ကူးစက်မှုမြှင့်တဲ့ ကိုဗစ်လှိုင်းကြား ပြည်မြို့မှာ လူထောင်ချီမဲဆွယ်

ကူးစက်မှုမြှင့်တဲ့ ကိုဗစ်လှိုင်းကြား ပြည်မြို့မှာ လူထောင်ချီမဲဆွယ်

ပြည်၊ စက်တင်ဘာ ၃၀-၂၀၂၀
သိင်္ဂီ(VOM)

ပြည်မြို့က NLD ပါတီကိုထောက်ခံကြသူတွေဟာ ကိုဗစ်ကူးစက်မှုမြှင့်နေချိန် ယာဉ်တန်းနဲ့ မဲဆွယ်စည်းရုံးရေးပြုလုပ်မှုကို ဒီကနေ့ စက်တက်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

အခုNLD ထောက်ခံပွဲကို ပြည်မြို့က လူပေါင်း ထောင်ဂဏန်းကျော်ပါဝင်ခဲ့ပြီး လှည့်လည်သူတွေဟာ ဆိုင်ကယ်၊ မော်တော်ကားတွေနဲ့ စီတန်းလှည့်လည်ခဲ့တာဖြစ်ပါတယ်။ လှည့်လည်မှုမှာပါဝင်သူအများစုကတော့ မက်စ်တပ်ဆပ်ထားတာကိုတောတွေ့ရပါတယ်။

အဲ့ဒီ စီတန်းလှည်မှုနဲ့ပတ်သက်ပြီး ပြည်မြို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျပြောတာကတော့ “နဝင်းရပ်ကွက်ကအဖွဲ့တွေက လုပ်ကြတယ်လို့တော့ကြားတယ် ၊လူဘယ်လောက်များတယ်ဆိုတာတော့ မသိဘူး။ NLD ပါတီဝန်းရံထောက်ခံသူတွေလုပ်ကြတာပါ။ အားပေးမှုကို တစ်ဦးတစ်ယောက်ချင်းကျေးဇူးတင်တယ်။ကို ဗစ်ကာလဖြစ်လို့ တယောက်ချင်းက ဆင်ခြင်မှသာ ကျော်လွှားနိုင်မှာဖြစ်လို့ တစ်ဦးချင်းဟာ ကျန်းမာရေးအသိနဲ့နေထိုင်ကြဖို့ပြောချင်ပါတယ်။ အဓိကအပြင်ထွက်ရင် မက်စ်တပ်ဖို့ ၊လူစုလူဝေးရှောင်ဖို့ လက်ကိုခဏခဏဆေးဖို့တိုက်တွန်းလိုပါတယ်။”လို့ ပြောပါတယ် ။

ပြည်မြို့က NLD ပါတီအနေနဲ့ကတော့ ကိုဗစ်ကူးစက်မှုမြှင့်တက်နေချိန်ဖြစ်တာကြောင့် ပါတီရဲ့ဦးဆောင်မှုပြုလုပ်မယ့် စီတန်းလှည့်လည် မဲဆွယ်စည်းရုံးရေးကိုရပ်နားထားပြီး ကျေးရွာတွေမှာ လူ ၅၀ ထက်မပိုသော ဟောပြောစည်းရုံးမှုကိုသာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာန ၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန မှ ညွှန်ကြားရေးမှူး ဖြစ်သူ ဒေါက်တာခင်ခင်ကြီး ကတော့ ခုကာလဟာ ကိုဗစ်ကူးစက်မှု မြှင့်တက်နေချိန်ဖြစ်လို့ လူစုလူဝေးနဲ့မဲဆွယ်စည်းရုံးတာတွေမလုပ်သင့်ဘူးလို့ ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ပြည် #ကိုဗစ် #လူထောင်ချီမဲဆွယ် #NLD

Zawgyi

ကူးစက္မႈျမႇင့္တဲ့ ကိုဗစ္လႈိင္းၾကား ျပည္ၿမိဳ႔မွာ လူေထာင္ခ်ီမဲဆြယ္

ျပည္၊ စက္တင္ဘာ ၃၀-၂၀၂၀
သိဂႌ(VOM)

ျပည္ၿမိဳ႕က NLD ပါတီကိုေထာက္ခံၾကသူေတြဟာ ကိုဗစ္ကူးစက္မႈျမႇင့္ေနခ်ိန္ ယာဥ္တန္းနဲ႔ မဲဆြယ္စည္း႐ုံးေရးျပဳလုပ္မႈကို ဒီကေန႔ စက္တက္ဘာလ ၃၀ ရက္ေန႔ မနက္ပိုင္းက ျပဳလုပ္ခဲ့ၾကပါတယ္။

အခုNLD ေထာက္ခံပြဲကို ျပည္ၿမိဳ႕က လူေပါင္း ေထာင္ဂဏန္းေက်ာ္ပါဝင္ခဲ့ၿပီး လွည့္လည္သူေတြဟာ ဆိုင္ကယ္၊ ေမာ္ေတာ္ကားေတြနဲ႔ စီတန္းလွည့္လည္ခဲ့တာျဖစ္ပါတယ္။ လွည့္လည္မႈမွာပါဝင္သူအမ်ားစုကေတာ့ မက္စ္တပ္ဆပ္ထားတာကိုေတာေတြ႔ရပါတယ္။

အဲ့ဒီ စီတန္းလွည္မႈနဲ႔ပတ္သက္ၿပီး ျပည္ၿမိဳ႕ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ေျပာတာကေတာ့ “နဝင္းရပ္ကြက္ကအဖြဲ႔​ေတြက လုပ္ၾကတယ္လို႔​ေတာ့ၾကားတယ္ ၊လူဘယ္ေလာက္မ်ားတယ္ဆိုတာေတာ့ မသိဘူး။ NLD ပါတီဝန္းရံေထာက္ခံသူေတြလုပ္ၾကတာပါ။ အားေပးမႈကို တစ္ဦးတစ္ေယာက္ခ်င္းေက်းဇူးတင္တယ္။ကို ဗစ္ကာလျဖစ္လို့ တေယာက္ခ်င္းက ဆင္ျခင္မွသာ ေက်ာ္လႊားႏိုင္မွာျဖစ္လို႔ တစ္ဦးခ်င္းဟာ က်န္းမာေရးအသိနဲ႔ေနထိုင္ၾကဖို႔ေျပာခ်င္ပါတယ္။ အဓိကအျပင္ထြက္ရင္ မက္စ္တပ္ဖို႔ ၊လူစုလူ​ေဝးေ႐ွာင္ဖို႔ လက္ကိုခဏခဏေဆးဖို႔တိုက္တြန္းလိုပါတယ္။”လို႔ ေျပာပါတယ္ ။

ျပည္ၿမိဳ႕က NLD ပါတီအေနနဲ႔ကေတာ့ ကိုဗစ္ကူးစက္မႈျမွင့္တက္ေနခ်ိန္ျဖစ္တာေၾကာင့္ ပါတီရဲ႕ဦးေဆာင္မႈျပဳလုပ္မယ့္ စီတန္းလွည့္လည္ မဲဆြယ္စည္း႐ုံးေရးကိုရပ္နားထားၿပီး ေက်းရြာေတြမွာ လူ ၅၀ ထက္မပိုေသာ ေဟာေျပာစည္း႐ုံးမႈကိုသာ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

က်န္းမာေရး နဲ႔အားကစားဝန္ႀကီးဌာန ၊ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန မွ ၫႊန္ၾကားေရးမွဴး ျဖစ္သူ ေဒါက္တာခင္ခင္ႀကီး ကေတာ့ ခုကာလဟာ ကိုဗစ္ကူးစက္မႈ ျမွင့္တက္ေနခ်ိန္ျဖစ္လို႔ လူစုလူေဝးနဲ႔မဲဆြယ္စည္း႐ုံးတာေတြမလုပ္သင့္ဘူးလို႔ ေျပာဆိုထားပါတယ္။

#voiceofmyanmar #VOM #ျပည္ #ကိုဗစ္ #လူေထာင္ခ်ီမဲဆြယ္ #NLD

Related posts

Leave a Comment

VOM News

FREE
VIEW