COVID-19 ကာကွယ်ဆေးဆိုပြီး ရောင်းချနေသူတွေကို ဥပဒေနဲ့အညီ အရေးယူမယ်

COVID-19 ကာကွယ်ဆေးဆိုပြီး ရောင်းချနေသူတွေကို ဥပဒေနဲ့အညီ အရေးယူမယ် ရန်ကုန်၊ အောက်တိုဘာ ၂-၂၀၂၀ သိင်္ဂီ(VOM) လူမှုကွန်ယက် အင်တာနက်စာမျက်နှာနဲ့ online ဈေးကွက်မှာ COVID-19 ကာကွယ်ဆေးဆိုပြီး ရောင်းချနေသူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက သတိပေးပြောဆိုလိုက်ပါတယ်။ အခုလက်ရှိ WHOက အသိအမှတ်ပြုထောက်ခံထားတဲ့ ကိုဗစ်ကာကွယ်ဆေး မရှိသေးတာကြောင့် ပြည်သူတွေအနေနဲ့ အွန်လိုင်းမှာ ကြေညာနေတဲ့ COVID-19 ကာကွယ်ဆေးတွေကို ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့လည်း ပြောဆိုထားတာဖြစ်ပါတယ်။ “လက်ရှိ ယာယီကာကွယ်ဆေးတွေဟာ သုံးလို့မတော်သေးပါဘူး။ သုံးလို့လည်းမရသေးပါဘူး၊ ဈေးကွက်ထဲမှာလည်းဖြန့်ချီရောင်းချလို့မရသေးပါဘူး။ သုံးလို့ သူရဲ့အာနိသင် စိတ်ချရမှုကို ဘယ်သူမှ အာမခံချက်မရှိသေးပါဘူး။ ဈေးကွက်ထဲမှာရောင်းချခွင့်မရှိပါဘူး၊ ရောင်းချရင်လည်း အရေးယူခံရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးအများကြီးကြိုးစားနေကြပေမယ့် အချက် ၆ ချက်ကိုက်ညီမှုရှိရမှာဖြစ်ပါတယ်၊ ကိုက်ညီမှသာ WHOကအသိအမှတ်ပြုတာဖြစ်ပါတယ်။”လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ကာကွယ်ဆေးအသစ် တစ်မျိုးမျိုးကို စတင်အသုံးပြုဖို့အတွက် ကာကွယ်ဆေးရဲ့ သက်ဆိုင်ရာရောဂါကိုကာကွယ်နိုင်တဲ့ အာနိသင်…

Read More

ပလက်ဝမြို့မှာ စားသောက်ကုန်တွေ ပစ္စည်းမရှိလို့ ဝယ်မရဖြစ်နေ

ပလက်ဝမြို့မှာ စားသောက်ကုန်တွေ ပစ္စည်းမရှိလို့ ဝယ်မရဖြစ်နေ ပလက်၀ ၊ အောက်တိုဘာ ၁ – ၂၀၂၀ ကိုတိုးကြီး ( VOM) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ရဲ့ အခြေခံ စားသောက်ကုန်စည်ဈေးကွက်ဟာ ဒီမနက် ( အောက်တိုဘာ ၁ ) မှာ ရုတ်တရက်ကြီး မြင့်တက်လာပြီး အခြေခံ စားသောက်ကုန်စည် အရောင်းဆိုင်အများစုက ရောင်းကုန်တွေ ပြတ်လပ်နေတာကြောင့် ဈေးနှုန်းသာရှိပြီး ကုန်ပစ္စည်း မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပလက်ဝမြို့ကို သယ်ယူပို့ဆောင်တဲ့ ကုန်စည်တွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်ဘက်ကနေ တဆင့်သွားလာ ပို့ဆောင်ရတာဖြစ်ပါတယ် ။ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တဲ့လုပ်ငန်းစဉ်တွေကြောင့် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ရောင်းစရာပစ္စည်းမရှိဖြစ်နေတာပါ။ “ ပျံကျဈေးမှာ ဆိုင်တွေတော့ ဖွင့်ထားတယ် ၊ ရောင်းစရာ စားသောက်ကုန်က ပြတ်နေပြီ…

Read More

အသက် ၁၅ နှစ် အရွယ်မိန်းကလေးကိုကျန်းမာရေးမှူးက မဖွယ်မရာပြုကျင့်

အသက် ၁၅ နှစ် အရွယ်မိန်းကလေးကိုကျန်းမာရေးမှူးက မဖွယ်မရာပြုကျင့် နေပြည်တော်၊ အောက်တိုဘာ ၁-၂၀၂၀ ကောင်းလကျ်ာ(VOM) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်မှာရှိတဲ့ ကျန်းမာရေးဆေးခန်းမှာ မနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ဆေခန်းလာပြတဲ့ အသက် ၁၅ နှစ် အရွယ် မိန်းကလေးကို ကျန်းမာရေးမှူးက မဖွယ်မရာပြုကျင့်ခဲ့တယ်ဆိုပြီး အမှုဖွင့်တိုင်ကြားထားတယ်လို့ ဇင်းကျိုက်နယ်မြေရဲစခန်းကနေ သိရပါတယ်။ “အမှုဖွင့်လှစ် တိုင်ကြားထားတယ်ဆိုတာ ဟုတ်ပါတယ်။ ပြုကျင့်တယ်လို့ဆိုသူက ကျန်းမာရေးဝန်ထမ်းဖြစ်နေလို့ အသေးစိတ်အချက်လက်ကိုတော့ လူကိုယ်တိုင် လာရောက်မေးမြန်းစေချင်တယ်”လို့ ပေါင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဇင်းကျိုက်မြို့၊ ကျေးရွာတစ်ရွာမှာနေတဲ့ အ သက် ၁၅ နှစ်အရွယ် မိန်းကလေးနဲ့ အဘွားဖြစ်သူတို့ နှစ်ဦးဟာ ဇလပ်ရပ်ကွက် ကျန်းမာရေးဆေးခန်းကို ကျန်းမာရေးအတွက် လာရောက် စစ်ဆေးကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။ ကုသမှုလာရောက်ခံယူချိန် ကျန်းမာရေးမှူး အသက်(၃၉နှစ်)အရွယ် အမျိုးသားက…

Read More

စစ်ကိုင်း ရဲတပ်ရင်း ၁၆ မှာ တာဝန်ထမ်းဆောင်ဖို့ ရန်ကုန်က ရောက်လာတဲ့ ရဲတပ်သား ၇ ဦးမှာ COVID-19 ရောဂါပိုးတွေ့

စစ်ကိုင်း ရဲတပ်ရင်း ၁၆ မှာ တာဝန်ထမ်းဆောင်ဖို့ ရန်ကုန်က ရောက်လာတဲ့ ရဲတပ်သား ၇ ဦးမှာ COVID-19 ရောဂါပိုးတွေ့ စစ်ကိုင်း၊ အောက်တိုဘာ- ၁ -၂၀၂၀ ရှိုင်းအောင်(VOM) ရန်ကုန်မြို့ကနေ စစ်ကိုင်းမြို့နက်အတွင်းမှာရှိတဲ့ ရဲတပ်ရင်း ၁၆ မှာ တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတဲ့ ရဲ့တပ်သား ၉ ဦးထဲက ၇ ဦးဟာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါက်တာသော်တာထက်က VOM ကိုပြောပါတယ်။ “သူတို့က ရန်ကုန်ကနေ စစ်ကိုင်းကို ၂၂ ရက်နေ့ကရောက်လာတယ် ၉ ဦးစလုံးကိုစစ်တာ ၂ ဦးကတော့ ပိုးမတွေ့ဘူး ပိုးမတွေ့တဲ့သူ ၂ ဦးကိုလည်း ဒုတိယအကြိမ် စစ်ဆေးသွားအုံးမှာပါ” လို့ ဒေါက်တာသော်တာထက်ကပြောပါတယ်။ အခု COVID-19 ရောဂါပိုးတွေ့ရှိတဲ့ ရဲတပ်သား ၇ ဦးဟာ ရန်ကုန်တိုင်းအတွင်းက…

Read More

လူ ၉၀ ကျော် ကိုဗစ်ပိုးကူးစက်တဲ့ Music Zone KTV ကို အမှုဖွင့်ပြီ

လူ ၉၀ ကျော် ကိုဗစ်ပိုးကူးစက်တဲ့ Music Zone KTV ကို အမှုဖွင့်ပြီ ရန်ကုန်-အောက်တိုဘာ ၁-၂၀၂၀ သိင်္ဂီ(VOM) Music Zone KTV ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီးသင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းက အမှုဖွင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “”အခြေနေကတော့ဘာမှမသိရသေးဘူး။ ကျန်းမာရေးက တရားလိုလုပ်တာဟုတ်တယ် ရဲစခန်းကအမှုဖွင့်တယ်။ အမှုသွားအမှုလာတော့မသိသေးဘူး။”လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူကပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူများစွာ ရောဂါပိုးကူးစက်ခံခဲ့ရတဲ့အတွက် Music Zone KTV စားသောက်ဆိုင် ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) နဲ့ အမှုဖွင့်လိုက်ပြီ လို့ သင်္ဃန်းကျွန်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပြောဆိုထားပါတယ်။ Music Zone ဆိုင်ဟာ ကိုဗစ်ကာလမှာတားမြစ်ထားတဲ့…

Read More

ရွေးကောက်ပွဲကာလ သတင်းယူရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ

( နိုဝင်ဘာ ၈ရက်နေ့မှာကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် သတင်းဌာနအသီးသီးဟာ ပြင်ဆင်မှုမျိုးစုံလုပ်နေကြပြီဖြစ်တာမို့ အယ်ဒီတာတွေ၊သတင်းထောက်တွေအတွက် သိသင့်သိထိုက်တာတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ အငြိမ်းစားဌာနမှူးဖြစ်တဲ့ ဒေါ်တင်ထားဆွေက သူ့ရဲ့အတွေ့အကြုံတွေကို ဝေမျှထားတာဖြစ်ပါတယ်) အယ်ဒီတာ ( VOM) ရွေးကောက်ပွဲကာလ သတင်းယူရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ ရွေးကောက်ပွဲကာလ သတင်းထောက်တွေလိုက်နာရမယ့် ကျင့်ဝတ်တွေကို သက်ဆိုင်ရာ သတင်းဌာနတွေက ရွေးကောက်ပွဲ မတိုင်မီမှာ ထုတ်ပြန်လေ့ရှိပါတယ်။ ဥပမာ ဘီဘီစီက အယ်ဒီတိုးရီးယား ဂိုက်လိုင်းမှာ ရွေးကောက်ပွဲ သတင်းယူတာနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေ ဖော်ပြထားပေမယ့်လည်း ရွေးကောက်ပွဲနီးလာတဲ့အခါမှာ သတင်းထောက်တွေလိုက်နာရမယ့် ကျင့်ဝတ်စည်းမျဥ်းအသေးစိတ်ကို ထုတ်ပြန်ပေးပါတယ်။ ‌ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ နိုင်ငံရေးအခြေအနေက အရင်လိုမဟုတ်ပဲ ပြောင်းသွားနိုင်တာကြောင့် သတင်းထောက်တွေ လိုက်နာရမယ့် ဂိုက်လိုင်းတွေ ကို ပြန်လည်သုံးသပ်ပြီး လိုအပ်တာတွေကို ဖြည့်စွက်ဖော်ပြပေးပါတယ်။ သတင်းတိုက်အသီးသီးက ရွေးကောက်ပွဲကာလ သတင်းယူတဲ့အခါမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ထုတ်ပြန်ထားလေ့ရှိတာမို့…

Read More
VOM News

FREE
VIEW