ခါတိုင်းထက် ဒီရေ ၁ ပေကျော်တက်ပေမယ့် သာကေတမိကျောင်းတွေအတွက် လူထုအနေနဲ့မစိုးရိမ်ရဘူးလို့ တာဝန်ရှိသူပြော

ခါတိုင်းထက် ဒီရေ ၁ ပေကျော်တက်ပေမယ့် သာကေတမိကျောင်းတွေအတွက် လူထုအနေနဲ့မစိုးရိမ်ရဘူးလို့ တာဝန်ရှိသူပြော

ရန်ကုန် ၊ စက်တင်ဘာ ၂၀-၂၀၂၀
ယဉ်ပပထွန်း (VOM)

အပူပိုင်းမုန်တိုင်း’ နို’ ရဲ့အရှိန်ကြောင့် ဒီကနေ့မနက်ပိုင်းမှာ ထူးကဲဒီရေတတ်လာပြီး ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ မိကျောင်းမွေးမြူရေးကန်ထဲကို ရေတွေဝင်ရောက်ခဲ့ပေမယ့်လည်း စိုးရိမ်ဖွယ်ရာမရှိဘူးလို့ မွေးမြူရေးစခန်းတာဝန်ခံ ဒေါက်တာမျိုးမင်းလှိုင်က VOM ကိုပြောပါတယ်။

သာကေတမိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်းမှာ မိကျောင်းအကောင်ရေ ၇၀၀ ကျော်ခန့်ရှိနေပြီး အများပြည်သူစိုးရိမ်မှုမရှိစေဖို့ မိကျောင်းတွေရဲ့လုံခြုံရေးနဲ့ ဝန်ထမ်းတွေအန္တရာယ်ကင်းရေးအတွက် ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

” မုန်တိုင်းအရှိန်ကြောင့်ရယ် ထူးကဲဒီရေတတ်တာရယ် ငမိုးရိပ်ချောင်းနဲ့နီးတာတွေကြောင့် ရေဝင်တာပါ။ နှစ်စဉ်နှစ်တိုင်းဖြစ်နေပေမယ့် အခုနှစ်ကတော့ ၁ ပေလောက် ပိုတတ်ခဲ့ပါတယ်” လို့ ဒေါက်တာမျိုးမင်းလှိုင်ကပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၁/၁၀ရပ်ကွက်မှာလည်း မုန်တိုင်းရဲ့အရှိန်ကြောင့် ထူးကဲမြစ်ရေတတ်ပြီး ရပ်ကွက်အတွင်းကိုရေတွေဝင်နေတာ ရှိနေတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူ မစန္ဒာဝင်းကပြောပါတယ်။

” မုန်တိုင်းကြောင့်မြစ်ရေတတ်တယ် ။ ညီမတို့ဆီမှာက ဒူးအထိမြုပ်တယ် ။ မြစ်နားနီးတဲ့လူတွေက ပိုဆိုးမှာပါ ။ အပျက်အစီးကတော့ မရှိပါဘူး ။ မနှစ်ကလည်း တတ်တယ်၊ အခုနှစ်လောက်မများဘူး ” လို့ မစန္ဒာဝင်းကပြောပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသကို စက်တင်ဘာ ၁၉ ရက်က လေပွေလှိုင်းအဖြစ်နဲ့ဖြတ်သန်းနေတဲ့ အပူပိုင်းမုန်တိုင်း ‘ နို’ ကြောင့် မြိတ်ခရိုင်နဲ့ကော့သောင်းခရိုင်တို့မှာ မိုးသက်လေပြင်းကျခြင်း၊ ထူးကဲဒီရေတတ်ခြင်းနဲ့ လိုင်းကြီးတာတွေကြောင့် လူနေအိမ်တွေ အပျက်အစီးများခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာလည်း ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး အပူပိုင်းမုန်တိုင်း ‘နို’ ရဲ့ အရှိန်တွေကြောင့် စက်တင်ဘာ ၂၂ ရက်အထိ နေပြည်တော်၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ မှာ မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနနဲ့ဇလဗေဒညွှန်ကြားမူဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက VOM ကိုပြောပါတယ်။

ကုန်းမြင့်ဒေသအနီးမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ် ၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ဖို့လိုပါတယ်လို့လည်း သတိပေးပြောဆိုထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ခါတိုင္းထက္ ဒီေရ ၁ ေပေက်ာ္တက္ေပမယ့္ သာေကတမိေက်ာင္းေတြအတြက္ လူထုအေနနဲ႔မစိုးရိမ္ရဘူးလို႔ တာဝန္ရွိသူေျပာ

ရန္ကုန္ ၊ စက္တင္ဘာ ၂၀-၂၀၂၀
ယဥ္ပပထြန္း (VOM)

အပူပိုင္းမုန္တိုင္း’ ႏို’ ရဲ႕အရွိန္ေၾကာင့္ ဒီကေန႔မနက္ပိုင္းမွာ ထူးကဲဒီေရတတ္လာၿပီး ရန္ကုန္ၿမိဳ႕၊ သာေကတၿမိဳ႕နယ္မွာရွိတဲ့ မိေက်ာင္းေမြးျမဴေရးကန္ထဲကို ေရေတြဝင္ေရာက္ခဲ့ေပမယ့္လည္း စိုးရိမ္ဖြယ္ရာမရွိဘူးလို႔ ေမြးျမဴေရးစခန္းတာဝန္ခံ ေဒါက္တာမ်ိဳးမင္းလႈိင္က VOM ကိုေျပာပါတယ္။

သာေကတမိေက်ာင္းေမြးျမဴထိန္းသိမ္းေရးစခန္းမွာ မိေက်ာင္းအေကာင္ေရ ၇၀၀ ေက်ာ္ခန႔္ရွိေနၿပီး အမ်ားျပည္သူစိုးရိမ္မႈမရွိေစဖို႔ မိေက်ာင္းေတြရဲ႕လုံၿခဳံေရးနဲ႔ ဝန္ထမ္းေတြအႏၲရာယ္ကင္းေရးအတြက္ ေဆာင္႐ြက္ထားတယ္လို႔လည္း သိရပါတယ္။

” မုန္တိုင္းအရွိန္ေၾကာင့္ရယ္ ထူးကဲဒီေရတတ္တာရယ္ ငမိုးရိပ္ေခ်ာင္းနဲ႔နီးတာေတြေၾကာင့္ ေရဝင္တာပါ။ ႏွစ္စဥ္ႏွစ္တိုင္းျဖစ္ေနေပမယ့္ အခုႏွစ္ကေတာ့ ၁ ေပေလာက္ ပိုတတ္ခဲ့ပါတယ္” လို႔ ေဒါက္တာမ်ိဳးမင္းလိႈင္ကေျပာပါတယ္။

ဒါ့အျပင္ ရန္ကုန္ၿမိဳ႔၊ လိႈင္သာယာၿမိဳ႕နယ္၊ ၁/၁၀ရပ္ကြက္မွာလည္း မုန္တိုင္းရဲ႔အရွိန္ေၾကာင့္ ထူးကဲျမစ္ေရတတ္ၿပီး ရပ္ကြက္အတြင္းကိုေရေတြဝင္ေနတာ ရွိေနတယ္လို႔ အဲ့ဒီရပ္ကြက္မွာေနထိုင္သူ မစႏၵာဝင္းကေျပာပါတယ္။

” မုန္တိုင္းေၾကာင့္ျမစ္ေရတတ္တယ္ ။ ညီမတို႔ဆီမွာက ဒူးအထိျမဳပ္တယ္ ။ ျမစ္နားနီးတဲ့လူေတြက ပိုဆိုးမွာပါ ။ အပ်က္အစီးကေတာ့ မရွိပါဘူး ။ မႏွစ္ကလည္း တတ္တယ္၊ အခုႏွစ္ေလာက္မမ်ားဘူး ” လို႔ မစႏၵာဝင္းကေျပာပါတယ္။

ျမန္မာႏိုင္ငံအေရွ႕ေတာင္ပိုင္းေဒသကို စက္တင္ဘာ ၁၉ ရက္က ေလေပြလိႈင္းအျဖစ္နဲ႔ျဖတ္သန္းေနတဲ့ အပူပိုင္းမုန္တိုင္း ‘ ႏို’ ေၾကာင့္ ၿမိတ္ခ႐ိုင္နဲ႔ေကာ့ေသာင္းခ႐ိုင္တို႔မွာ မိုးသက္ေလျပင္းက်ျခင္း၊ ထူးကဲဒီေရတတ္ျခင္းနဲ႔ လိုင္းႀကီးတာေတြေၾကာင့္ လူေနအိမ္ေတြ အပ်က္အစီးမ်ားခဲ့တယ္လို႔လည္း သိရပါတယ္။

လက္ရွိမွာလည္း ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေျမာက္ပိုင္းမွာ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚေနၿပီး အပူပိုင္းမုန္တိုင္း ‘ႏို’ ရဲ႔ အရွိန္ေတြေၾကာင့္ စက္တင္ဘာ ၂၂ ရက္အထိ ေနျပည္ေတာ္၊ မႏၲေလးတိုင္း ၊ မေကြးတိုင္း ၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔ မွာ မိုးသည္းထန္စြာ ထစ္ခ်ဳန္း႐ြာသြန္းျခင္းနဲ႔အတူ ေလျပင္းတိုက္ခတ္ျခင္း၊ လွ်ပ္တစ္ျပက္ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚႏိုင္တယ္လို႔ မိုးေလဝသနနဲ႔ဇလေဗဒၫႊန္ၾကားမူဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက VOM ကိုေျပာပါတယ္။

ကုန္းျမင့္ေဒသအနီးမွာ ေနထိုင္သူေတြအေနနဲ႔ ေျမၿပိဳမႈအႏၲရာယ္ ၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးမွာ ေနထိုင္ၾကသူေတြအေနနဲ႔ ေရႀကီး၊ ေရလွ်ံမႈေတြ ျဖစ္ေပၚႏိုင္တဲ့အတြက္ သတိျပဳေနထိုင္ဖို႔လိုပါတယ္လို႔လည္း သတိေပးေျပာဆိုထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW