ရန်ကုန်ကနေ ထိုင်းနိုင်ငံကိုအလုပ်သွားလုပ်မယ့် နိုင်ငံသားအထောက်အထားမဲ့သူတွေကို မြဝတီမှာဖမ်းမိ

ရန်ကုန်ကနေ ထိုင်းနိုင်ငံကိုအလုပ်သွားလုပ်မယ့် နိုင်ငံသားအထောက်အထားမဲ့သူတွေကို မြဝတီမှာဖမ်းမိ

မြဝတီ ၊ စက်တင်ဘာ ၃-၂၀၂၀
သူရိန်(VOM)

ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ဖို့အတွက် ရန်ကုန်မြို့ကတဆင့် မြဝတီမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၇ ဦးကို မနေ့ စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကိုသွားဖို့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကတဆင့် စစ်တွေမြို့နဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တို့မှာ အဆင့်ဆင့်နေထိုင်ခဲ့ပြီး မြဝတီမြို့ကို ရောက်ရှိနေထိုင်တဲ့ နိုင်ငံသားအထောက်အထားမဲ့သူ(၇)ဦးကို မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၃)လမ်းရှိ နေအိမ်တန်းလျားတစ်ခုမှာ သက်ဆိုင်ရာကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနေအိမ်တန်းလျားမှာ ငှားရမ်းနေထိုင်သူ မောင်ထွန်းနိုင်(ခ)ရမ်ရတ်(ခ်) ၂၇ နှစ် ယာဉ်မောင်းလုပ်ကိုင်သူရဲ့တန်းလျားအခန်းမှာ ရခိုင်ပြည်နယ်ဘက်က နိုင်ငံသားအထောက်အထားမဲ့သူတွေ လာရောက်နေထိုင်တယ်လို့ သတင်းရတဲ့အတွက် မြဝတီမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကနေလာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေဖြစ်တဲ့ ဦးမာမတ်ဟာဆွန်၊(၃၅) နှစ်၊ ဦးမာမတ်ကောမောင် (၂၄) နှစ် ၊ ဟာကီနက်ဟူစိန်(ခ)ကျော်သီဟ (၇) နှစ် ၊ မာမတ်ဟူစိန်(ခ)ကျော်သူရ (၂) နှစ်၊ မလှလှမေ(၂၈) နှစ်၊ မဘီဘီစီတန်(ခ)စန္ဒာကျော်၊ (၅) နှစ် နဲ့ နေအိမ်တန်းလျားမှာ လက်ခံထားရှိသူ မောင်ထွန်းနိုင်(ခ)ရမ်ရတ်ခ်ျ (၂၇) နှစ် ဆင်းရွှေလီ(၃)လမ်း အမှတ်(၅)ရပ်ကွက် မြဝတီမြို့နေသူတို့ကို လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ဖို့ စီစဉ်‌နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူ ၇ ဦးထဲက ဦးမာမတ်ဟာဆွန်ပါ မိသားစုဝင်(၆)ဦးတို့ဟယ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ဘူးသီးတောင်မြို့ကနေ လွန်ခဲ့တဲ့ (၃) လကျော်ခန့်ကထွက်ခွာခဲ့ပြီး စစ်တွေမြို့မှာ(၂)လခန့် နဲ့ ရန်ကုန်တိုင်း ၊မင်္ဂလာတောင်ညွန့်မြို့မှာ (၁ )လခန့်နေထိုင်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့ကနေ ဩဂုတ်လ ၃၀ ရက်၊ ညပိုင်းက ထွက်ခွာခဲ့ကာ ဩဂုတ်လ ၃၁ ရက် မြဝတီမြို့ကို ရောက်ရှိခဲ့ချိန် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြဝတီ

Zawgyi

ရန္ကုန္ကေန ထိုင္းႏိုင္ငံကိုအလုပ္သြားလုပ္မယ့္ ႏိုင္ငံသားအေထာက္အထားမဲ့သူေတြကို ျမဝတီမွာဖမ္းမိ

ျမဝတီ ၊ စက္တင္ဘာ ၃-၂၀၂၀
သူရိန္(VOM)

ထိုင္းႏိုင္ငံကို အလုပ္သြားလုပ္ဖို႔အတြက္ ရန္ကုန္ၿမိဳ႕ကတဆင့္ ျမဝတီၿမိဳ႕ကို ေရာက္ရွိေနတဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူ ၇ ဦးကို မေန႔ စက္တင္ဘာ ၂ ရက္ေန႔ ညပိုင္းက ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

ထိုင္းႏိုင္ငံကိုသြားဖို႔ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕ကတဆင့္ စစ္ေတြၿမိဳ႕နဲ႔ ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္တို႔မွာ အဆင့္ဆင့္ေနထိုင္ခဲ့ၿပီး ျမဝတီၿမိဳ႕ကို ေရာက္ရွိေနထိုင္တဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူ(၇)ဦးကို ျမဝတီၿမိဳ႕ အမွတ္(၅)ရပ္ကြက္၊ ဆင္းေ႐ႊလီ(၃)လမ္းရွိ ေနအိမ္တန္းလ်ားတစ္ခုမွာ သက္ဆိုင္ရာကဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေနအိမ္တန္းလ်ားမွာ ငွားရမ္းေနထိုင္သူ ေမာင္ထြန္းႏိုင္(ခ)ရမ္ရတ္(ခ္) ၂၇ ႏွစ္ ယာဥ္ေမာင္းလုပ္ကိုင္သူရဲ႕တန္းလ်ားအခန္းမွာ ရခိုင္ျပည္နယ္ဘက္က ႏိုင္ငံသားအေထာက္အထားမဲ့သူေတြ လာေရာက္ေနထိုင္တယ္လို႔ သတင္းရတဲ့အတြက္ ျမဝတီၿမိဳ႕မရဲစခန္းက ရဲတပ္ဖြဲ႔ဝင္ေတြနဲ႔ အမွတ္(၅)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ဝင္းနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြက သြားေရာက္စစ္ေဆးခဲ့ရာမွာ အခုလိုဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

ဖမ္းဆီးရမိသူေတြက ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕ကေနလာတဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူေတြျဖစ္တဲ့ ဦးမာမတ္ဟာဆြန္၊(၃၅) ႏွစ္၊ ဦးမာမတ္ေကာေမာင္ (၂၄) ႏွစ္ ၊ ဟာကီနက္ဟူစိန္(ခ)ေက်ာ္သီဟ (၇) ႏွစ္ ၊ မာမတ္ဟူစိန္(ခ)ေက်ာ္သူရ (၂) ႏွစ္၊ မလွလွေမ(၂၈) ႏွစ္၊ မဘီဘီစီတန္(ခ)စႏၵာေက်ာ္၊ (၅) ႏွစ္ နဲ႔ ေနအိမ္တန္းလ်ားမွာ လက္ခံထားရွိသူ ေမာင္ထြန္းႏိုင္(ခ)ရမ္ရတ္ခ္် (၂၇) ႏွစ္ ဆင္းေ႐ႊလီ(၃)လမ္း အမွတ္(၅)ရပ္ကြက္ ျမဝတီၿမိဳ႕ေနသူတို႔ကို လိုအပ္တဲ့ က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ႏိုင္ဖို႔ စီစဥ္‌ေနတယ္လို႔ သိရပါတယ္။

ဖမ္းဆီးရမိသူ ၇ ဦးထဲက ဦးမာမတ္ဟာဆြန္ပါ မိသားစုဝင္(၆)ဦးတို႔ဟယ ထိုင္းႏိုင္ငံကို သြားေရာက္အလုပ္လုပ္ကိုင္ဖို႔အတြက္ ဘူးသီးေတာင္ၿမိဳ႕ကေန လြန္ခဲ့တဲ့ (၃) လေက်ာ္ခန႔္ကထြက္ခြာခဲ့ၿပီး စစ္ေတြၿမိဳ႕မွာ(၂)လခန႔္ နဲ႔ ရန္ကုန္တိုင္း ၊မဂၤလာေတာင္ၫြန႔္ၿမိဳ႕မွာ (၁ )လခန႔္ေနထိုင္ခဲ့ၿပီး မဂၤလာေတာင္ၫြန႔္ၿမိဳ႕ကေန ဩဂုတ္လ ၃၀ ရက္၊ ညပိုင္းက ထြက္ခြာခဲ့ကာ ဩဂုတ္လ ၃၁ ရက္ ျမဝတီၿမိဳ႕ကို ေရာက္ရွိခဲ့ခ်ိန္ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ျမဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW