ဗကသအဖွဲ့ဝင်တွေကိုဖမ်းဆီးနေပေမယ့် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဗကသအဖွဲ့ချုပ်က ဆက်လုပ်သွားမယ်

ဗကသအဖွဲ့ဝင်တွေကိုဖမ်းဆီးနေပေမယ့် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဗကသအဖွဲ့ချုပ်က ဆက်လုပ်သွားမယ်

မန္တလေး၊ စက်တင်ဘာ ၃၀-၂၀၂၀
ဟိန်းကို(VOM)

ဗကသကျောင်းသားတွေဟာ စက်တင်ဘာလလယ်လောက်ကစပြီး ရခိုင်ပြည်နယ်ဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရက်တွေကို ရပ်တန့်ပေးဖို့နဲ့ ပြည်သူတွေသိဖို့အတွက်လို့ဆိုပြီး ဆန့်ကျင်ဆန္ဒပြတာနဲ့ စတစ်ကာကမ်ပိန်းပြုလုပ်တာတွေကို မန္တလေး၊ ရန်ကုန်၊ မိထ္ထီလာ၊ မုံရွာ၊ ပြည် စတဲ့မြို့တွေမှာပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလိုပြုလုပ်ရာမှာ တပ်မတော်ကိုဆန့်ကျင်ကြောင်းစာသားပါဝင်တဲ့အတွက် ဗကသကျောင်းသားတွေကို ရဲတပ်ဖွဲ့ကနေ လိုက်လံဖမ်းဆီးးပြီး အာမခံမရတဲ့ ဥပဒေပုဒ်မတွေအပါအဝင် ငြိမ်းစုစီပုဒ်မတွေနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်တာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ရက်နေ့ကလည်း ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဗကသအဖွဲ့ဝင် ကျောင်းသား ၂ဦးကိုလည်း ရဲတပ်ဖွဲ့က ပုဒ်မ-၅၀၅(ခ)နဲ့ဖမ်းဆီးခဲ့တယ်လို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုပိုင်ဖြိုးဇင်ကပြောပါတယ်။

” အခုလိုအတင်းအဓမ္မဖမ်းဆီးနေတာဟာ ရှင်းရှင်းလေးရယ်၊ စာကပ်တယ်ဆိုတာက နိုင်ငံသားတစ်ယောက်အနေနဲ့ အမှန်ကိုထုတ်ဖော်ပြသခြင်းဖြစ်တယ်၊ ပြည်သူတွေအသတ်ခံနေရတာကို ထုတ်ဖော်ပြသခြင်းဖြစ်တယ်ပေါ့၊ ကျွန်တော်တို့ အလိမ်အညာတစ်ခုမှမပါဘူး၊ သိစေချင်တဲ့အချက်အလက်ကို ဖြန့်ဝေခြင်း ပြသခြင်းသာဖြစ်တယ်။ ဒီလိုလုပ်တာကို မကျေမနပ်နဲ့ ရဲအင်အားအလုံးအရင်းနဲ့ မတရားဥပဒေပုဒ်မတွေတပ်ပြီးဖမ်းဆီးနေတာသည် ကျွန်တော်တို့ကို တမင်သက်သက် နှိပ်ကွက်နေတာလို့ပဲမြင်တယ်။ ခေတ်အဆက်ဆက် ကျွန်တော်တို့ကျောင်းသားတွေ အမှန်ကိုဘက်ကနေရပ်တည်တယ်၊ ကျွန်တော်မြင်တဲ့အမြင်က အမှန်ကိုထွက်ရင် မှားနေတဲ့သူက အမှန်အသံကိုကြားရင် သူတို့အနေနဲ့မခံနိုင်လို့ ပြန်ပြီးတုန့်ပြန်တယ်လို့ထင်ပါတယ်”လို့ ကိုပိုင်ဖြိုးဇင်ကပြောပါတယ်။

စက်တင်ဘာလ ၁၀ရက်နေ့က မန္တလေးမြို့၊ ဈေးချိုနာရီစင်ရှေ့မှာ ရခိုင်အရေးဆန္ဒပြခဲ့တဲ့ ဗကသကျောင်းသား ၁၃ ဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉နဲ့ တရားစွဲထားတဲ့အပြင် အဲ့ဒီထဲကကျောင်းသား ၈ဦးကို နေရပ်အသီးသီးကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ရက်နေ့မှာ မန္တလေးမြို့၊ ချမ်းအေးသားစံမြို့နယ်နဲ့ အမရပူရမြို့နယ်တရားရုံးတို့မှာ ဖမ်းဆီးခဲ့တဲ့ကျောင်းသား ၈ဦးထဲက ကျောင်းသား ၂ဦးကို အာမခံမရတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်ပ ၅၀၅(က)(ခ)နဲ့ကျောင်းသား ၂ဦးကိုတရားစွဲဆိုခဲ့ပြီး ကျောင်းသား ၈ဦးစလုံးကိုတော့ ငြိမ်းစုစီပုဒ်မ ၁၉နဲ့ တရားစွဲဆိုကာ ချုပ်မိန့်ရမန်ယူခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဗကသများအဖွဲ့ချုပ်က ကျောင်းသား ၁၅ဦးကို ပုဒ်မ-၅၀၅၊ ပုဒ်မ-၁၉တို့နဲ့ ရဲတပ်ဖွဲ့ကနေ အသီးသီးတရားစွဲဆိုဖမ်းဆီးထားတယ်လို့ သိရပြီး ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဗကသကျောင်းသား ၂၃ဦးခန့်ရှီတယ်လို့လည်း ဗကသများအဖွဲ့ချုပ်ကနေ သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)အနေနဲ့ အခုလို ကျောင်းသားတွေကိုဖမ်းဆီးနေပေမယ့် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ရတဲ့အနေအထား ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဆက်လက်လှုပ်ရှားသွားမှာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကပြောကြားထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဗကသ #ဖမ်းဆီးခံရမှု

Zawgyi

ဗကသအဖြဲ႔ဝင္ေတြကိုဖမ္းဆီးေနေပမယ့္ ဆန္႔က်င္ေရးလႈပ္ရွားမႈေတြ ဗကသအဖြဲ႔ခ်ဳပ္က ဆက္လုပ္သြားမယ္

မႏၲေလး၊ စက္တင္ဘာ ၃၀-၂၀၂၀
ဟိန္းကို(VOM)

ဗကသေက်ာင္းသားေတြဟာ စက္တင္ဘာလလယ္ေလာက္ကစၿပီး ရခိုင္ျပည္နယ္ျဖစ္ေနတဲ့ အၾကမ္းဖက္လုပ္ရက္ေတြကို ရပ္တန္႔ေပးဖို႔နဲ႔ ျပည္သူေတြသိဖို႔အတြက္လို႔ဆိုၿပီး ဆန္႔က်င္ဆႏၵျပတာနဲ႔ စတစ္ကာကမ္ပိန္းျပဳလုပ္တာေတြကို မႏၲေလး၊ ရန္ကုန္၊ မိထၳီလာ၊ မံုရြာ၊ ျပည္ စတဲ့ၿမိဳ႔ေတြမွာျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီလိုျပဳလုပ္ရာမွာ တပ္မေတာ္ကိုဆန္႔က်င္ေၾကာင္းစာသားပါဝင္တဲ့အတြက္ ဗကသေက်ာင္းသားေတြကို ရဲတပ္ဖြဲ႔ကေန လိုက္လံဖမ္းဆီးးၿပီး အာမခံမရတဲ႔ ဥပေဒပုဒ္မေတြအပါအဝင္ ၿငိမ္းစုစီပုဒ္မေတြနဲ႔ ဖမ္းဆီးၿပီး ေထာင္ဒဏ္ခ်မွတ္တာေတြကို ျပဳလုပ္ေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၈ရက္ေန႔ကလည္း ျပည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ဗကသအဖြဲ႔ဝင္ ေက်ာင္းသား ၂ဦးကိုလည္း ရဲတပ္ဖြဲ႕က ပုဒ္မ-၅၀၅(ခ)နဲ႔ဖမ္းဆီးခဲ့တယ္လို႔ ျပည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ဥကၠ႒ ကိုပိုင္ၿဖိဳးဇင္ကေျပာပါတယ္။

” အခုလိုအတင္းအဓမၼဖမ္းဆီးေနတာဟာ ရွင္းရွင္းေလးရယ္၊ စာကပ္တယ္ဆိုတာက ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ အမွန္ကိုထုတ္ေဖာ္ျပသျခင္းျဖစ္တယ္၊ ျပည္သူေတြအသတ္ခံေနရတာကို ထုတ္ေဖာ္ျပသျခင္းျဖစ္တယ္ေပါ့၊ ကၽြန္ေတာ္တို႔ အလိမ္အညာတစ္ခုမွမပါဘူး၊ သိေစခ်င္တဲ့အခ်က္အလက္ကို ျဖန္႔ေဝျခင္း ျပသျခင္းသာျဖစ္တယ္။ ဒီလိုလုပ္တာကို မေက်မနပ္နဲ႔ ရဲအင္အားအလံုးအရင္းနဲ႔ မတရားဥပေဒပုဒ္မေတြတပ္ၿပီးဖမ္းဆီးေနတာသည္ ကၽြန္ေတာ္တို႔ကို တမင္သက္သက္ ႏွိပ္ကြက္ေနတာလို႔ပဲျမင္တယ္။ ေခတ္အဆက္ဆက္ ကၽြန္ေတာ္တို႔ေက်ာင္းသားေတြ အမွန္ကိုဘက္ကေနရပ္တည္တယ္၊ ကၽြန္ေတာ္ျမင္တဲ့အျမင္က အမွန္ကိုထြက္ရင္ မွားေနတဲ့သူက အမွန္အသံကိုၾကားရင္ သူတို႔အေနနဲ႔မခံႏိုင္လို႔ ျပန္ၿပီးတုန္႔ျပန္တယ္လို႔ထင္ပါတယ္”လို႔ ကိုပိုင္ၿဖိဳးဇင္ကေျပာပါတယ္။

စက္တင္ဘာလ ၁၀ရက္ေန႔က မႏၲေလးၿမိဳ႔၊ ေစ်းခ်ိဳနာရီစင္ေရွ႕မွာ ရခိုင္အေရးဆႏၵျပခဲ့တဲ့ ဗကသေက်ာင္းသား ၁၃ ဦးကို ရဲတပ္ဖြဲ႔က ၿငိမ္းစုစီပုဒ္မ ၁၉နဲ႔ တရားစြဲထားတဲ့အျပင္ အဲ့ဒီထဲကေက်ာင္းသား ၈ဦးကို ေနရပ္အသီးသီးကေန ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

စက္တင္ဘာ ၂၈ရက္ေန႔မွာ မႏၲေလးၿမိဳ႔၊ ခ်မ္းေအးသားစံၿမိဳ႔နယ္နဲ႔ အမရပူရၿမိဳ႔နယ္တရားရံုးတို႔မွာ ဖမ္းဆီးခဲ့တဲ့ေက်ာင္းသား ၈ဦးထဲက ေက်ာင္းသား ၂ဦးကို အာမခံမရတဲ့ ႏိ္ုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္ပ ၅၀၅(က)(ခ)နဲ႔ေက်ာင္းသား ၂ဦးကိုတရားစြဲဆိုခဲ့ၿပီး ေက်ာင္းသား ၈ဦးစလံုးကိုေတာ့ ၿငိမ္းစုစီပုဒ္မ ၁၉နဲ႔ တရားစြဲဆိုကာ ခ်ဳပ္မိန္႔ရမန္ယူခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဗကသမ်ားအဖြဲ႔ခ်ဳပ္က ေက်ာင္းသား ၁၅ဦးကို ပုဒ္မ-၅၀၅၊ ပုဒ္မ-၁၉တို႔နဲ႔ ရဲတပ္ဖြဲ႔ကေန အသီးသီးတရားစြဲဆိုဖမ္းဆီးထားတယ္လို႔ သိရၿပီး ရဲတပ္ဖြဲ႔ရဲ႔လိုက္လံဖမ္းဆီးမႈေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ဗကသေက်ာင္းသား ၂၃ဦးခန္႔ရွီတယ္လို႔လည္း ဗကသမ်ားအဖြဲ႔ခ်ဳပ္ကေန သိရပါတယ္။

ဗမာႏိုင္ငံလံုးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္(ဗကသ)အေနနဲ႔ အခုလို ေက်ာင္းသားေတြကိုဖမ္းဆီးေနေပမယ့္ စစ္ဆန္႕က်င္ေရးလွဳပ္ရွားမႈေတြကို ရတဲ့အေနအထား ပံုသ႑ာန္အမ်ိဳးမ်ိဳးနဲ႔ ဆက္လက္လႈပ္ရွားသြားမွာျဖစ္တယ္လို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ ဒု-ဥကၠ႒ ကိုေအာင္ျပည္႔စံုျဖဳိးကေျပာၾကားထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဗကသ #ဖမ္းဆီးခံရမႈ

Related posts

Leave a Comment

VOM News

FREE
VIEW