လွှတ်တော်အသီးသီးမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း မန္တလေးတိုင်းအတွင်းမှာ ၆၁၇ ယောက်ရှိ

#Mandalay Luttaw

လွှတ်တော်အသီးသီးမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း မန္တလေးတိုင်းအတွင်းမှာ ၆၁၇ ယောက်ရှိ

Voice Of Myanmar

မန္တလေးတိုင်းအတွင်းက နေပြည်တော်ပြည်ထောင်စုနယ်မြေ ၈မြို့နယ်နဲ့ ကျန် ၂၈ မြို့ နယ်တွေမှာ ပါတီ ၂၁ ပါတီနဲ့ တသီးပုဂ္ဂလအပါအဝင် ၆၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ရှိတဲ့ ၁၀၅နေရာအကုန်လုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက ၁၀၄ နေရာ ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီက ၁၀၃နေရာ ယှဉ်ပြိုင်မှာပါ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၄၉နေရာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ၃၆ နေရာ ယှဉ်ပြိုင်မှာပါ၊ ကျန်ပါတီတွေကတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အခြေခံလူတန်းစားမြင့်မားရေးပါတီ၊ ဒီမိုကရက်တစ်ပါတီမြန်မာ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ တအာင်းပလောင်အမျိုးသားပါတီ၊ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နဲ့ တသီးပုဂ္ဂလ ၂၄ ယောက်တို့က ယှယ်ပြိုင်ကြမှာဖြစ်ပါတယ်၊

မန္တလေးတိုင်းမှာ မဲပေးခွင့်ရှိသူ ၄သန်းခွဲကျော်ရှိပြီး ၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတနေရာ ရွေးချယ်မှာ ဖြစ်တဲ့အတွက် ရှမ်းတိုင်းရင်းသားတွေကတော့ မဲ ၄မဲ ပေးရမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်

Zawgyi

လႊတ္ေတာ္အသီးသီးမွာ ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း မႏၲေလးတိုင္းအတြင္းမွာ ၆၁၇ ေယာက္ရွိ

Voice Of Myanmar

မႏၲေလးတိုင္းအတြင္းက ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမ ၈ၿမိဳ႕နယ္နဲ႔ က်န္ ၂၈ ၿမိဳ႕ နယ္ေတြမွာ ပါတီ ၂၁ ပါတီနဲ႔ တသီးပုဂၢလအပါအဝင္ ၆၁၇ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီနဲ႔ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီက ရွိတဲ့ ၁၀၅ေနရာအကုန္လုံးမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ၿပီး ျပည္ခိုင္ၿဖိဳးပါတီက ၁၀၄ ေနရာ ၊ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီက ၁၀၃ေနရာ ယွဥ္ၿပိဳင္မွာပါ၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီက ၄၉ေနရာနဲ႔ ျပည္သူ႔ေရွ႕ေဆာင္ပါတီက ၃၆ ေနရာ ယွဥ္ၿပိဳင္မွာပါ၊ က်န္ပါတီေတြကေတာ့ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ၊ ျပည္သူ႔ပါတီ၊ အမ်ိဳးသားညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ၊ အေျခခံလူတန္းစားျမင့္မားေရးပါတီ၊ ဒီမိုကရက္တစ္ပါတီျမန္မာ၊ အမ်ိဳးသားဒီမိုကေရစီအင္အားစု၊ လူေဘာင္သစ္ဒီမိုကရက္တစ္ပါတီ၊ ဝံသာႏုဒီမိုကရက္တစ္ပါတီ၊ အမ်ိဳးသားတိုးတက္ေရးပါတီ၊ ဖလုံစေဝၚဒီမိုကရက္တစ္ပါတီ၊ လီဆူအမ်ိဳးသားဖြံၿဖိဳးတိုးတက္ေရးပါတီ၊ တအာင္းပေလာင္အမ်ိဳးသားပါတီ၊ အမ်ိဳးသားညီၫြတ္ေရးကြန္ဂရက္ပါတီ၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ နဲ႔ တသီးပုဂၢလ ၂၄ ေယာက္တို႔က ယွယ္ၿပိဳင္ၾကမွာျဖစ္ပါတယ္၊

မႏၲေလးတိုင္းမွာ မဲေပးခြင့္ရွိသူ ၄သန္းခြဲေက်ာ္ရွိၿပီး ၊ ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးတေနရာ ေ႐ြးခ်ယ္မွာ ျဖစ္တဲ့အတြက္ ရွမ္းတိုင္းရင္းသားေတြကေတာ့ မဲ ၄မဲ ေပးရမွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလးတိုင္းလႊတ္ေတာ္ကိုယ္စားလွယ္

Related posts

Leave a Comment

VOM News

FREE
VIEW