ကောလင်းမှာ ကိုဗစ်အတည်ပြုလူနာတွေ့တဲ့အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ရပ်နားထားဖို့ ညွှန်ကြား ကောလင်း၊ စက်တင်ဘာ ၁၄ -၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စက်တင်ဘာ ၁၃ ရက်နေ့က Covid -19 အတည်ပြုလူနာတွေ့ရှိရတဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ယာယီ ရပ်နားထားဖို့ ညွှန်ကြားထားတယ်လို့ ကောလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကိုကိုက ပြောပါတယ်။ COVID- 19 အတည်ပြုလူနာ တွေ့ရှိပြီးနောက် မြို့နယ်တာဝန်ရှိသူတွေဟာ ကောလင်းမြို့နယ်ကို Stay at home ဒေသန္တရအမိန့် ထုတ်ပြန်လိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေ အနေနဲ့လည်း လှည့်လည် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ”Covid -19 ပိုးတွေ့လူနာတွေ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ သူနဲ့ ထိတွေ့တဲ့သူတွေကို စီစစ်ပြီးတော့မှ Swabယူ ပို့ထားပြီပါပြီ၊ အဲဒါနဲ့ ပတ်သက်ပြီး Stay at Home…
Read MoreMonth: September 2020
စီးပွားဖြစ်ကျွန်းစိုက်ခင်းတွေရဲ့တဖက်စာမျက်နှာ
စီးပွားဖြစ်ကျွန်းစိုက်ခင်းတွေရဲ့တဖက်စာမျက်နှာ ဂျန်ကိုးလ် (VOM ) မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်က ကျေးရွာဖွံ့ဖြိုးရေးလမ်းတခုမှာ ဖုန်အလိပ်လိပ်လှိုင်းကြီးကြားကနေ မိုးကာအုပ်ထားတဲ့ ဖောကားတစ်စီးဟာ အရှိန်နဲ့ မောင်းထွက်လာပါတယ်။ ကုန်အပြည့်တင်ထားပေမယ့် အရှိန်မလျော့ဘဲမောင်းတာကြောင့် ပုသိမ်မုံရွာလမ်းပေါ်ဝိုက်ကွေ့သွားစဉ်မှာ ဝုန်း ဝုန်း ဂျုံး ဂျုံး အသံတွေထွက်ပေါ်လာပါတယ်။ ကားနောက်ပိုင်း ထွက်ပေါ်လာတဲ့ အသံတွေအရ ဖုံးအုပ်ထားတဲ့ မိုးကာအောက်မှာ ရှိနေတဲ့ အရာတွေဟာ ခိုးထုတ်လာတဲ့ သစ်တွေဖြစ်ကြောင်း အသိပေးသလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုခိုးသယ်နေတဲ့ သစ်ကားတွေ ခဏခဏမြင်နေရပေမယ့် သက်ဆိုင်ရာကိုတိုင်လည်း မထူးတဲ့အခြေအနေကို ညောင်ပင်သာရွာကဦးလှမင်းက “အဲဒါဖုန်းဆက်တိုင်နေလည်း အပိုဘဲဖုန်းဆက်တဲ့လူကိုသူတို့သိသွားတာဘဲ အဖတ်တင်မယ်ဘာမှမဖြစ်ဘူး”လို့ မချိတင်ကဲပြောပါတယ်။ မင်းတုန်းမြို့နယ် စပါးတန်းကျေးရွာအုပ်စု နဲ့ ကြပ်ဝကျေးရွာအုပ်စုတို့က မှီခိုအားထားနေရတဲ့ သစ်တောအိုကြီးတွေကို အပြောင်ရှင်းပြီး စီးပွားဖြစ် ကျွန်းစိုက်ခင်းတွေ လုပ်လိုက်တာကြောင့်သစ်ခိုးမှု့ပိုလာပြီး သစ်တောမှီခိုနေရတဲ့တောင်သူများနယ်ကျဉ်းလာတယ်လို့ ဒေသခံတွေက ငြီးတွားနေကြပါတယ်။ သူတို့ဘိုးစဉ်ဘောင်ဆက်မှီခိုအားထားနေရတဲ့တောအိုကြီးတွေကို သစ်တောဦးစီးဌာနက စီးပွားဖြစ်ကျွန်းစိုက်ခင်း နှစ်၃၀ စီမံချက်ဖေါ်ဆောင်ခံခဲ့ရပါတယ်။ ၂၀၁၀ကနေစပြီး၂၀၁၆/၂၀၁၇ထိအပြောင်ရှင်းဧက၂၀၀စိုက်ခင်းစီမံကိန်း…
Read Moreနယ်စပ်အနီး မြန်မာစစ်ရေးလှုပ်ရှားမှု သံအမတ်ကြီးကိုဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်ကန့်ကွက်
နယ်စပ်အနီး မြန်မာစစ်ရေးလှုပ်ရှားမှု သံအမတ်ကြီးကိုဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်ကန့်ကွက် ဒါကာ၊ စက်တင်ဘာ-၁၄-၂၀၂၀ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့ နယ်စပ်အနီးမှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်တာဖြစ်ပါတယ်။ နယ်စပ်အနီး လှေတွေပေါ်မှာ မြန်မာစစ်ဘက်ရဲ့သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို စက်တင်ဘာ ၁၃ ရက်မနက်ပိုင်းကတည်းက ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ နယ်စပ်တစ်လျှောက် လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်စာပေးခဲ့တယ်လို့ဆိုပါတယ်။ နယ်စပ်အနီး မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Md Delwar Hossain ပြောဆိုခဲ့ပါတယ်။ ကျူးကျော်ရန်စတဲ့ လုပ်ရပ်မှန်သမျှကိုရပ်တန့်ဖို့နဲ့ နှစ်နိုင်ငံအကြား ဘယ်လိုပြဿနာကိုမဆိုဖြေရှင်းရေးရာမှာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ မြန်မာအာဏာပိုင်တွေကို သူကတိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ပြီးနောက် နယ်စပ်တစ်လျှောက်မှာ တပ်ဖွဲ့ဝင်တွေကို မြန်မာဘက်က ချထားပါတယ်။ လက်ရှိအချိန်မှတော့…
Read Moreကရင်ပြည်နယ်မှာ ဗမာ၊မွန်၊ ပအိုဝ်း ဆိုရင် မဲ ၄မဲ ထည့်ရမယ်
ကရင်ပြည်နယ်မှာ ဗမာ၊မွန်၊ ပအိုဝ်း ဆိုရင် မဲ ၄မဲ ထည့်ရမယ် Voice Of Myanmar ကရင်ပြည်နယ်က ရွေးကောက်ပွဲမဲဆန္ဒနယ်အကုန်လုံးမှာ တက်ကုန်ရွှက်ကုန်ဖွင့်မယ့်ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တို့ပဲဖြစ်ပြီး ၃၆နေရာစလုံးပြိုင်ကြမှာပါ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကတော့ ၃၅ နေရာပြိုင်ပြီး ညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့ ၃၄ နေရာပြိုင်မှာပါ။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကတော့၂၉ နေရာပြိုင်ပြီး၊မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ကယန်းအမျိုးသားပါတီ၊ ပအိုးဝ်အများသားအဖွဲ့ချုပ်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၂၃ ဦးနဲ့ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၃၃ ယောက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ Zawgyi ကရင်ပြည်နယ်မှာ ဗမာ၊မွန်၊ ပအိုဝ်း ဆိုရင် မဲ ၄မဲ ထည့်ရမယ် Voice Of Myanmar ကရင်ပြည်နယ်က ရွေးကောက်ပွဲမဲဆန္ဒနယ်အကုန်လုံးမှာ တက်ကုန်ရွှက်ကုန်ဖွင့်မယ့်ပါတီတွေကတော့…
Read Moreတပ်မတော်ကိုဆန့်ကျင်ကြောင်းစာသားတွေပါတဲ့ စာရွက်တွေကို ဗကသအဖွဲ့က မန္တလေးမြို့ကနေရာအချို့မှာ လိုက်ကပ်
တပ်မတော်ကိုဆန့်ကျင်ကြောင်းစာသားတွေပါတဲ့ စာရွက်တွေကို ဗကသအဖွဲ့က မန္တလေးမြို့ကနေရာအချို့မှာ လိုက်ကပ် မန္တလေး၊ စက်တင်ဘာ ၁၄-၂၀၂၀ ဟိန်းကို(VOM) တပ်မတော်ကိုဆန့်ကျင်ံ့ကြောင်း စာသားတွေပါဝင်တဲ့ စာရွက်တွေကို ဒီကနေ့မနက်ပိုင်းကမန္တလေးမြို့ လူစည်ကားတဲ့နေရာတွေဖြစ်တဲ့ မီးပွိုင့်ဒေါင့်ကနေရာအချို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသား ၂ဦးက လိုက်လံကပ်ခဲ့ပါတယ်။ ” ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာဖြစ်ပျက်နေတဲ့ ဖက်ဆစ်စစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ကျွန်တော်တို့က ပြည်သူလူထုကို ချပြတာဖြစ်တယ်”လို့ အခုလိုစာကပ်တာနဲ့ ပတ်သက်ပြီး ဗကသအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုစိုးလှနိုင်ကပြောပါတယ်။ အဲ့ဒီစာရွက်တွေထဲမှာ ပြည်တွင်းစစ်ချက်ချင်းရပ်၊ ဖက်ဆစ်စစ်တပ်ကျဆုံးပါစေ၊ FAILD LAW၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ တပ်မတော်အလင်းဝင်ပါစတဲ့စာသားတွေပါရှိတာလည်းဖြစ်ပါတယ်။ စာရွက်တွေလိုက်ကပ်တဲ့ ဗကသအဖွဲ့ဝင် ကျောင်းသား ၂ ဦးဟာ မနေ့စက်တင်ဘာ ၁၃ရက်မနက်ပိုင်းက ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီး ရဲတပ်ဖွဲ့ကစစ်ဆေးမေးမြန်းတာတွေပြုလုပ်အပြီးမှာ ပြန်လည်လွှတ်မြောက်လာသူတွေလည်းဖြစ်ပါတယ်။ ဗကသကျောင်းသားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက်နေ့က မန္တလေးမြို့၊ ဈေးချိုနာရီစင်ရှေ့မှာ ရခိုင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူလူထုသိဖို့အတွက် လမ်းလျှောက်ဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်။…
Read Moreပါတီမိတ်ဆက် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-SNDP)
ပါတီမိတ်ဆက် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-SNDP) မန္တလေး၊ စက်တင်ဘာ ၁၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ပါတီအထွေထွေအတွင်းရေးမှုး ဦးစိုင်းဘိုးအောင် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးစိုင်းဘိုးအောင် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၁၀၈ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ရည်မန်းချက်ကဘာတွေဖြစ်မလဲ ဦးစိုင်းဘိုးအောင် -(၁)ငြိမ်းချမ်းရေးဖော်ဆောင်မှုမှ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံတော်တည်ဆောက်ရေးဟူ၍ ဖော်ပြထားခြင်းဖြစ်ပါတယ်။ (၂)ဌာနေတိုင်းရင်းသားများကိုယ်စားပြုမှုများကိုအခြေပြုသည့်ပြည်နယ်အစိုးရဖွဲ့စည်းရေး (၃)ဒေသန္တယအုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးတွင် ဌာနေတိုင်းရင်းသားပြည်သူများပါဝင်ခွင့်ရရေး။ (၄)လူမှုဘဝကိုအထောက်အကူပြုသည့်ပညာရေးစနစ်အကောင်းအထည်ဖော်ရေးကိုလည်း ရည်မှန်းချက်တစ်ရပ်အဖြစ်ထားပါတယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။ ဦးစိုင်းဘိုးအောင် -ကိုယ့်ရဲ့တိုင်းရင်းသားသည် ကျွန်တော်တို့ရဲ့အင်အားနဲ့ ပြိုင်မယ်၊ ကိုယ့်ရဲ့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ စုပေါင်းအားနဲ့ ပြိုင်မယ်။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ…
Read Moreရန်ကုန်တိုင်းမှာ ကိုဗစ်လူနာတွေထားဖို့နေရာအခက်အခဲရှိနေတဲ့အတွက် ရွက်ဖျင်တဲတွေနဲ့ထားဖို့စီစဉ်နေ
ရန်ကုန်တိုင်းမှာ ကိုဗစ်လူနာတွေထားဖို့နေရာအခက်အခဲရှိနေတဲ့အတွက် ရွက်ဖျင်တဲတွေနဲ့ထားဖို့စီစဉ်နေ ရန်ကုန်၊ စက်တင်ဘာ ၁၄-၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်တိုင်းမှာ ကိုဗစ် Positive လူနာတွေများလာတဲ့အတွက် နေရာအသစ်ရှာဖွေနေရတဲ့ အခက်အခဲတွေဖြစ်ပေါ်နေတာကြောင့် ရွက်ဖျင်တဲတွေနဲ့ထားဖို့စီစဉ်နေတယ်လို့ရန်ကုန်ပြည်သူ့ဆေးရုံ| အရေးပေါ်ဌာန ပါမေက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOM ကိုပြောပါတယ် ။ ” အခက်အခဲကတော့ လူနာတွေများလာတယ် ။ positive ဖြစ်တဲ့လူတွေများလာတယ် ။ positive လူနာတွေထားတဲ့ ဆေးရုံတွေကို သယ်ရ၊ပို့ရတာ နည်းနည်းခက်ခဲလာတယ်။ positive လူနာတွေကိုထားဖို့အတွက် နေရာသစ်တွေရှာနေရတယ်။ အခုဆိုရင် ဒဂုံဆိပ်ကမ်း မြို့နယ်က ရိုးမအိမ်ရာမှာ သွားထားနေရတယ် ။ အားကစားသိပ္ပံရှိတဲ့ ကွင်းထဲမှာဆိုရင် ရွက်ဖျင်တဲတွနဲ့ထားဖို့စီစဉ်နေပါတယ်။ နေရာထားဖို့ခက်ခဲလာနေပါပြီ” လို့ ဒေါက်တာမော်မော်ဦးကပြောပါတယ် ။ Covid-19 ဒုတိယလှိုင်းမှာ Positive လူနာတွေ များလာတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ဆွေးနွေးတိုင်ပင်ပြီး ယာယီ Quarantine Center…
Read Moreခရီးသွားရာဇဝင်လိမ်ပြီး ဆေးလာကုတဲ့ ကိုဗစ်ပိုးတွေ့လူနာကို အရေးယူမယ်
ခရီးသွားရာဇဝင်လိမ်ပြီး ဆေးလာကုတဲ့ ကိုဗစ်ပိုးတွေ့လူနာကို အရေးယူမယ် နေပြည်တော်၊ စက်တင်ဘာ ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ပဲခူးဆေးရုံကြီးကို စက်တင်ဘာလ ၁၁ ရက် ညပိုင်းက သွေးထွက်လွန်ဒဏ်ရာတွေနဲ့ ခရီးသွားရာဇဝင်ကို လိမ်လည် ဆေးကုသခဲ့တဲ့ ကိုဗစ်ပိုးတွေ့လူနာ အမျိုးသားကိုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအက်ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ပဲခူးတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက ပြော ပါတယ်။ လူနာနဲ့ထိတွေ့ခဲ့တဲ့ ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေ၊ သနပ်ပင်က ထိတွေ့သူတွေကို ကွာရန်တင်းလုပ်ဖိုလည်းပြင်နေတယ်။ လိမ်လည်ဆေးကုသတဲ့ ကိုဗစ်ပိုးတွေ့လူနာကိုတော့ဘေးစီမံအက်ဥပဒေနဲ့အမှုဖွင့်မယ်”လို့ ဒေါက်တာစောညိုဝင်းကပြောပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သနပ်ပင်မြို့နယ်ထဲက ကိုဗစ်ပိုးတွေ့လူနာ နှစ်ဦးထဲမှာပါတဲ့ အသက် ၃၄ နှစ်အရွယ်အမျိုးသားဟာ သနပ်ပင်မြို့နယ်၊ စဉ့်အိုးဘိုကျေးရွာနေသူဖြစ်ပါတယ်။ အဲ့ဒီအမျိုးသားကို တာဝန်ရှိသူတွေက စက်တင်ဘာ ၁၁ ရက်မှာ ကွာရန်တင်းဝင်ဖို့ပြောဆိုရာမှာတော့…
Read Moreမူးယစ်တားဆီးရေးအဖွဲ့ဝင်၁ဦး အိမ်မှာဓားနဲ့ ခုတ်သတ်ခံရ
မူးယစ်တားဆီးရေးအဖွဲ့ဝင်၁ဦး အိမ်မှာဓားနဲ့ ခုတ်သတ်ခံရ ကောလင်း၊ စက်တင်ဘာ ၁၄-၂၀၂၀ တိုးကြီး(VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ် ၊ ရွှေတွင်းကျေးရွာအုပ်စု၊ ရွှေလင်းယုန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါး ရဲသတင်းပေးသူလို့ စွပ်စွဲခံရပြီး စွပ်စွဲတဲ့သူက အိမ်ထဲဝင်ရောက်ကာ ဓားဖြင့်ခုတ်သတ်သွားတယ်လို့ ကာသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “ သေဆုံးသူက ကိုကျော်မိုး အသက်( ၃၃ ) နှစ် ဖြစ်တယ် ၊ သူက ရွှေလင်းယုန် မူး / တား အဖွဲ့ဝင် တစ်ယောက်ပါ ၊ မူးယစ်ဆေးဝါး သတင်းပေးသူလို့ စွပ်စွဲပြီး သတင်းပေးခံရသူက အငြိုးထား သတ်ဖြတ်တာလို့ ကနဦးယူဆရတယ် ၊ စစ်ဆေးနေတုန်းမို့ အတည်ပြုချက်ရမှ အသေးစိပ်ပြောမယ် ” လို့ ကောလင်းမြို့မရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ရွှေလင်းယုန် မူးယစ်တားဆီးကာကွယ်ရေး (…
Read More၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈ ဦး ထပ်မံသေဆုံးခဲ့
၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈ ဦး ထပ်မံသေဆုံးခဲ့ ရန်ကုန် ၊ စက်တင်ဘာ ၁၄-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ် အတည်ပြုလူနာ ၄ ဦးထပ်မံသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၈ နာရီမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကိုဗစ်လူနာသေဆုံးစာရင်းကို ထုတ်ပြန်လိုက်တာဖြစ်တဲ့အတွက် အခုဆိုရင် ၃ ရက်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦးအထိ ထပ်မံသေဆုံးမှုရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သေဆုံးလူနာတွေကတော့ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၇၅) နှစ်အရွယ် အမျိုးသား (Case-2463)၊ COVID-19 ကုသေရးဌာန (ဖောင်ကြီး)မှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၅၁) နှစ်အရွယ်အမျိုးသား သား( Case-1997)နဲ့ အသက် (၇၆) နှစ်အရွယ်…
Read More