လူနာအမှတ် – ၇၈၈နဲ့ ထိတွေ့ခဲ့သူ ၃ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့

လူနာအမှတ် – ၇၈၈နဲ့ ထိတွေ့ခဲ့သူ ၃ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့

ရန်ကုန်၊ စက်တင်ဘာ ၂ -၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ်လူနာအမှတ်-၇၈၈နဲ့ ထိတွေ့ခဲ့သူ ၃ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိရတယ်လို့ မြင်းခြံပြည်သူကျန်းမာရေးဦးစီးဌာနက ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။

မြင်းခြံမြို့မှာတွေ့ရှိထားတဲ့ ကိုဗစ်လူနာအမှတ်(၇၈၈) နဲ့ ထိတွေ့မှုရှိခဲ့သူတွေကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူပြီး စက်တင်ဘာလ ၁ ရက်နေ့က ပေးပို့စစ်ဆေးခဲ့ရာ အဲ့ဒီထဲက ၃ ဦမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုဗစ်လူနာသစ် နဲ့ထိစပ်ခဲ့သူတွေကို ကွာရန်တင်းစင်တာပို့ဆောင်ဖို့ လုပ်ဆောင်နေတဲ့ အဖြူရောင်လက်များပရဟိတအသင်းဥက္ကဋ္ဌ ကိုသန်းနိုင်ကိုဆက်သွယ်မေးမြန်းရာမှာတော့ ” ကြိုတင်ကာကွယ်လို့ရအောင် ထုတ်ပြန်တယ်လို့ထင်ပါတယ်။ အခု အကိုတို့အသင်းက လူနာနဲ့ထိတွေ့ ဆက်စပ်ခဲ့သူတွေကို လိုက်ကောက်နေတယ်။ ထိတွေ့ခဲ့သူ ဘယေ်လာက်ရှိလဲဆိုတာ နောက် ၂ နာရီနေလောက်ဆိုရင်တော့သိရမယ်။ “လို့ ပြောပါတယ်။

အခု တွေ့ရှိတဲ့ လူနာအမှတ်-၇၈၈ နဲ့ထိတွေ့သူ လူနာအသစ် ၃ ဦးထဲက ၁ ဦးဟာ မြင်းခြံကဖြစ်ပြီး နောက်နှစ်ဦးကတော့ မန္တလေးမြို့မှာ ဟိုတယ်ကွာရန်တင်းဝင်နေတဲ့ case 788 ရဲ့ မိသားစုဝင် ၂ ဦးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ လူနာသစ် ၃ ဦးနဲ့ပတ်သက်တဲ့ ကိစ္စကို ပြည်ထောင်စုအဆင့် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ည ၈ နာရီ ကြေငြာမယ့်စာရင်းထဲမှာ ပါဝင်မယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကိုဗစ် #လူနာအသစ်

Zawgyi

လူနာအမွတ္ – ၇၈၈နဲ႔ ထိေတြ႕ခဲ့သူ ၃ ဦးမွာ ကိုဗစ္-၁၉ေရာဂါပိုးေတြ႕

ရန္ကုန္၊ စက္တင္ဘာ ၂ -၂၀၂၀
သိဂႌ (VOM)

ကိုဗစ္လူနာအမွတ္-၇၈၈နဲ႔ ထိေတြ႕ခဲ့သူ ၃ဦးမွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိရတယ္လို႔ ျမင္းျခံျပည္သူက်န္းမာေရးဦးစီးဌာနက ဒီကေန႔ ညေနပိုင္းမွာ ထုတ္ျပန္ေၾကျငာထားတာျဖစ္ပါတယ္။

ျမင္းျခံၿမိဳ႕မွာ​ေတြ႕႐ွိထားတဲ့ ကို​ဗစ္လူနာအမွတ္(၇၈၈) နဲ႔ ထိေတြ႕မွုရွိခဲ့သူ​ေတြကို ႏွာေခါင္းတို႔ဖတ္၊ အာေခါင္တို႔ဖတ္ရယူၿပီး စက္တင္ဘာလ ၁ ရက္ေန႔က ေပးပို႔စစ္ေဆးခဲ့ရာ အဲ့ဒီထဲက ၃ ဦမွာ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံထားရတာကို ေတြ႔႐ွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ကိုဗစ္လူနာသစ္ နဲ႔ထိစပ္ခဲ့သူေတြကို ကြာရန္တင္းစင္တာပို႔​ေဆာင္ဖို႔ လုပ္ေဆာင္ေနတဲ့ အျဖဴေရာင္လက္မ်ားပရဟိတအသင္းဥကၠ႒ ကိုသန္းႏိုင္ကိုဆက္သြယ္ေမးျမန္းရာမွာေတာ့ ” ႀကိဳတင္ကာကြယ္လို႔ရ​ေအာင္ ထုတ္ျပန္တယ္လို႔ထင္ပါတယ္။ အခု အကိုတို႔အသင္းက လူနာနဲ႔ထိေတြ႔ ဆက္စပ္ခဲ့သူေတြကို လိုက္ေကာက္ေနတယ္။ ထိေတြ႔ခဲ့သူ ဘယေ္လာက္႐ွိလဲဆိုတာ ေနာက္ ၂ နာရီေနေလာက္ဆိုရင္ေတာ့သိရမယ္။ “လို႔ ေျပာပါတယ္။

အခု ေတြ႔႐ွိတဲ့ လူနာအမွတ္-၇၈၈ နဲ႔ထိေတြ႔သူ လူနာအသစ္ ၃ ဦးထဲက ၁ ဦးဟာ ျမင္းျခံကျဖစ္ၿပီး ေနာက္ႏွစ္ဦးကေတာ့ မႏၱေလးၿမိဳ႔မွာ ဟိုတယ္ကြာရန္တင္းဝင္ေနတဲ့ case 788 ရဲ႕ မိသားစုဝင္ ၂ ဦးျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီ လူနာသစ္ ၃ ဦးနဲ႔ပတ္သက္တဲ့ ကိစၥကို ျပည္ေထာင္စုအဆင့္ က်န္းမာ​ေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားျခင္းမ႐ွိေသးဘဲ ည ၈ နာရီ ေၾကျငာမယ့္စာရင္းထဲမွာ ပါဝင္မယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ကိုဗစ္ #လူနာအသစ္

Related posts

Leave a Comment

VOM News

FREE
VIEW