ပေါင်မြို့မှာ ကန်စွန်းရွက်ဆင်းခူးရာကနေ မိသားစု ၃ ဦးရေနစ်‌သေဆုံး

ပေါင်မြို့မှာ ကန်စွန်းရွက်ဆင်းခူးရာကနေ မိသားစု ၃ ဦးရေနစ်‌သေဆုံး

နေပြည်တော်၊ စက်တင်ဘာ ၁၅-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာအုပ်စု၊ ကျိုက်ပွန်းကျေးရွာအနီးက ရေပေးမြောင်းတစ်ခုမှာ ကန်စွန်းရွက်ဆင်းခူးတဲ့ မိသားစုဝင်သုံးဦး စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက ရေနစ်သေဆုံးခဲ့တယ်လို့ မုတ္တမနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ရွှေခိုင်က ပြောပြ
ပါတယ်။

” အိမ်ကထွက်သွားတာ ပြန်မလာကြလို့ မိသားစုဝင်တွေက ‌လိုက်သွားမှ မြောင်းဘေးမှာ တောင်းလေးတွေတွေ့ရတာပါ။ ရေကူးကျွမ်းကျင်သူတွေ ဆင်းငုတ်ကြမှ ရေနစ်သေဆုံးနေတဲ့ အလောင်းသုံးလောင်းလုံးပြန်ရတယ်။ မျက်မြင်မရှိတော့ နစ်လို့ဆင်းကယ်ရင်းဖြစ်တာ
လား။ ရေဆင်းချိုးရင်းဖြစ်တာလားမသိရဘူး” လို့ ရဲအုပ်ရွှေခိုင်က ပြောပါတယ်။

ရေနစ်သေဆုံးခဲ့ကြတဲ့ သင်းသင်းထွေး(၃၀ နှစ်)၊ တူမဖြစ်သူ ကေခိုင်မိုး(၁၃ နှစ်)နဲ့ သမီးဖြစ်သူ အေးသင်းစိုး(၈ နှစ်)တို့ဟာ ကန်စွန်းရွက်ခူးသွားကြရာကနေ အိမ်ကို ပြန်ရောက်မလာတဲ့အတွက် လိုက်လံရှာဖွေကြရာမှ အခင်းဖြစ်နေရာက တူးမြောင်းအကျယ်၂၅ ပေ၊ အနက်ပေ၂၀ ခန့်ရှိ ကျီးပင်ချောင်တူးမြောင်းထဲမှာ ရေနစ်သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ မုတ္တမနယ်မြေရဲစခန်းကနေ သိရပါတယ်။

ရေနစ်သေဆုံးမှုနဲ့ပတ်သက်လို့ မုတ္တမနယ‌်မြေရဲစခန်းက သေမှုသေခင်းအမှတ် ၁၃/၂၀၂၀ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စစ်‌ဆေး‌နေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-ရာမညတိုင်း
#voiceofmyanmar #VOM #ပေါင်မြို့ #ရေနစ်သေဆုံး

Zawgyi

ေပါင္ၿမိဳ႕မွာ ကန္စြန္း႐ြက္ဆင္းခူးရာကေန မိသားစု ၃ ဦးေရနစ္‌ေသဆံုး

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ကြၽဲၿခံေက်း႐ြာအုပ္စု၊ က်ိဳက္ပြန္းေက်း႐ြာအနီးက ေရေပးေျမာင္းတစ္ခုမွာ ကန္စြန္း႐ြက္ဆင္းခူးတဲ့ မိသားစုဝင္သုံးဦး စက္တင္ဘာ ၁၄ ရက္ေန႔ ညေနပိုင္းက ေရနစ္ေသဆုံးခဲ့တယ္လို႔ မုတၱမနယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ေ႐ႊခိုင္က ေျပာျပ
ပါတယ္။

” အိမ္ကထြက္သြားတာ ျပန္မလာၾကလို႔ မိသားစုဝင္ေတြက ‌လိုက္သြားမွ ေျမာင္းေဘးမွာ ေတာင္းေလးေတြေတြ႕ရတာပါ။ ေရကူးကြၽမ္းက်င္သူေတြ ဆင္းငုတ္ၾကမွ ေရနစ္ေသဆုံးေနတဲ့ အေလာင္းသုံးေလာင္းလုံးျပန္ရတယ္။ မ်က္ျမင္မရွိေတာ့ နစ္လို႔ဆင္းကယ္ရင္းျဖစ္တာ
လား။ ေရဆင္းခ်ိဳးရင္းျဖစ္တာလားမသိရဘူး” လို႔ ရဲအုပ္ေ႐ႊခိုင္က ေျပာပါတယ္။

ေရနစ္ေသဆံုးခဲ့ၾကတဲ့ သင္းသင္းေထြး(၃၀ ႏွစ္)၊ တူမျဖစ္သူ ေကခိုင္မိုး(၁၃ ႏွစ္)နဲ႔ သမီးျဖစ္သူ ေအးသင္းစိုး(၈ ႏွစ္)တို႔ဟာ ကန္စြန္း႐ြက္ခူးသြားၾကရာကေန အိမ္ကို ျပန္ေရာက္မလာတဲ့အတြက္ လိုက္လံရွာေဖြၾကရာမွ အခင္းျဖစ္ေနရာက တူးေျမာင္းအက်ယ္၂၅ ေပ၊ အနက္ေပ၂၀ ခန႔္ရွိ က်ီးပင္ေခ်ာင္တူးေျမာင္းထဲမွာ ေရနစ္ေသဆုံးေနတာကို ေတြ႕ခဲ့ရတယ္လို႔ မုတၱမနယ္ေျမရဲစခန္းကေန သိရပါတယ္။

ေရနစ္ေသဆုံးမႈနဲ႔ပတ္သက္လို႔ မုတၱမနယ‌္ေျမရဲစခန္းက ေသမႈေသခင္းအမွတ္ ၁၃/၂၀၂၀ နဲ႔ အမႈဖြင့္ထားၿပီး ဓမၼတာအတိုင္းေသဆုံးျခင္းဟုတ္/မဟုတ္ စစ္‌ေဆး‌ေနတယ္လို႔လည္း သိရပါတယ္။

ဓာတ္ပုံ-ရာမညတိုင္း
#voiceofmyanmar #VOM #ေပါင္ၿမိဳ႔ #ေရနစ္ေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW