ခရီးသွားရာဇဝင်လိမ်ပြီး ဆေးလာကုတဲ့ ကိုဗစ်ပိုးတွေ့လူနာကို အရေးယူမယ်

ခရီးသွားရာဇဝင်လိမ်ပြီး ဆေးလာကုတဲ့ ကိုဗစ်ပိုးတွေ့လူနာကို အရေးယူမယ်

နေပြည်တော်၊ စက်တင်ဘာ ၁၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း‌၊ ပဲခူးဆေးရုံကြီးကို စက်တင်ဘာလ ၁၁ ရက် ည‌ပိုင်းက သွေးထွက်လွန်ဒဏ်ရာတွေနဲ့ ခရီးသွားရာဇဝင်ကို လိမ်လည် ဆေးကုသခဲ့တဲ့ ကိုဗစ်ပိုးတွေ့လူနာ အမျိုးသားကိုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမ‌ှုအက်ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ပဲခူးတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက ပြော
ပါတယ်။

လူနာနဲ့ထိ‌တွေ့ခဲ့တဲ့ ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေ၊ သနပ်ပင်က ထိတွေ့သူတွေကို ကွာရန်တင်းလုပ်ဖိုလည်းပြင်နေတယ်။ လိမ်လည်‌ဆေးကုသတဲ့ ကိုဗစ်ပိုးတွေ့လူနာကိုတော့ဘေးစီမံအက်ဥပဒေနဲ့အမှုဖွင့်မယ်”လို့ ဒေါက်တာစောညိုဝင်းကပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သနပ်ပင်မြို့နယ်ထဲက ကိုဗစ်ပိုးတွေ့လူနာ နှစ်ဦးထဲမှာပါတဲ့ အသက် ၃၄ နှစ်အရွယ်အမျိုးသားဟာ သနပ်ပင်မြို့နယ်၊ စဉ့်အိုးဘိုကျေးရွာနေသူဖြစ်ပါတယ်။

အဲ့ဒီအမျိုးသားကို တာဝန်ရှိသူတွေက စက်တင်ဘာ ၁၁ ရက်မှာ ကွာရန်တင်းဝင်ဖို့ပြောဆိုရာမှာတော့ လက်ခံမှုမရှိဘဲ မှန်ကိုလက်သီးနဲ့ထိုးခဲ့တာကြောင့် သွေးထွက်လွန်ဒဏ်ရာတွေနဲ့ပဲခူးဆေးရုံကြီးကို ည၁၁နာရီခန့်က လာရောက်ကုသမှုခံယူချိန် ခရီးသွားရာဇဝင်မရှိဘူးလို့ လိမ်ညာခဲ့တာ ဖြစ်ပါတယ်။

” ဆေးရုံ Receptionမှာ ခရီးသွားရာဇဝင်မရှိဘူးလိမ်တယ်။ အရိုးဆောင်မ‌ှာကုသတော့မှ နောက်ကပါလာသူက လှိုင်သာယာက ပြန်လာတာပြောလို့ သီးခြားခွဲ ကုသပေးခဲ့ရတယ်။မနေ့က သူ့မှာရောဂါပိုးတွေ့တော့ ညတွင်းချင်း ကျန်းမာရေးဝန်ထမ်း အစိတ်လောက်ကို ပဲခူးတက္ကသိုလ်က အဆောင်တွေမှာ ကွာရန်တင်းလိုက်ရတယ်”လို့ ပဲခူးဆေးရုံအကျိုးတော်ဆောင်အဖွဲ့မှ ဦးခင်မောင်ရည်က ရှင်းပြပါတယ်။

အဲ့ဒီလူနာနဲ့ထိတွေ့မိခဲ့တဲ့ ပဲခူးဆေးရုံကြီး ပြင်ပလူနာဌာနက ဧည့်ကြိုများ၊ အရိုးအ‌ကျောကု‌သဆောင်မှ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း၂၅ ဦးကို ပဲခူးတက္ကသိုလ် ကွာရန်တင်းစခန်းမှာစောင့်ကြည့်နေပြီး ဒီကနေ့ စက်တင်ဘာလ၁၄ ရက်နေ့မှာ နှာခေါင်းနဲ့အာခေါင်တို့ပတ်နမူနာတွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Photo-ပဲခူးဆေးရုံကြီး
#voiceofmyanmar #VOM #ပဲခူး

Zawgyi

ခရီးသြားရာဇဝင္လိမ္ၿပီး ေဆးလာကုတဲ့ ကိုဗစ္ပိုးေတြ႕လူနာကို အေရးယူမယ္

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း‌၊ ပဲခူးေဆး႐ုံႀကီးကို စက္တင္ဘာလ ၁၁ ရက္ ည‌ပိုင္းက ေသြးထြက္လြန္ဒဏ္ရာေတြနဲ႔ ခရီးသြားရာဇဝင္ကို လိမ္လည္ ေဆးကုသခဲ့တဲ့ ကိုဗစ္ပိုးေတြ႕လူနာ အမ်ိဳးသားကိုသဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမ‌ႈအက္ဥပေဒနဲ႔ ထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္သြားမယ္လို႔ ပဲခူးတိုင္းအစိုးရ ေျပာေရးဆိုခြင့္ရွိသူ သယံဇာတ၊သစ္ေတာ၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္စည္ပင္သာယာေရးဝန္ႀကီး ေဒါက္တာ ေစာညိဳဝင္းက ေျပာ
ပါတယ္။

လူနာနဲ႔ထိ‌ေတြ႕ခဲ့တဲ့ ေဆး႐ုံႀကီးက က်န္းမာေရးဝန္ထမ္းေတြ၊ သနပ္ပင္က ထိေတြ႕သူေတြကို ကြာရန္တင္းလုပ္ဖိုလည္းျပင္ေနတယ္။ လိမ္လည္‌ေဆးကုသတဲ့ ကိုဗစ္ပိုးေတြ႕လူနာကိုေတာ့ေဘးစီမံအက္ဥပေဒနဲ႔အမႈဖြင့္မယ္”လို႔ ေဒါက္တာေစာညိဳဝင္းကေျပာပါတယ္။

စက္တင္ဘာ ၁၃ ရက္ေန႔ည ၈ နာရီ က်န္းမာေရးဝန္ႀကီးဌာနရဲ႔ ထုတ္ျပန္ခ်က္အရ သနပ္ပင္ၿမိဳ႕နယ္ထဲက ကိုဗစ္ပိုးေတြ႕လူနာ ႏွစ္ဦးထဲမွာပါတဲ့ အသက္ ၃၄ ႏွစ္အ႐ြယ္အမ်ိဳးသားဟာ သနပ္ပင္ၿမိဳ႕နယ္၊ စဥ့္အိုးဘိုေက်း႐ြာေနသူျဖစ္ပါတယ္။

အဲ့ဒီအမ်ိဳးသားကို တာဝန္ရွိသူေတြက စက္တင္ဘာ ၁၁ ရက္မွာ ကြာရန္တင္းဝင္ဖို႔ေျပာဆိုရာမွာေတာ့ လက္ခံမႈမရွိဘဲ မွန္ကိုလက္သီးနဲ႔ထိုးခဲ့တာေၾကာင့္ ေသြးထြက္လြန္ဒဏ္ရာေတြနဲ ႔ပဲခူးေဆး႐ုံႀကီးကို ည၁၁နာရီခန႔္က လာေရာက္ကုသမႈခံယူခ်ိန္ ခရီးသြားရာဇဝင္မရွိဘူးလို႔ လိမ္ညာခဲ့တာ ျဖစ္ပါတယ္။

” ေဆး႐ုံ Receptionမွာ ခရီးသြားရာဇဝင္မရွိဘူးလိမ္တယ္။ အ႐ိုးေဆာင္မ‌ွာကုသေတာ့မွ ေနာက္ကပါလာသူက လႈိင္သာယာက ျပန္လာတာေျပာလို႔ သီးျခားခြဲ ကုသေပးခဲ့ရတယ္။မေန႔က သူ႔မွာေရာဂါပိုးေတြ႕ေတာ့ ညတြင္းခ်င္း က်န္းမာေရးဝန္ထမ္း အစိတ္ေလာက္ကို ပဲခူးတကၠသိုလ္က အေဆာင္ေတြမွာ ကြာရန္တင္းလိုက္ရတယ္”လို႔ ပဲခူးေဆး႐ုံအက်ိဳးေတာ္ေဆာင္အဖြဲ႕မွ ဦးခင္ေမာင္ရည္က ရွင္းျပပါတယ္။

အဲ့ဒီလူနာနဲ႔ထိေတြ႕မိခဲ့တဲ့ ပဲခူးေဆး႐ုံႀကီး ျပင္ပလူနာဌာနက ဧည့္ႀကိဳမ်ား၊ အ႐ိုးအ‌ေက်ာကု‌သေဆာင္မွ က်န္းမာေရးဝန္ထမ္းမ်ား စုစုေပါင္း၂၅ ဦးကို ပဲခူးတကၠသိုလ္ ကြာရန္တင္းစခန္းမွာေစာင့္ၾကည့္ေနၿပီး ဒီကေန႔ စက္တင္ဘာလ၁၄ ရက္ေန႔မွာ ႏွာေခါင္းနဲ႔အာေခါင္တို႔ပတ္နမူနာေတြကို စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

Photo-ပဲခူးေဆး႐ုံႀကီး
#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW