တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးကို မြောက်ကိုရီးယားစစ်သားတွေက ပစ်သတ်ပြီး မီးရှို့ ဆိုးလ်၊ စက်တင်ဘာ-၂၄-၂၀၂၀ မျိုးဆက်(VOM) တောင်ကိုရီးယားတာဝန်ရှိသူတစ်ဦးကို မြောက်ကိုရီးယားစစ်သားတွေက ပစ်သတ်ပြီး မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး ဒါဟာ အလွန်ရက်စက်ရုပ်တ်မာတဲ့ လုပ်ရပ်လို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ သေဆုံးသွားသူဟာ နှစ်နိုင်ငံနယ်စပ်အနီးရှိ ကင်းလှည့်သင်္ဘောတစ်စင်းပေါ်ကနေ ပျောက်ဆုံးသွားပြီး နောက်ပိုင်းမှာတော့ အလောင်းကို မြောက်ကိုရီးယားရေပိုင်နက်မှာ ပြန်တွေ့ခဲ့ပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ အဲဒီအမျိုးသားကို ပစ်သတ်ပြီးနောက် အလောင်းပေါ်ကိုဓါတ်ဆီလောင်းပြီး မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေအပေါ် အခြေခံကာ ဒီလိုကောက်ချက်ချခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုး မရှိပါဘူး။ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေမဖြစ်ပေါ်ရေးအတွက် မြောက်ကိုရီးယားဟာ သူ့ရဲ့နယ်စပ်ကို တင်းကြပ်မှုတွေပြုထားပြီး ဝင်ရောက်လာရင် ပစ်သတ်နိုင်တဲ့မူဝါဒ ထားရှိတယ်လို့ ယူဆရပါတယ်။ Ref : BBC Photo:Getty Images #voiceofmyanmar #VOM #ဆိုးလ်…
Read MoreMonth: September 2020
ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံအားလုံး ယာယီပိတ်
ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံအားလုံး ယာယီပိတ် ပုသိမ် ၊စက်တင်ဘာ ၂၄-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံအားလုံး ၁၄ ရက်ယာယီပိတ်သိမ်းဖို့ တိုင်း အစိုးရအဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့က ညွန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ပုသိမ်စက်မှုဇုန်မှာရှိတဲ့ ဟီရှန်းအထည်ချုပ်စက်ရုံက အလုပ်သမား ၃ ဦးနဲ့ ဒေါင်းလောင်အထည်ချုပ်စက်ရုံက အလုပ်သမား ၁ ဦးတို့မှာ Covid-19 ရောဂါပိုးတွေ့ရှိပြီးနောက် အထည်ချုပ်စက်ရုံအားလုံးကို ၁၄ ရက်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “တိုင်းအစိုးရကယာယီအားဖြင့်ပိတ်တာပါ၊ ရောဂါပိုးထိန်းချုပ်နိုင်ရေးနဲ့ အများပြည်သူအတွက်ဖြစ်ပါတယ်”လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။ စက်ရုံအလုပ်သမားအားလုံး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ Home Stay နေထိုင်စေပြီး သွားလာမှုတွေကို ကန့်သတ်ထားရှိကာ ကြပ်မတ်ဆောင်ရွက်ရမယ်လို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တဆင့်ညွန်ကြားထားတယ်လို့လည်း သိရပါတယ်။ ” စက်တင်ဘာ ၂၄ရက်နေ့ ယနေ့ နေ့လယ်မှ ညွှန်ကြားစာရောက်လာတဲ့အတွက် မနက်ဖြန် စက်တင်ဘာ ၂၅ ရက်နေ့မှသာ…
Read Moreရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် လက်ခံသွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော
ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် လက်ခံသွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော မနီလာ၊ စက်တင်ဘာ-၂၄-၂၀၂၀ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေကို လက်ခံဖို့ဆန္ဒရှိတယ်လို့ သမ္မတဒူတာတေးက ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။ ၁၉၁၇ တော်လှန်ရေးအပြီးမှာ ရုရှားလူဖြူဒုက္ခသည်တွေ၊ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးတွေ၊ ၁၉၆၀ ခုနှစ်နှောင်းပိုင်း ဗီယက်နမ်စစ်ပွဲအတွင်း ဗီယက်နမ်ဒုက္ခသည်တွေနဲ့ ၁၉၇၉ ခုနှစ်တော်လှန်ရေးကြောင့် အိုးမဲ့အိမ်မဲ့ အီရန်လူမျိုးများအပါအဝင် ဒုက္ခသည်တွေကို ဖိလစ်ပိုင်နိုင်ငံက လက်ခံခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တယ်လို့လည်း ဒူတာတေးကဆိုပါတယ်။ ဒုက္ခသည်ဆိုင်ရာ ၁၉၅၁ ခုနှစ်စာချုပ်နဲ့ ၁၉၆၇ ခုနှစ်သဘောတူညီချက်တွေအရ ဖိလစ်ပိုင်နိုင်ငံဟာ မိမိတို့ရဲ့ တာဝန်ဝတ္တရားများနဲ့အညီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သူကပြောပါတယ်။ ပဋိပက္ခ၊ နှိပ်စက်ညှင်းပန်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အထိခိုက်လွယ်ဆုံးသူတွေကို ကူညီတာဟာ နိုင်ငံတွေအားလုံးရဲ့ တာဝန်ယူမှုကို မျှဝေယူလိုက်တာဖြစ်တယ်လို့ ဒူတာတေးက…
Read Moreရခိုင်မှာ စစ်ဘေးနဲ့ကပ်ရောဂါဘေးကျရောက်နေချိန် ကျောက်ဖြူကစီမံကိန်းတွေဆက်လုပ်နေတာ ဒေသခံတွေမလိုလား
ရခိုင်မှာ စစ်ဘေးနဲ့ကပ်ရောဂါဘေးကျရောက်နေချိန် ကျောက်ဖြူကစီမံကိန်းတွေဆက်လုပ်နေတာ ဒေသခံတွေမလိုလား ကျောက်ဖြူ၊ စက်တင်ဘာ ၂၄- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း လက်ရှိ ကိုဗစ် ၁၉ ပိုးကူးစက်မှုမြင့်တက်နေတဲ့အပြင် ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးမှုတွေ၊ လက်နက်ကြီး ကျည်ကျပြီး သေဆုံး၊ ဒဏ်ရာရမှုတွေမြင့်တက်နေတဲ့ ကာလမှာ ရခိုင်ပြည်နယ်အလယ်ပိုင်းက ကျောက်ဖြူခရိုင်အတွင်း အထူးစီပွားရေးဇုန်စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကို ရပ်နားထားဖို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက လိုလားနေကြတာဖြစ်ပါတယ်။ ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ကိုထွန်းကြည်ပြောပြတာကတော့ “ ရေနက်ဆိပ်ကမ်းကိုတော့ လုပ်တာမတွေ့သေးဘူး။ ဒါပေမယ့် တစ်ခြား စီမံကိန်းတွေကိုတော့ လုပ်နေတာတွေ့ရတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် စစ်ပွဲတွေအများကြီး ဖြစ်နေတယ်။ ပဋိပက္ခတွေလည်းအများကြီးဖြစ်နေတယ်။ ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်။ လက်ရှိ စစ်ရေးကာလ ရခိုင်ပြည်နယ်ရဲ့ ဒေသမတည်ငြိမ်တဲ့ ကာလမှာ…
