NLD အောင်နိုင်ရေးယာဉ်တန်း လေးဂွဖြင့် အပစ်ခံရ

NLD အောင်နိုင်ရေးယာဉ်တန်း လေးဂွဖြင့် အပစ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၃၀-၂၀၂၀
ကိုလတ် (VOM)

နေပြည်တော်၊ ပျဉ်းမနားမြို့ပေါ်နဲ့ ကျေးရွာအချို့ကို ဒီကနေ့မနက်ပိုင်းက NLD ပါတီ အောင်နိုင်ရေးယာဉ်တန်းတွေ လှည့်ပတ်ချိန် ယာဉ်တန်းကို လေးဂွနဲ့အပစ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ပျဉ်းမနားမြို့ပေါ်ကနေ အာဟာရသုခဈေး၊ သကြားစက်၊ နတ်သရဲ၊ တာတိုင်ကုန်း ကျေးရွာတွေကို ဖြတ်သန်းခဲ့ကြပြီး ပန်းပဲစုကျေးရွာ ဘုန်းကြီးကျောင်းရှေ့မှာ အောင်နိုင်ရေး ယာဉ်တန်းထဲက Alphard ကားအမျိုးအစားတစ်စီး လေးဂွနဲ့အပစ်ခံခဲ့ရတာဖြစ်ပါတယ်။

“ကျနော်တို့က ကော်စံကုန်း၊ နတ်သရဲဘက်ကနေထွက်လာတာ ပန်းပဲစုဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကျောင်းဒေါင့် အပင်တွေကြားက ပစ်တာလို့ထင်တာပဲ၊ လူလည်းမမြင်ရဘူး။ ဖောင်းဆိုတဲ့ အသံကြားတော့မှ ကျနော် ဗူးဖောင်းပေါက်တယ်ထင်တာ။ မဟုတ်ဘူး။ မျက်နှာက စက်ဖျင်းဖျင်းဖြစ်သွားတော့မှ မှန်ကိုကြည့်လိုက်တော့ မှန်က အဲ့လို ဖြစ်ပြီး နည်းနည်းစင်တာ”လို့ ယာဉ်ပေါ်လိုက်ပါလာသူ ယာဉ်ပိုင်ရှင်အမျိုးသမီးက ပြောပါတယ်။

အဲ့ဒီယာဉ်တန်းဟာ ကားအစီးရေ ၂၀၀ လောက်နဲ့ ဆိုင်ကယ်အစီးရေ ၁၀၀ နီးပါးလောက်ပါဝင်ခဲ့ပြီးတော့ လူအင်အားထောင်ချီရှိတယ်လု့ိ ယာဉ်တန်းကိုကြီးကြပ်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #NLDယာဉ်တန်း #လေးဂွနဲ့အပစ်ခံရ

Zawgyi

NLD ေအာင္ႏိုင္ေရးယာဥ္တန္း ေလးဂြျဖင္႔ အပစ္ခံရ

ေနျပည္ေတာ္၊ စက္တင္ဘာ ၃၀-၂၀၂၀
ကိုလတ္ (VOM)

ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕ေပၚနဲ႔ ေက်းရြာအခ်ဳိ႕ကို ဒီကေန႔မနက္ပိုင္းက NLD ပါတီ ေအာင္ႏိုင္ေရးယာဥ္တန္းေတြ လွည္႔ပတ္ခ်ိန္ ယာဥ္တန္းကို ေလးဂြနဲ႔အပစ္ခံရတဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါတယ္။

ပ်ဥ္းမနားၿမိဳ႕ေပၚကေန အာဟာရသုခေစ်း၊ သၾကားစက္၊ နတ္သရဲ၊ တာတိုင္ကုန္း ေက်းရြာေတြကို ျဖတ္သန္းခဲ႔ၾကၿပီး ပန္းပဲစုေက်းရြာ ဘုန္းႀကီးေက်ာင္းေရွ႕မွာ ေအာင္ႏိုင္ေရး ယာဥ္တန္းထဲက Alphard ကားအမ်ဳိးအစားတစ္စီး ေလးဂြနဲ႔အပစ္ခံခဲ့ရတာျဖစ္ပါတယ္။

“က်ေနာ္တို႔က ေကာ္စံကုန္း၊ နတ္သရဲဘက္ကေနထြက္လာတာ ပန္းပဲစုဘုန္းႀကီးေက်ာင္းေရာက္ေတာ႔ ဘုန္းႀကီးေက်ာင္းေဒါင္႔ အပင္ေတြၾကားက ပစ္တာလို႔ထင္တာပဲ၊ လူလည္းမျမင္ရဘူး။ ေဖာင္းဆိုတဲ႔ အသံၾကားေတာ႔မွ က်ေနာ္ ဗူးေဖာင္းေပါက္တယ္ထင္တာ။ မဟုတ္ဘူး။ မ်က္ႏွာက စက္ဖ်င္းဖ်င္းျဖစ္သြားေတာ႔မွ မွန္ကိုၾကည္႔လိုက္ေတာ႔ မွန္က အဲ႔လို ျဖစ္ၿပီး နည္းနည္းစင္တာ”လို႔ ယာဥ္ေပၚလိုက္ပါလာသူ ယာဥ္ပိုင္ရွင္အမ်ဳိးသမီးက ေျပာပါတယ္။

အဲ့ဒီယာဥ္တန္းဟာ ကားအစီးေရ ၂၀၀ ေလာက္နဲ႔ ဆိုင္ကယ္အစီးေရ ၁၀၀ နီးပါးေလာက္ပါ၀င္ခဲ႔ၿပီးေတာ႔ လူအင္အားေထာင္ခ်ီရွိတယ္လု႔ိ ယာဥ္တန္းကိုၾကီးၾကပ္သူေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္ #NLDယာဥ္တန္း #ေလးဂြနဲ႔အပစ္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW