ရခိုင်မှာ စစ်ဘေးနဲ့ကပ်ရောဂါဘေးကျရောက်နေချိန် ကျောက်ဖြူကစီမံကိန်းတွေဆက်လုပ်နေတာ ဒေသခံတွေမလိုလား

ရခိုင်မှာ စစ်ဘေးနဲ့ကပ်ရောဂါဘေးကျရောက်နေချိန် ကျောက်ဖြူကစီမံကိန်းတွေဆက်လုပ်နေတာ ဒေသခံတွေမလိုလား

 

ကျောက်ဖြူ၊ စက်တင်ဘာ ၂၄- ၂၀၂၀

ထက်အောင်စိုင်း (VOM)

 

ရခိုင်ပြည်နယ်အတွင်း လက်ရှိ ကိုဗစ် ၁၉ ပိုးကူးစက်မှုမြင့်တက်နေတဲ့အပြင် ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးမှုတွေ၊ လက်နက်ကြီး ကျည်ကျပြီး သေဆုံး၊ ဒဏ်ရာရမှုတွေမြင့်တက်နေတဲ့ ကာလမှာ ရခိုင်ပြည်နယ်အလယ်ပိုင်းက ကျောက်ဖြူခရိုင်အတွင်း အထူးစီပွားရေးဇုန်စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကို ရပ်နားထားဖို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက လိုလားနေကြတာဖြစ်ပါတယ်။

 

ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ကိုထွန်းကြည်ပြောပြတာကတော့

“ ရေနက်ဆိပ်ကမ်းကိုတော့ လုပ်တာမတွေ့သေးဘူး။ ဒါပေမယ့် တစ်ခြား စီမံကိန်းတွေကိုတော့ လုပ်နေတာတွေ့ရတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် စစ်ပွဲတွေအများကြီး ဖြစ်နေတယ်။ ပဋိပက္ခတွေလည်းအများကြီးဖြစ်နေတယ်။ ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်။ လက်ရှိ စစ်ရေးကာလ ရခိုင်ပြည်နယ်ရဲ့ ဒေသမတည်ငြိမ်တဲ့ ကာလမှာ အထူးစီးပွားရေးဇုံဟာ တည်ဆောက်ဖို့ မသင့်တော်ဘူး။” လို့ ပြောပါတယ်။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး လက်ရှိကာလမှ အဓိကအားဖြင့် အထူးစီးပွားရေးဇုန်တည်ဆောက်မယ့် ဧရိယာက ဒေသခံတွေအနေနဲ့ သဘောမတူတာတွေ့ရကြောင်း ကိုထွန်းကြည်က ပြောပါတယ်။

 

အဲဒီ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး ရခိုင်ဒေသခံတွေကို အစိုးရအနေအနဲ့ရော အထူးစီးပွားရေးဇုန်အတွင်း လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေပါ ပွင့်လင်းမြင်သာစွာချပြမှုမရှိကြောင်းနဲ့ ရခိုင့်ပင်လယ်ပြင်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်ပေါင်း ကိုးခုကို ရခိုင်ပြည်သူတို့ရဲ့ ဆန္ဒမပါဘဲ ပြည်တွင်းပြည်ပကုမ္ပဏီတွေကို ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တူးဖော်ထုပ်လုပ်ခွင့် ပြုထားတာဖြစ်ကြောင်း ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားတာဖြစ်ပါတယ်။

 

ဆက်လက်ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခိုင်ဦးကလည်း ဘုံပါဝါဆိုတဲ့လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုဆောက်လုပ်နေတာတွေ့ရကြောင်းပြောပါတယ်။

 

” လက်ရှိမှာတော့ သူတို့အနေနဲ့ အထူးစီးပွားရေးဇုန်ရော၊ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကို ရပ်နားထားတယ်လို့ပြောလို့မရပါဘူး။ EIA လုပ်နေကြတယ်ဆိုတော့ သူတို့အနေနဲ့ စီမံကိန်းလုပ်ဖို့ စနေကြပြီလို့ ပြောလို့ရတယ်။ ကျောက်ဖြူ SEZ ကော်မတီကပြောတာကတော့ သူတို့က EIA လုပ်နေပြီလို့တော့ပြောတယ်။ ကိုဗစ်ကာလကြောင့် မြေပြင်ကို မဆင်းရသေးဘူးပေါ့။ အပေါ်မှာတော့ လိုအပ်တဲ့ ဟာတွေလုပ်နေတယ်လို့တော့ ပြောတယ်။” လို့ ဆိုပါတယ်။

 

ရခိုင်ပြည်နယ်အတွင်း လက်ရှိမှာ ကိုဗစ်ကူးစက်မှု မြင့်တက်နေပြီး စစ်တွေမြို့နယ်မှာ ကိုဗစ်ကူးစက်မှုအများဆုံးဖြစ်ပါတယ်။ ကျောက်ဖြူမြို့နယ်ကတော့ ဗိုင်းရပ်စ်ကူးစပ်မှု ဒုတိယအများဆုံးဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ အစိုးရဌာနဆိုင်ရာတွေအနေနဲ့ စီမံကိန်းတွေအပေါ်မှာ ပွင့်လင်းမြင်သာနဲ့ ထိန်းချုပ်မှုတွေမတွေ့ရှိကြောင်းနဲ့ ကိုဗစ်ကပ်ဘေးကြောင့် စီမံကိန်းတွေအပေါ် ဂရုမစိုက်နိုင်တဲ့ ပုံစံမျိုးတွေ့မြင်ရကြောင်း ကိုခိုင်ဦးကဆက်ပြောပါတယ်။

” ကျနော်တို့အနေနဲ့တော့ လောလောဆယ် ကိုဗစ်ကပ်ဘေးကာလ၊ ကမ္ဘာ့ကပ်ရောဂါဖြစ်နေတဲ့ကာလပေါ့၊ ရခိုင်ပြည်နေမှာလည်း နေ့တိုင်းလိုလို ပိုးတွေ့လူနာတွေတိုးနေတယ်။ ကျောက်ဖြူမှာဆိုလည်း ပိုးတွေ့လူနာတွေထပ်တိုးတယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ စီမံကိန်းတွေကို ရပ်နားပြီးတော့ ကိုဗစ် ၁၉ ကို ကောင်းကောင်းမွန်မွန် ထိမ်းကျောင်းနိုင်အောင် အစိုးရအနေနဲ့ လုပ်သင့်တာပေါ့။ တစ်ဖက်မှာလည်း စစ်ဘေးရှောင်တွေက အများကြီးတိုးနေတယ်။ ဒီလိုအခြေအနေမှာ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွေမှာ စကားပြောနိုင်အောင်၊ တစ်ယောက်နဲ့တစ်ယောက်ပြေလည်အောင် ညှိနှိုင်းပြီးတဲ့ အခါမှ ဒီလို ကြီးမားတဲ့ စီမံကိန်းတွေကို ပြည်သူလူထုကို ပွင့်လင်းမြင်သာချပြပြီး လုပ်စေချင်ပါတယ်။” လို့ တောင်းဆိုပါတယ်။

 

အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်တဲ့ကြားက ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်ကတရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတကြီး ရှီကျင့်ဖျင်ရဲ့မြန်မာနိုင်ငံခရီးစဉ်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်တို့ကိုလက်မှတ်ထိုးခဲ့ပြီး  အစုရှယ်ယာတွေနဲ့ သက်ဆိုင်တဲ့ သဘောတူစာချုပ်၊ ရွှေလီ- မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ်လုပ်ငန်းစဉ်တွေ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ စတဲ့ နားလည်မှုစာချွန်လွှာပေါင်း (၃၃) ခုကို သဘောတူလက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

 

ရခိုင်ပြည်နယ်အတွင်းက ရခိုင် ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကနေစပြီး လက်ရှိ သမ္မတဦးဝင်မြင့်လက်ထက်ထိ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကို ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေ ၊ ဒေသမတည်ငြိမ်မှုတွေအပြင် ပြည်သူတွေရဲ့ သဘောထားမပါဘဲ စီမံကိန်းအထည်ဖော်မှုတွေ ရပ်နားထားဖို့ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

 

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စတင်အကောင်ထည်ဖော်ခဲ့တာဖြစ်ပြီး ရှယ်ယာ ၁၅ ရာခိုင်နှုန်း ရရှိကြောင်းနဲ့ လက်ရှိ အာဏာရ NLD အစိုးရလက်ထက်မှာ  ရှယ်ယာ (၃၀) ရာနှုန်းထိ ရရှိပြီး ရင်းနှီးမြှပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ (၇) ဘီလီယံရှိကြောင်း သိရပါတယ်။

 

#voiceofmyanmar #VOM #ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း

Zawgyi

ရခိုင္မွာ စစ္ေဘးနဲ႔ကပ္ေရာဂါေဘးက်ေရာက္ေနခ်ိန္ ေက်ာက္ျဖဴကစီမံကိန္းေတြဆက္လုပ္ေနတာ ေဒသခံေတြမလိုလား

ေက်ာက္ျဖဴ၊ စက္တင္ဘာ ၂၄- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္အတြင္း လက္ရွိ ကိုဗစ္ ၁၉ ပိုးကူးစက္မႈျမင့္တက္ေနတဲ့အျပင္ ျပည္နယ္ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းမွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးပဋိပကၡေၾကာင့္ ေဒသခံျပည္သူေတြ ေနရပ္စြန႔္ခြာထြက္ေျပးမႈေတြ၊ လက္နက္ႀကီး က်ည္က်ၿပီး ေသဆုံး၊ ဒဏ္ရာရမႈေတြျမင့္တက္ေနတဲ့ ကာလမွာ ရခိုင္ျပည္နယ္အလယ္ပိုင္းက ေက်ာက္ျဖဴခ႐ိုင္အတြင္း အထူးစီပြားေရးဇုန္စီမံကိန္း၊ ေရနက္ဆိပ္ကမ္းစီမံကိန္းေတြကို ရပ္နားထားဖို႔ ရခိုင္အရပ္ဖက္အဖြဲ႕အစည္းေတြက လိုလားေနၾကတာျဖစ္ပါတယ္။

ရခိုင့္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ကြန္ရက္က ကိုထြန္းၾကည္ေျပာျပတာကေတာ့
“ ေရနက္ဆိပ္ကမ္းကိုေတာ့ လုပ္တာမေတြ႕ေသးဘူး။ ဒါေပမယ့္ တစ္ျခား စီမံကိန္းေတြကိုေတာ့ လုပ္ေနတာေတြ႕ရတယ္။ က်ေနာ္တို႔ ရခိုင္ျပည္နယ္မွာဆိုရင္ စစ္ပြဲေတြအမ်ားႀကီး ျဖစ္ေနတယ္။ ပဋိပကၡေတြလည္းအမ်ားႀကီးျဖစ္ေနတယ္။ ေဒသခံေတြလည္း ထြက္ေျပးေနၾကရတယ္။ လက္ရွိ စစ္ေရးကာလ ရခိုင္ျပည္နယ္ရဲ႕ ေဒသမတည္ၿငိမ္တဲ့ ကာလမွာ အထူးစီးပြားေရးဇုံဟာ တည္ေဆာက္ဖို႔ မသင့္ေတာ္ဘူး။” လို႔ ေျပာပါတယ္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္နဲ႔ ပတ္သက္ၿပီး လက္ရွိကာလမွ အဓိကအားျဖင့္ အထူးစီးပြားေရးဇုန္တည္ေဆာက္မယ့္ ဧရိယာက ေဒသခံေတြအေနနဲ႔ သေဘာမတူတာေတြ႕ရေၾကာင္း ကိုထြန္းၾကည္က ေျပာပါတယ္။

အဲဒီ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၊ ေရနက္ဆိပ္ကမ္းစီမံကိန္းနဲ႔ ပတ္သက္ၿပီး ရခိုင္ေဒသခံေတြကို အစိုးရအေနအနဲ႔ေရာ အထူးစီးပြားေရးဇုန္အတြင္း လုပ္ကိုင္ေနၾကတဲ့ ကုမၸဏီေတြပါ ပြင့္လင္းျမင္သာစြာခ်ျပမႈမရွိေၾကာင္းနဲ႔ ရခိုင့္ပင္လယ္ျပင္မွာ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ ကမ္းလြန္လုပ္ကြက္ေပါင္း ကိုးခုကို ရခိုင္ျပည္သူတို႔ရဲ႕ ဆႏၵမပါဘဲ ျပည္တြင္းျပည္ပကုမၸဏီေတြကို ဦးသိန္းစိန္အစိုးရ လက္ထက္မွာ တူးေဖာ္ထုပ္လုပ္ခြင့္ ျပဳထားတာျဖစ္ေၾကာင္း ရခိုင့္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ကြန္ရက္က ထုတ္ျပန္ခ်က္တစ္ခုမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

ဆက္လက္ၿပီး ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံကိန္း ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကိုခိုင္ဦးကလည္း ဘုံပါဝါဆိုတဲ့လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံတစ္ခုေဆာက္လုပ္ေနတာေတြ႕ရေၾကာင္းေျပာပါတယ္။

” လက္ရွိမွာေတာ့ သူတို႔အေနနဲ႔ အထူးစီးပြားေရးဇုန္ေရာ၊ ေရနက္ဆိပ္ကမ္းစီမံကိန္းေတြကို ရပ္နားထားတယ္လို႔ေျပာလို႔မရပါဘူး။ EIA လုပ္ေနၾကတယ္ဆိုေတာ့ သူတို႔အေနနဲ႔ စီမံကိန္းလုပ္ဖို႔ စေနၾကၿပီလို႔ ေျပာလို႔ရတယ္။ ေက်ာက္ျဖဴ SEZ ေကာ္မတီကေျပာတာကေတာ့ သူတို႔က EIA လုပ္ေနၿပီလို႔ေတာ့ေျပာတယ္။ ကိုဗစ္ကာလေၾကာင့္ ေျမျပင္ကို မဆင္းရေသးဘူးေပါ့။ အေပၚမွာေတာ့ လိုအပ္တဲ့ ဟာေတြလုပ္ေနတယ္လို႔ေတာ့ ေျပာတယ္။” လို႔ ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း လက္ရွိမွာ ကိုဗစ္ကူးစက္မႈ ျမင့္တက္ေနၿပီး စစ္ေတြၿမိဳ႕နယ္မွာ ကိုဗစ္ကူးစက္မႈအမ်ားဆုံးျဖစ္ပါတယ္။ ေက်ာက္ျဖဴၿမိဳ႕နယ္ကေတာ့ ဗိုင္းရပ္စ္ကူးစပ္မႈ ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။
လက္ရွိအေျခအေနမွာေတာ့ အစိုးရဌာနဆိုင္ရာေတြအေနနဲ႔ စီမံကိန္းေတြအေပၚမွာ ပြင့္လင္းျမင္သာနဲ႔ ထိန္းခ်ဳပ္မႈေတြမေတြ႕ရွိေၾကာင္းနဲ႔ ကိုဗစ္ကပ္ေဘးေၾကာင့္ စီမံကိန္းေတြအေပၚ ဂ႐ုမစိုက္ႏိုင္တဲ့ ပုံစံမ်ိဳးေတြ႕ျမင္ရေၾကာင္း ကိုခိုင္ဦးကဆက္ေျပာပါတယ္။
” က်ေနာ္တို႔အေနနဲ႔ေတာ့ ေလာေလာဆယ္ ကိုဗစ္ကပ္ေဘးကာလ၊ ကမာၻ႔ကပ္ေရာဂါျဖစ္ေနတဲ့ကာလေပါ့၊ ရခိုင္ျပည္ေနမွာလည္း ေန႔တိုင္းလိုလို ပိုးေတြ႕လူနာေတြတိုးေနတယ္။ ေက်ာက္ျဖဴမွာဆိုလည္း ပိုးေတြ႕လူနာေတြထပ္တိုးတယ္။ အဲဒီလို အေျခအေနမ်ိဳးေတြမွာ စီမံကိန္းေတြကို ရပ္နားၿပီးေတာ့ ကိုဗစ္ ၁၉ ကို ေကာင္းေကာင္းမြန္မြန္ ထိမ္းေက်ာင္းႏိုင္ေအာင္ အစိုးရအေနနဲ႔ လုပ္သင့္တာေပါ့။ တစ္ဖက္မွာလည္း စစ္ေဘးေရွာင္ေတြက အမ်ားႀကီးတိုးေနတယ္။ ဒီလိုအေျခအေနမွာ ႏွစ္ဖက္လက္နက္ကိုင္အဖြဲ႕အစည္းေတြ ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းေတြမွာ စကားေျပာႏိုင္ေအာင္၊ တစ္ေယာက္နဲ႔တစ္ေယာက္ေျပလည္ေအာင္ ညႇိႏႈိင္းၿပီးတဲ့ အခါမွ ဒီလို ႀကီးမားတဲ့ စီမံကိန္းေတြကို ျပည္သူလူထုကို ပြင့္လင္းျမင္သာခ်ျပၿပီး လုပ္ေစခ်င္ပါတယ္။” လို႔ ေတာင္းဆိုပါတယ္။

အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ကန႔္ကြက္တဲ့ၾကားက ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၁၈ ရက္က တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ သမၼတႀကီး ရွီက်င့္ဖ်င္ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံၿပီး ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၊ ေရနက္ဆိပ္ကမ္းစီမံကိန္းဆိုင္ရာ သေဘာတူစာခ်ဳပ္တို႔ကိုလက္မွတ္ထိုးခဲ့ၿပီး အစုရွယ္ယာေတြနဲ႔ သက္ဆိုင္တဲ့ သေဘာတူစာခ်ဳပ္၊ ေ႐ႊလီ- မူဆယ္ နယ္စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဇုန္ မူေဘာင္သေဘာတူစာခ်ဳပ္လုပ္ငန္းစဥ္ေတြ လ်င္ျမန္တိုးတက္ေစေရး နားလည္မႈစာခြၽန္လႊာ စတဲ့ နားလည္မႈစာခြၽန္လႊာေပါင္း (၃၃) ခုကို သေဘာတူလက္မွတ္ေရးထိုးခဲ့ပါေသးတယ္။

ရခိုင္ျပည္နယ္အတြင္းက ရခိုင္ ေဒသခံအရပ္ဖက္အဖြဲ႕အစည္းေတြက ၿပီးခဲ့တဲ့ ဦးသိန္းစိန္အစိုးရလက္ထက္ကေနစၿပီး လက္ရွိ သမၼတဦးဝင္ျမင့္လက္ထက္ထိ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံကိန္းနဲ႔ ေရနက္ဆိပ္ကမ္းစီမံကိန္းေတြကို ျပည္နယ္တြင္း စစ္ေရးပဋိပကၡေတြ ၊ ေဒသမတည္ၿငိမ္မႈေတြအျပင္ ျပည္သူေတြရဲ႕ သေဘာထားမပါဘဲ စီမံကိန္းအထည္ေဖာ္မႈေတြ ရပ္နားထားဖို႔ကို ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ကို ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ဦးသိန္းစိန္အစိုးရ လက္ထက္မွာ စတင္အေကာင္ထည္ေဖာ္ခဲ့တာျဖစ္ၿပီး ရွယ္ယာ ၁၅ ရာခိုင္ႏႈန္း ရရွိေၾကာင္းနဲ႔ လက္ရွိ အာဏာရ NLD အစိုးရလက္ထက္မွာ ရွယ္ယာ (၃၀) ရာႏႈန္းထိ ရရွိၿပီး ရင္းႏွီးျမႇပ္ႏွံမႈပမာဏဟာ အေမရိကန္ေဒၚလာ (၇) ဘီလီယံရွိေၾကာင္း သိရပါတယ္။

#voiceofmyanmar #VOM #ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း

Related posts

Leave a Comment

VOM News

FREE
VIEW