မုံရွာမှာ ရခိုင်အရေး စတစ်ကာကမ်ပိန်း ထပ်လုပ်တဲ့သူတွေကို ရဲတပ်ဖွဲ့ကဖမ်းဆီး မုံရွာ၊ စက်တင်ဘာ ၂၁ – ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး စတစ်ကာကမ်ပိန်း ထပ်လုပ်တဲ့သူတွေကို မနေ့ စက်တင်ဘာ ၂၀ရက်နေ့ နေ့လယ်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ “ အမှတ် ၁ ရဲစခန်းရှေ့က လမ်းပေါ်မှာ စတစ်ကာလိုက်ကပ်နေတဲ့ ကလေးသုံးယောက်ကို ဖမ်းသွားတာမြင်လိုက်တယ် ၊ အဖမ်းခံရသူတွေဟာ ကျောင်းသားလား အရပ်သားလားဆိုတာတော့ မသိဘူး ”လို့ ဖမ်းဆီးတာကို မျက်မြင်တွေ့ရှိလိုက်တဲ့ ကိုဇော်ဇော်က ပြောပါတယ်။ အဲ့ဒီ ဖမ်းဆီးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မုံရွာမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဖမ်းဆီးတာတော့ရှိတယ် အသေးစိပ်အခြေအနေကို ဘာမှ ဖွင့်ပြောလို့ မရသေးဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂၁ရက် မနက်ပိုင်းကလည်း မုံရွာခရိုင် စီမံခန့်ခွဲမှုကော်မတီရုံးမှာ…
Read MoreMonth: September 2020
တရုတ်က ရန်စလာရင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထိုင်ဝမ်စစ်ဘက် သတိပေး
တရုတ်က ရန်စလာရင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထိုင်ဝမ်စစ်ဘက် သတိပေး တိုင်ပေ၊ စက်တင်ဘာ၂၁-၂၀၂၀ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ နှောက်ယှက်မှုတွေ ခြိမ်းခြောက်မှုတွေရှိနေချိန်မှာ ထိုင်ဝမ် စစ်ဘက်အနေနဲ့ မိမိကိုယ်ကိုကာကွယ်ရေးနဲ့ တုံ့ပြန်တိုက်ခိုက်ဖို့အတွက် အခွင့်အရေးရှိတယ်လို့ တရုတ်နိုင်ငံကို ထိုင်ဝမ်က သတိပေးပြောဆိုလိုက်ပါတယ်။ တရုတ်တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်လေပိုင်နက်အတွင်းကို လွန်ခဲ့တဲ့သီတင်းပတ်က ဝင်ရောက်ပျံသန်းခဲ့တာကြောင့် ထိုင်ဝမ်တိုက်လေယာဉ်က ကြားဖြတ်ဟန့်တားခဲ့ရပြီး ဒီလုပ်ရပ်ဟာ ဒေသတစ်ခုလုံးကို ခြိမ်းခြောက်လိုက်တာလို့ ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်က ဆိုပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် တရုတ်နဲ့ ထိုင်ဝမ်တို့အကြား ဆက်ဆံရေးဟာ တင်းမာမှုတွေမြင့်တက်နေပါတယ်။ တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီး လိုအပ်လာရင် စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ အခုနှစ်အတွင်းမှာ ရန်သူရဲ့ စစ်သင်္ဘောတွေ၊ လေယာဉ်တွေရဲ့ နှောက်ယှက်မှုတွေ ခြိမ်းခြောက်မှုတွေက မကြာခဏဆိုသလို မြင့်တက်နေပြီး ထိုင်ဝမ်ရဲ့ ပထမဆုံးတုံ့ပြန်မှုအတွက် လုပ်ထုံးလုပ်နည်းတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတယ်လို့ ထိုင်ဝမ်စစ်ဘက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုယ့်ကိုကိုယ်ကာကွယ်ရေးနဲ့ တန်ပြန်တိုက်ခိုက်ရေးပြုဖို့…
Read Moreရန်ကုန်တိုင်းကို ကိုဗစ်ရောဂါထိန်းချုပ်ဖို့ ရက်အကန့်အသတ်နဲ့ Stay at Home ပြုလုပ်
ရန်ကုန်တိုင်းကို ကိုဗစ်ရောဂါထိန်းချုပ်ဖို့ ရက်အကန့်အသတ်နဲ့ Stay at Home ပြုလုပ် ရန်ကုန်၊ စက်တင်ဘာ ၂၁-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းကို ဒီနေ့ စက်တင်ဘာ ၂၁ရက်ကစပြီး Stay Home နေထိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အခုလိုပြုလုပ်တာဟာ လက်ရှိရန်ကုန်တိုင်းမှာဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကူးစက်မှုနူန်းမြင့်တက်နေတာကို ထိန်းချုပ်နိုင်ဖို့အတွက် လုပ်ဆောင်လိုက်တာဖြစ်ပြီး ဒီ stay at home အစီအစဉ်ဟာ အောက်တိုဘာလ ၇ ရက်နေ့အထိ အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ “လူတွေ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေမယ် မက်စ်တပ်မယ်၊ လက်ကိုစက္ကန့် ၂၀ ဆေးမယ်၊ လူစုလူဝေးရှောင်မယ် ဆိုတဲ့အချက်တွေက တကယ့် ဒီရောဂါကို ကွင်းဆက်ဖြတ်တောက်နိုင်မယ့် အချက်တွေပါ၊ ဒါတွေကို အစောပိုင်းထဲကလိုက်နာရင် ဒီလောက်တောင်မှ ဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမယ့်လည်း တကမ္ဘာလုံးမှာရင်ဆိုင်နေရတဲ့ရောဂါဖြစ်တဲ့အခါကျတော့ အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားတာပေါ့။ အဲ့ဒီတော့ အားလုံးက လိုက်နာမယ်၊…
Read Moreနေပြည်တော်တိုင်းမ် သတင်းထောက်တစ်ဦးက အသက် ၁၇နှစ်အရွယ်အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်
နေပြည်တော်တိုင်းမ် သတင်းထောက်တစ်ဦးက အသက် ၁၇နှစ်အရွယ်အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့် ဟုမ္မလင်း ၊ စက်တင်ဘာ ၂၁ ၊ ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ နောင်တောကျေးရွာအုပ်စု ၊ ဟွေဖလာရွှေမှော်မှာ နေထိုင်တဲ့ နေပြည်တော်တိုင်းမ်သတင်းအဖွဲ့ အတွင်းရေးမှူး သတင်းထောက်တစ်ဦးဟာ အသက် ၁၇နှစ်အရွယ် အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် မိုင်းကိုင်းနယ်မြေရဲစခန်းက မုဒိမ်းမှုနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။ “ မနေ့ (စက်တင်ဘာ ၂၀ )က အမှုဖွင့်လိုက်တာဖြစ်တယ် ၊ (ပ) ၄၆/၂၀၂၀ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆/၅၁၁/၅၀၆ အရ အရေးယူထားတာဖြစ်တယ်၊ နေပြည်တော်တိုင်မ်း သတင်းဌာနက အတွင်းရေးမှူး ၊ သတင်းထောက် ရေချမ်း(ခ) စံသိန်း ဆိုသူဖြစ်တယ် ” လို့…
Read Moreဖားကန့် မြို့ကို Stay at Home အဖြစ်ကြေငြာ
ဖားကန့် မြို့ကို Stay at Home အဖြစ်ကြေငြာ ဖားကန့်၊ စက်တင်ဘာ ၂၁-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အများဆုံးရှိတဲ့ ဖားကန့်မြို့နယ်ကို စက်တင်ဘာလ ဒီကနေ့၂၁ရက်နေ့ကစပြီး ( Stay at Home )နေအိမ်တွင်းမှာပဲ နေထိုင်ကြဖို့ ကြေငြာလိုက်ပြီလို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်ကပြောပါတယ်။ ” အားလုံးနေအိမ်ထဲမှာပဲ နေရမယ် ။ကျန်းမာရေးကိစ္စနဲ့ ၊မဖြစ်မနေ ဈေးဝယ်ရသူပဲ အပြင်ထွက်ရမယ်။ လမ်းတိုင်းမှာ လုံခြုံရေး ရဲဘော်တဦး ၊ အုပ်ချုပ်ရေးတစ်ဦး ၊အရန်မီးသတ်တစ်ဦး ၊ ဘော်လန်ဒီယာတစ်ဦးနဲ့ ကြပ်မတ်ဆောင်ရွက်မယ်။ Stay at Home ကာလကို ဘယ်ရက်အထိ လုပ်မယ်ဆိုတာ မသတ်မှတ်ရသေးပါဘူး ၊ ရောဂါကူးစက်မှုအခြေအနေပေါ် မူတည်ပါတယ်”လို့ ဦးဉာဏ်လင်းအောင်ကပြောပါတယ်။ အခုလို Stay at Homeသက်မှတ်ထားတာကို ကနဦးအနေနဲ့ စည်းကမ်းမလိုက်နာရင်…
Read Moreခါတိုင်းထက် ဒီရေ ၁ ပေကျော်တက်ပေမယ့် သာကေတမိကျောင်းတွေအတွက် လူထုအနေနဲ့မစိုးရိမ်ရဘူးလို့ တာဝန်ရှိသူပြော
ခါတိုင်းထက် ဒီရေ ၁ ပေကျော်တက်ပေမယ့် သာကေတမိကျောင်းတွေအတွက် လူထုအနေနဲ့မစိုးရိမ်ရဘူးလို့ တာဝန်ရှိသူပြော ရန်ကုန် ၊ စက်တင်ဘာ ၂၀-၂၀၂၀ ယဉ်ပပထွန်း (VOM) အပူပိုင်းမုန်တိုင်း’ နို’ ရဲ့အရှိန်ကြောင့် ဒီကနေ့မနက်ပိုင်းမှာ ထူးကဲဒီရေတတ်လာပြီး ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ မိကျောင်းမွေးမြူရေးကန်ထဲကို ရေတွေဝင်ရောက်ခဲ့ပေမယ့်လည်း စိုးရိမ်ဖွယ်ရာမရှိဘူးလို့ မွေးမြူရေးစခန်းတာဝန်ခံ ဒေါက်တာမျိုးမင်းလှိုင်က VOM ကိုပြောပါတယ်။ သာကေတမိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်းမှာ မိကျောင်းအကောင်ရေ ၇၀၀ ကျော်ခန့်ရှိနေပြီး အများပြည်သူစိုးရိမ်မှုမရှိစေဖို့ မိကျောင်းတွေရဲ့လုံခြုံရေးနဲ့ ဝန်ထမ်းတွေအန္တရာယ်ကင်းရေးအတွက် ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။ ” မုန်တိုင်းအရှိန်ကြောင့်ရယ် ထူးကဲဒီရေတတ်တာရယ် ငမိုးရိပ်ချောင်းနဲ့နီးတာတွေကြောင့် ရေဝင်တာပါ။ နှစ်စဉ်နှစ်တိုင်းဖြစ်နေပေမယ့် အခုနှစ်ကတော့ ၁ ပေလောက် ပိုတတ်ခဲ့ပါတယ်” လို့ ဒေါက်တာမျိုးမင်းလှိုင်ကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၁/၁၀ရပ်ကွက်မှာလည်း မုန်တိုင်းရဲ့အရှိန်ကြောင့် ထူးကဲမြစ်ရေတတ်ပြီး ရပ်ကွက်အတွင်းကိုရေတွေဝင်နေတာ ရှိနေတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူ မစန္ဒာဝင်းကပြောပါတယ်။ ” မုန်တိုင်းကြောင့်မြစ်ရေတတ်တယ်…
Read Moreအခုရက်ပိုင်းသေဆုံးတဲ့ ကိုဗစ်လူနာတွေဟာ နေအိမ်မှာကျိတ်ကုပြီးမှ ဆေးရုံကိုရောက်လာတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေသုံးသပ်
အခုရက်ပိုင်းသေဆုံးတဲ့ ကိုဗစ်လူနာတွေဟာ နေအိမ်မှာကျိတ်ကုပြီးမှ ဆေးရုံကိုရောက်လာတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေသုံးသပ် ရန်ကုန်၊ စက်တင်ဘာ ၂၀-၂၀၂၀ သိင်္ဂီ (VOM ) အခုရက်ပိုင်းအတွင်း သေဆုံးခဲ့တဲ့ ကိုဗစ်လူနာအများစုဟာ နေအိမ်မှာကျိတ်ကုပြီးနောက်မှ ဆေးရုံကို အလွန်အမင်းနောက်ကျပြီး ရောက်ရှိလာတာကို သုံးသပ်တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောဆိုလိုက်ပါတယ်။ ဒါကြောင့် ကိုဗစ် ၁၉ ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်း၊ မောပန်းခြင်း စတဲ့အရာတွေကို ခံစားရတာနဲ့ မိမိနေအိမ်မှာ ကျိတ်ပြီးကုသတာမျိုး မပြုလုပ်ဘဲ ဆေးရုံကိုသာ အမြန်ဆုံးပြသကြဖို့ လိုအပ်နေတယ်လို့ ဒေါ်ခင်ခင်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။ “ခုရက်ပိုင်းသေဆုံးသူတော်တော်များများဟာ ဆေးရုံကိုအလွန်နောက်ကျပြီးမှရောက်လာတယ်၊ တချို့တွေက သေဆုံးပြီးမှရောက်လာတယ်၊ ရောက်လာမှ ဆေးစစ်ကြည့်တော့ positive ဖြစ်နေတယ် ၊အဲ့ဒီမှာ ဘာကိုသတိထားမိလဲဆိုတော့ သူတို့ဘာဖြစ်လို့ နောက်ကျပြီးမှ ဆေးရုံရောက်လာသလဲ၊ ဘာဖြစ်လို့ အိမ်မှာပဲကျိတ်ပြီးတော့ကုနေတာလဲ ၊အမှန်ဆို မိမိမှာဖျားတယ်၊ ချောင်းဆိုးတယ်၊…
Read Moreမြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းကို တောဆင်ရိုင်း ၈ကောင်ဝင်ရောက်ဖျက်စီးမူဖြစ်ပွား
မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းကို တောဆင်ရိုင်း ၈ကောင်ဝင်ရောက်ဖျက်စီးမူဖြစ်ပွား ပုသိမ်၊ စက်တင်ဘာ၂၀-၂၀၂၀ ကိုအောင်(VOM) ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ သစ်တိုပင်ကျေးရွာရှိ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းမှာ ဒီကနေ့မနက် ၁နာရီ ကျော်က တောဆင်ရိုင်း ၈ကောင်ဝင်ရောက်ဖျက်စီးခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မြစ်တစ်ရာသစ်တောကြိုးဝိုင်း၊ အကွက်အမှတ်၈၉မှာနေထိုင်တဲ့ မိသားစု၄ဦးနေထိုင်တဲ့နေအိမ်ကို တောဆင်ရိုင်း၈ကောင်က ဝင်ရောက်ဖျက်စီးခဲ့ပြီး အဲ့ဒီအိမ်မှာနေထိုင်တဲ့ အသက်၂၁နစ်အရွယ်အမျိုးသမီးဟာ ဆင်တစ်ကောင်ရဲ့တိုက်ခိုက်မူကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “သူတို့မိသားစု အိပ်နေတဲ့အချိန်မှာ တောဆင်တွေကဝင်လာတော့ ထွက်ပြေးကြတာ၊ အဲ့ကောင်မလေးက သူ့ကလေးကိုချီပြီးထွက်ပြေးတော့ ဆင်က နှာမောင်းနဲ့ရိုက်ချလိုက်တာ၊ နံရိုးကျိုးသွားတယ်ထင်တယ်၊ အသေအပျောက်တော့မရှိပါဘူး၊ အားလုံးကံကောင်းသွားတယ်”လို့ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းကပြောပါတယ်။ တောဆင်ရိုင်းအတိုက်ခိုက်ခံရတဲ့ အမျိုးသမီးကို မနက်၆နာရီမှာ ငရုတ်ကောင်းတောင်ကျေးလက်ကျန်းမာရေးဌာနကို သွားရောက်ပို့ဆောင်ခဲ့ပြီး အဲ့ဒီကနေတဆင့် ပုသိမ်ဆေးရုံကြီးကို လွှဲပြောင်းကုသနေတယ်လို့ သိရပါတယ်။ ငပုတောမြို့နယ်၊ ငရုတ်ကောင်းတောင်ကျေးရွာအုပ်စု၊ တင်းချောင်းအုပ်စု စတဲ့ရွာတွေဟာ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းမှာရှိနေပြီး နှစ်စဉ် တောဆင်းရိုင်းတွေဟာ လယ်မြေတွေနဲ့ လူနေအိမ်တွေကို ဝင်ရောက်ဖျက်စီးတာတွေရှိခဲ့ပြီး…
Read Moreပါတီမိတ်ဆက်(အရှိုချင်းအမျိုးသားပါတီ-ACNP)
Read Moreပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးစိန်လင်း (ပြည်သူ့ပါတီ ၊ ချမ်းအေးသာစံမြို့နယ်၊ တိုင်း(၂) )
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးစိန်လင်း (ပြည်သူ့ပါတီ ၊ ချမ်းအေးသာစံမြို့နယ်၊ တိုင်း(၂) ) ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄၆၀၀ကျော်ကူးစက်ခံရပြီး ၇၅ ဦးသေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပြည်သူ့ပါတီ (PP) ရဲ့ ချမ်းအေးသာစံမြို့နယ်ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်လင်းနဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #ပြည်သူ့ပါတီ #ဦးစိန်လင်း Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးစိန်လင်း (ပြည်သူ့ပါတီ…
Read More