Read Moreရန်ကုန်တိုင်းအတွင်းက စက်ရုံအလုပ်ရုံအားလုံး ယာယီပိတ်သိမ်း
ရန်ကုန်တိုင်းအတွင်းက စက်ရုံအလုပ်ရုံအားလုံး ယာယီပိတ်သိမ်း ရန်ကုန်၊ စက်တင်ဘာ၂၄-၂၀၂၀ အေးချမ်းသူ(VOM) ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ ရန်ကုန်တိုင်းအတွင်း ခွင့်ပြုထားသောလုပ်ငန်းများမှအပ ကျန်တဲ့စက်ရုံအလုပ်ရုံတွေအားလုံး ဒီကနေ့ စက်တင်ဘာ၂၄ရက်မှစတင်ကာ အောက်တိုဘာ၇ရက်နေ့အထိ ယာယီပိတ်သိမ်းလိုက်ပြီးဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအလုပ်ရုံများပိတ်သိမ်းရာမှာ အမိန့်စာထုတ်ပြန်ချက်အရ ယာယီပိတ်တဲ့စက်ရုံတွေဟာ အထည်ချုပ်စက်ရုံအများစုသာပါရှိတယ်လို့ မြန်မာ နိူင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(MICS-TUSF)အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်နှင်းအောင်ကပြောပါတယ်။ “အမိန့်စာထုတ်ပြန်တာကို မရှင်းတာ၊ ရှုပ်ထွေးနေတာ၊ တစ်ကိုယ်ရေသုံးပစွည်းသုံးဆိုတာ ဘာတွေလဲ ထည့်မရေးထားဘူး၊ CMP ဆိုရင် ကုန်ကြမ်းပေး၊ကုန်ချောယူပေါ့၊ အဲ့ဒါဆိုရင်အထည်ချုပ်ပဲသိတာ အိတ်၊ဖိနပ် အဲ့လိုစက်ရုံတွေမပါပြန်ဘူး”လို့ ဦးသက်နှင်းအောင်ကရှင်းပြပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဘဏ်နဲ့ငွေကြေးဝန်ဆောင်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နဲ့ သား၊ငါးအအေးခန်းများ၊ ဆေးဝါးနှင့်ဆေးပစွည်းကိရိယာဖြန့်ဖြူးထုတ်လုပ်ရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့စက်ရုံတွေမပါဝင်ဘူးလို့ သိရပါတယ်။ အမိန့်အမှတ် ၁၀၇/၂၀၂၀မှာ အလုပ်ပိတ်ရက်တွေမှာ လုပ်ခလစာပေးချေမှုမပါဝင်တာကြောင့် အလုပ်ရှင်နှင့်အလုပ်သမားကြား အငြင်းပွားမှုများစွာဖြစ်ပေါ်စေပြီး အလုပ်သမားတွေကို လူမှုဖူလုံရေးကနေ ၆၀ရာခိုင်နူန်းနဲ့ အလုပ်ရှင်ဘက် ၄၀ရာခိုင်နူန်းပေးဖို့ တော…
Read Moreမြစ်ကြီးနားကနေ နေပြည်တော်အထိ ကိုဗစ်အတည်ပြုလူနာ ရဲဝန်ထမ်းစီးခဲ့တဲ့ မော်တော်ယာဉ်က ယာဉ်မောင်းကို စုံစမ်းမရသေး
မြစ်ကြီးနားကနေ နေပြည်တော်အထိ ကိုဗစ်အတည်ပြုလူနာ ရဲဝန်ထမ်းစီးခဲ့တဲ့ မော်တော်ယာဉ်က ယာဉ်မောင်းကို စုံစမ်းမရသေး မြစ်ကြီးနား၊ စက်တင်ဘာ ၂၄-၂၀၂၀ ရန်အောင်ထွန်း(VOM) နေပြည်တော်က Covid-19 အတည်ပြုလူနာ ရဲဝန်ထမ်းနဲ့အတူ ဝန်ထမ်းတွေလိုက်ပါစီးနင်းခဲ့တဲ့ မော်တော်ယာဉ်ရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ၂ဦးကို မတွေ့သေးဘူးလို့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက ပြောပါတယ်။ Covid-19 အတည်ပြုလူနာဟာ ရဲတပ်ကြပ်တစ်ဦးဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စနဲ့ အင်ဂျန်းယန်ကနေ နေပြည်တော်ကို တာဝန်ပြောင်းရင်း ကွာရန်တင်းဝင်ခဲ့ရာက ကိုဗစ်ရောဂါပိုး ကူးစက်ခံရထားရတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကိုဗစ်အတည်ပြုလူနာ ရဲဝန်ထမ်းဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ မြစ်ကြီးနားကားဝင်းကနေ ကားအစင်လုံးငှားပြီး ပြန်သွားတာလို့သိရပြီး ရဲဝန်ထမ်းလိုက်ပါခဲ့တဲ့ ကားမှာတော့ အခြားရဲဝန်ထမ်း ၁၆ ယောက် လိုက်ပါခဲ့ပြီး သူတစ်ယောက်သာ Covid-19 အတည်ပြုလူနာ ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ကျန်တဲ့ရဲဝန်ထမ်းတွေရဲ့ Swabကိုလည်း စိတ်ချရအောင်အတွက် ဒုတိယအကြိမ် ထပ်မံဓာတ်ခွဲအတည်ပြုမယ်လို့လည်း သိရပါတယ်။…
Read Moreပါတီမိတ်ဆက် (အမျိုးသားတိုးတက်မြင့်မားရေးပါတီ)
ပါတီမိတ်ဆက် (အမျိုးသားတိုးတက်မြင့်မားရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၂၄-၂၀၂၀ ကိုညီသစ်(VOM) ပြည်သူ့အတွက် သပြေခက်ဆိုတဲ့ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ဗဟိုဥက္ကဋ္ဌ ဦးကျော်စိန် ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးကျော်စိန်- အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်မှာ ၃နေရာ ဝင်ပြိုင်မှာပါ။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ။ ဦးကျော်စိန် – ကျနော်တို့ပါတီရဲ့မူက ပထမဆုံးကတော့ ဒေသခံဖြစ်ရမယ်၊ ဒေသခံဖြစ်ပြီးတော့ ဒေသအရေးကို စိတ်ဝင်စားတဲ့သူ၊ နောက်ပြီး ရိုးသားဖြောင့်မတ်တဲ့သူ၊ မှန်မှန်ကန်ကန်လုပ်မယ့်သူ၊ ဒေသကနေ လက်ခံနိုင်မယ့်ပုဂ္ဂိုလ် အဲ့ဒါတွေကို အဓိကထားရွေးပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ ။ ဦးကျော်စိန် – ကျနော်တို့ပါတီရဲ့ မူဝါဒကိုက အမျိုးသားတိုးတက်မြင့်မားရေးဆိုတော့ အဲ့ဒီဒေသမှာရှိတဲ့ ဒေသခံလူမျိုးတွေ…
Read Moreပါတီမိတ်ဆက် (ဗမာပြည်သူ့ပါတီ)
ပါတီမိတ်ဆက် (ဗမာပြည်သူ့ပါတီ) မန္တလေး၊ စက်တင်ဘာ ၂၄-၂၀၂၀ ကိုညီသစ်(VOM) ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့် ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးအောင်သန်းတင့်- ကျနော်တို့ပါတီမှာက ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ၃ ဦးရှိပါတယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးအောင်သန်းတင့် – ၇၅၀၀ လောက်ရှိပါတယ်။ VOM-ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းနဲ့ ရွေးချယ်ပါသလဲ။ ဦးအောင်သန်းတင့်- ဥပမာ ကျွန်တော်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်၊ ကျွန်တော့အရည်အချင်းကတော့ ဘီကွန်းအီကို စီးပွားရေးပညာဘွဲ့ HDP အထက်တန်းရှေ့နေပါ အဲ့တော့ပြောမယ်ဆိုရင် ကျတော်တို့က အားလုံးဘွဲ့ပါပဲလို့ပြောရမှာပေါ့၊ မွန်ပြည်နယ်မှာ ဗမာတိုင်းရင်းသားရေးရာကိုယ်စားလှယ်အနေနဲ့ ဦးဝဏ္ဏစိုး Law ပါပဲ၊ နောက်တစ်ခုက ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ဒေါ်သန်းသန်းဆင့်ကလည်း ဘီအေ…
Read Moreပါတီမိတ်ဆက် (ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ)
ပါတီမိတ်ဆက် (ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၂၃-၂၀၂၀ ကိုညီသစ်(VOM) လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက အထွေထွေအတွင်းရေးမှုး ဦးကျော်စိုးအောင်ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးကျော်စိုးအောင် – ပထမက ၂၆ နေရာ ဝင်ပြိုင်မယ်ဆိုပြီး ပါတီက ဆုံးဖြတ်တယ် အကြောင်းကြောင်းကြောင့် ၇ နေရာ ဝင်ပြိုင်တယ်။ ၇ နေရာမှာ ၄ နေရာကို အရည်အချင်းပြည့်မီမှု မဖြစ်ဖူးဆိုပြီးပယ်တယ်၊ ၃ နေရာကတော့ အရည်အချင်းပြည့်မီ ဖြစ်သွားတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးကျော်စိုးအောင် -အဓိက ရွေးချယ်တဲ့ အရည်အချင်းက ကျနော်တို့ပါတီရဲ့ ကတိကဝတ် ပေးထားတာတွေနဲ့ကိုက်ညီတဲ့ အရည်အချင်း ၊ ပြီးတော့ ပြောအားဆိုအားရှိတဲ့ ၊ ဥပဒေလမ်းကြောင်းနားလည်တဲ့ လူ့အခွင့်အရေး…
Read Moreကိုဗစ်-၁၉ ကူးစက်စေမှုအတွက် တရုတ်နိုင်ငံကိုအရေးယူဖို့ ကုလသမဂ္ဂကို ဒေါ်နယ်ထရန့်တိုက်တွန်း
ကိုဗစ်-၁၉ ကူးစက်စေမှုအတွက် တရုတ်နိုင်ငံကိုအရေးယူဖို့ ကုလသမဂ္ဂကို ဒေါ်နယ်ထရန့်တိုက်တွန်း ဝါရှင်တန်၊ စက်တင်ဘာ-၂၃-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုအတွက် တရုတ်နိုင်ငံအနေနဲ့ တာဝန်ယူမရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၂၂ ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံပြင်ပကိုရောက်ရှိစေပြီး ကမ္ဘာကြီးကို ကူးစက်မှုတွေကို ခွင့်ပြုခဲ့တယ်လို့ ကုလသမဂ္ဂနှစ်ပတ်လည် ညီလာခံကိုပေးပို့တဲ့ ရုပ်သံမိန့်ခွန်းမှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။ အဲဒီလုပ်ရပ်တွေအတွက် တာဝန်ခံဖို့အတွက် တရုတ်နိုင်ငံကို အရေးယူဖို့အတွက် ကုလသမဂ္ဂက လုပ်ဆောင်ရမယ်လို့ ထရန့်ကဆိုပါတယ်။ နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံရရေး အခက်ကြုံနေတဲ့ ဒေါ်နယ်ထရန့်အနေနဲ့ ကပ်ရောဂါအပေါ်သူ့ရဲ့ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး မဲဆန္ဒရှိတွေရဲ့ ဝေဖန်မှုတွေကို တရုတ်အပေါ်ပြစ်တင်ခြင်းအားဖြင့် လျှော့ချဖို့ ကြိုးစားနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ဘေးကို ကမ္ဘာတစ်ဝန်းဖြန့်ခဲ့တဲ့ နိုင်ငံကို တာဝန်ခံမှုရှိလာဖို့ မိမိတို့လုပ်ဆောင်ရမယ်လို့ ဒေါ်နယ်ထရန့်က…
Read More