ပုလင်းခွံကောက်မရလို့ တောင်းစားတော့ နယ်နှင်ခံရ ကိုဗစ်ပေးတဲ့ဒုက္ခ

ပုလင်းခွံကောက်မရလို့ တောင်းစားတော့ နယ်နှင်ခံရ ကိုဗစ်ပေးတဲ့ဒုက္ခ

မုံရွာ ၊ စက်တင်ဘာ ၃၀ -၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ တောင်းရမ်းစားသောက်နေရသူတွေကို သက်ဆိုင်ရာက နေရပ်အသီးသီးပြန်ကြဖို့ နယ်နှင်လိုက်တာကြောင့် အခုဆိုရင် သူတို့ရဲ့နေရပ်တွေမှာ မိသားစုလိုက် ကွာရန်တင်းဝင်နေရတယ်လို့ သိရပါတယ်။

ကလေးမြို့မှာ အလုပ်လုပ်ကိုင်ဖို့ ပြောင်းရွေ့ရောက်လာကြတဲ့ မိသားစု ၆ စု ၊ လူဦးရေ ၂၆ ယောက်ဟာ ၂၀၂၀ နှစ်ဆန်းပိုင်းက ကလေးမြို့ကို စတင်ရောက်လာခဲ့တာဖြစ်ပါတယ်။

နယ်နှင်ခံရသူတွေဟာ ကလေးမြို့ကိုစရောက်ချိန်က မြို့ပေါ်နေရာအနှံ့မှာ အများစွန့်ပစ်ထားတဲ့ ဗူးခွံ၊ပုလင်းခွံတွေကို ကောက်ယူစုဆောင်းပြီး မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း ကလေးမြို့မှာ ကိုဗစ်၁၉ ရောဂါ ကူးဆက်ပြန့်ပွားလာပြီး လုပ်ငန်းတွေရပ်နားထားတာကြောင့် ဗူးခွံ၊ ပုလင်းခွံ ကောက်ယူရောင်းချရတဲ့ လုပ်ငန်းတွေ ထိခိုက်လာပြီး အဲ့ဒီမိသားစုတွေဟာ စားဝတ်နေရေးအခက်အခဲတွေရှိလာတဲ့အတွက် မြို့ပေါ်မှာ တောင်းရမ်းစားသောက်တာကို လုပ်နေခဲ့ရတာဖြစ်ပါတယ်။

” ကျနော်တို့က သူတောင်းစားမျိုးရိုး မရှိဘူး ၊ အလုပ်အကိုင် တကယ်ကိုမဖြစ်လို့ မိသားစု စားစရာကို မရှိတော့လို့ ရိုးရိုးသားသား တောင်းရမ်းစားသောက်နေတာပါ ” လို့ ကလေးမြို့ကနေ နယ်နှင်ခြင်းခံလိုက်ရသူတစ်ဦးက ပြောပါတယ်။

နယ်နှင်ခြင်းခံရတဲ့သူတွေဟာ ကလေးမြို့၊ တံတားဦးနယ်မြေ-၁၁ ၊ တပ်ဦးသီတာရပ်ကွက်မှာ တစ်လကို တစ်မိသားစု ၃ သောင်းကျပ်နဲ့ အိမ်ငှားနေထိုင်ကြသူတွေဖြစ်ပါတယ်။

အဲ့ဒီ မိသားစု ၆ စုနဲ့ လူ ၂၆ ယောက်ကို ကလေးမြို့ လူမှုကူညီရေးအသင်းကကားတွေနဲ့ သူတို့နေရပ်ဖြစ်တဲ့ ချောင်းဦးမြို့ကို လိုက်ပါပို့ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

” ဘာကြောင့် ပြန်ပို့တယ်ဆိုတာ သူတို့မပြောလို့ မသိရဘူး ၊ ကိုဗစ် မဖြစ်ခင်ထဲက နေလာတာ ၊ ကူညီထောက်ပံ့မှုပေးတာ မရှိဘူး ၊ မရှိလို့လည်း တောင်းစားနေရတာ” လို့ နေရပ်ပြန် တောင်းရမ်းစားသောက်ခဲ့ရသူ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ မိသားစုတွေဟာ အသက် ၆ နှစ်အရွယ်ကနေ အသက် ၅၀ ဝန်းကျင်အရွယ်အထိ အရွယ်မျိုးစုံ ပါဝင်ကြတဲံအပြင် အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းမွန်သူတွေဟာ မိသားစု စားဝတ်နေရေးအတွက် ရရာအလုပ်(အလုပ်ကြမ်းမှအစ)တွေကို လုပ်ကိုင်စားသောက်ဖို့ ဆန္ဒပြင်းပြသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီ မိသားစုတွေဟာ စက်တင်ဘာ ၂၈ရက်နေ့ကစပြီး ချောင်းဦးမြို့၊ တမာမြိုင်ရပ်ကွက်မှာရှိတဲ့ တမာမြိုင်စာသင်ကျောင်းထဲက ကွာရန်တင်းစင်တာမှာ မိသားစုလိုက် ကွာရန်တင်းဝင်နေကြရတာဖြစ်ပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း လူမှုဖူလုံရေးဌာန နေ့ကလေးထိန်းကျောင်းဆရာမ(ငြိမ်း)တစ်ယောက် ပြောပြတာက ” ကျန်းမာရေးကိစ္စလည်းဖြစ်တယ်၊ ကူးဆက်မြန် ကပ်ရောဂါလည်းဖြစ်တယ်၊ ကွာရန်တင်းဝင်ရတယ်ဆိုတာကို ဘာမှပြောစရာမရှိဘူး ၊ပြောစရာရှိတာက ကွာရန်တင်းဝင်နေရတဲ့အထဲမှာ ကလေးငယ်တွေလည်းပါတယ်၊ ကလေးတွေဆိုတာက ဘာအရောင်အသွေးမှ မပါသလို ၊ ဘယ်အရာကိုမှလည်း သူတို့ ဟန်မဆောင်တတ်ကြဘူး ၊ ဒီအခြေအနေဟာ ပြည့်စုံတဲ့အသိုက်အဝန်းက ကလေးတွေအဖို့ အကြောင်းမဆန်းပေမယ့် ၊ ချို့တဲ့တဲ့ အဝန်းအဝိုင်းက ကလေးတွေအဖို့ သူတို့ပေးဆပ်ရတဲ့ ပေးဆပ်ရမှုက အရမ်းကိုများတယ်၊ တချို့ဆို ကလေးရဲ့သဘာဝကို မိဘတွေကတောင် နားမလည်တာတွေရှိတယ်၊ အခုလို ကွာရန်တင်းဝင်နေရတဲ့အချိန်မှာ ကလေးတွေရဲ့ စိတ်မှာ အခက်အခဲအကြီးကြီးကို သူတို့ခံစားနေရတယ်၊ ကလေးသဘာဝ သူတို့လိုချင်တာကို သူတို့ ငိုတောင်းမယ်၊ ငိုလို့မရရင် နောက်ဆက်တွဲ ကျန်းမာရေးအမှောင့်တွေက ဝင်လာတာ ၊ ကလေးတွေ သက်တောင့်သက်သာဖြစ်စေဖို့ဆိုရင် Child Psychology ကလေးစိတ်ပညာ ဘာသာရပ်တွေ သိထားသူတွေမှ ဖြစ်မယ်” လို့ ပြောပါတယ်။

ချောင်းဦးမြို့၊ တမာမြိုင် ကွာရန်တင်းစင်တာမှာ နယ်နှင်ခံလိုက်ရတဲ့ မိသားစုထဲက ကလေးတွေကလည်း ကျန်းမာရေး အစစ်ဆေးခံနေရတာဖြစ်ပါတယ်။

“ဒီကာလက ကိုယ်စီ ကိုယ်စီ အခက်အခဲဆိုတာရှိကြတယ် ၊ အခက်အခဲကာလပဲဆိုပြီး အဲ့ဒီသူတွေကို မေ့လျော့ထားလို့မရဘူး ၊ သူတို့မှာလည်း သူတို့ မိသားစုတွေရှိကြတယ် ၊မိသားစုဆိုတဲ့ စားဝတ်နေရေးကိစ္စဟာ မိသားစုရှိသူတိုင်းက စာနာကြည့်လို့ရတယ် ၊သူ့မိသားစု လက်တွေ့မှာ စားဝတ်နေရေး အခက်ကြုံလာရင် ဖြေရှင်းရတော့မယ် ၊ အခုလို ရိုးသားစွာနဲ့ တောင်းရမ်းဖြေရှင်းပေးတာကို ရိုးသားစွာနဲ့ပဲ အသိအမှတ်ပြုပေးရမယ်၊ ဥပဒေမဲ့ လုပ်ရပ်တွေဘက်ကို တိမ်းစောင်းမသွားတာကိုက သူတို့ရဲ့ အရည်အချင်းလို့ ပြောရမှာဖြစ်တယ်” လို့ Save Monywa အဖွဲ့ခေါင်းဆောင် ကိုအောင်နေမျိုးက ပြောပါတယ်။
ကလေးမြို့ကနေ နယ်နှင်ခံရလိုက်ရတာကြောင့် နေရပ်ပြန်ပြီး မိသားစုလိုက် ကွာရန်တင်း ဝင်နေရတဲ့ မိသားစုတွေဟာ လာမယ့် အောက်တိုဘာ ၁၂ မှာ ကွာရန်တင်းဝင်တဲ့ ရက်ပြည့်သွားမှာဖြစ်ပေမယ့် ရှေ့ဆက်ရပ်တည်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကလေး #ကိုဗစ် #တောင်းရမ်းစားသောက်သူ

Zawgyi

ပုလင္းခြံေကာက္မရလို႔ ေတာင္းစားေတာ့ နယ္ႏွင္ခံရ ကိုဗစ္ေပးတဲ့ဒုကၡ

မုံ႐ြာ ၊ စက္တင္ဘာ ၃၀ -၂၀၂၀
ကိုတိုးႀကီး(VOM)

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕ေပၚမွာ ေတာင္းရမ္းစားေသာက္ေနရသူေတြကို သက္ဆိုင္ရာက ေနရပ္အသီးသီးျပန္ၾကဖို႔ နယ္ႏွင္လိုက္တာေၾကာင့္ အခုဆိုရင္ သူတို႔ရဲ႕ေနရပ္ေတြမွာ မိသားစုလိုက္ ကြာရန္တင္းဝင္ေနရတယ္လို႔ သိရပါတယ္။

ကေလးၿမိဳ႕မွာ အလုပ္လုပ္ကိုင္ဖို႔ ေျပာင္းေ႐ြ႕ေရာက္လာၾကတဲ့ မိသားစု ၆ စု ၊ လူဦးေရ ၂၆ ေယာက္ဟာ ၂၀၂၀ ႏွစ္ဆန္းပိုင္းက ကေလးၿမိဳ႕ကို စတင္ေရာက္လာခဲ့တာျဖစ္ပါတယ္။

နယ္ႏွင္ခံရသူေတြဟာ ကေလးၿမိဳ႕ကိုစေရာက္ခ်ိန္က ၿမိဳ႕ေပၚေနရာအႏွံ႔မွာ အမ်ားစြန႔္ပစ္ထားတဲ့ ဗူးခြံ၊ပုလင္းခြံေတြကို ေကာက္ယူစုေဆာင္းၿပီး မိသားစုစားဝတ္ေနေရးအတြက္ အလုပ္လုပ္ကိုင္ေနၾကတာလည္း ျဖစ္ပါတယ္။

အဲ့ဒီေနာက္ပိုင္း ကေလးၿမိဳ႕မွာ ကိုဗစ္၁၉ ေရာဂါ ကူးဆက္ျပန႔္ပြားလာၿပီး လုပ္ငန္းေတြရပ္နားထားတာေၾကာင့္ ဗူးခြံ၊ ပုလင္းခြံ ေကာက္ယူေရာင္းခ်ရတဲ့ လုပ္ငန္းေတြ ထိခိုက္လာၿပီး အဲ့ဒီမိသားစုေတြဟာ စားဝတ္ေနေရးအခက္အခဲေတြရွိလာတဲ့အတြက္ ၿမိဳ႕ေပၚမွာ ေတာင္းရမ္းစားေသာက္တာကို လုပ္ေနခဲ့ရတာျဖစ္ပါတယ္။

” က်ေနာ္တို႔က သူေတာင္းစားမ်ိဳး႐ိုး မရွိဘူး ၊ အလုပ္အကိုင္ တကယ္ကိုမျဖစ္လို႔ မိသားစု စားစရာကို မရွိေတာ့လို႔ ႐ိုး႐ိုးသားသား ေတာင္းရမ္းစားေသာက္ေနတာပါ ” လို႔ ကေလးၿမိဳ႕ကေန နယ္ႏွင္ျခင္းခံလိုက္ရသူတစ္ဦးက ေျပာပါတယ္။

နယ္ႏွင္ျခင္းခံရတဲ့သူေတြဟာ ကေလးၿမိဳ႕၊ တံတားဦးနယ္ေျမ-၁၁ ၊ တပ္ဦးသီတာရပ္ကြက္မွာ တစ္လကို တစ္မိသားစု ၃ ေသာင္းက်ပ္နဲ႔ အိမ္ငွားေနထိုင္ၾကသူေတြျဖစ္ပါတယ္။

အဲ့ဒီ မိသားစု ၆ စုနဲ႔ လူ ၂၆ ေယာက္ကို ကေလးၿမိဳ႕ လူမႈကူညီေရးအသင္းကကားေတြနဲ႔ သူတို႔ေနရပ္ျဖစ္တဲ့ ေခ်ာင္းဦးၿမိဳ႕ကို လိုက္ပါပို႔ေဆာင္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

” ဘာေၾကာင့္ ျပန္ပို႔တယ္ဆိုတာ သူတို႔မေျပာလို႔ မသိရဘူး ၊ ကိုဗစ္ မျဖစ္ခင္ထဲက ေနလာတာ ၊ ကူညီေထာက္ပံ့မႈေပးတာ မရွိဘူး ၊ မရွိလို႔လည္း ေတာင္းစားေနရတာ” လို႔ ေနရပ္ျပန္ ေတာင္းရမ္းစားေသာက္ခဲ့ရသူ တစ္ေယာက္က ေျပာပါတယ္။

အဲ့ဒီ မိသားစုေတြဟာ အသက္ ၆ ႏွစ္အ႐ြယ္ကေန အသက္ ၅၀ ဝန္းက်င္အ႐ြယ္အထိ အ႐ြယ္မ်ိဳးစုံ ပါဝင္ၾကတဲံအျပင္ အ႐ြယ္ေရာက္ၿပီး က်န္းမာေရးေကာင္းမြန္သူေတြဟာ မိသားစု စားဝတ္ေနေရးအတြက္ ရရာအလုပ္(အလုပ္ၾကမ္းမွအစ)ေတြကို လုပ္ကိုင္စားေသာက္ဖို႔ ဆႏၵျပင္းျပသူေတြ ျဖစ္တယ္လို႔လည္း သိရပါတယ္။

အဲ့ဒီ မိသားစုေတြဟာ စက္တင္ဘာ ၂၈ရက္ေန႔ကစၿပီး ေခ်ာင္းဦးၿမိဳ႕၊ တမာၿမိဳင္ရပ္ကြက္မွာရွိတဲ့ တမာၿမိဳင္စာသင္ေက်ာင္းထဲက ကြာရန္တင္းစင္တာမွာ မိသားစုလိုက္ ကြာရန္တင္းဝင္ေနၾကရတာျဖစ္ပါတယ္။

အခုကိစၥနဲ႔ပတ္သက္ၿပီး စစ္ကိုင္းတိုင္း လူမႈဖူလုံေရးဌာန ေန႔ကေလးထိန္းေက်ာင္းဆရာမ(ၿငိမ္း)တစ္ေယာက္ ေျပာျပတာက ” က်န္းမာေရးကိစၥလည္းျဖစ္တယ္၊ ကူးဆက္ျမန္ ကပ္ေရာဂါလည္းျဖစ္တယ္၊ ကြာရန္တင္းဝင္ရတယ္ဆိုတာကို ဘာမွေျပာစရာမရွိဘူး ၊ေျပာစရာရွိတာက ကြာရန္တင္းဝင္ေနရတဲ့အထဲမွာ ကေလးငယ္ေတြလည္းပါတယ္၊ ကေလးေတြဆိုတာက ဘာအေရာင္အေသြးမွ မပါသလို ၊ ဘယ္အရာကိုမွလည္း သူတို႔ ဟန္မေဆာင္တတ္ၾကဘူး ၊ ဒီအေျခအေနဟာ ျပည့္စုံတဲ့အသိုက္အဝန္းက ကေလးေတြအဖို႔ အေၾကာင္းမဆန္းေပမယ့္ ၊ ခ်ိဳ႕တဲ့တဲ့ အဝန္းအဝိုင္းက ကေလးေတြအဖို႔ သူတို႔ေပးဆပ္ရတဲ့ ေပးဆပ္ရမႈက အရမ္းကိုမ်ားတယ္၊ တခ်ိဳ႕ဆို ကေလးရဲ႕သဘာဝကို မိဘေတြကေတာင္ နားမလည္တာေတြရွိတယ္၊ အခုလို ကြာရန္တင္းဝင္ေနရတဲ့အခ်ိန္မွာ ကေလးေတြရဲ႕ စိတ္မွာ အခက္အခဲအၾကီးႀကီးကို သူတို႔ခံစားေနရတယ္၊ ကေလးသဘာဝ သူတို႔လိုခ်င္တာကို သူတို႔ ငိုေတာင္းမယ္၊ ငိုလို႔မရရင္ ေနာက္ဆက္တြဲ က်န္းမာေရးအေမွာင့္ေတြက ဝင္လာတာ ၊ ကေလးေတြ သက္ေတာင့္သက္သာျဖစ္ေစဖို႔ဆိုရင္ Child Psychology ကေလးစိတ္ပညာ ဘာသာရပ္ေတြ သိထားသူေတြမွ ျဖစ္မယ္” လို႔ ေျပာပါတယ္။

ေခ်ာင္းဦးၿမိဳ႕၊ တမာၿမိဳင္ ကြာရန္တင္းစင္တာမွာ နယ္ႏွင္ခံလိုက္ရတဲ့ မိသားစုထဲက ကေလးေတြကလည္း က်န္းမာေရး အစစ္ေဆးခံေနရတာျဖစ္ပါတယ္။

“ဒီကာလက ကိုယ္စီ ကိုယ္စီ အခက္အခဲဆိုတာရွိၾကတယ္ ၊ အခက္အခဲကာလပဲဆိုၿပီး အဲ့ဒီသူေတြကို ေမ့ေလ်ာ့ထားလို႔မရဘူး ၊ သူတို႔မွာလည္း သူတို႔ မိသားစုေတြရွိၾကတယ္ ၊မိသားစုဆိုတဲ့ စားဝတ္ေနေရးကိစၥဟာ မိသားစုရွိသူတိုင္းက စာနာၾကည့္လို႔ရတယ္ ၊သူ႔မိသားစု လက္ေတြ႕မွာ စားဝတ္ေနေရး အခက္ႀကဳံလာရင္ ေျဖရွင္းရေတာ့မယ္ ၊ အခုလို ႐ိုးသားစြာနဲ႔ ေတာင္းရမ္းေျဖရွင္းေပးတာကို ႐ိုးသားစြာနဲ႔ပဲ အသိအမွတ္ျပဳေပးရမယ္၊ ဥပေဒမဲ့ လုပ္ရပ္ေတြဘက္ကို တိမ္းေစာင္းမသြားတာကိုက သူတို႔ရဲ႕ အရည္အခ်င္းလို႔ ေျပာရမွာျဖစ္တယ္” လို႔ Save Monywa အဖြဲ႕ေခါင္းေဆာင္ ကိုေအာင္ေနမ်ိဳးက ေျပာပါတယ္။
ကေလးၿမိဳ႕ကေန နယ္ႏွင္ခံရလိုက္ရတာေၾကာင့္ ေနရပ္ျပန္ၿပီး မိသားစုလိုက္ ကြာရန္တင္း ဝင္ေနရတဲ့ မိသားစုေတြဟာ လာမယ့္ ေအာက္တိုဘာ ၁၂ မွာ ကြာရန္တင္း၀င္တဲ့ ရက္ျပည့္သြားမွာျဖစ္ေပမယ့္ ေရွ႕ဆက္ရပ္တည္ဖို႔အတြက္ အခက္အခဲေတြရွိေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ကေလး #ကိုဗစ္ #ေတာင္းရမ္းစားေသာက္သူ

Related posts

Leave a Comment

VOM News

FREE
VIEW