ဗကသအဖွဲ့ဝင်တွေကိုဖမ်းဆီးနေပေမယ့် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဗကသအဖွဲ့ချုပ်က ဆက်လုပ်သွားမယ်

ဗကသအဖွဲ့ဝင်တွေကိုဖမ်းဆီးနေပေမယ့် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဗကသအဖွဲ့ချုပ်က ဆက်လုပ်သွားမယ် မန္တလေး၊ စက်တင်ဘာ ၃၀-၂၀၂၀ ဟိန်းကို(VOM) ဗကသကျောင်းသားတွေဟာ စက်တင်ဘာလလယ်လောက်ကစပြီး ရခိုင်ပြည်နယ်ဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရက်တွေကို ရပ်တန့်ပေးဖို့နဲ့ ပြည်သူတွေသိဖို့အတွက်လို့ဆိုပြီး ဆန့်ကျင်ဆန္ဒပြတာနဲ့ စတစ်ကာကမ်ပိန်းပြုလုပ်တာတွေကို မန္တလေး၊ ရန်ကုန်၊ မိထ္ထီလာ၊ မုံရွာ၊ ပြည် စတဲ့မြို့တွေမှာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုပြုလုပ်ရာမှာ တပ်မတော်ကိုဆန့်ကျင်ကြောင်းစာသားပါဝင်တဲ့အတွက် ဗကသကျောင်းသားတွေကို ရဲတပ်ဖွဲ့ကနေ လိုက်လံဖမ်းဆီးးပြီး အာမခံမရတဲ့ ဥပဒေပုဒ်မတွေအပါအဝင် ငြိမ်းစုစီပုဒ်မတွေနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်တာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ရက်နေ့ကလည်း ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဗကသအဖွဲ့ဝင် ကျောင်းသား ၂ဦးကိုလည်း ရဲတပ်ဖွဲ့က ပုဒ်မ-၅၀၅(ခ)နဲ့ဖမ်းဆီးခဲ့တယ်လို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုပိုင်ဖြိုးဇင်ကပြောပါတယ်။ ” အခုလိုအတင်းအဓမ္မဖမ်းဆီးနေတာဟာ ရှင်းရှင်းလေးရယ်၊ စာကပ်တယ်ဆိုတာက နိုင်ငံသားတစ်ယောက်အနေနဲ့ အမှန်ကိုထုတ်ဖော်ပြသခြင်းဖြစ်တယ်၊ ပြည်သူတွေအသတ်ခံနေရတာကို ထုတ်ဖော်ပြသခြင်းဖြစ်တယ်ပေါ့၊ ကျွန်တော်တို့ အလိမ်အညာတစ်ခုမှမပါဘူး၊ သိစေချင်တဲ့အချက်အလက်ကို ဖြန့်ဝေခြင်း ပြသခြင်းသာဖြစ်တယ်။ ဒီလိုလုပ်တာကို မကျေမနပ်နဲ့ ရဲအင်အားအလုံးအရင်းနဲ့…

Read More

ပါတီမိတ်ဆက်(ရခိုင်အမျိုးသားပါတီ-ANP)

ပါတီမိတ်ဆက်(ရခိုင်အမျိုးသားပါတီ-ANP) မန္တလေး၊စက်တင်ဘာ ၃၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေးမှုဝါဒဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်ကို VOMသတင်းထောက်လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးထွန်းအောင်ကျော် – ရခိုင်ပြည်နယ် ၆၃ ၊ ရန်ကုန်တိုင်းမှာ ၁ယောက်၊ ဧရာဝတီတိုင်းမှာ ၄နေရာ စုစုပေါင်း၆၈နေရာအပြည့် ကျွန်တော်တို့ဝင်ပြိုင်တယ်။ ဒါပေမယ့် ကျောက်ဖြူမဲဆန္ဒနယ်မှာတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ယောက်ကို ပြည်ထဲရေးဝန်ကြီးဌာနကကန့်ကွက်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကနေ ဖယ်လိုက်တယ်။ ဒါကြောင့် ကျနော်တို့အခုယှဉ်ပြိုင်ဖို့အတွက် အရေအတွက် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၃နေရာမှာ ၆၇နေရာကျနော်တို့ပြိုင်မှာပါ။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးထွန်းအောင်ကျော် – ကျနော်တို့ပါတီမှုဝါဒမှာပါတဲ့အတိုင်းပေါ့ ကျနော်တို့က တန်းတူညီမျှဖို့အတွက် တိုင်းရင်းသားပြည်နယ်အပါအဝင်တည်ထောင်ဖို့ဆိုတဲ့ အခုမြန်မာနိုင်ငံမှာအားလုံးတန်းတူညီမျှဖို့အတွက်ဆောင်ရွက်မယ်။ စစ်မှန်တဲ့ အမည်ခံပြည်ထောင်စုမဟုတ်ဘဲနဲ့ စစ်မှန်တဲ့ပြည်ထောင်စုပေါ်ပေါက်ဖို့အတွက်ကျနော်တို့လုပ်မယ်။ နောက်တစ်ခုက ဒီမိုကရေစီဟာ ကျနော်တို့နားလည်ပြီးသလို ဒီထက်ပိုပြီးတော့ ရင့်ကျက်…

