COVID-19 ကာကွယ်ဆေးဆိုပြီး ရောင်းချနေသူတွေကို ဥပဒေနဲ့အညီ အရေးယူမယ်

COVID-19 ကာကွယ်ဆေးဆိုပြီး ရောင်းချနေသူတွေကို ဥပဒေနဲ့အညီ အရေးယူမယ်

ရန်ကုန်၊ အောက်တိုဘာ ၂-၂၀၂၀
သိင်္ဂီ(VOM)

လူမှုကွန်ယက် အင်တာနက်စာမျက်နှာနဲ့ online ဈေးကွက်မှာ COVID-19 ကာကွယ်ဆေးဆိုပြီး ရောင်းချနေသူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက သတိပေးပြောဆိုလိုက်ပါတယ်။

အခုလက်ရှိ WHOက အသိအမှတ်ပြုထောက်ခံထားတဲ့ ကိုဗစ်ကာကွယ်ဆေး မရှိသေးတာကြောင့် ပြည်သူတွေအနေနဲ့ အွန်လိုင်းမှာ ကြေညာနေတဲ့ COVID-19 ကာကွယ်ဆေးတွေကို ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့လည်း ပြောဆိုထားတာဖြစ်ပါတယ်။

“လက်ရှိ ယာယီကာကွယ်ဆေးတွေဟာ သုံးလို့မတော်သေးပါဘူး။ သုံးလို့လည်းမရသေးပါဘူး၊ ဈေးကွက်ထဲမှာလည်းဖြန့်ချီရောင်းချလို့မရသေးပါဘူး။ သုံးလို့ သူရဲ့အာနိသင် စိတ်ချရမှုကို ဘယ်သူမှ အာမခံချက်မရှိသေးပါဘူး။ ဈေးကွက်ထဲမှာရောင်းချခွင့်မရှိပါဘူး၊ ရောင်းချရင်လည်း အရေးယူခံရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးအများကြီးကြိုးစားနေကြပေမယ့် အချက် ၆ ချက်ကိုက်ညီမှုရှိရမှာဖြစ်ပါတယ်၊ ကိုက်ညီမှသာ WHOကအသိအမှတ်ပြုတာဖြစ်ပါတယ်။”လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကာကွယ်ဆေးအသစ် တစ်မျိုးမျိုးကို စတင်အသုံးပြုဖို့အတွက် ကာကွယ်ဆေးရဲ့ သက်ဆိုင်ရာရောဂါကိုကာကွယ်နိုင်တဲ့ အာနိသင် ရှိ/ မရှိ၊ လုံလောက်တဲ့ ပဋိဇီဝပစ္စည်း ထုတ်လုပ်နိုင်ဖို့ လှုံ့ဆော်ပေးနိုင်စွမ်း ရှိ/ မရှိ စမ်းသပ်စစ်ဆေးရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဘေးထွက်ဆိုးကျိုးမရှိဘဲ ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရမှု ရှိ / မရှိ၊ ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း ကာကွယ်မှုပေးနိုင်တဲ့ အချိန်ကာလနဲ့ ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးရမယ့် ကာကွယ်ဆေးပမာဏနဲ့ အကြိမ်အရေအတွက်၊ ဓါတ်ခွဲခန်းမှာသာမက လက်တွေ့အပြင်လောကမှာ အသုံးပြုတဲ့အခါ ထိရောက်စွာကာကွယ်နိုင်တဲ့ အစွမ်းအာနိသင် ရှိ/ မရှိကို သိရှိနိုင်ဖို့အပါအဝင် ပြီးပြည့်စုံမှုရှိဖို့အတွက် အရင်ဆုံး တိရစ္ဆာန်တွေဓာတ်ခွဲခန်းမှာ စမ်းသပ်ခြင်းအဆင့် စတဲ့ အချက် ၆ ချက်ကို ပြုလုပ်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီနောက်ပိုင်းမှ လူတွေကို စနစ်တကျလက်တွေ့စမ်းသပ် သုတေသနပြုလုပ်တဲ့အဆင့် (၃)ဆင့် (3 phases of clinical trial)နဲ့ အသိအမှတ်ပြုလိုင်စင်ရရှိပြီး ဈေးကွက်မှာ ရောင်းချချိန်ထိ ဆက်လက်စောင့်ကြပ်ကြည့်ရှုလေ့လာခြင်းတွေကို တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူ စနစ်တကျဆောင်ရွက်ရမှာဖြစ်ပါတယ်။

အခုအချိန်ထိတော့ မည်သည့် နိုင်ငံ၊ မည်သည့် ဆေးကုမ္ပဏီကမှ ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ တတိယအဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှု (phase-3 clinical trial)ကို ပြီးမြောက်ခြင်းမရှိသေးဘူးလို့ သိရပါတယ် ။

“အခု limited approval ၅ခုဟာဆိုရင် သုံးလို့မရသေးပါဘူး။ သူတို့ဟာ သူတို့ဒေသတွင်းမှာပဲ ယာယီပေးတာဖြစ်ပါတယ်။ ယာယီပေးတဲ့ ကာကွယ်ဆေးဟာလည်း pandemic လို့ခေါ်တဲ့ ရောဂါကြီးတွေအတွက်ပဲ လောလောဆယ်ယာယီပေးတာဖြစ်ပါတယ်။ သာမန်အားဖြင့်ကာကွယ်ဆေးကို ယာယီ approval ပေးလေ့မရှိပါဘူး။ လက်ရှိအနေအထားအရ ကာကွယ်ဆေးဟာ လူ ၁၀၀ မှာထိုးရင် ၇၀ မှာ ကာကွယ်မှုရမှသာ ဒါဟာအစွမ်းထက်တယ်လို့ ပြောလို့ရတာဖြစ်တယ်၊ အနည်းဆုံးတော့ ၅၀ ရာခိုင်နူန်းရရမှာဖြစ်ပါတယ်”လို့ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

လက်ရှိမှာတော့ ဒေသတွင်းအသုံးပြုဖို့အတွက် limited use ပေးထားတဲ့ ရုရှားနိုင်ငံအပါအဝင် ကာကွယ်ဆေး ၅ ခုရှိတယ်လို့သိရပြီး အဲ့ဒီကာကွယ်ဆေးဟာလည်း ဒေသတွင်းအတွက် ယာယီကာကွယ်ဆေးသာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ်ကာကွယ်ဆေးဆိုပြီးရောင်းချနေသူ #အရေးယူမယ်

Zawgyi

COVID-19 ကာကြယ္ေဆးဆိုၿပီး ေရာင္းခ်ေနသူေတြကို ဥပေဒနဲ႔အညီ အေရးယူမယ္

ရန္ကုန္၊ ေအာက္တိုဘာ ၂-၂၀၂၀
သိဂႌ(VOM)

လူမႈကြန္ယက္ အင္တာနက္စာမ်က္ႏွာနဲ႔ online ေဈးကြက္မွာ COVID-19 ကာကြယ္ေဆးဆိုၿပီး ေရာင္းခ်ေနသူေတြကို ဥပေဒနဲ႔အညီ အေရးယူသြားမွာျဖစ္တယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ တာဝန္ရွိသူတစ္ဦးက သတိေပးေျပာဆိုလိုက္ပါတယ္။

အခုလက္ရွိ WHOက အသိအမွတ္ျပဳေထာက္ခံထားတဲ့ ကိုဗစ္ကာကြယ္ေဆး မရွိေသးတာေၾကာင့္ ျပည္သူေတြအေနနဲ႔ အြန္လိုင္းမွာ ေၾကညာေနတဲ့ COVID-19 ကာကြယ္ေဆးေတြကို ဝယ္ယူသုံးစြဲျခင္းမျပဳၾကဖို႔လည္း ေျပာဆိုထားတာျဖစ္ပါတယ္။

“လက္ရွိ ယာယီကာကြယ္ေဆးေတြဟာ သုံးလို႔မေတာ္ေသးပါဘူး။ သုံးလို႔လည္းမရေသးပါဘူး၊ ေစ်းကြက္ထဲမွာလည္းျဖန႔္ခ်ီေရာင္းခ်လို႔မရေသးပါဘူး။ သုံးလို႔ သူရဲ႕အာနိသင္ စိတ္ခ်ရမႈကို ဘယ္သူမွ အာမခံခ်က္မရွိေသးပါဘူး။ ေစ်းကြက္ထဲမွာေရာင္းခ်ခြင့္မရွိပါဘူး၊ ေရာင္းခ်ရင္လည္း အေရးယူခံရမွာျဖစ္ပါတယ္။ ကာကြယ္ေဆးအမ်ားႀကီးႀကိဳးစားေနၾကေပမယ့္ အခ်က္ ၆ ခ်က္ကိုက္ညီမႈရွိရမွာျဖစ္ပါတယ္၊ ကိုက္ညီမွသာ WHOကအသိအမွတ္ျပဳတာျဖစ္ပါတယ္။”လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ကာကြယ္ေဆးအသစ္ တစ္မ်ိဳးမ်ိဳးကို စတင္အသုံးျပဳဖို႔အတြက္ ကာကြယ္ေဆးရဲ႕ သက္ဆိုင္ရာေရာဂါကိုကာကြယ္ႏိုင္တဲ့ အာနိသင္ ရွိ/ မရွိ၊ လုံေလာက္တဲ့ ပဋိဇီ၀ပစၥည္း ထုတ္လုပ္ႏိုင္ဖို႔ လႈံ႕ေဆာ္ေပးႏိုင္စြမ္း ရွိ/ မရွိ စမ္းသပ္စစ္ေဆးရမွာျဖစ္ပါတယ္။

ဒါ့အျပင္ ေဘးထြက္ဆိုးက်ိဳးမရွိဘဲ ေဘးအႏၲရာယ္ကင္းၿပီး လုံၿခဳံစိတ္ခ်ရမႈ ရွိ / မရွိ၊ ကာကြယ္ေဆးထိုးၿပီးေနာက္ပိုင္း ကာကြယ္မႈေပးႏိုင္တဲ့ အခ်ိန္ကာလနဲ႔ ကာကြယ္ေဆး ထိုးႏွံ/ တိုက္ေကြၽးရမယ့္ ကာကြယ္ေဆးပမာဏနဲ႔ အႀကိမ္အေရအတြက္၊ ဓါတ္ခြဲခန္းမွာသာမက လက္ေတြ႕အျပင္ေလာကမွာ အသုံးျပဳတဲ့အခါ ထိေရာက္စြာကာကြယ္ႏိုင္တဲ့ အစြမ္းအာနိသင္ ရွိ/ မရွိကို သိရွိႏိုင္ဖို႔အပါအဝင္ ၿပီးျပည့္စုံမႈရွိဖို႔အတြက္ အရင္ဆုံး တိရစာၦန္ေတြဓာတ္ခြဲခန္းမွာ စမ္းသပ္ျခင္းအဆင့္ စတဲ့ အခ်က္ ၆ ခ်က္ကို ျပဳလုပ္ရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

အဲ့ဒီေနာက္ပိုင္းမွ လူေတြကို စနစ္တက်လက္ေတြ႕စမ္းသပ္ သုေတသနျပဳလုပ္တဲ့အဆင့္ (၃)ဆင့္ (3 phases of clinical trial)နဲ႔ အသိအမွတ္ျပဳလိုင္စင္ရရွိၿပီး ေဈးကြက္မွာ ေရာင္းခ်ခ်ိန္ထိ ဆက္လက္ေစာင့္ၾကပ္ၾကည့္ရႈေလ့လာျခင္းေတြကို တစ္ဆင့္ၿပီးတစ္ဆင့္ အခ်ိန္ယူ စနစ္တက်ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။

အခုအခ်ိန္ထိေတာ့ မည္သည့္ ႏိုင္ငံ၊ မည္သည့္ ေဆးကုမၸဏီကမွ ထုတ္လုပ္တဲ့ ကိုဗစ္ကာကြယ္ေဆးဟာ တတိယအဆင့္ လက္ေတြ႕စမ္းသပ္ သုေတသနျပဳမႈ (phase-3 clinical trial)ကို ၿပီးေျမာက္ျခင္းမရွိေသးဘူးလို႔ သိရပါတယ္ ။

“အခု limited approval ၅ခုဟာဆိုရင္ သုံးလို႔မရေသးပါဘူး။ သူတို႔ဟာ သူတို႔ေဒသတြင္းမွာပဲ ယာယီေပးတာျဖစ္ပါတယ္။ ယာယီေပးတဲ့ ကာကြယ္ေဆးဟာလည္း pandemic လို႔ေခၚတဲ့ ေရာဂါႀကီးေတြအတြက္ပဲ ေလာေလာဆယ္ယာယီေပးတာျဖစ္ပါတယ္။ သာမန္အားျဖင့္ကာကြယ္ေဆးကို ယာယီ approval ေပးေလ့မရွိပါဘူး။ လက္ရွိအေနအထားအရ ကာကြယ္ေဆးဟာ လူ ၁၀၀ မွာထိုးရင္ ၇၀ မွာ ကာကြယ္မႈရမွသာ ဒါဟာအစြမ္းထက္တယ္လို႔ ေျပာလို႔ရတာျဖစ္တယ္၊ အနည္းဆုံးေတာ့ ၅၀ ရာခိုင္ႏူန္းရရမွာျဖစ္ပါတယ္”လို႔ ေဒါက္တာ ခင္ခင္ႀကီးက ေျပာပါတယ္။

လက္ရွိမွာေတာ့ ေဒသတြင္းအသုံးျပဳဖို႔အတြက္ limited use ေပးထားတဲ့ ႐ုရွားႏိုင္ငံအပါအဝင္ ကာကြယ္ေဆး ၅ ခုရွိတယ္လို႔သိရၿပီး အဲ့ဒီကာကြယ္ေဆးဟာလည္း ေဒသတြင္းအတြက္ ယာယီကာကြယ္ေဆးသာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ကာကြယ္ေဆးဆိုၿပီးေရာင္းခ်ေနသူ #အေရးယူမယ္

Related posts

Leave a Comment

VOM News

FREE
VIEW