ရန်ကုန်မြို့ကလူတွေ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး လိုက်နာမှုအားနည်းတဲ့အတွက် တင်းတင်းကြပ်ကြပ် အရေးယူတော့မယ်

ရန်ကုန်မြို့ကလူတွေ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး လိုက်နာမှုအားနည်းတဲ့အတွက် တင်းတင်းကြပ်ကြပ် အရေးယူတော့မယ်

ရန်ကုန်၊ စက်တင်ဘာ ၂-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်မြို့မှာ နေထိုင်သူတွေဟာ ကိုဗစ် ကပ်ရောဂါနဲ့ပတ်သက်ပြီး ပေါ့ဆစွာနေထိုင်လာသလို စည်းကမ်းလိုက်နာမှုလည်း အားနည်းလာတာကြောင့် တင်းကြပ်တဲ့အရေးယူမှုတွေပြုလုပ်သွားမယ်လို့် ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ Online Meeting မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူတစ်ယောက်ချင်းစီရဲ့ အသက်ဟာ တန်ဖိုးဖြတ်မရတာကြောင့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်း မိမိကိုယ်ကိုတန်ဖိုးထားတတ်သင့်တယ်လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“နိုင်ငံတော်က တန်ဖိုးထားသလို ပြည်သူတွေ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ မိမိအရေး နိုင်ငံတော်အရေးကိစ္စအနေဖြင့် တန်ဖိုးထားသင့်တယ်၊ စည်းကမ်းတွေကို လိုက်နာမှုမရှိရင် အရေးယူမှုအပိုင်းတွေပါဝင်တဲ့အတွက် လိုက်နာမှုမရှိရင်တော့ ပိုပြီးတင်းကြပ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ အရေးယူမှုတွေလုပ်ဆောင်တော့မယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ရန်ကုန်တိုင်းမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု ပြန်လည်မြှင့်တက်လာပြီး ရောဂါကူးစက်သူ (၄၀၇)ဦးအထိရှိလာပေမယ့် ရန်ကုန်တိုင်းအတွင်းနေထိုင်သူတွေဟာ အတင့်ရဲစွာ လုပ်ကိုင်နေသလို စည်းကမ်းပိုင်းဆိုင်ရာလိုက်နာမှု အားနည်နေတာကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ တင်းတင်းကြပ်ကြပ် အရေးယူသွားမယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

” ကျမတို့ YBS ကို လူတိုးစီးရတယ်။ သူတို့ထုတ်ထားသလို မက်စ် တက်တယ်၊ ဟန်းဂျယ်လည်းဆောင်ထားတယ်။ ဘယ်လိုပဲလုပ်လုပ် ကားပေါ်ရောက်ရင် တယောက်နဲ့တယောက်က ပူးကပ်စီးနေရတာလေ။ ppe တတ်ထားတဲ့လူတွေ၊ ဆရာဝန်တွေတောင် အကူးခံနေရတာ။ တကယ်လို့ ကားပေါ် ပိုးရှိသူသာပါလာရင် ကျမတို့ ဘယ်လောက်မက်စ်တပ်တပ် ပါ။ ဖြစ်နိုင်ရင် အိမ်ထဲနေချင်တာပေါ့။ ကိုဗစ်ကနောက်မှ စားဝတ်နေရေးက အရင်ဖြစ်နေတော့ ကျမတို့လည်း မတတ်နိုင်ဘူး။ အတတ်နိုင်ဆုံးတော့ စည်းကမ်းလိုက်နာပါတယ်” လို့ ရန်ကုန်မြို့နေ ဝန်ထမ်းတစ်ဦးဖြစ်သူ မဇင်မာဆွေကပြောပါတယ်။

လက်ရှိရန်ကုန်တိုင်းက မြို့နယ် ၇ ခုဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်၊ လှိုင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ကို Stay Home အကျုံးဝင်မြို့နယ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္ၿမိဳ႕ကလူ​ေတြ ကိုဗစ္ေရာဂါနဲ႔ပတ္သက္ၿပီး လိုက္နာမႈအားနည္းတဲ့အတြက္ တင္းတင္းၾကပ္ၾကပ္ အေရးယူ​​ေတာ့မယ္

ရန္ကုန္၊ စက္တင္ဘာ ၂-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္ၿမိဳ႕မွာ ေနထိုင္သူေတြဟာ ကိုဗစ္ ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ေပါ့ဆစြာေနထိုင္လာသလို စည္းကမ္းလိုက္နာမႈလည္း အားနည္းလာတာေၾကာင့္ တင္းၾကပ္တဲ့အေရးယူမႈေတြျပဳလုပ္သြားမယ္လို္႔ ဒီကေန႔ စက္တင္ဘာလ ၂ ရက္ေန႔မွာ ျပဳလုပ္တဲ့ Online Meeting မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာဆိုလိုက္တာျဖစ္ပါတယ္။

ဒါ့အျပင္ ျပည္သူတစ္ေယာက္ခ်င္းစီရဲ့ အသက္ဟာ တန္ဖိုးျဖတ္မရတာေၾကာင့္ ျပည္သူ တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္း မိမိကိုယ္ကိုတန္ဖိုးထားတတ္သင့္တယ္လို႔ တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

“နိုင္ငံေတာ္က တန္ဖိုးထားသလို ျပည္သူေတြ တစ္ဦးတစ္ေယာက္ခ်င္းစီအေနနဲ႔ မိမိအေရး နိုင္ငံေတာ္အေရးကိစၥအေနျဖင့္ တန္ဖိုးထားသင့္တယ္၊ စည္းကမ္းေတြကို လိုက္နာမွုမရွိရင္ အေရးယူမွုအပိုင္းေတြပါဝင္တဲ့အတြက္ လိုက္နာမွုမရွိရင္ေတာ့ ပိုၿပီးတင္းၾကပ္တဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒနဲ႔ အေရးယူမွုေတြလုပ္ေဆာင္ေတာ့မယ္” လို့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က​ေျပာပါတယ္။

ရန္ကုန္တိုင္းမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈ ျပန္လည္ျမႇင့္တက္လာ​ၿပီး ေရာဂါကူးစက္သူ (၄၀၇)ဦးအထိ႐ွိလာေပမယ့္ ရန္ကုန္တိုင္းအတြင္းေနထိုင္သူေတြဟာ အတင့္ရဲစြာ လုပ္ကိုင္ေနသလို စည္းကမ္းပိုင္းဆိုင္ရာလိုက္နာမႈ အားနည္ေနတာေၾကာင့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ဥပ​ေဒနဲ႔ တင္းတင္းၾကပ္ၾကပ္ အ​ေရးယူသြားမယ္လို႔ ​ေျပာဆိုလိုက္တာျဖစ္ပါတယ္။

” က်မတို႔ YBS ကို လူတိုးစီးရတယ္။ သူတို့ထုတ္ထားသလို မက္စ္ တက္တယ္၊ ဟန္းဂ်ယ္လည္းေဆာင္ထားတယ္။ ဘယ္လိုပဲလုပ္လုပ္ ကားေပၚေရာက္ရင္ တေယာက္နဲ႔တေယာက္က ပူးကပ္စီးေနရတာေလ။ ppe တတ္ထားတဲ့လူေတြ၊ ဆရာဝန္ေတြေတာင္ အကူးခံေနရတာ။ တကယ္လို႔ ကား​ေပၚ ပိုး႐ွိသူသာပါလာရင္ က်မတို႔ ဘယ္ေလာက္မက္စ္တပ္တပ္ ပါ။ ျဖစ္ႏိုင္ရင္ အိမ္ထဲေနခ်င္တာေပါ့။ ကိုဗစ္ကေနာက္မွ စားဝတ္ေနေရးက အရင္ျဖစ္ေနေတာ့ က်မတို႔လည္း မတတ္ႏိုင္ဘူး။ အတတ္ႏိုင္ဆုံးေတာ့ စည္းကမ္းလိုက္နာပါတယ္” လို႔ ရန္ကုန္ၿမိဳ႕ေန ဝန္ထမ္းတစ္ဦးျဖစ္သူ မဇင္မာေဆြကေျပာပါတယ္။

လက္႐ွိရန္ကုန္တိုင္းက ၿမိဳ႕နယ္ ၇ ခုျဖစ္တဲ့ သဃၤန္းကၽြန္းၿမိဳ့နယ္၊ အင္းစိန္ၿမိဳ့နယ္၊ ေျမာက္ဥကၠလာပၿမိဳ့နယ္၊ သာေကတၿမိဳ့နယ္၊ လွိုင္ၿမိဳ့နယ္၊ ပုဇြန္ေတာင္ၿမိဳ့နယ္နဲ႔ မဂၤလာဒုံၿမိဳ့နယ္တို႔ကို Stay Home အက်ဳံးဝင္ၿမိဳ႕နယ္အျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW