မူးယစ်တားဆီးရေးအဖွဲ့ဝင်၁ဦး အိမ်မှာဓားနဲ့ ခုတ်သတ်ခံရ

မူးယစ်တားဆီးရေးအဖွဲ့ဝင်၁ဦး အိမ်မှာဓားနဲ့ ခုတ်သတ်ခံရ

ကောလင်း၊ စက်တင်ဘာ ၁၄-၂၀၂၀
တိုးကြီး(VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ် ၊ ရွှေတွင်းကျေးရွာအုပ်စု၊ ရွှေလင်းယုန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါး ရဲသတင်းပေးသူလို့ စွပ်စွဲခံရပြီး စွပ်စွဲတဲ့သူက အိမ်ထဲဝင်ရောက်ကာ ဓားဖြင့်ခုတ်သတ်သွားတယ်လို့ ကာသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

“ သေဆုံးသူက ကိုကျော်မိုး အသက်( ၃၃ ) နှစ် ဖြစ်တယ် ၊ သူက ရွှေလင်းယုန် မူး / တား အဖွဲ့ဝင် တစ်ယောက်ပါ ၊ မူးယစ်ဆေးဝါး သတင်းပေးသူလို့ စွပ်စွဲပြီး သတင်းပေးခံရသူက အငြိုးထား သတ်ဖြတ်တာလို့ ကနဦးယူဆရတယ် ၊ စစ်ဆေးနေတုန်းမို့ အတည်ပြုချက်ရမှ အသေးစိပ်ပြောမယ် ” လို့ ကောလင်းမြို့မရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရွှေလင်းယုန် မူးယစ်တားဆီးကာကွယ်ရေး ( အရပ်ဖက်အဖွဲ့)အဖွဲ့ဝင် ကိုကျော်မိုးဆိုသူဟာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက သူရဲ့နေအိမ်အရှေ့ခန်းမှာ ဇနီးဖြစ်သူနဲ့အတူ ဖုန်းကြည့်နေချိန် အိမ်ထဲကို ကိုအောင်တုတ် ဆိုသူက ဝင်ရောက်လာပြီး ကိုကျော်မိုးကို ဓားနဲ့ ခုတ်ခဲ့တာဖြစ်တယ်လို့ သေဆုံးသူရဲ့ဇနီးဖြစ်သူ မနွဲ့နွဲ့စန်းပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ ဖြစ်စဉ်ကြောင့် ကိုကျော်မိုးရဲ့ ရင်ဘတ်နေရာ ၄ လက္မခန့် ပြတ်ရှဒဏ်ရာ ၁ ချက် နဲ့ လည်ပင်းနေရာ ၆ လက္မခန့် ပြတ်ရှဒဏ်ရာ ၁ ချက် ရရှိပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သေဆုံးသူရဲ့ ဇနီးဖြစ်သူ ဒေါ်စန်းစန်းနွဲ့က ဒီကနေ့မနက် စက်တင်ဘာ ၁၄ ရက်က ကောလင်းမြို့မရဲစခန်းမှာ တရားလိုပြုလုပ် တိုင်တန်းအမှုဖွင့်ခဲ့ရာ ပ-၁၈၂ / ၂၀၂၀ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးနေပါတယ်။

ဒါ့အပြင် ရဲစခန်းရဲ့ စစ်ဆေးပေါ်ချက်အရ သေဆုံးသူ ကိုကျော်မိုးဟာ အခုလ( စက်တင်ဘာ) ၅ ရက်နေ့က ချောင်းနားရဲကင်းစခန်းမှုးနဲ့အဖွဲ့ဟာ မူးယစ်ဆေးဝါးသတင်းအရ ကိုအောင်တုတ်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ရွှေလင်းယုန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ဝင် သက်သေအနေဖြင့် လိုက်ပါ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ အခြေအနေကို အငြိုးထားပြီး ကိုအောင်တုတ်ဆိုသူက လက်စားချေ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦး စစ်ဆေးချက်ပေါ်ပေါက်တွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်မြို့တွေထဲက ကသာခရိုင်ရဲတပ်ဖွဲ့ဟာ ၂၀၂၀ခုနှစ် မှာ မူးယစ်ဆေးဝါး အများဆုံးဖမ်းဆီးရရှိခဲ့တဲ့ ခရိုင်တခုဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကောလင်း

Zawgyi

မူးယစ္တားဆီးေရးအဖြဲ႕ဝင္၁ဦး အိမ္မွာဓားနဲ႔ ခုတ္သတ္ခံရ

ေကာလင္း၊ စက္တင္ဘာ ၁၄-၂၀၂၀
တိုးႀကီး(VOM)

စစ္ကိုင္းတိုင္း ၊ ေကာလင္းျမိဳ႕နယ္ ၊ ေရႊတြင္းေက်းရြာအုပ္စု၊ ေရႊလင္းယုန္ မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရးအဖြဲ႔၀င္ အမ်ိဳးသားတစ္ဦးကို မူးယစ္ေဆး၀ါး ရဲသတင္းေပးသူလို႔ စြပ္စြဲခံရျပီး စြပ္စြဲတဲ့သူက အိမ္ထဲ၀င္ေရာက္ကာ ဓားျဖင္႔ခုတ္သတ္သြားတယ္လို႔ ကာသာခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးကေန သိရပါတယ္။

“ ေသဆံုးသူက ကိုေက်ာ္မိုး အသက္( ၃၃ ) ႏွစ္ ျဖစ္တယ္ ၊ သူက ေရႊလင္းယုန္ မူး / တား အဖြဲ႔၀င္ တစ္ေယာက္ပါ ၊ မူးယစ္ေဆး၀ါး သတင္းေပးသူလို႔ စြပ္စြဲျပီး သတင္းေပးခံရသူက အျငိဳးထား သတ္ျဖတ္တာလို႔ ကနဦးယူဆရတယ္ ၊ စစ္ေဆးေနတုန္းမို႔ အတည္ျပဳခ်က္ရမွ အေသးစိပ္ေျပာမယ္ ” လို႔ ေကာလင္းျမိဳ႕မရဲစခန္းမွ ရဲ၀န္ထမ္းတစ္ဦးက ေျပာပါတယ္။

ေရႊလင္းယုန္ မူးယစ္တားဆီးကာကြယ္ေရး ( အရပ္ဖက္အဖြဲ႔)အဖြဲ႔၀င္ ကိုေက်ာ္မိုးဆိုသူဟာ စက္တင္ဘာ ၁၃ ရက္ ညေနပိုင္းက သူရဲ႕ေနအိမ္အေရွ႔ခန္းမွာ ဇနီးျဖစ္သူနဲ႔အတူ ဖုန္းၾကည္႔ေနခ်ိန္ အိမ္ထဲကို ကိုေအာင္တုတ္ ဆိုသူက ၀င္ေရာက္လာျပီး ကိုေက်ာ္မိုးကို ဓားနဲ႔ ခုတ္ခဲ႔တာျဖစ္တယ္လို႔ ေသဆံုးသူရဲ႕ဇနီးျဖစ္သူ မႏြဲ႔ႏြဲ႔စန္းေျပာျပခ်က္အရ သိရပါတယ္။

အဲ႔ဒီ ျဖစ္စဥ္ေၾကာင္႔ ကိုေက်ာ္မိုးရဲ႕ ရင္ဘတ္ေနရာ ၄ လကၼခန္႔ ျပတ္ရွဒဏ္ရာ ၁ ခ်က္ နဲ႔ လည္ပင္းေနရာ ၆ လကၼခန္႔ ျပတ္ရွဒဏ္ရာ ၁ ခ်က္ ရရွိျပီး ေသဆံုးခဲ႔တာျဖစ္ပါတယ္။

အဲ႔ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ေသဆံုးသူရဲ႕ ဇနီးျဖစ္သူ ေဒၚစန္းစန္းႏြဲ႔က ဒီကေန႔မနက္ စက္တင္ဘာ ၁၄ ရက္က ေကာလင္းျမိဳ႕မရဲစခန္းမွာ တရားလိုျပဳလုပ္ တိုင္တန္းအမႈဖြင္႔ခဲ႔ရာ ပ-၁၈၂ / ၂၀၂၀ ၊ ရာဇသတ္ၾကီး ဥပေဒပုဒ္မ ၃၀၂ အရ အမႈဖြင္႔စစ္ေဆးေနပါတယ္။

ဒါ႔အျပင္ ရဲစခန္းရဲ႕ စစ္ေဆးေပၚခ်က္အရ ေသဆံုးသူ ကိုေက်ာ္မိုးဟာ အခုလ( စက္တင္ဘာ) ၅ ရက္ေန႔က ေခ်ာင္းနားရဲကင္းစခန္းမွဳးနဲ႔အဖြဲ႔ဟာ မူးယစ္ေဆး၀ါးသတင္းအရ ကိုေအာင္တုတ္ရဲ႕ ေနအိမ္ကို ၀င္ေရာက္ရွာေဖြရာမွာ ေရႊလင္းယုန္ မူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္းေရးအဖြဲ႔၀င္ သက္ေသအေနျဖင္႔ လိုက္ပါ ကူညီေပးခဲ႔တယ္လို႔ သိရပါတယ္။

အဲ႔ဒီ အေျခအေနကို အျငိဳးထားျပီး ကိုေအာင္တုတ္ဆိုသူက လက္စားေခ် သတ္ျဖတ္ခဲ႔တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႔ရဲ႕ ကနဦး စစ္ေဆးခ်က္ေပၚေပါက္ေတြအရ သိရပါတယ္။

စစ္ကိုင္းတိုင္းအတြင္းရွိ ခ႐ိုင္ၿမိဳ႔ေတြထဲက ကသာခရိုင္ရဲတပ္ဖြဲ႔ဟာ ၂၀၂၀ခုႏွစ္ မွာ မူးယစ္ေဆး၀ါး အမ်ားဆံုးဖမ္းဆီးရရွိခဲ့တဲ့ ခရိုင္တခုျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ေကာလင္း

Related posts

Leave a Comment

VOM News

FREE
VIEW