အခုရက်ပိုင်းသေဆုံးတဲ့ ကိုဗစ်လူနာတွေဟာ နေအိမ်မှာကျိတ်ကုပြီးမှ ဆေးရုံကိုရောက်လာတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေသုံးသပ်

အခုရက်ပိုင်းသေဆုံးတဲ့ ကိုဗစ်လူနာတွေဟာ နေအိမ်မှာကျိတ်ကုပြီးမှ ဆေးရုံကိုရောက်လာတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေသုံးသပ်

ရန်ကုန်၊ စက်တင်ဘာ ၂၀-၂၀၂၀
သိင်္ဂီ (VOM )

အခုရက်ပိုင်းအတွင်း သေဆုံးခဲ့တဲ့ ကိုဗစ်လူနာအများစုဟာ နေအိမ်မှာကျိတ်ကုပြီးနောက်မှ ဆေးရုံကို အလွန်အမင်းနောက်ကျပြီး ရောက်ရှိလာတာကို သုံးသပ်တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောဆိုလိုက်ပါတယ်။

ဒါကြောင့် ကိုဗစ် ၁၉ ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်း၊ မောပန်းခြင်း စတဲ့အရာတွေကို ခံစားရတာနဲ့ မိမိနေအိမ်မှာ ကျိတ်ပြီးကုသတာမျိုး မပြုလုပ်ဘဲ ဆေးရုံကိုသာ အမြန်ဆုံးပြသကြဖို့ လိုအပ်နေတယ်လို့ ဒေါ်ခင်ခင်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။

“ခုရက်ပိုင်းသေဆုံးသူတော်တော်များများဟာ ဆေးရုံကိုအလွန်နောက်ကျပြီးမှရောက်လာတယ်၊ တချို့တွေက သေဆုံးပြီးမှရောက်လာတယ်၊ ရောက်လာမှ ဆေးစစ်ကြည့်တော့ positive ဖြစ်နေတယ် ၊အဲ့ဒီမှာ ဘာကိုသတိထားမိလဲဆိုတော့ သူတို့ဘာဖြစ်လို့ နောက်ကျပြီးမှ ဆေးရုံရောက်လာသလဲ၊ ဘာဖြစ်လို့ အိမ်မှာပဲကျိတ်ပြီးတော့ကုနေတာလဲ ၊အမှန်ဆို မိမိမှာဖျားတယ်၊ ချောင်းဆိုးတယ်၊ မောပန်းတယ်၊ နဂိုထဲကလည်း အသက်ကြီးတဲ့သူဖြစ်နေတယ်၊ နောက်ခံရောဂါလည်းရှိနေတယ်ဆိုရင် အလျင်အမြန် မဆိုင်းမတွပဲ ဆေးရုံကိုပြသင့်ပါတယ်”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ကိုဗစ် ကပ်ရောဂါဟာ အလွန်အန္တရာယ်များသလို မာယာလည်းများတာကြောင့် ရောဂါဟာ သက်သာသလို ကောင်းသလိုလိုထင်ရပြီး ချက်ခြင်းသွေးထဲကနေ အောက်ဆီဂျင်ထိုးကျခြင်း၊ သတိလစ်ခြင်း၊ အသက်ရှုမဝတဲ့ လက္ခဏာတွေဖြစ်ကာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာပေါင်း ၅၀၀၀ ကျော်အထိရှိလာနေပြီး သေဆုံးမှုအနေနဲ့လည်း လူနာပေါင်း ၈၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

ကိုဗစ်အတည်ပြုလူနာသေဆုံးသူတွေထဲမှာ အသက်အရွယ်ကြီးသူတွေအပြင် အသက် ၂၀ ကျော်အရွယ်၊ ဆယ်ကျော်သက်အရွယ်တွေလည်း ပါဝင်လာတာကြောင့် လူကြီး လူငယ်အားလုံး အထူးဂရုစိုက်ဖို့ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

Photo – အောင်ကျော်မျိုး
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အခုရက္ပိုင္းေသဆံုးတဲ့ ကိုဗစ္လူနာေတြဟာ ေနအိမ္မွာက်ိတ္ကုၿပီးမွ ေဆး႐ုံကိုေရာက္လာတယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြသံုးသပ္

ရန္ကုန္၊ စက္တင္ဘာ ၂၀-၂၀၂၀
သိဂႌ (VOM )

အခုရက္ပိုင္းအတြင္း ေသဆုံးခဲ့တဲ့ ကိုဗစ္လူနာအမ်ားစုဟာ ​​ေနအိမ္မွာက်ိတ္ကုၿပီးေနာက္မွ ေဆး႐ုံကို အလြန္အမင္းေနာက္က်ၿပီး ေရာက္႐ွိလာတာကို သုံးသပ္ေတြ႔႐ွိရတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးကေျပာဆိုလိုက္ပါတယ္။

ဒါေၾကာင့္ ကိုဗစ္ ၁၉ ေရာဂါလကၡဏာေတြျဖစ္တဲ့ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အနံ႔မရျခင္း၊ ေမာပန္းျခင္း စတဲ့အရာေတြကို ခံစားရတာနဲ႔ မိမိေနအိမ္မွာ က်ိတ္ၿပီးကုသတာမ်ိဳး မျပဳလုပ္ဘဲ ေဆး႐ုံကိုသာ အျမန္ဆုံးျပသၾကဖို႔ လိုအပ္​ေနတယ္လို႔ ေဒၚခင္ခင္ႀကီးက သတိေပးေျပာဆိုလိုက္ပါတယ္။

“ခုရက္ပိုင္းေသဆုံးသူေတာ္ေတာ္မ်ားမ်ားဟာ ေဆး႐ုံကိုအလြန္ေနာက္က်ၿပီးမွေရာက္လာတယ္၊ တခ်ိဳ႕ေတြက ေသဆုံးၿပီးမွေရာက္လာတယ္၊ ေရာက္လာမွ ေဆးစစ္ၾကည့္ေတာ့ positive ျဖစ္ေနတယ္ ၊အဲ့ဒီမွာ ဘာကိုသတိထားမိလဲဆိုေတာ့ သူတို႔ဘာျဖစ္လို႔ ေနာက္က်ၿပီးမွ ေဆး႐ုံေရာက္လာသလဲ၊ ဘာျဖစ္လို႔ အိမ္မွာပဲက်ိတ္ၿပီးေတာ့ကုေနတာလဲ ၊အမွန္ဆို မိမိမွာဖ်ားတယ္၊ ေခ်ာင္းဆိုးတယ္၊ ေမာပန္းတယ္၊ နဂိုထဲကလည္း အသက္ႀကီးတဲ့သူျဖစ္​ေနတယ္၊ ေနာက္ခံေရာဂါလည္း႐ွိေနတယ္ဆိုရင္ အလ်င္အျမန္ မဆိုင္းမတြပဲ ေဆး႐ုံကိုျပသင့္ပါတယ္”လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

ကိုဗစ္ ကပ္​ေရာဂါဟာ အလြန္အႏၱရာယ္မ်ားသလို မာယာလည္းမ်ားတာ​ေၾကာင့္ ေရာဂါဟာ သက္သာသလို ​ေကာင္းသလိုလိုထင္ရၿပီး ခ်က္ျခင္းေသြးထဲက​ေန ​ေအာက္ဆီဂ်င္ထိုးက်ျခင္း၊ သတိလစ္ျခင္း၊ အသက္႐ႈမဝတဲ့ လကၡဏာ​ေတြျဖစ္ကာ အသက္ေသဆုံးတဲ့အထိ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

လက္႐ွိ ျမန္မာနိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာေပါင္း ၅၀၀၀ ေက်ာ္အထိ႐ွိလာေနၿပီး ေသဆုံးမႈအ​ေနနဲ႔လည္း လူနာ​ေပါင္း ၈၀ ေက်ာ္အထိ ႐ွိ​ေနၿပီျဖစ္ပါတယ္။

ကိုဗစ္အတည္ျပဳလူနာေသဆုံးသူေတြထဲမွာ အသက္အရြယ္ႀကီးသူ​ေတြအျပင္ အသက္ ၂၀ ေက်ာ္အရြယ္၊ ဆယ္ေက်ာ္သက္အရြယ္ေတြလည္း ပါဝင္လာတာေၾကာင့္ လူႀကီး လူငယ္အားလုံး အထူးဂ႐ုစိုက္ဖို႔ လိုအပ္ေနတယ္လို႔လည္း သိရပါတယ္။

Photo – ေအာင္ေက်ာ္မ်ိဳး
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW