း ၿမိဳ့နယ္အလိုက္ ေပးေလ်ာ္သြားဖို႔ စိစစ္ေဆာင္ရြက္ေနပါတယ္လို ့ရန္ကုန္တိုင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဦးဟံထြန္းကေျပာပါတယ္။

ရန္ကုန္တိုင္းအစိုးရအဖဲြ႔ရဲ ့အစီအစဥ္နဲ့ေရာင္းခ်ခဲ့တဲ့ ေျမကြက္ေတြနဲ႔ပတ္သက္ျပီး ေရာင္းခ်ခဲ့တဲ့ ေငြတစ္စိတ္တစ္ေဒသကို ေျမယာေလ်ာ္ေၾကးအျဖစ္နဲ႔ ဘယ္လိုေပးထားသလဲဆိုတဲ့ေမးခြန္းကို ဒီကေန ့ျပဳလုပ္တဲ့ ဒုတိယအၾကိမ္ ရန္ကုန္တိုင္း လႊတ္ေတာ္အစည္းအေဝးမွာ ဒဂံုျမိဳ ့နယ္မဲဆနၵနယ္ အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ရဲ႔ ေမးခြန္းကို ဝန္ၾကီးက အထက္ပါအတိုင္းေျဖဆိုခဲ့တာျဖစ္ပါတယ္။

ရန္ကုန္တိုင္း အစိုးရအဖြဲ႕အေနနဲ့ ျပည္သူေတြကို ပြင့္လင္းျမင္သာမူနဲ ့ ေျမကြက္ေရာင္းခ်မွုအား ပထမအႀကိမ္နဲ ့ယခုဒုတိယအႀကိမ္ေရာင္းခ်မွုအရ ရရွိခဲ့တဲ့ေငြေတြကို ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီ ေငြစာရင္းမွာ ေပးသြင္းထားျပီး စည္ပင္သာယာနယ္နိမိတ္အတြင္းမွာ႐ွိတဲ့ သိမ္းဆည္းခံလယ္ယာေျမ ေလ်ာ္ေၾကးေငြေပးအပ္မွုတြင္ ဘတ္ဂ်က္ေရးဆြဲလ်ာထားေပးေလ်ာ္ေနပါတယ္”လို႔ ရန္ကုန္တိုင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဦးဟံထြန္းကေျပာပါတယ္။

အခုလိုေဆာင္ရြက္မွုမွာ ပထမအႀကိမ္ ေျမယာေလ်ာ္ေၾကးအျဖစ္ ၂၀၁၈-၂၀၁၉ ခု ဘ႑ာေရးႏွစ္မွာ က်ပ္သန္း ၆၉၆၃.၁၀၀ ေပးေလ်ာ္ခဲ့ၿပီး ဒုတိယအႀကိမ္ ေျမယာေလ်ာ္ေၾကးကို ၂၀၁၉-၂၀၂၀ခု ဘ႑ာေရးႏွစ္မွာ ေပးေလ်ာ္ဖို႔အတြက္ က်ပ္သန္း ၉၉၁၅.၃၃၇ လ်ာထားခဲ့ၿပီးျဖစ္တယ္လို႔ ဝန္ႀကီးကေျပာခဲ့တာျဖစ္ပါတယ္။

ေျမယာေလ်ာ္ေၾကးအျဖစ္ က်ပ္သန္း ၁၅၆၃၂.၂၂၀ကို ေပးေလ်ာ္ခဲ့ၿပီးျဖစ္တဲ့အျပင္ ေျမယာေလ်ာ္ေၾကးထပ္မံေပးအတြက္ လ်ာထားတဲ့ ေငြက်ပ္သန္းေပါင္း ၈၃၄၈၃.၁၁၇ က်န္ရွိပါတယ္လို ့ရန္ကုန္တိုင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဦးဟံထြန္းကေျပာၾကားခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW