ရွေးကောက်ပွဲကာလ သတင်းယူရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ

( နိုဝင်ဘာ ၈ရက်နေ့မှာကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် သတင်းဌာနအသီးသီးဟာ ပြင်ဆင်မှုမျိုးစုံလုပ်နေကြပြီဖြစ်တာမို့ အယ်ဒီတာတွေ၊သတင်းထောက်တွေအတွက် သိသင့်သိထိုက်တာတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ အငြိမ်းစားဌာနမှူးဖြစ်တဲ့ ဒေါ်တင်ထားဆွေက သူ့ရဲ့အတွေ့အကြုံတွေကို ဝေမျှထားတာဖြစ်ပါတယ်)

အယ်ဒီတာ ( VOM)

ရွေးကောက်ပွဲကာလ သတင်းယူရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ

ရွေးကောက်ပွဲကာလ သတင်းထောက်တွေလိုက်နာရမယ့် ကျင့်ဝတ်တွေကို သက်ဆိုင်ရာ သတင်းဌာနတွေက ရွေးကောက်ပွဲ မတိုင်မီမှာ ထုတ်ပြန်လေ့ရှိပါတယ်။ ဥပမာ ဘီဘီစီက အယ်ဒီတိုးရီးယား ဂိုက်လိုင်းမှာ ရွေးကောက်ပွဲ သတင်းယူတာနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေ ဖော်ပြထားပေမယ့်လည်း ရွေးကောက်ပွဲနီးလာတဲ့အခါမှာ သတင်းထောက်တွေလိုက်နာရမယ့် ကျင့်ဝတ်စည်းမျဥ်းအသေးစိတ်ကို ထုတ်ပြန်ပေးပါတယ်။ ‌

ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ နိုင်ငံရေးအခြေအနေက အရင်လိုမဟုတ်ပဲ ပြောင်းသွားနိုင်တာကြောင့် သတင်းထောက်တွေ လိုက်နာရမယ့် ဂိုက်လိုင်းတွေ ကို ပြန်လည်သုံးသပ်ပြီး လိုအပ်တာတွေကို ဖြည့်စွက်ဖော်ပြပေးပါတယ်။

သတင်းတိုက်အသီးသီးက ရွေးကောက်ပွဲကာလ သတင်းယူတဲ့အခါမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ထုတ်ပြန်ထားလေ့ရှိတာမို့ ကျွန်မအခု စုစည်းဖော်ပြထားတဲ့ ကျင့်ဝတ်တွေက အယ်ဒီတာတွေနဲ့ သတင်းထောက်တွေ ယေဘုယျ လိုက်နာရမယ့်ကျင့်ဝတ်တွေဖြစ်ပါတယ်။

မီဒီယာတွေ ဘက်လိုက်မှု ရှိမရှိ အစမ်းသပ် အခံရဆုံးအချိန်က ရွေးကောက်ပွဲကာလလို့ပြောရင် မှားမယ်မထင်ပါဘူး။ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းတွေတင်ပြတဲ့ အခါမှာ သတင်းထောက်တွေ အနေ နဲ့ မမှိတ်မသုံလိုက်နာရမယ့် အချက်နှစ်ချက်ရှိပါတယ်။ အဲဒါကတော့ နိုင်ငံရေး သတင်းတွေကို တင်ပြတဲ့အခါမှာ တိကျမှန်ကန်မှု နဲ့ ဘက်လိုက်မှုမရှိပဲ သမာသမတ်ရှိရှိ တင်ပြဖို့ဖြစ်ပါတယ်။

တိကျမှန်ကန်မှု

သတင်းဦးဖို့ထက် တိကျမှန်ကန်မှုရှိဖို့က ပို အရေးကြီးပါတယ်။
တိကျမှန်ကန်မှု ဆိုတာ အချက်အလက်တွေမှန်ကန်တာတစ်ခုတည်းကိုမဆိုလိုပါဘူး။ အချက်အလက်မှန်ဖို့ လိုသလို သတင်းနဲ့ ဆက်စပ်နေတဲ့ ဆီလျော်တဲ့ သဘောထားအမြင်တွေကိုပါထည့်သွင်းစဥ်းစားဖို့လိုပါတယ်။ တိကျမှန်ကန်တဲ့ သတင်းဟုတ်မဟုတ်ကို စိစစ်တဲ့အခါမှာ အောက်ဖော်ပြပါအချက်တွေကို ထည့်သွင်း စဥ်းစား ဖို့လိုပါတယ်။

 ရရှိတဲ့သတင်းအချက်အလက်က သတင်းဖြစ်တဲ့နေရာမှာ ရောက်နေတဲ့ သတင်းထောက် သို့မဟုတ် မျက်မြင်သက်သေဆီကသတင်းလား ?

 သတင်းအရင်းအမြစ် တစ်ခုတည်းကို ကိုးကားဖော်ပြတာမျိုးကို အတတ်နိုင်ဆုံးရှောင်ရန် (တကယ်လို့ သတင်းအရင်းအမြစ်တစ်ခုတည်းကို ကိုကားမယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းဖြစ်ဖို့လိုသလို သတင်းအရင်းအမြစ်ကို လိုအပ်ရင် အမည်နဲ့တကွ ဖော်ပြနိုင်ဖို့လိုပါတယ်)

 ရရှိတဲ့အချက်အလက်တွေနဲ့ ကိန်းဂဏန်း စာရင်းဇယားတွေကိုစိစစ်ပါမယ်။ စိစစ်တဲ့အခါမှာ သတိပြုရမယ့်အချက်တွေပါရင် မှတ်သားထားဖို့လိုပါတယ်။

 စာရွက်စာတမ်းအထောက်အထားတွေ နဲ့ ဒစ်ဂျစ်တယ် အထောက်အထားတွေ ရရှိရင် ခိုင်လုံမှုရှိမရှိစိစစ်ရန်

 ပါဝင်ပတ်သက်သူတွေရဲ့ပြောဆိုစွပ်စွဲချက်တွေက ခိုင်မာမှုရှိမရှိစစ်ဆေးရန် တို့ဖြစ်ပါတယ်။

ရွေးကောက်ပွဲကာလ အင်တာဗျူး

နိုင်ငံရေးပါတီတွေနဲ့ အင်တာဗျူးတွေက မဲဆန္ဒရှင်တွေ နဲ့ ပါတီတွေကို မိတ်ဆက်ပေးတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကာလမှာ လိုအပ်တဲ့ အစီအစဥ်တစ်ခုဖြစ်ပါတယ်။

• နိင်ငံရေးနဲ့သက်ဆိုင်တဲ့အင်တာဗျူးတွေလုပ်ဖို့ နိုင်ငံရေးပါတီ သို့မဟုတ် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အင်တာဗျူးတောင်းတဲ့ အခါမှာ ကိုယ်တောင်းတဲ့အင်တာဗျူးကို ဘယ်အစီအစဥ်ကနေ တင်ဆက်မယ်ဆိုတာရယ်၊ ဘယ်လိုအကြောင်းအရာနဲ့ ဆက်စပ်ပြီး တင်ပြမယ်ဆိုတာရယ်ကို အင်တာဗျူးပေးတဲ့ သူသိအောင်လို့ ရှင်းပြဖို့တာဝန်ရှိပါတယ်။ မပြောပဲလွှင့်လိုက်ပြီးမှ ကန့်ကွက်တာမျိုးတွေမဖြစ်အောင်လို့ ကြိုတင်အသိပေးဖို့လိုပါတယ်။

• အင်တာဗျူးလုပ်တဲ့အခါမှာ မေးသင့်မေးထိုက်တဲ့မေးခွန်းတွေကို မေးရပါမယ်။ မေးသင့်တဲ့မေးခွန်းတွေကို မမေးပဲ ချန်လှပ်ထားတာမျိုးမလုပ်ရပါဘူး။ ပါတီခေါင်းဆောင်တွေကို အင်တာဗျူးလုပ်မယ်ဆိုရင် ဘက်မလိုက်ပဲ မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေကို ရဲရဲတင်းတင်း မေးရပါမယ်။ ကြားဖောက်မေးရမှာ အားနာပြီး ပါတီခေါင်းဆောင်ပြောသမျှကို ခေါင်းညိတ် နားထောင်နေရင် အင်တာဗျူးက အင်တာဗျူးနဲ့မတူတော့ပဲ ပါတီကို ကြော်ငြာဝင်သလို ဖြစ်သွားနိုင်ပါတယ်။

• ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေ မေးမယ်ဆိုရင် ကိုယ့်မေးလိုက်တဲ့ မေးခွန်းကြောင့် သူတို့ကို ကြော်ငြာပေးလိုက်သလို မဖြစ်အောင် သတိထားဖို့လိုပါတယ်။

• ပါတီခေါင်းဆောင်တွေ နဲ့ အင်တာဗျူးလုပ်တဲ့အခါမှ သတင်းထောက်က မိမိရဲ့ လေယူလေသိမ်း နဲ့ မျက်နှာအမူအရာ ကိုအထူးသတိထားဖို့လိုပါတယ်။ တချို့သောပါတီ ခေါင်းဆောင်တွေကို ရိုရိုသေသေ ဆက်ဆံပြီး တချို့ကို မလေးမစား ဆက်ဆံတမျိုး၊ မေးခွန်းမေးတဲ့အခါမှာ တချို့ကို ယဥ်ယဥ်ကျေးကျေး မေးပြီး တချို့ကို ခပ်ဆတ်ဆတ်မေးတာမျိုးတွေ မလုပ်ရပါဘူး။

ဘက်မလိုက်ရေးနှင့်မျှတရေး

ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းတင်ပြချက်တွေအားလုံးက ဘက်လိုက်မှုကင်းရှင်းတဲ့ သတင်းတင်ပြချက်ဖြစ်ဖို့လိုပါတယ်။

နိုင်ငံရေးပါတီ

နိုင်ငံရေးပါတီတစ်ခုနဲ့တစ်ခုအကြားမှာ လူထုထောက်ခံမှုအား မညီမျှတာတွေရှိနိုင်ပါတယ်။ ဥပမာ အရွယ်အစားငယ်တဲ့နိုင်ငံရေးပါတီတွေ နဲ့ ပူပူနွေး‌နွေးအသစ်ဖွဲ့စည်းလိုက်တဲ့ ပါတီတွေက ပါတီကြီးတွေလောက် လူထုထောက်ခံမှုအား ရှိချင်မှရှိမယ်ဆိုတာကို သတိမှုရပါတယ်။ အဲဒါကြောင့် သတင်းဌာနတွေက လူထုထောက်ခံမှု အားကောင်းတဲ့ ပါတီကြီးတွေရဲ့ သတင်းတွေကိုသာ ဦးစားပေး ဖော်ပြတာမျိုးမဖြစ်အောင် အထူးသတိထားရပါတယ်။
အားလုံးကို မျှမျှတတ အခွင့်အရေးပေးတဲ့အနေနဲ့ နိုင်ငံရေးပါတီတွေအားလုံးကို အညီအမျှ အချိန်ပေးဖို့လိုပါတယ်။ (နိုင်ငံရေးပါတီ ၉၀ ကျော်ဆိုရင် အချိန်အညီအမျှပေးဖို့မလွယ်တဲ့အတွက် မျှတအောင်ဘယ်လိုလုပ်မလဲဆိုတာနောက်ပိုင်းမှာရှင်းပြထားပါတယ်။)

ရေဒီယို တီဗီ အွန်လိုင်း သတင်းစာ အစရှိတဲ့ ပလက်ဖောင်းမျိုးစုံ ပေါ်မှာ နိုင်ငံရေးပါတီတွေကို အချိုးညီ အချိန်ပေးရမယ်လို့ ဆိုပေမယ့် ကိန်းဂဏန်းအရ အချိုးတူ အချိန်ကန့်သတ်ပေးရမယ်လို့ မဆိုလိုပါဘူး။

တစ်ရက်ထဲမှာပဲ ပါတီတွေအားလုံးကို ညီတူညီမျှ အချိန်ပေးရမယ်လို့လည်းမဆိုလိုပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ တလျှောက် တသီးပုဂ္ဂလအမတ်တွေအပါအဝင် နိုင်ငံရေးပါတီတွေ အားလုံးကို တူညီတဲ့ အခွင့်အရေးပေးရပါမယ်။ တကယ်လို့ ပါတီတစ်ခုခုကို ဒါမှမဟုတ် ပါတီတစ်ချို့ကို အချိန်ပိုပေးပြီး တင်ဆက်တာတွေရှိခဲ့ရင် အယ်ဒီတိုရီးယား လိုအပ်ချက်ကြောင့် တင်ပြရပါတယ် ဆိုတဲ့အကြာင်းပြချက်က မခိုင်လုံပါဘူး။ အယ်ဒီတိုးရီးယားဆုံးဖြတ်ချက်တိုင်းက ဘက်လိုက်ခြင်းမရှိပဲ သမာသမတ်ကျကျတင်ပြရမယ်ဆိုတဲ့ မူနဲ့ အညီ ဆုံးဖြတ်ရတာဖြစ်တဲ့အတွက် အယ်ဒီတိုးရီးယား လိုအပ်ချက်ကြောင့် လို့ ပြောလို့မရပါဘူး။

တခါတရံ ပါတီတစ်ခုက ခေါင်းကြီးသတင်းဖြစ်နေတဲ့ အခြေအနေမျိုးနဲ့ ကြုံရတတ်ပါတယ်။ ခေါင်းကြီးသတင်း ဖြစ်တဲ့အတွက် သတင်းဖော်ပြတဲ့အခါမှာ တခြားပါတီတွေထက် အချိန်ပိုပေး ပြီးဖော်ပြရတာမျိုး နဲ့ ကြုံရတတ်ပါတယ်။ ဒီလိုဖော်ပြလိုက်ရတဲ့အတွက် ဘက်လိုက်မှုမရှိအောင်လို့ ကျန်တဲ့ ပါတီတွေ သို့မဟုတ် ကိုယ်စားလှယ်လောင်းတွေ ကို သင့်တော်တဲ့အချိန်မှာ အလားတူအချိန်ပေးဖော်ပြပေးဖို့ လိုပါတယ်။

စောစောကပြောသလို ရွေးကောက်ပွဲတင်မယ့် နိုင်ငံရေးပါတီတွေ သိပ်များနေရင် တပြေးညီဖော်ပြဖို့ လက်တွေ့မှာ အခက်အခဲရှိနိုင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘီဘီစီက ချမှတ်ထားတဲ့ စည်းမျဥ်းတစ်ခု ကို နမူနာ အနေနဲ့ပြောပြချင်ပါတယ်။ အင်္ဂလန်မှာ လူထုထောက်ခံမှု အများအပြားရရှိထားတဲ့ ပါတီကြီးတွေဖြစ်ကြတဲ့ ကွန်ဆာဗေးတစ်၊ လေဘာ နဲ့ လစ်ဗရယ်ပါတီကြီး သုံးခုကို ဘီဘီစီက ရုပ်သံ၊ ရေဒီယို အွန်လိုင်း ပလက်ဖောင်းတွေမှာ တပြေးညီ အချိန်ပေးပါတယ်။ ‌ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တီဗီ၊ ရေဒီယို၊ အွန်လိုင်း အစီအစဥ်တွေမှာ ပါဝင်ဖို့ ဒီပါတီသုံးခုက ကိုယ်စားလှယ်တွေကိုအလျဥ်းသင့်သလို ဖိတ်ခေါ် ပြီး တူညီတဲ့အခွင့်အရေးပေးပါတယ်။

ဒါပေမဲ့ လူထုထောက်ခံမှုအားနည်းတဲ့ ကျန်တဲ့ ပါတီတွေ နဲ့ ပတ်သက်ပြီး ဘီဘီစီက ချမှတ်ထားတဲ့ လမ်းညွှန်ချက်က လွှတ်တော်ကိုယ်စားလှယ်နေရာစုစုပေါင်းရဲ့ ခြောက်ပုံတစ်ပုံ မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ ကို ကွန်ဆာဗေးတစ်၊ လေဘာ နဲ့ လစ်ဗရယ် ပါတီကြီးသုံးခု နည်းတူ အွန်လိုင်းအပါအဝင် ရုပ်သံ၊ ရေဒီယို မှာ တပြေးညီ အချိန်ပေးပြီး တင်ဆက်ပေးရပါတယ်။

ပါတီကြီးတွေနဲ့ တပြေးညီ အချိန်ပေးရမယ်ဆိုပေမဲ့ တကယ့်လက်တွေမှာ ပြောသလောက်မလွယ်ကူတာကို အယ်ဒီတာတွေ နားလည်မှာပါ။ ဒါကို ဖြေရှင်းနိုင်တဲ့ နည်းတနည်းက ရွေးကောက်ပွဲကာလအတွင်း နေ့စဥ် တင်ဆက်နေတဲ့ သတင်းမဂ္ဂဇင်းအစီအစဥ်တွေမှာ နိုင်ငံရေးပါတီတစ်ခုခြင်းဆီ ရဲ့ အကြာင်းကို တင်ဆက်ပေးတဲ့နည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းစာရင်းကို အလျဥ်းသင့်ရင်သင့်သလို ဖော်ပြပေးတာကလည်း ပါတီတွေအားလုံးကို တူညီတဲ့ အခွင့်အရေးပေးတဲ့ သဘောဆောင်ပါတယ်။

တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း

တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကို အားပေးထောက်ခံတဲ့မဲဆန္ဒရှင်တွေအများအပြားရှိပါတယ်။ သူတို့ကို ပါတီကိုယ်စားလှယ်လောင်းတွေလိုပဲ တန်းတူအခွင့်အရေးပေးရပါတယ်။ ရုပ်သံ/ရေဒီယို အွန်လိုင်းမှာ အလျဥ်းသင့်သလို တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ ရဲ့ အကြောင်းကို တင်ဆက်ပေးဖို့ လိုပါတယ်။ ဒီလိုပြုလုပ်တာက တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ နဲ့ ပရိသတ်ကို မိတ်ဆက်ပေးတဲ့ သဘောဆောင်သလို သတင်းတိုက်ဖက်ကကြည့်ရင်လည်း ကိုယ်စားလှယ်အားလုံးကို တန်းတူအခွင့်အရေး ပေးတဲ့သဘောဆောင်ပါတယ်။

လူသိထင်ရှားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ကို အင်တာဗျူးလုပ်မယ်ဆိုရင် သူပြိုင်မယ့် မဲဆန္ဒနယ်မြေ မှာ ဝင်ပြိုင်ကြမယ့် တခြားကိုယ်စားလှယ်လောင်းတွေကိုပါ အင်တာဗျုးလုပ်မှသာ မျှတတဲ့ တင်ဆက်မှု ဖြစ်နိုင်ပါတယ်။

ပညာရှင်၊ ကျွမ်းကျင်သူ၊ သတင်းသမား၊ သုတေသီ၊ ပရဟိတ္တအသင်းကိုယ်စားလှယ်
ရွေးကောက်ပွဲကာလမှာ ပညာရှင်၊ ကျွမ်းကျင်သူ၊ နိုင်ငံရေးအကဲခတ်၊ သတင်းသမား၊ သုတေသီ၊ ပရဟိတ္တအသင်းကိုယ်စားလှယ် အစရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ သဘောထားအမြင်တွေ၊ သုံးသပ်ချက်တွေ ကို ရေဒီလို ရုပ်သံနဲ့ အွန်လိုင်း အစီအစဥ်တွေမှာ တင်ဆက်ပြသလေ့ရှိပါတယ်။ အစီအစဥ်မှာ ပါဝင်ဆွေးနွေးသူတွေအားလုံးကို ကြားနေသူတွေလို့ တထစ်ချ ယူဆလို့မရပါဘူး။ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ရှိသူတွေလည်းပါနိုင်ပါတယ်။ တကယ်လို့ ဒီလိုလူတွေပါတယ်ဆိုရင် သူတို့ရဲ့ပါတီနောက်ခံတွေကို ရှင်းရှင်းလင်း ဖော်ပြဖို့လိုအပ်ပါတယ်။ ဥပမာ ပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်က နိုင်ငံရေးပါတီတစ်ခုခု နဲ့ ပတ်သက်နေတဲ့အဖွဲ့အစည်းရဲ့ ကူညီပံ့ပိုးမှုနဲ့ ရပ်တည်နေတယ်ဆိုရင်လည်း သူ့ရဲ့နောက်ခံ ကိုဖော်ပြဖို့ လိုပါတယ်။

ရုပ်သံမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ ပိုစတာတွေကို ပြသတဲ့အခါမှာ ကိုယ်စားလှယ်လောင်းတစ်ဦးတည်း ရဲ့ အမည်/ရုပ်ပုံကို အသားပေး ဖော်ပြတာ မျိုးမလုပ်ရပါဘူး၊ ဒီလိုလုပ်ခြင်းအားဖြင့်အဆိုပါ ကိုယ်စားလှယ် လောင်းကိုတခြားကိုယ်စားလှယ်လောင်းတွေထက် တစ်ပန်းသာအောင်ကြော်ငြာပေးသလို ဖြစ်သွားနိုင် ပါတယ်။

သတင်းထောက်တွေအနေနဲ့ နိုင်ငံရေးပါတီရဲ့တံဆိပ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ရုပ်ပုံ ပါတီရဲ့ အရောင်တွေကို ဝတ်ဆင်ခြင်းမပြုရပါဘူး။ ဆိုရှယ်မီဒီယာ (သတင်းထောက်တွေရဲ့ ဖေ့စ်ဘုတ်ပရိုဖိုင်မှာလည်း နိုင်ငံရေးပါတီပုံ ကိုယ်စားလှယ်လောင်းရုပ်ပုံ ၊ တံဆိပ်၊ အ‌ရောင်တွေကို ဝတ်ဆင်ပြီး ပရိုဖိုင်ပုံ တင်လို့ မရပါဘူး) ဆိုရှယ်မီဒီယာအကောင့်က ပုဂ္ဂလိကအကောင့် လို့ဆိုပေမယ့် ကိုယ့်ရဲ့ သတင်းဌာန ပုံရိပ်ကို ထိခိုက်နိုင်သလို သတင်းထောက်ရဲ့ နိုင်ငံရေးခံယူချက်က သူတင်ပြတဲ့ သတင်းတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ပရိသတ်က မြင်သွားနိုင်ပါတယ်။

ရွေးကောက်ပွဲကာလအတွင်းစစ်တမ်းကောက်ယူမှု

တကယ်လို့ သတင်းဌာနတစ်ခုခုက စစ်တမ်းကောက်ယူမယ်ဆိုရင် စစ်တမ်းရဲ့ ရလာဒ်က သတင်းတိုက်ရဲ့ သဘောထားအမြင်လွှမ်းမိုးမှုမရှိတဲ့ တိကျမှန်ကန်တဲ့ စစ်တမ်းဖြစ်ဖို့လိုပါတယ်။ တိကျမှန်ကန်မှုရှိမရှိ အကဲဖြတ်နိုင်အောင် စစ်တမ်းကောက်ယူပုံနည်းစံနစ်၊ ဒေတာ တွေကို သတင်းတိုက်က အချိန်မရွေး ချပြဖို့ အဆင်သင့်ပြင်ဆင် ထားဖို့လိုပါတယ်။

စစ်တမ်းရဲ့ရလာဒ်ကို ဖော်ပြတဲ့အခါမှာ စကားလုံးအသုံးအနှုန်းကို သတိထားရပါတယ်။ ဥပမာ စစ်တမ်းက “ အကြံပြုသည်” “အဆိုပြုသည်””ညွှန်ပြသည်” လို့သာသုံးရပါတယ်။ “သက်သေပြသည်” “ထင်ထင်ရှားရှားဖော်ပြသည်” ဆိုတဲ့ အသုံးအနှုန်းမျိုးကိုရှောင်ရပါတယ်။

သဘောထားစစ်တမ်းရလာဒ် ကို ဘယ်အချိန်မှာ ထုတ်ပြန်မလဲဆိုတာအရေးကြီးပါတယ်။ မဲရုံတွေပိတ်ပြီး မှသာ သဘောထားစစ်တမ်းရဲ့ရလာဒ်ကို တင်ပြခွင့်ရှိပါတယ်။ မဲရုံတွေမပိတ်ခင် မဲဆန္ဒရှင်တွေက ဘယ်ပါတီကိုမဲထည့်ခဲ့တယ်ဆိုတာကိုဖော်ပြခွင့်မရှိပါဘူး။ ဗြိတိန်မှာဒီစည်းမျဥ်းကို ချိုးဖောက်ရင် ရာဇဝတ်ပြစ်မှု မြောက်ပါတယ်။

ပရိသတ်ပါဝင်မှု

ရေဒီယို ရုပ်သံ ဝက်ဆိုက်ပေါ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပရိသတ်ရဲ့ သဘောထားအမြင်တွေ တင်ပြပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ တင်ပြတဲ့အခါမှာ မျှတမှုရှိဖို့လိုပါတယ်။ နိုင်ငံရေးပါတီတွေထဲက ပါတီတစ်ခုခုကိုပဲ လူထုက အင်တိုက်အားတိုက်ထောက်ခံနေတဲ့ ပုံစံမဖြစ်အောင်ဂရုစိုက်ဖို့လိုပါတယ်။

နိုင်ငံရေးပါတီဝင်သတင်းသမား

ဒီမိုကရေစီစံနစ်အောက်မှာ သတင်းသမားတွေက မိမိနှစ်သက်ရာ နိုင်ငံရေးပါတီရဲ့ အဖွဲ့ဝင်ဖြစ်ခွင့်ရှိသလို မဲပေးခွင့်လည်းရှိပါတယ်။ သတင်းသမားတွေက ရွေးကောက်ပွဲကာလမှာ မိမိရဲ့ ပါတီအတွက် မဲဆွယ်စည်းရုံးတာ၊ ပါတီအောင်နိုင်ရေးအတွက် နိင်ငံရေးလှုပ်ရှားမှုတွေကို လုပ်ခွင့်မရှိပါဘူး။

သတင်းထောက်တွေရဲ့လုံခြုံရေး

‌ရွေးကောက်ပွဲကာလမှာ မမျှော်လင့်ပဲ အကြမ်းဖက်မှုဖြစ်နိုင်ပါတယ်။ လူစုလူဝေးနေရာတွေမှာ သတင်းယူတဲ့အခါ အမျိုးသမီးသတင်းထောက်တွေကအမျိုးသားတွေထက်ပိုပြီးအန္တရာယ်များပါတယ်။ လူစုလူဝေးနေရာတွမှာ သတင်းသွားမယူခင် တဖက်နဲ့တဖက် အချင်းများတာပဲဖြစ်ဖြစ် အကြမ်းဖက်တိုက်ခိုက်တာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် ဘယ်လိုကာကွယ်မလဲဆိုတာကို အယ်ဒီတာနဲ့ ကြိုတင်ဆွေးနွေးဖို့လိုပါတယ်။ ပဋိပက္ခဖြစ်နိုင်တဲ့နေရာတွေမှာ မကြာခဏသတင်းယူရတဲ့ သတင်းထောက်တွေကို ရှေးဦးသူနာပြုသင်တန်းအပါအဝင် လုံခြုံရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေစီစဥ်ပေးသင့်ပါတယ်။ လူစုလူဝေးနေရာတွေမှာ သတင်းသွားယူနဲ့အခါ တောက်ပတဲ့ အရောင်အင်္ကျီမဝတ်ဖို့၊ ကင်မရာသမားက ကင်မရာရိုက်နေရင် နောက်တယောက်က ကင်မရာသမားနောက်ကနေ ဘေးပတ်ဝန်းကျင်ကိုအကဲခတ်ဖို့၊ ပြေးလို့လွယ်တဲ့ ဖိနပ်စီးဖို့၊ အဖွဲ့နဲ့ သွားတယ်ဆိုရင်လည်း အချင်းချင်းဆက်သွယ်နိုင်တဲ့နည်းတွေကို ညှိနှိုင်းထားဖို့ အစရှိတဲ့ ကြိုတင်ပြင်ဆင်မှုတွေကို သတင်းတိုက်တွေက ပြုလုပ်ပေးခြင်းအားဖြင့် သတင်းထောက်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။

တင်ထားဆွေ
အောင်တိုဘာ ၁ရက် ၂၀၂၀

Zawgyi

ေ႐ြးေကာက္ပြဲကာလ သတင္းယူရာတြင္ လိုက္နာရမည့္ က်င့္ဝတ္မ်ား

( ႏိုဝင္ဘာ ၈ရက္ေန႔မွာက်င္းပေတာ့မယ့္ ေ႐ြးေကာက္ပြဲအတြက္ သတင္းဌာနအသီးသီးဟာ ျပင္ဆင္မႈမ်ိဳးစုံလုပ္ေနၾကၿပီျဖစ္တာမို႔ အယ္ဒီတာေတြ၊သတင္းေထာက္ေတြအတြက္ သိသင့္သိထိုက္တာေတြကို ဘီဘီစီျမန္မာပိုင္းရဲ႕ အၿငိမ္းစားဌာနမႉးျဖစ္တဲ့ ေဒၚတင္ထားေဆြက သူ႔ရဲ႕အေတြ႕အႀကဳံေတြကို ေဝမွ်ထားတာျဖစ္ပါတယ္။ )
အယ္ဒီတာ ( VOM)

ေ႐ြးေကာက္ပြဲကာလ သတင္းေထာက္ေတြလိုက္နာရမယ့္ က်င့္ဝတ္ေတြကို သက္ဆိုင္ရာ သတင္းဌာနေတြက ေ႐ြးေကာက္ပြဲ မတိုင္မီမွာ ထုတ္ျပန္ေလ့ရွိပါတယ္။ ဥပမာ ဘီဘီစီက အယ္ဒီတိုးရီးယား ဂိုက္လိုင္းမွာ ေ႐ြးေကာက္ပြဲ သတင္းယူတာနဲ႔ ပတ္သက္ၿပီး ေဆာင္ရန္ ေရွာင္ရန္ေတြ ေဖာ္ျပထားေပမယ့္လည္း ေ႐ြးေကာက္ပြဲနီးလာတဲ့အခါမွာ သတင္းေထာက္ေတြလိုက္နာရမယ့္ က်င့္ဝတ္စည္းမ်ဥ္းအေသးစိတ္ကို ထုတ္ျပန္ေပးပါတယ္။ ‌

ေ႐ြးေကာက္ပြဲလုပ္တဲ့အခ်ိန္မွာ ႏိုင္ငံေရးအေျခအေနက အရင္လိုမဟုတ္ပဲ ေျပာင္းသြားႏိုင္တာေၾကာင့္ သတင္းေထာက္ေတြ လိုက္နာရမယ့္ ဂိုက္လိုင္းေတြ ကို ျပန္လည္သုံးသပ္ၿပီး လိုအပ္တာေတြကို ျဖည့္စြက္ေဖာ္ျပေပးပါတယ္။

သတင္းတိုက္အသီးသီးက ေ႐ြးေကာက္ပြဲကာလ သတင္းယူတဲ့အခါမွာ လိုက္နာရမယ့္ က်င့္ဝတ္ေတြ ထုတ္ျပန္ထားေလ့ရွိတာမို႔ ကြၽန္မအခု စုစည္းေဖာ္ျပထားတဲ့ က်င့္ဝတ္ေတြက အယ္ဒီတာေတြနဲ႔ သတင္းေထာက္ေတြ ေယဘုယ် လိုက္နာရမယ့္က်င့္ဝတ္ေတြျဖစ္ပါတယ္။

မီဒီယာေတြ ဘက္လိုက္မႈ ရွိမရွိ အစမ္းသပ္ အခံရဆုံးအခ်ိန္က ေ႐ြးေကာက္ပြဲကာလလို႔ေျပာရင္ မွားမယ္မထင္ပါဘူး။ ေ႐ြးေကာက္ပြဲနဲ႔ သက္ဆိုင္တဲ့ သတင္းေတြတင္ျပတဲ့ အခါမွာ သတင္းေထာက္ေတြ အေန နဲ႔ မမွိတ္မသုံလိုက္နာရမယ့္ အခ်က္ႏွစ္ခ်က္ရွိပါတယ္။ အဲဒါကေတာ့ ႏိုင္ငံေရး သတင္းေတြကို တင္ျပတဲ့အခါမွာ တိက်မွန္ကန္မႈ နဲ႔ ဘက္လိုက္မႈမရွိပဲ သမာသမတ္ရွိရွိ တင္ျပဖို႔ျဖစ္ပါတယ္။

တိက်မွန္ကန္မႈ

သတင္းဦးဖို႔ထက္ တိက်မွန္ကန္မႈရွိဖို႔က ပို အေရးႀကီးပါတယ္။
တိက်မွန္ကန္မႈ ဆိုတာ အခ်က္အလက္ေတြမွန္ကန္တာတစ္ခုတည္းကိုမဆိုလိုပါဘူး။ အခ်က္အလက္မွန္ဖို႔ လိုသလို သတင္းနဲ႔ ဆက္စပ္ေနတဲ့ ဆီေလ်ာ္တဲ့ သေဘာထားအျမင္ေတြကိုပါထည့္သြင္းစဥ္းစားဖို႔လိုပါတယ္။ တိက်မွန္ကန္တဲ့ သတင္းဟုတ္မဟုတ္ကို စိစစ္တဲ့အခါမွာ ေအာက္ေဖာ္ျပပါအခ်က္ေတြကို ထည့္သြင္း စဥ္းစား ဖို႔လိုပါတယ္။

 ရရွိတဲ့သတင္းအခ်က္အလက္က သတင္းျဖစ္တဲ့ေနရာမွာ ေရာက္ေနတဲ့ သတင္းေထာက္ သို႔မဟုတ္ မ်က္ျမင္သက္ေသဆီကသတင္းလား ?

 သတင္းအရင္းအျမစ္ တစ္ခုတည္းကို ကိုးကားေဖာ္ျပတာမ်ိဳးကို အတတ္ႏိုင္ဆုံးေရွာင္ရန္ (တကယ္လို႔ သတင္းအရင္းအျမစ္တစ္ခုတည္းကို ကိုကားမယ္ဆိုရင္ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းအရင္းျဖစ္ဖို႔လိုသလို သတင္းအရင္းအျမစ္ကို လိုအပ္ရင္ အမည္နဲ႔တကြ ေဖာ္ျပႏိုင္ဖို႔လိုပါတယ္)

 ရရွိတဲ့အခ်က္အလက္ေတြနဲ႔ ကိန္းဂဏန္း စာရင္းဇယားေတြကိုစိစစ္ပါမယ္။ စိစစ္တဲ့အခါမွာ သတိျပဳရမယ့္အခ်က္ေတြပါရင္ မွတ္သားထားဖို႔လိုပါတယ္။

 စာ႐ြက္စာတမ္းအေထာက္အထားေတြ နဲ႔ ဒစ္ဂ်စ္တယ္ အေထာက္အထားေတြ ရရွိရင္ ခိုင္လုံမႈရွိမရွိစိစစ္ရန္

 ပါဝင္ပတ္သက္သူေတြရဲ႕ေျပာဆိုစြပ္စြဲခ်က္ေတြက ခိုင္မာမႈရွိမရွိစစ္ေဆးရန္ တို႔ျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲကာလ အင္တာဗ်ဴး

ႏိုင္ငံေရးပါတီေတြနဲ႔ အင္တာဗ်ဴးေတြက မဲဆႏၵရွင္ေတြ နဲ႔ ပါတီေတြကို မိတ္ဆက္ေပးတာျဖစ္တဲ့အတြက္ ေ႐ြးေကာက္ပြဲကာလမွာ လိုအပ္တဲ့ အစီအစဥ္တစ္ခုျဖစ္ပါတယ္။

• နိင္ငံေရးနဲ႔သက္ဆိုင္တဲ့အင္တာဗ်ဴးေတြလုပ္ဖို႔ ႏိုင္ငံေရးပါတီ သို႔မဟုတ္ ေ႐ြးေကာက္ပြဲဝင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြကို အင္တာဗ်ဴးေတာင္းတဲ့ အခါမွာ ကိုယ္ေတာင္းတဲ့အင္တာဗ်ဴးကို ဘယ္အစီအစဥ္ကေန တင္ဆက္မယ္ဆိုတာရယ္၊ ဘယ္လိုအေၾကာင္းအရာနဲ႔ ဆက္စပ္ၿပီး တင္ျပမယ္ဆိုတာရယ္ကို အင္တာဗ်ဴးေပးတဲ့ သူသိေအာင္လို႔ ရွင္းျပဖို႔တာဝန္ရွိပါတယ္။ မေျပာပဲလႊင့္လိုက္ၿပီးမွ ကန႔္ကြက္တာမ်ိဳးေတြမျဖစ္ေအာင္လို႔ ႀကိဳတင္အသိေပးဖို႔လိုပါတယ္။

• အင္တာဗ်ဴးလုပ္တဲ့အခါမွာ ေမးသင့္ေမးထိုက္တဲ့ေမးခြန္းေတြကို ေမးရပါမယ္။ ေမးသင့္တဲ့ေမးခြန္းေတြကို မေမးပဲ ခ်န္လွပ္ထားတာမ်ိဳးမလုပ္ရပါဘူး။ ပါတီေခါင္းေဆာင္ေတြကို အင္တာဗ်ဴးလုပ္မယ္ဆိုရင္ ဘက္မလိုက္ပဲ ေမးသင့္ေမးထိုက္တဲ့ ေမးခြန္းေတြကို ရဲရဲတင္းတင္း ေမးရပါမယ္။ ၾကားေဖာက္ေမးရမွာ အားနာၿပီး ပါတီေခါင္းေဆာင္ေျပာသမွ်ကို ေခါင္းညိတ္ နားေထာင္ေနရင္ အင္တာဗ်ဴးက အင္တာဗ်ဴးနဲ႔မတူေတာ့ပဲ ပါတီကို ေၾကာ္ျငာဝင္သလို ျဖစ္သြားႏိုင္ပါတယ္။

• ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြကို ႏိုင္ငံေရးနဲ႔ မသက္ဆိုင္တဲ့ အေၾကာင္းအရာေတြ ေမးမယ္ဆိုရင္ ကိုယ့္ေမးလိုက္တဲ့ ေမးခြန္းေၾကာင့္ သူတို႔ကို ေၾကာ္ျငာေပးလိုက္သလို မျဖစ္ေအာင္ သတိထားဖို႔လိုပါတယ္။

• ပါတီေခါင္းေဆာင္ေတြ နဲ႔ အင္တာဗ်ဴးလုပ္တဲ့အခါမွ သတင္းေထာက္က မိမိရဲ႕ ေလယူေလသိမ္း နဲ႔ မ်က္ႏွာအမူအရာ ကိုအထူးသတိထားဖို႔လိုပါတယ္။ တခ်ိဳ႕ေသာပါတီ ေခါင္းေဆာင္ေတြကို ႐ို႐ိုေသေသ ဆက္ဆံၿပီး တခ်ိဳ႕ကို မေလးမစား ဆက္ဆံတမ်ိဳး၊ ေမးခြန္းေမးတဲ့အခါမွာ တခ်ိဳ႕ကို ယဥ္ယဥ္ေက်းေက်း ေမးၿပီး တခ်ိဳ႕ကို ခပ္ဆတ္ဆတ္ေမးတာမ်ိဳးေတြ မလုပ္ရပါဘူး။

ဘက္မလိုက္ေရးႏွင့္မွ်တေရး

ေ႐ြးေကာက္ပြဲနဲ႔ သက္ဆိုင္တဲ့ သတင္းတင္ျပခ်က္ေတြအားလုံးက ဘက္လိုက္မႈကင္းရွင္းတဲ့ သတင္းတင္ျပခ်က္ျဖစ္ဖို႔လိုပါတယ္။

ႏိုင္ငံေရးပါတီ

ႏိုင္ငံေရးပါတီတစ္ခုနဲ႔တစ္ခုအၾကားမွာ လူထုေထာက္ခံမႈအား မညီမွ်တာေတြရွိႏိုင္ပါတယ္။ ဥပမာ အ႐ြယ္အစားငယ္တဲ့ႏိုင္ငံေရးပါတီေတြ နဲ႔ ပူပူေႏြး‌ေႏြးအသစ္ဖြဲ႕စည္းလိုက္တဲ့ ပါတီေတြက ပါတီႀကီးေတြေလာက္ လူထုေထာက္ခံမႈအား ရွိခ်င္မွရွိမယ္ဆိုတာကို သတိမႈရပါတယ္။ အဲဒါေၾကာင့္ သတင္းဌာနေတြက လူထုေထာက္ခံမႈ အားေကာင္းတဲ့ ပါတီႀကီးေတြရဲ႕ သတင္းေတြကိုသာ ဦးစားေပး ေဖာ္ျပတာမ်ိဳးမျဖစ္ေအာင္ အထူးသတိထားရပါတယ္။
အားလုံးကို မွ်မွ်တတ အခြင့္အေရးေပးတဲ့အေနနဲ႔ ႏိုင္ငံေရးပါတီေတြအားလုံးကို အညီအမွ် အခ်ိန္ေပးဖို႔လိုပါတယ္။ (ႏိုင္ငံေရးပါတီ ၉၀ ေက်ာ္ဆိုရင္ အခ်ိန္အညီအမွ်ေပးဖို႔မလြယ္တဲ့အတြက္ မွ်တေအာင္ဘယ္လိုလုပ္မလဲဆိုတာေနာက္ပိုင္းမွာရွင္းျပထားပါတယ္။)

