နေပြည်တော်မှာ ကိုဗစ်-၁၉ ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိ

နေပြည်တော်မှာ ကိုဗစ်-၁၉ ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိ
နေပြည်တော်၊ သြဂုတ် ၃၁-၂၀၂၀
စွမ်းရဲထွဋ် (VOM)
နေပြည်တော်မှာ ကိုဗစ်နိုင်တင်းကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိဘူးလို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက VOM ကို ပြောပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့က COVID-19 ဓါတ်ခွဲ အတည်ပြုလူနာ (Case – 659) အသက် ၂၁ နှစ်အ ရွယ် အမျိုးသမီးဟာ နေပြည်တော်ကို ရောက်ရှိခဲ့ပြီး ရာထူးဝင်စာမေးပွဲဖြေကြားခဲ့တာဖြစ်တယ်လို့ မနေ့က နေပြည်တော ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီအမျိုးသမီးဟာ နေပြည်တော်ကိုရောက်ရှိချိန်မှာ ပုဗ္ဗသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်တွေမှာရှိတဲ့ အစိုးရဝန်ထမ်းအချို့နဲ့အတူ နေထိုင်၊ သွားလာမှုတွေရှိခဲ့ပါတယ်။
“အဲ့ဒီ Contact ၃ ယောက် မီးသတ်ကသုံးယောက်ရယ်၊ ပျဉ်းမနားဆေးရုံမှာရှိတဲ့ ယာဉ်မောင်း သုံးယောက်ရယ်၊ အဲ့ဒါတွေ အားချင်း မနေ့က ကုတင် ၁၀၀၀ မှာ စစ်ပါတယ်။ ပထမအကြိမ်ကတော့ Negativeပါ၊ စိုးရိမ်စရာမရှိဘူး။ မနေ့ညက အဖြေရတော့ ကျနော်လည်း နည်းနည်းပျော်သွားပါတယ်၊ ပြည်သူတွေလည်း နည်းနည်းစိတ်အေးသွားရတာပေါ့။ ကျနော်တို့ကကျတော့ Negative ဖြစ်သွားတာကို ကြေညာချက်ထုတ်လို့ မရဘူးပေါ့။ ပြည်ထဲရေးက တစ်ယောက်နဲ့ မီးသတ်က သုံးယောက်။ စာမေးပွဲဖြေတယ်ဆိုပေမယ့် သူနဲ့ အတူနေခဲ့သူတွေတောင် Negativeဆိုတော့ ဟိုဖက်ကတော့ အခွင့်အလမ်းနည်းသွားပြီ၊ အဲ့ဒီ ဝန်ကြီးဌာနက လူတွေကိုတော့ Home stay နဲ့ ကျနော်တို့ စောင့်ကြည့်နေပါတယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက VOM ကို ပြောပါတယ်။
လူနာအမှတ်-၆၅၉နဲ့ ထိတွေ့မှုရှိခဲ့သူတွေကတော့ ပြည်ထဲရေးဝန်ကြီးဌာနက ယာဉ်မောင်းတစ်ဦး၊ အမှတ် (၂) မီးသတ်စခန်းမှ မီးသက်တပ်ကြပ်ကြီး တစ်ဦးနဲ့ မိသားစုဝင် နှစ်ဦးတို့ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ သူတို့တွေကို ကွာရန်တင်းထားရှိပြီး Swab တွေကိုလည်း အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့စစ်ဆေးဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
“ပြည်သူတွေ ပူတာလည်းမှန်တယ်။ ကျနေ်ာတို့ဖက်က ပေါ့ပေါ့လျော့လျော့နဲ့ အရင်လိုပုံမှန် ဆိုင်တွေ သွားကြ၊ စားကြတွေ စိတ်ပူတယ်။ နေပြည်တော် လွတ်ပြီဟ ဆိုပြီးတော့ မဖြစ်စေချင်ဘူး။နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က ဧရာဝတီလမ်းပေါ်က ဆိုင်တွေကို ကြည့်ရင် သိနိုင်တယ်၊ဖြစ်နိုင်ရင် ဈေးတွေမှာလည်း မက်စ်တွေတပ်ပြီးမှ သွားလာလှုပ်ရှားမှုတွေ လုပ်နိုင်တယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ သြဂုတ်လ ၃၁ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ ၇၈၇ ဦးထိ ရှိနေပြီး ရခိုင်ပြည်နယ်မှာတော့ ကူးစက်ခံရမှုအများဆုံးဖြစ်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
ေနၿပည္ေတာ္မွာ ကုိဗစ္-၁၉ ကိစၥနဲ႔ပတ္သက္ၿပီး စိတ္ပူစရာမရွိ
ေနၿပည္ေတာ္၊ ၾသဂုတ္ ၃၁-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
ေနၿပည္ေတာ္မွာ ကုိဗစ္နုိင္တင္းကိစၥနဲ႔ပတ္သက္ၿပီး စိတ္ပူစရာမရွိဘူးလုိ႔ ေနၿပည္ေတာ္၊ ၿပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ဒုတိယညႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာၿမတ္ဝဏၰစုိးက VOM ကို ေၿပာပါတယ္။
ရခိုင္ၿပည္နယ္၊ အမ္းၿမိဳ႕က COVID-19 ဓါတ္ခြဲ အတည္ၿပဳလူနာ (Case – 659) အသက္ ၂၁ ႏွစ္အ ရြယ္ အမ်ိဳးသမီးဟာ ေနၿပည္ေတာ္ကို ေရာက္ရွိခဲ့ၿပီး ရာထူးဝင္စာေမးပြဲေၿဖၾကားခဲ့တာျဖစ္တယ္လို႔ မေန႔က ေနၿပည္ေတာ ၿပည္သူ႔က်န္းမာေရးဦးစီးဌာနက သတင္းထုတ္ၿပန္ခဲ့ပါတယ္။
အဲ့ဒီအမ်ိဳးသမီးဟာ ေနၿပည္ေတာ္ကိုေရာက္ရွိခ်ိန္မွာ ပုဗၺသီရိၿမိဳ႕နယ္နဲ႔ ဇမၺဴသီရိၿမိဳ႕နယ္ေတြမွာရွိတဲ့ အစုိးရဝန္ထမ္းအခ်ိဳ႕နဲ႔အတူ ေနထုိင္၊ သြားလာမႈေတြရွိခဲ့ပါတယ္။
“အဲ့ဒီ Contact ၃ ေယာက္ မီးသတ္ကသံုးေယာက္ရယ္၊ ပ်ဥ္းမနားေဆးရံုမွာရွိတဲ့ ယာဥ္ေမာင္း သံုးေယာက္ရယ္၊ အဲ့ဒါေတြ အားခ်င္း မေန႔က ကုတင္ ၁၀၀၀ မွာ စစ္ပါတယ္။ ပထမအၾကိမ္ကေတာ့ Negativeပါ၊ စုိးရိမ္စရာမရွိဘူး။ မေန႔ညက အေျဖရေတာ့ က်ေနာ္လည္း နည္းနည္းေပ်ာ္သြားပါတယ္၊ ၿပည္သူေတြလည္း နည္းနည္းစိတ္ေအးသြားရတာေပါ့။ က်ေနာ္တုိ႔ကက်ေတာ့ Negative ၿဖစ္သြားတာကို ေၾကညာခ်က္ထုတ္လုိ႔ မရဘူးေပါ့။ ၿပည္ထဲေရးက တစ္ေယာက္နဲ႔ မီးသတ္က သံုးေယာက္။ စာေမးပြဲေၿဖတယ္ဆုိေပမယ့္ သူနဲ႔ အတူေနခဲ့သူေတြေတာင္ Negativeဆိုေတာ့ ဟုိဖက္ကေတာ့ အခြင့္အလမ္းနည္းသြားၿပီ၊ အဲ့ဒီ ဝန္ၾကီးဌာနက လူေတြကုိေတာ့ Home stay နဲ႔ က်ေနာ္တုိ႔ ေစာင့္ၾကည့္ေနပါတယ္” လုိ႔ ေဒါက္တာၿမတ္ဝဏၰစုိးက VOM ကို ေၿပာပါတယ္။
လူနာအမွတ္-၆၅၉နဲ႔ ထိေတြ႔မႈရွိခဲ့သူေတြကေတာ့ ၿပည္ထဲေရးဝန္ၾကီးဌာနက ယာဥ္ေမာင္းတစ္ဦး၊ အမွတ္ (၂) မီးသတ္စခန္းမွ မီးသက္တပ္ၾကပ္ၾကီး တစ္ဦးနဲ႔ မိသားစုဝင္ ႏွစ္ဦးတုိ႔ ၿဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ သူတို႔ေတြကို ကြာရန္တင္းထားရွိၿပီး Swab ေတြကုိလည္း အမ်ိဳးသား က်န္းမာေရးဓါတ္ခြဲမႈဆုိင္ရာဌာနကို ေပးပုိ႔စစ္ေဆးဖုိ႔ စီစဥ္ေဆာင္ရြက္ထားတယ္လို႔ ေဒါက္တာၿမတ္ဝဏၰစိုးက ေၿပာပါတယ္။
“ၿပည္သူေတြ ပူတာလည္းမွန္တယ္။ က်ေန္ာတို႔ဖက္က ေပါ့ေပါ့ေလ်ာ့ေလ်ာ့နဲ႔ အရင္လိုပံုမွန္ ဆုိင္ေတြ သြားၾက၊ စားၾကေတြ စိတ္ပူတယ္။ ေနၿပည္ေတာ္ လြတ္ၿပီဟ ဆိုၿပီးေတာ့ မၿဖစ္ေစခ်င္ဘူး။ေနၿပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္က ဧရာဝတီလမ္းေပၚက ဆုိင္ေတြကုိ ၾကည့္ရင္ သိနုိင္တယ္၊ၿဖစ္နုိင္ရင္ ေစ်းေတြမွာလည္း မက္စ္ေတြတပ္ၿပီးမွ သြားလာလွဳပ္ရွားမႈေတြ လုပ္နုိင္တယ္”လုိ႔ ေဒါက္တာၿမတ္ဝဏၰစိုးက ေၿပာပါတယ္။
ၿမန္မာနုိင္ငံမွာ ဒီကေန႔ ၾသဂုတ္လ ၃၁ရက္ေန႔အထိ COVID-19 ကူးစက္ခံရသူ ၇၈၇ ဦးထိ ရွိေနၿပီး ရခိုင္ျပည္နယ္မွာေတာ့ ကူးစက္ခံရမႈအမ်ားဆံုးျဖစ္ေနတယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႔ထုတ္ျပန္ခ်က္အရ သိရပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW