အမျိုးသမီးတစ်ဦးက အိမ်နီးချင်းအသက် ၁၄နှစ်အရွယ်မိန်းကလေးကို နေအိမ်ခေါ်ပြီး ခင်ပွန်းကိုအဓမ္မပြုကျင့်ခိုင်း

အမျိုးသမီးတစ်ဦးက အိမ်နီးချင်းအသက် ၁၄နှစ်အရွယ်မိန်းကလေးကို နေအိမ်ခေါ်ပြီး ခင်ပွန်းကိုအဓမ္မပြုကျင့်ခိုင်း

နေပြည်တော်၊ စက်တင်ဘာ ၃၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မှော်အင်း‌ကျေးရွာအုပ်စု၊ ရေနောက်ကုန်းကျေးရွာမှာ အိမ်နီးချင်း အသက် ၁၄နှစ်အရွယ် မိန်းကလေးကို အမျိုးသမီးတစ်ဦးက သူရဲ့နေအိမ်ကို‌ခေါ်ပြီး ခင်ပွန်းဖြစ်သူနဲ့လွတ်ပေးကာ အဓမ္မပြုကျင့်ခိုင်းတဲ့ဖြစ်စဉ် စက်တင်ဘာ ၂၈ရက်နေ့ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့ လက်ပံတန်းမြို့မရဲစခန်းကနေ သိရပါတယ်။

နေအိမ်ခေါ်ပြီး ခင်းပွန်းဖြစ်သူနဲ့ အဓမ္မပြုကျင့်ဖို့ ေးခိုင်းခဲ့သူ အမျိုးသမီးကို ဖမ်းဆ‌ီးရမိခဲ့ပေမယ့် အဓမ္မပြုကျင့်တဲ့ ခင်ပွန်းဖြစ်သူကိုတော့ တိမ်းရှေုာင်နေဆဲဖြစ်တဲ့အတွက် ဖမ်းဆီးရရှိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ရေနောက်ကွင်း‌ကျေးရွာမှာ‌နေတဲ့ အသက် ၁၄ နှစ်အရွယ်မိန်းကလေးကို အိမ်နားနီးချင်းဖြစ်သူ ဒေါ်လှလှဝင်း(၃၆ နှစ်)က စက်တင်ဘာ၂၈ ရက်‌ညနေ ၅ နာရီခန့်မှာ သူ့ရဲ့နေအိမ်ကို ခေါ်ဆောင်ခဲ့ပြီး နေအိမ်အပေါ်ထပ်ပို့ကာ အိမ်တံခါးပိတ်တိမ်းရှောင်သွားချိန် အမျိုးသ
မီးရဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းဇော်(၃၆ နှစ်)က အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ လက် ပံတန်းမြို့မရဲစခန်းကနေ သိရပါတယ်။

” အမျိုးသမီးက ကောင်မလေးကို အိမ်ခေါ်လာပြီး ရွာထဲကို ရှောင်ထွက်သွားတာ။ အခင်းဖြစ်ပြီး မကြာခင် ရွာထဲမှာပြန်လည်ဖမ်းမိပေမယ့် သူ့ခင်ပွန်းကို မမိသေးဘူး”လို့မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဝင်းက ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ ဒေါ်လှလှဝင်းနဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းဇော်တို့ကို လက်ပံတန်းမြို့မရဲစခန်းက (ပ)၆၆၁/၂၀၂၀၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၆၃/၃၇၆/၁၁၄တို့နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လက်ပံတန်း

Zawgyi

အမ်ိဳးသမီးတစ္ဦးက အိမ္နီးခ်င္းအသက္ ၁၄ႏွစ္အရြယ္မိန္းကေလးကို ေနအိမ္ေခၚၿပီး ခင္ပြန္းကိုအဓမၼျပဳက်င့္ခိုင္း

ေနျပည္ေတာ္၊ စက္တင္ဘာ ၃၀-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ လက္ပံတန္းၿမိဳ႕နယ္၊ ေမွာ္အင္း‌ေက်း႐ြာအုပ္စု၊ ေရေနာက္ကုန္းေက်း႐ြာမွာ အိမ္နီးခ်င္း အသက္ ၁၄ႏွစ္အရြယ္ မိန္းကေလးကို အမ်ိဳးသမီးတစ္ဦးက သူရဲ႔ေနအိမ္ကို‌ေခၚၿပီး ခင္ပြန္းျဖစ္သူနဲ႔လြတ္ေပးကာ အဓမၼျပဳက်င့္ခိုင္းတဲ့ျဖစ္စဥ္ စက္တင္ဘာ ၂၈ရက္ေန႔ညေနပိုင္းကျဖစ္ပြားခဲ့တယ္လို႔ လက္ပံတန္းၿမိဳ႔မရဲစခန္းကေန သိရပါတယ္။

ေနအိမ္ေခၚၿပီး ခင္းပြန္းျဖစ္သူနဲ႔ အဓမၼျပဳက်င့္ဖို႔ ေးခိုင္းခဲ့သူ အမ်ိဳးသမီးကို ဖမ္းဆ‌ီးရမိခဲ့ေပမယ့္ အဓမၼျပဳက်င့္တဲ့ ခင္ပြန္းျဖစ္သူကိုေတာ့ တိမ္းေရႈာင္ေနဆဲျဖစ္တဲ့အတြက္ ဖမ္းဆီးရရွိျခင္းမရွိေသးဘူးလို႔ သိရပါတယ္။

ေရေနာက္ကြင္း‌ေက်း႐ြာမွာ‌ေနတဲ့ အသက္ ၁၄ ႏွစ္အ႐ြယ္မိန္းကေလးကို အိမ္နားနီးခ်င္းျဖစ္သူ ေဒၚလွလွဝင္း(၃၆ ႏွစ္)က စက္တင္ဘာ၂၈ ရက္‌ညေန ၅ နာရီခန႔္မွာ သူ႔ရဲ႔ေနအိမ္ကို ေခၚေဆာင္ခဲ့ၿပီး ေနအိမ္အေပၚထပ္ပို႔ကာ အိမ္တံခါးပိတ္တိမ္းေရွာင္သြားခ်ိန္ အမ်ိဳးသ
မီးရဲ႔ ခင္ပြန္းျဖစ္သူ ဦးသန္းေဇာ္(၃၆ ႏွစ္)က အဓမၼျပဳက်င့္ခဲ့တာျဖစ္တယ္လို႔ လက္ ပံတန္းၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

” အမ်ိဳးသမီးက ေကာင္မေလးကို အိမ္ေခၚလာၿပီး ႐ြာထဲကို ေရွာင္ထြက္သြားတာ။ အခင္းျဖစ္ၿပီး မၾကာခင္ ႐ြာထဲမွာျပန္လည္ဖမ္းမိေပမယ့္ သူ႔ခင္ပြန္းကို မမိေသးဘူး”လို ႔ေမွာ္အင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးလွဝင္းက ေျပာပါတယ္။

အမႈနဲ႔ပတ္သက္လို႔ ေဒၚလွလွဝင္းနဲ႔ ခင္ပြန္းျဖစ္သူ ဦးသန္းေဇာ္တုိ႔ကို လက္ပံတန္းၿမိဳ႕မရဲစခန္းက (ပ)၆၆၁/၂၀၂၀၊ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၆၃/၃၇၆/၁၁၄တို႔နဲ႔ အမႈဖြင့္စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #လက္ပံတန္း

Related posts

Leave a Comment

VOM News

FREE
VIEW