Read More

ကွာရန်တင်းစင်တာက တာဝန်ရှိသူတွေကို ရန်ပြုတိုက်ခိုက်တဲ့ အမျိုးသားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ နှစ်ခွဲချ

ကွာရန်တင်းစင်တာက တာဝန်ရှိသူတွေကို ရန်ပြုတိုက်ခိုက်တဲ့ အမျိုးသားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ နှစ်ခွဲချ နေပြည်တော်၊ စက်တင်ဘာ ၃၀-၂၀၂၀ ကောင်းလက်ျာ(VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်တက္ကသိုလ် ကွာရန်တင်းစင်တာမှာ စက်တင်ဘာ၂၁ ရက်နေ့က စခန်းတာဝန်ရှိသူတွေကို ရန်ပြုတိုက်ခိုက်ထွက်ပြေးးတဲ့ အမျိုးသားကို မနေ့ စက်တင်ဘာ ၂၉ရက်နေ့လယ်ပိုင်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲချမှတ်လိုက်တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။ ” တရားလိုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပါ။ ဘေးစီမံအက်ပုဒ်မ‌နှစ်ခုနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲ (စက်တင်ဘာလ၂၉ ရက်)မနေ့က ကျသွားပါတယ်”လို့ ‌လွိုင်ကော်မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ထီးပလောထူကျေးရွာမှာနေတဲ့ အမျိုးသားတစ်ဦးဟာ စက်တင်ဘာလ ၂၁ ရက်နေ့က လားရှိုးမြို့ကနေ လွိုင်ကော်မြို့ကိုပြန်လည်ဝင်ရောက်လာတဲ့အတွက် လွိုင်ကော်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် ကွာရန်တင်းစင်တာမှာ စောင့်ကြည့်မှုခံယူနေချိန် အဲ့ဒီနေ့ညနေပိုင်းမှာ တာဝန်ရှိသူတွေကို ရန်ပြုတိုက်ခိုက်ပြီး ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်ပါတယ်။ အခင်းဖြစ်ပြီး မကြာခင်မှာပဲ အဲ့ဒီအမျိုးသားကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် လွိုင်ကော်မြို့မရ‌ဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ…

Read More

NLD အောင်နိုင်ရေးယာဉ်တန်း လေးဂွဖြင့် အပစ်ခံရ

NLD အောင်နိုင်ရေးယာဉ်တန်း လေးဂွဖြင့် အပစ်ခံရ နေပြည်တော်၊ စက်တင်ဘာ ၃၀-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်၊ ပျဉ်းမနားမြို့ပေါ်နဲ့ ကျေးရွာအချို့ကို ဒီကနေ့မနက်ပိုင်းက NLD ပါတီ အောင်နိုင်ရေးယာဉ်တန်းတွေ လှည့်ပတ်ချိန် ယာဉ်တန်းကို လေးဂွနဲ့အပစ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ပျဉ်းမနားမြို့ပေါ်ကနေ အာဟာရသုခဈေး၊ သကြားစက်၊ နတ်သရဲ၊ တာတိုင်ကုန်း ကျေးရွာတွေကို ဖြတ်သန်းခဲ့ကြပြီး ပန်းပဲစုကျေးရွာ ဘုန်းကြီးကျောင်းရှေ့မှာ အောင်နိုင်ရေး ယာဉ်တန်းထဲက Alphard ကားအမျိုးအစားတစ်စီး လေးဂွနဲ့အပစ်ခံခဲ့ရတာဖြစ်ပါတယ်။ “ကျနော်တို့က ကော်စံကုန်း၊ နတ်သရဲဘက်ကနေထွက်လာတာ ပန်းပဲစုဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကျောင်းဒေါင့် အပင်တွေကြားက ပစ်တာလို့ထင်တာပဲ၊ လူလည်းမမြင်ရဘူး။ ဖောင်းဆိုတဲ့ အသံကြားတော့မှ ကျနော် ဗူးဖောင်းပေါက်တယ်ထင်တာ။ မဟုတ်ဘူး။ မျက်နှာက စက်ဖျင်းဖျင်းဖြစ်သွားတော့မှ မှန်ကိုကြည့်လိုက်တော့ မှန်က အဲ့လို ဖြစ်ပြီး နည်းနည်းစင်တာ”လို့ ယာဉ်ပေါ်လိုက်ပါလာသူ ယာဉ်ပိုင်ရှင်အမျိုးသမီးက ပြောပါတယ်။ အဲ့ဒီယာဉ်တန်းဟာ ကားအစီးရေ ၂၀၀…

Read More

အမျိုးသမီးတစ်ဦးက အိမ်နီးချင်းအသက် ၁၄နှစ်အရွယ်မိန်းကလေးကို နေအိမ်ခေါ်ပြီး ခင်ပွန်းကိုအဓမ္မပြုကျင့်ခိုင်း

အမျိုးသမီးတစ်ဦးက အိမ်နီးချင်းအသက် ၁၄နှစ်အရွယ်မိန်းကလေးကို နေအိမ်ခေါ်ပြီး ခင်ပွန်းကိုအဓမ္မပြုကျင့်ခိုင်း နေပြည်တော်၊ စက်တင်ဘာ ၃၀-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မှော်အင်း‌ကျေးရွာအုပ်စု၊ ရေနောက်ကုန်းကျေးရွာမှာ အိမ်နီးချင်း အသက် ၁၄နှစ်အရွယ် မိန်းကလေးကို အမျိုးသမီးတစ်ဦးက သူရဲ့နေအိမ်ကို‌ခေါ်ပြီး ခင်ပွန်းဖြစ်သူနဲ့လွတ်ပေးကာ အဓမ္မပြုကျင့်ခိုင်းတဲ့ဖြစ်စဉ် စက်တင်ဘာ ၂၈ရက်နေ့ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့ လက်ပံတန်းမြို့မရဲစခန်းကနေ သိရပါတယ်။ နေအိမ်ခေါ်ပြီး ခင်းပွန်းဖြစ်သူနဲ့ အဓမ္မပြုကျင့်ဖို့ ေးခိုင်းခဲ့သူ အမျိုးသမီးကို ဖမ်းဆ‌ီးရမိခဲ့ပေမယ့် အဓမ္မပြုကျင့်တဲ့ ခင်ပွန်းဖြစ်သူကိုတော့ တိမ်းရှေုာင်နေဆဲဖြစ်တဲ့အတွက် ဖမ်းဆီးရရှိခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ရေနောက်ကွင်း‌ကျေးရွာမှာ‌နေတဲ့ အသက် ၁၄ နှစ်အရွယ်မိန်းကလေးကို အိမ်နားနီးချင်းဖြစ်သူ ဒေါ်လှလှဝင်း(၃၆ နှစ်)က စက်တင်ဘာ၂၈ ရက်‌ညနေ ၅ နာရီခန့်မှာ သူ့ရဲ့နေအိမ်ကို ခေါ်ဆောင်ခဲ့ပြီး နေအိမ်အပေါ်ထပ်ပို့ကာ အိမ်တံခါးပိတ်တိမ်းရှောင်သွားချိန် အမျိုးသ မီးရဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းဇော်(၃၆ နှစ်)က အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ လက် ပံတန်းမြို့မရဲစခန်းကနေ သိရပါတယ်။…

Read More

ပျဉ်းမနားမြို့မှာ NLD အောင်နိုင်ရေးအတွက် လူပေါင်း‌ထောင်ချီ ယာဉ်တန်းနဲ့လှည့်ပတ်

ပျဉ်းမနားမြို့မှာ NLD အောင်နိုင်ရေးအတွက် လူပေါင်း‌ထောင်ချီ ယာဉ်တန်းနဲ့လှည့်ပတ် နေပြည်တော်၊ စက်တင်ဘာ ၃၀-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဒီကနေ့မနက်ပိုင်းက NLD အောင်နိုင်ရေး ယာဉ်တန်းတွေဟာ လူပေါင်းထောင်နဲ့ချီပြီး လှည့်ပတ်ပြီး အင်းအားပြခဲ့တယ်လို့ သိရပါတယ်။ “ရုံးက စထွက်တာတော့ လူ အင်းအား ၂ ထောင် ၃ ထောင်လောက်ပဲရှိပါတယ်။ တကယ်တမ်းကျတော့ ကျေးရွာတွေက အကုန်လုံးဝန်းရံကျတော့ များလာတာပေါ့။ ဘယ်လောက်များတယ်မှန်းကို ကျနော်လဲ မသိတော့ဘူး”လို့ ပျဉ်းမနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်ကပြောပါတယ်။ အဲ့ဒီယာဉ်တန်းဟာ ကားအစီးရေ ၂၀၀ လောက်အပြင် ဆိုင်ကယ်တွေနဲ့ ဝန်ရံသူတွေဟာ အင်းအားစုစုပေါင်း ၅၀၀၀ လောက်ရှိခဲ့တယ်လို့လည်း ၎င်းယာဉ်တန်းမှာ ပါ၀င်ခဲ့တဲ့ လုံခြုံရေးတာ၀န်ရှိသူ‌ပြောပြချက်အရ သိရပါတယ်။ နေပြည်တော်၊ ပျဉ်းမနားမြို့ပေါ်က ရပ်ကွက်‌တွေကို လှည့်ပတ်ခဲ့ပြီး ကျေးရွာအချို့ဖြစ်တဲ့ သကြားစက်၊ နတ်သရဲ၊ တာတိုင်ကုန်း၊ သစ်လေးလုံး ကျေးရွာတွေကို…

Read More

ညီညွတ်သောဒီမီုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ပန်းလှိုင်အိမ်ရာမှာ ရဲတပ်ဖွဲ့ကဖမ်းဆီး

ညီညွတ်သောဒီမီုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ပန်းလှိုင်အိမ်ရာမှာ ရဲတပ်ဖွဲ့ကဖမ်းဆီး ရန်ကုန်၊စက်တင်ဘာ ၃၀-၂၀၂၀ အေးချမ်းသူ(VOM) ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ဥက္ကဋ္ဌ ဦးကျော်မြင့်ကို စက်တင်ဘာ ၂၉ရက်နေ့က ညပိုင်းက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာရှိ ပန်းလှိုင်အိမ်ရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ညောင်ကျေးရွာအုပ်ချုပ်ရေးမှုးဦးသန်းဇော်က ပြောပါတယ်။ ” မနေ့က တိုင်းရဲမှူးကြီးက ဆက်သွယ်လာတယ်။ ဦးကျော်မြင့်ကို စစ်စရာရှိတယ်လိုက်ခဲ့ပါပေါ့။ ဟိုရောက်တော့ စစ်ဆေးပြီးခေါ်သွားတာပါ”လို့ ဦးသန်းဇော်ကပြောပါတယ်။ ဖမ်းဆီးရာမှာတော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့လာရောက်စစ်ဆေးမေမြန်းပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ညောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောပါတယ်။ ” ပါတီ ဥက္ကဋ္ဌကို ဖမ်းလိုက်တာကဟုတ်ပါတယ်။ အခုလောလောဆယ် လူကြီးတွေက လာစစ်နေလို့ပါ။ နောက်မှ ထပ်ဆက်လိုက်ပါ”လို့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှုးကြီးအပါအဝင်အဖွဲ့အစည်းများမှ စက်တင်ဘာ ၂၉ရက်နေ့ည ၉နာရီအချိန်က ဒီမိုကရက်တစ်ပါတီဥက္ကဌဦးကျော်မြင့်ကို လာရောက်ဖမ်းဆီးခဲ့တာဟာ မှန်ကန်ပြီး မည်သည့်နေရာမှာချုပ်နှောင်ထားတာကိုတော့ မသိသေးဘူးလို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမောင်ကပြောပါတယ်။ ”…

Read More

ကူးစက်မှုမြှင့်တဲ့ ကိုဗစ်လှိုင်းကြား ပြည်မြို့မှာ လူထောင်ချီမဲဆွယ်

ကူးစက်မှုမြှင့်တဲ့ ကိုဗစ်လှိုင်းကြား ပြည်မြို့မှာ လူထောင်ချီမဲဆွယ် ပြည်၊ စက်တင်ဘာ ၃၀-၂၀၂၀ သိင်္ဂီ(VOM) ပြည်မြို့က NLD ပါတီကိုထောက်ခံကြသူတွေဟာ ကိုဗစ်ကူးစက်မှုမြှင့်နေချိန် ယာဉ်တန်းနဲ့ မဲဆွယ်စည်းရုံးရေးပြုလုပ်မှုကို ဒီကနေ့ စက်တက်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ အခုNLD ထောက်ခံပွဲကို ပြည်မြို့က လူပေါင်း ထောင်ဂဏန်းကျော်ပါဝင်ခဲ့ပြီး လှည့်လည်သူတွေဟာ ဆိုင်ကယ်၊ မော်တော်ကားတွေနဲ့ စီတန်းလှည့်လည်ခဲ့တာဖြစ်ပါတယ်။ လှည့်လည်မှုမှာပါဝင်သူအများစုကတော့ မက်စ်တပ်ဆပ်ထားတာကိုတောတွေ့ရပါတယ်။ အဲ့ဒီ စီတန်းလှည်မှုနဲ့ပတ်သက်ပြီး ပြည်မြို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျပြောတာကတော့ “နဝင်းရပ်ကွက်ကအဖွဲ့တွေက လုပ်ကြတယ်လို့တော့ကြားတယ် ၊လူဘယ်လောက်များတယ်ဆိုတာတော့ မသိဘူး။ NLD ပါတီဝန်းရံထောက်ခံသူတွေလုပ်ကြတာပါ။ အားပေးမှုကို တစ်ဦးတစ်ယောက်ချင်းကျေးဇူးတင်တယ်။ကို ဗစ်ကာလဖြစ်လို့ တယောက်ချင်းက ဆင်ခြင်မှသာ ကျော်လွှားနိုင်မှာဖြစ်လို့ တစ်ဦးချင်းဟာ ကျန်းမာရေးအသိနဲ့နေထိုင်ကြဖို့ပြောချင်ပါတယ်။ အဓိကအပြင်ထွက်ရင် မက်စ်တပ်ဖို့ ၊လူစုလူဝေးရှောင်ဖို့ လက်ကိုခဏခဏဆေးဖို့တိုက်တွန်းလိုပါတယ်။”လို့ ပြောပါတယ် ။ ပြည်မြို့က NLD ပါတီအနေနဲ့ကတော့ ကိုဗစ်ကူးစက်မှုမြှင့်တက်နေချိန်ဖြစ်တာကြောင့်…

Read More

ပုလင်းခွံကောက်မရလို့ တောင်းစားတော့ နယ်နှင်ခံရ ကိုဗစ်ပေးတဲ့ဒုက္ခ

ပုလင်းခွံကောက်မရလို့ တောင်းစားတော့ နယ်နှင်ခံရ ကိုဗစ်ပေးတဲ့ဒုက္ခ မုံရွာ ၊ စက်တင်ဘာ ၃၀ -၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ တောင်းရမ်းစားသောက်နေရသူတွေကို သက်ဆိုင်ရာက နေရပ်အသီးသီးပြန်ကြဖို့ နယ်နှင်လိုက်တာကြောင့် အခုဆိုရင် သူတို့ရဲ့နေရပ်တွေမှာ မိသားစုလိုက် ကွာရန်တင်းဝင်နေရတယ်လို့ သိရပါတယ်။ ကလေးမြို့မှာ အလုပ်လုပ်ကိုင်ဖို့ ပြောင်းရွေ့ရောက်လာကြတဲ့ မိသားစု ၆ စု ၊ လူဦးရေ ၂၆ ယောက်ဟာ ၂၀၂၀ နှစ်ဆန်းပိုင်းက ကလေးမြို့ကို စတင်ရောက်လာခဲ့တာဖြစ်ပါတယ်။ နယ်နှင်ခံရသူတွေဟာ ကလေးမြို့ကိုစရောက်ချိန်က မြို့ပေါ်နေရာအနှံ့မှာ အများစွန့်ပစ်ထားတဲ့ ဗူးခွံ၊ပုလင်းခွံတွေကို ကောက်ယူစုဆောင်းပြီး မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ကလေးမြို့မှာ ကိုဗစ်၁၉ ရောဂါ ကူးဆက်ပြန့်ပွားလာပြီး လုပ်ငန်းတွေရပ်နားထားတာကြောင့် ဗူးခွံ၊ ပုလင်းခွံ ကောက်ယူရောင်းချရတဲ့ လုပ်ငန်းတွေ ထိခိုက်လာပြီး အဲ့ဒီမိသားစုတွေဟာ စားဝတ်နေရေးအခက်အခဲတွေရှိလာတဲ့အတွက် မြို့ပေါ်မှာ တောင်းရမ်းစားသောက်တာကို လုပ်နေခဲ့ရတာဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW