စမ်းသပ်ခံလူနာတစ်ဦး အပြင်းအထန်နာဖျားပြီးနောက် AstraZeneca နဲ့ အောက်စဖို့ထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုရပ်ဆိုင်း
စမ်းသပ်ခံလူနာတစ်ဦး အပြင်းအထန်နာဖျားပြီးနောက် AstraZeneca နဲ့ အောက်စဖို့ထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုရပ်ဆိုင်း လန်ဒန်၊ စက်တင်ဘာ ၉-၂၀၂၀ မျိုးဆက် (VOM) AstraZeneca ကုမ္ပဏီနဲ့ အောက်စဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဗြိတိန်မှာ စမ်းသပ်ရာ စမ်းသပ်ခံသူတစ်ဦး ဆိုးဆိုးရွားရွားတုံ့ပြန်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ရှင်းပြလို့မရတဲ့ ဖျားနာမှုတစ်ရပ်ဖြစ်ပွားခဲ့တာကြောင့် ကာကွယ်ဆေးစမ်းသပ်မှုကို လုပ်ရိုးလုပ်စဉ်အတွင်း ခေတ္တဆိုင်းငံ့ထားတယ်လို့ AstraZeneca ကုမ္ပဏီကပြောပါတယ်။ AstraZeneca ကုမ္ပဏီနဲ့ အောက်စဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ အဲဒီကာကွယ်ဆေး စမ်းသပ်မှုရလဒ်အပေါ် ကမ္ဘာတစ်ဝန်းက အနီးကပ်စောင့်ကြည့်နေကြပြီး ကာကွယ်ဆေးဟာ ကမ္ဘာတစ်ဝန်း ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေထဲက အလားအလာအကောင်းဆုံးအဖြစ် ရှုမြင်ခံထားရပါတယ်။ အဲ့ဒီကာကွယ်ဆေးဟာ အဆင့် ၁ နဲ့ အဆင့် ၂ စမ်းသပ်မှုတွေ အောင်မြင်ပြီးနောက် ဈေးကွက်ထဲကို ပထမဆုံး ရောက်ရှိလာမယ့် ကာကွယ်ဆေးဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း…
Read More
သင်္ဃန်းကျွန်းမြို့နယ်တစ်ခုလုံး လော့ခ်ဒေါင်းချဖို့အစီအစဉ်မရှိ
သင်္ဃန်းကျွန်းမြို့နယ်တစ်ခုလုံး လော့ခ်ဒေါင်းချဖို့အစီအစဉ်မရှိ ရန်ကုန်၊ စက်တင်ဘာ ၉-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ အများဆုံးတွေ့ခဲ့တဲ့ Music Zone နဲ့ ၂၉ ရပ်ကွက်ကိုသာ လောခ့်ဒေါင်းပြုလုပ်သွားမှာဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်တစ်ခုလုံးကို လောခ့်ဒေါင်းချဖို့အစီအစဉ်မရှိဘူးလို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။ ” Music Zone က ကျွန်မတို့ကျန်းမာရေးဦးစီးဌာနကို စာရင်ပေးထားတာ ၁၀၀ ကျော်ပါ ။ ဒီမနက်ပဲ အဲ့ဒီ ၁၀၀ ကျော်ထဲက ၇၃ ယောက်ထွက်တာပါ ။ အပြင်မှာကြားနေရတဲ့ ၃၀၀၊ ၄၀၀ လောက်ရှိတယ်ဆိုတာ မဟုတ်ပါဘူး”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်စန်းစန်းမြက VOM ကိုပြောပါတယ်။ ဒါ့အပြင် ရောဂါပိုးဆက်လက်ပြန့်ပွားတာမရှိစေဖို့အတွက် လူစုလူဝေးရှိတဲ့နေရာတွေမသွားဖို ၊ Home Stay အနေနဲ့ အပြင်ကိုမထွက်ဘဲ အိမ်ထဲမှာ အချိန် ၂ ပတ်လောက်နေပေးဖို့လိုတယ်လို့ ဒေါ်စန်းစန်းမြင့်ကပြောခဲ့တာဖြစ်ပါတယ်။…
Read More
ရခိုင်ကျောင်းသားသမဂ္ဂကျောင်းသား ၃ယောက် ဆန္ဒပြလို့ဖမ်းခံရပေမယ့် ပုဒ်မမသိရသေး
Raking student
Read More
ရခိုင်မှာ အကြမ်းဖက်သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ကယားကျောင်းသားသမဂ္ဂက ပိုစတာကမ်ပိန်းလုပ်
ရခိုင်မှာ အကြမ်းဖက်သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ကယားကျောင်းသားသမဂ္ဂက ပိုစတာကမ်ပိန်းလုပ် နေပြည်တော်၊စက်တင်ဘာ ၉-၂၀၂၀ ကောင်းလက်ျာ(VOM) ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ တိုင်းရင်းသားအခွင့်အရေးချိုးဖောက်နေတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ကာ ဒီကနေ့မနက်ပိုင်းက လွိုင်ကော်မြို့မှာ Poster Campign တစ်ခုပြုလုပ်ခဲ့ပါတယ်။ ” လွိုင်ကော်မြို့ လူစည်ကားရာ လမ်းဆုံလမ်းဂွ‌တွေမှာ လိုက်ကပ်ခဲ့တာပါ။ တားမြစ်တာဘညာမရှိပါဘူး။ ရခိုင်ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ပြချင်တာပါ”လို့ ကယားပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ဥက္ကဋ္ဌ တိမ်ဆွေက ပြောပါတယ်။ အဲ့ဒီပိုစတာတွေကတော့ ရခိုင်မှာ အင်တာနက်ဖြတ်တောက်မှု အလိုမရှိ၊ No Bloody Government၊ NO Murder Army၊ ရခိုင်ပြည်နယ်အစိုးရအား အယုံအကြည်မရှိ၊ ရခိုင်ပြည်သူလူထုနဲ့အတူ ရပ်တည်ကြ၊ ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ စတဲ့ စာသားတွေကို ထည့်သွင်းရေးသားထားတယ်လို့ ပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ကနေ သိရပါတယ်။ ဆန့်ကျင်မှုပြုလုပ်တဲ့ ပိုစတာတွေကို လွိုင်ကော်မြို့ရဲ့ လူစည်ကားရာလမ်းဆုံလမ်း ဂွများ၊ ဓာတ်တိုင်၊ မီးပွိုင့်၊…
Read More
ရခိုင်မှာ အကြမ်းဖက်သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ကယားကျောင်းသားသမဂ္ဂက ပိုစတာကမ်ပိန်းလုပ်
ရခိုင်မှာ အကြမ်းဖက်သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ကယားကျောင်းသားသမဂ္ဂက ပိုစတာကမ်ပိန်းလုပ် နေပြည်တော်၊စက်တင်ဘာ ၉-၂၀၂၀ ကောင်းလက်ျာ(VOM) ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ တိုင်းရင်းသားအခွင့်အရေးချိုးဖောက်နေတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ကာ ဒီကနေ့မနက်ပိုင်းက လွိုင်ကော်မြို့မှာ Poster Campign တစ်ခုပြုလုပ်ခဲ့ပါတယ်။ ” လွိုင်ကော်မြို့ လူစည်ကားရာ လမ်းဆုံလမ်းဂွ‌တွေမှာ လိုက်ကပ်ခဲ့တာပါ။ တားမြစ်တာဘညာမရှိပါဘူး။ ရခိုင်ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ပြချင်တာပါ”လို့ ကယားပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ဥက္ကဋ္ဌ တိမ်ဆွေက ပြောပါတယ်။ အဲ့ဒီပိုစတာတွေကတော့ ရခိုင်မှာ အင်တာနက်ဖြတ်တောက်မှု အလိုမရှိ၊ No Bloody Government၊ NO Murder Army၊ ရခိုင်ပြည်နယ်အစိုးရအား အယုံအကြည်မရှိ၊ ရခိုင်ပြည်သူလူထုနဲ့အတူ ရပ်တည်ကြ၊ ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ စတဲ့ စာသားတွေကို ထည့်သွင်းရေးသားထားတယ်လို့ ပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ကနေ သိရပါတယ်။ ဆန့်ကျင်မှုပြုလုပ်တဲ့ ပိုစတာတွေကို လွိုင်ကော်မြို့ရဲ့ လူစည်ကားရာလမ်းဆုံလမ်း ဂွများ၊ ဓာတ်တိုင်၊ မီးပွိုင့်၊…
Read More
အာဖဂန်ဒုသမ္မတကို ဗုံးခွဲလုပ်ကြံဖို့ကြိုးစား၊ လူ ၆ဦးသေဆုံး
အာဖဂန်ဒုသမ္မတကို ဗုံးခွဲလုပ်ကြံဖို့ကြိုးစား၊ လူ ၆ဦးသေဆုံး ကဘူး၊ စက်တင်ဘာ-၉-၂၀၂၀ မျိုးဆက် (VOM) အာဖဂန်ဒုတိယသမ္မတ အမ်ရူလာဆာလက်ကို အဓိကပစ်မှတ်ထားပြီး မြို့တော်ကဘူးမှာ စက်တင်ဘာ ၉ ရက်က လမ်းဘေးဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒုသမ္မတကတော့ အသက်ဘေးကလွတ်မြောက်သွားတယ်လို့ ဒုသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ ဒုသမ္မတ လွတ်မြောက်သွားပေမယ့် လူခြောက်ဦးသေဆုံးခဲ့ပါတယ်။ အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွ့ဲတို့အကြား ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကာတာနိုင်ငံ၊ မြို့တော်ဒိုဟာမှာမကျင်းပမီ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ တာလီဘန်အဖွဲ့က ငြင်းဆိုထားပါတယ်။ ဒီကနေ့မှာတော့ အာဖဂန်ရဲ့ရန်သူတော်တွေဟာ ဒုသမ္မတ ဆာလက်ကို နောက်တစ်ကြိမ်လုပ်ကြံဖို့ကြိုးစားကြပေမယ့် သူတို့ရဲ့ မကောင်းတဲ့ရည်ရွယ်ချက်မအောင်မြင်ဘဲ ဒုသမ္မတလွတ်မြောက်ခဲ့ပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ရက်ဇ်ဝန်မာရက်ကပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုဟာ ဒုသမ္မတဆာလက်ရဲ့ ယာဉ်တန်းကို အဓိကထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး သက်တော်စောင့်အချို့ ဒါဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် မျက်နှာမှာ အသေးစားမီးလောင်ဒါဏ်ရာတွေနဲ့ လက်တွေထိခိုက်သွားတယ်လို့ ဒုသမ္မတက လူမှုကွန်ရက်မှာ ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ…
Read More
ရခိုင်ပြည်ကပြန်လာပြီး ဆက်သွယ်မလာတဲ့သူတွေကို အရေးယူမယ်
ရခိုင်ပြည်ကပြန်လာပြီး ဆက်သွယ်မလာတဲ့သူတွေကို အရေးယူမယ် ရန်ကုန်၊ စက်တင်ဘာ ၉-၂၀၂၀ သိင်္ဂီ (VOM) ရခိုင်ပြည်နယ်ကနေ သြဂုတ်လ ၁၀ ရက်နေ့ကစပြီး ပြန်ရောက်လာသူထဲက အခုချိန်ထိ ဆက်သွယ်မလာတဲ့သူတွေကို စက်တင်ဘာလ ၁၂ ရက်နေ့ကစတင်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူတော့မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးပြောဆိုလိုက်ပါတယ်။ “သတင်းမပို့ဘဲ ရပ်ကွက်တွေ ဒေသတွေထဲမှာ ရောဂါစတင်ဖြစ်ပွားမယ်၊ အဲ့ဒီတော့မှ နောင်တရတာတွေမဖြစ်အောင် အားလုံးသတင်းပို့စေချင်ပါတယ်။ ဒါကြောင့် တဖက်ကအသိပညာပေးတဲ့အပိုင်းနဲ့၊ တောင်းပန်တဲ့အပိုင်းဆောင်ရွက်သလို တဖက်ကလည်း တရားဥပဒေအရ အရေးယူတဲ့အပိုင်းကိုပါ လုပ်တာဖြစ်တယ်။မြေပြင်မှာ ဒီလူတစ်ယောက်က ဖုန်းနဲ့ဆက်သွယ်လို့မရတာ၊ သူ့လိပ်စာသွားမေးရင် ရှိတယ်လို့ပြောမလား၊ ဒါကြောင့် အရေးယူမှုလုပ်မှာဖြစ်တယ်”လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ် ။ အရေးယူတဲ့အခါ သတင်းပေးပို့ဖို့ပျက်ကွက်တဲ့ ကာယကံရှင်ကိုယ်တိုင် ဖြစ်စေ၊ ကာယကံရှင်ကို သိလျက်နဲ့ ဖုံးကွယ်ထားတဲ့သူတွေကိုပါ သတင်းပို့ဖို့ ပျက်ကွက်မှုနဲ့ အရေးယူမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သြဂုတ်လ…
Read More
လွှတ်တော်အသီးသီးမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း မန္တလေးတိုင်းအတွင်းမှာ ၆၁၇ ယောက်ရှိ
#Mandalay Luttaw
လွှတ်တော်အသီးသီးမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း မန္တလေးတိုင်းအတွင်းမှာ ၆၁၇ ယောက်ရှိ Voice Of Myanmar မန္တလေးတိုင်းအတွင်းက နေပြည်တော်ပြည်ထောင်စုနယ်မြေ ၈မြို့နယ်နဲ့ ကျန် ၂၈ မြို့ နယ်တွေမှာ ပါတီ ၂၁ ပါတီနဲ့ တသီးပုဂ္ဂလအပါအဝင် ၆၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ရှိတဲ့ ၁၀၅နေရာအကုန်လုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက ၁၀၄ နေရာ ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီက ၁၀၃နေရာ ယှဉ်ပြိုင်မှာပါ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၄၉နေရာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ၃၆ နေရာ ယှဉ်ပြိုင်မှာပါ၊ ကျန်ပါတီတွေကတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အခြေခံလူတန်းစားမြင့်မားရေးပါတီ၊ ဒီမိုကရက်တစ်ပါတီမြန်မာ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ တအာင်းပလောင်အမျိုးသားပါတီ၊ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နဲ့…
Read More
ပရိုဘိုလင်ဂိုမြို့မှာ နှာခေါင်းစည်းမတပ်သူတွေကို နိဗ္ဗာန်ယာဉ်ထဲမှာ ထိုင်ခိုင်းပြီးအပြစ်ပေး
ပရိုဘိုလင်ဂိုမြို့မှာ နှာခေါင်းစည်းမတပ်သူတွေကို နိဗ္ဗာန်ယာဉ်ထဲမှာ ထိုင်ခိုင်းပြီးအပြစ်ပေး ဂျာဗား ၊ စက်တင်ဘာ ၉-၂၀၂၀ လဲ့လဲ့ဝင်း(VOM) အင်ဒိုနီးရှားနိုင်ငံရဲ့ အရှေ့ဂျာဗားပြည်နယ်၊ ပရိုဘိုလင်ဂိုမြို့မှာ အစိုးရကထုတ်ပြန်ထားတဲ့ COVID-19ကာလစည်းကမ်းချက်အရ Maskတပ်ဆင်မှုမရှိတဲ့သူတွေကို နိဗ္ဗာန်ယာဉ်ထဲမှာထိုင်ခဲ့ပြီး အပြစ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ အထူးတာဝန်တပ်ဖွဲရဲ့ လုံခြုံရေးနဲ့ဥပဒေစိုးမိုးရေးညှိနှိုင်းမှူး Ugas Irwanto ကတော့ “ကျွန်တော်တို့က Maron ဈေးကွက်မှာ လူ ၅၀ဦးကို နိဗ္ဗာန်ယာဉ်ပေါ်မှာထိုင်ခိုင်းပြီး အပြစ်ပေးခဲ့လိုက်တယ်လို့ kompas.comသတင်းဌာနကို ပြီးခဲ့တဲ့တနင်္လာနေ့မှာပြောလိုက်တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဖြစ်တဲ့ နှာခေါင်းစည်းမတပ်သူတွေကို နိဗ္ဗာန်ယာဉ်ထဲမဝင်ခင် နှာခေါင်းစည်းတွေလည်း အခမဲ့ဝေပေးခဲ့တာ ဖြစ်ပါတယ်။ Ugas Irwanto ပြောပြချက်အရ အဲ့ဒီ နိဗ္ဗာန်ယာဉ်ပေါ်မှာ မတ်စ် မတပ်သူတွေအနေနဲ့ အခုလိုမျိုးလုပ်ရပ်တွေဟာ မှန်သလား၊ မှားသလားဆိုတာကို ပြန်လည်စဉ်းစားဖို့ တောင်းဆိုခဲ့ပြီး Covid19ရောဂါကြောင့် လူဦးရေ အများအပြား အသက်ဆုံးရှုံးခဲ့ရတာကိုလည်း သတိပေးခဲ့တာဖြစ်ပါတယ်။ Ugas Irwantoက သူရဲ့အရာရှိတွေကို တစ်ပတ်အတွင်း စည်ပင်သာယာအနှံ့အပြားရှိဈေးကွက်…
Read More
ပါတီမိတ်ဆက် (SNLD-ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)
ပါတီမိတ်ဆက် (SNLD-ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်) ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်ပြည်ထောင်စုဆီသို့ မန္တလေး၊ စက်တင်ဘာ ၉-၂၀၂၀ ရှိုင်းအောင်(VOM) မြန်မာပြည်မှာ အစိုးရဖွဲ့နိုင်တဲ့ပါတီက NLD နဲ့ USDP ပဲရှိမယ်ဆိုရင် ကျွန်တော်တို့အားလုံးမျှော်မှန်းတဲ့ ပြည်ထောင်စုဆိုတာ ဖြစ်လာနိုင်စရာအကြောင်းမရှိတော့ဘူးလို့ SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က VOM ကို ပြောပါတယ်။ UEC ရဲ့ကန့်သက်ချက်တွေရှိနေပြီးတော့ ကျန်းမာရေးဆိုင်ရာ ကန့်သက်ချက်တွေရှိနေတဲ့အတွက် လူထုကြားမှာ ကိုယ်တိုင်ကိုယ်ကျဆင်းပြီး သတင်းစကားမပါးနိုင်တာကြောင့် Onlineကနေ ကမ်ပိန်းတွေလုပ်နေတာလည်း ဖြစ်ပါတယ်။ ” စက်တင်ဘာလ ၈ ရက်နေ့ကစပြီး Profile ကမ်ပိန်းတွေလုပ်နေတယ်၊ Sticker ကမ်ပိန်းလုပ်မယ်၊ ပါတီသီချင်းတွေကို Online ကနေဖြန့်မယ် နောက်ပိုင်းမှာတော့ ပိုစတာကမ်ပိန်းနဲ့ ဘေလ်ဘုတ်ထောင်တာမျိုးတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်” လို့ SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က VOM ကို…
Read More
VOM News
FREE
VIEW