ပျဉ်းမနားမြို့မှာ NLD အောင်နိုင်ရေးအတွက် လူပေါင်း‌ထောင်ချီ ယာဉ်တန်းနဲ့လှည့်ပတ်

ပျဉ်းမနားမြို့မှာ NLD အောင်နိုင်ရေးအတွက် လူပေါင်း‌ထောင်ချီ ယာဉ်တန်းနဲ့လှည့်ပတ်
နေပြည်တော်၊ စက်တင်ဘာ ၃၀-၂၀၂၀
ကိုလတ် (VOM)
နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဒီကနေ့မနက်ပိုင်းက NLD အောင်နိုင်ရေး ယာဉ်တန်းတွေဟာ လူပေါင်းထောင်နဲ့ချီပြီး လှည့်ပတ်ပြီး အင်းအားပြခဲ့တယ်လို့ သိရပါတယ်။
“ရုံးက စထွက်တာတော့ လူ အင်းအား ၂ ထောင် ၃ ထောင်လောက်ပဲရှိပါတယ်။ တကယ်တမ်းကျတော့ ကျေးရွာတွေက အကုန်လုံးဝန်းရံကျတော့ များလာတာပေါ့။ ဘယ်လောက်များတယ်မှန်းကို ကျနော်လဲ မသိတော့ဘူး”လို့ ပျဉ်းမနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်ကပြောပါတယ်။
အဲ့ဒီယာဉ်တန်းဟာ ကားအစီးရေ ၂၀၀ လောက်အပြင် ဆိုင်ကယ်တွေနဲ့ ဝန်ရံသူတွေဟာ အင်းအားစုစုပေါင်း ၅၀၀၀ လောက်ရှိခဲ့တယ်လို့လည်း ၎င်းယာဉ်တန်းမှာ ပါ၀င်ခဲ့တဲ့ လုံခြုံရေးတာ၀န်ရှိသူ‌ပြောပြချက်အရ သိရပါတယ်။
နေပြည်တော်၊ ပျဉ်းမနားမြို့ပေါ်က ရပ်ကွက်‌တွေကို လှည့်ပတ်ခဲ့ပြီး ကျေးရွာအချို့ဖြစ်တဲ့ သကြားစက်၊ နတ်သရဲ၊ တာတိုင်ကုန်း၊ သစ်လေးလုံး ကျေးရွာတွေကို ဖြတ်သန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
ပ်ဥ္းမနားၿမိဳ႕မွာ NLD ေအာင္ႏိုင္ေရးအတြက္ လူေပါင္း‌ေထာင္ခ်ီ ယာဥ္တန္းနဲ႔လွည့္ပတ္
ေနျပည္ေတာ္၊ စက္တင္ဘာ ၃၀-၂၀၂၀
ကိုလတ္ (VOM)
ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕မွာ ဒီကေန႔မနက္ပိုင္းက NLD ေအာင္ႏိုင္ေရး ယာဥ္တန္းေတြဟာ လူေပါင္းေထာင္နဲ႔ခ်ီၿပီး လွည့္ပတ္ၿပီး အင္းအားျပခဲ့တယ္လို႔ သိရပါတယ္။
“႐ုံးက စထြက္တာေတာ့ လူ အင္းအား ၂ ေထာင္ ၃ ေထာင္ေလာက္ပဲရွိပါတယ္။ တကယ္တမ္းက်ေတာ့ ေက်း႐ြာေတြက အကုန္လုံးဝန္းရံက်ေတာ့ မ်ားလာတာေပါ့။ ဘယ္ေလာက္မ်ားတယ္မွန္းကို က်ေနာ္လဲ မသိေတာ့ဘူး”လို႔ ပ်ဥ္းမနားၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းစိုးေအာင္ ကေျပာပါတယ္။
အဲ့ဒီယာဥ္တန္းဟာ ကားအစီးေရ ၂၀၀ ေလာက္အျပင္ ဆိုင္ကယ္ေတြနဲ႔ ဝန္ရံသူေတြဟာ အင္းအားစုစုေပါင္း ၅၀၀၀ ေလာက္ရွိခဲ့တယ္လို႔လည္း ၎ယာဥ္တန္းမွာ ပါ၀င္ခဲ့တဲ့ လုံၿခဳံေရးတာ၀န္ရွိသူ‌ေျပာျပခ်က္အရ သိရပါတယ္။
ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕ေပၚက ရပ္ကြက္‌ေတြကို လွည့္ပတ္ခဲ့ၿပီး ေက်း႐ြာအခ်ိဳ႕ျဖစ္တဲ့ သၾကားစက္၊ နတ္သရဲ၊ တာတိုင္ကုန္း၊ သစ္ေလးလုံး ေက်း႐ြာေတြကို ျဖတ္သန္းသြားခဲ့တာပဲ ျဖစ္ပါတယ္။

Related posts

Leave a Comment

VOM News

FREE
VIEW