ေရဒီယို တီဗီ အြန္လိုင္း သတင္းစာ အစရွိတဲ့ ပလက္ေဖာင္းမ်ိဳးစုံ ေပၚမွာ ႏိုင္ငံေရးပါတီေတြကို အခ်ိဳးညီ အခ်ိန္ေပးရမယ္လို႔ ဆိုေပမယ့္ ကိန္းဂဏန္းအရ အခ်ိဳးတူ အခ်ိန္ကန႔္သတ္ေပးရမယ္လို႔ မဆိုလိုပါဘူး။

တစ္ရက္ထဲမွာပဲ ပါတီေတြအားလုံးကို ညီတူညီမွ် အခ်ိန္ေပးရမယ္လို႔လည္းမဆိုလိုပါဘူး။ ဒါေပမဲ့ ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးေရးကာလ တေလွ်ာက္ တသီးပုဂၢလအမတ္ေတြအပါအဝင္ ႏိုင္ငံေရးပါတီေတြ အားလုံးကို တူညီတဲ့ အခြင့္အေရးေပးရပါမယ္။ တကယ္လို႔ ပါတီတစ္ခုခုကို ဒါမွမဟုတ္ ပါတီတစ္ခ်ိဳ႕ကို အခ်ိန္ပိုေပးၿပီး တင္ဆက္တာေတြရွိခဲ့ရင္ အယ္ဒီတိုရီးယား လိုအပ္ခ်က္ေၾကာင့္ တင္ျပရပါတယ္ ဆိုတဲ့အၾကာင္းျပခ်က္က မခိုင္လုံပါဘူး။ အယ္ဒီတိုးရီးယားဆုံးျဖတ္ခ်က္တိုင္းက ဘက္လိုက္ျခင္းမရွိပဲ သမာသမတ္က်က်တင္ျပရမယ္ဆိုတဲ့ မူနဲ႔ အညီ ဆုံးျဖတ္ရတာျဖစ္တဲ့အတြက္ အယ္ဒီတိုးရီးယား လိုအပ္ခ်က္ေၾကာင့္ လို႔ ေျပာလို႔မရပါဘူး။

တခါတရံ ပါတီတစ္ခုက ေခါင္းႀကီးသတင္းျဖစ္ေနတဲ့ အေျခအေနမ်ိဳးနဲ႔ ႀကဳံရတတ္ပါတယ္။ ေခါင္းႀကီးသတင္း ျဖစ္တဲ့အတြက္ သတင္းေဖာ္ျပတဲ့အခါမွာ တျခားပါတီေတြထက္ အခ်ိန္ပိုေပး ၿပီးေဖာ္ျပရတာမ်ိဳး နဲ႔ ႀကဳံရတတ္ပါတယ္။ ဒီလိုေဖာ္ျပလိုက္ရတဲ့အတြက္ ဘက္လိုက္မႈမရွိေအာင္လို႔ က်န္တဲ့ ပါတီေတြ သို႔မဟုတ္ ကိုယ္စားလွယ္ေလာင္းေတြ ကို သင့္ေတာ္တဲ့အခ်ိန္မွာ အလားတူအခ်ိန္ေပးေဖာ္ျပေပးဖို႔ လိုပါတယ္။

ေစာေစာကေျပာသလို ေ႐ြးေကာက္ပြဲတင္မယ့္ ႏိုင္ငံေရးပါတီေတြ သိပ္မ်ားေနရင္ တေျပးညီေဖာ္ျပဖို႔ လက္ေတြ႕မွာ အခက္အခဲရွိႏိုင္ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ဘီဘီစီက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းတစ္ခု ကို နမူနာ အေနနဲ႔ေျပာျပခ်င္ပါတယ္။ အဂၤလန္မွာ လူထုေထာက္ခံမႈ အမ်ားအျပားရရွိထားတဲ့ ပါတီႀကီးေတြျဖစ္ၾကတဲ့ ကြန္ဆာေဗးတစ္၊ ေလဘာ နဲ႔ လစ္ဗရယ္ပါတီႀကီး သုံးခုကို ဘီဘီစီက ႐ုပ္သံ၊ ေရဒီယို အြန္လိုင္း ပလက္ေဖာင္းေတြမွာ တေျပးညီ အခ်ိန္ေပးပါတယ္။ ‌ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ တီဗီ၊ ေရဒီယို၊ အြန္လိုင္း အစီအစဥ္ေတြမွာ ပါဝင္ဖို႔ ဒီပါတီသုံးခုက ကိုယ္စားလွယ္ေတြကိုအလ်ဥ္းသင့္သလို ဖိတ္ေခၚ ၿပီး တူညီတဲ့အခြင့္အေရးေပးပါတယ္။

ဒါေပမဲ့ လူထုေထာက္ခံမႈအားနည္းတဲ့ က်န္တဲ့ ပါတီေတြ နဲ႔ ပတ္သက္ၿပီး ဘီဘီစီက ခ်မွတ္ထားတဲ့ လမ္းၫႊန္ခ်က္က လႊတ္ေတာ္ကိုယ္စားလွယ္ေနရာစုစုေပါင္းရဲ႕ ေျခာက္ပုံတစ္ပုံ မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ႏိုင္ငံေရးပါတီေတြ ကို ကြန္ဆာေဗးတစ္၊ ေလဘာ နဲ႔ လစ္ဗရယ္ ပါတီႀကီးသုံးခု နည္းတူ အြန္လိုင္းအပါအဝင္ ႐ုပ္သံ၊ ေရဒီယို မွာ တေျပးညီ အခ်ိန္ေပးၿပီး တင္ဆက္ေပးရပါတယ္။

ပါတီႀကီးေတြနဲ႔ တေျပးညီ အခ်ိန္ေပးရမယ္ဆိုေပမဲ့ တကယ့္လက္ေတြမွာ ေျပာသေလာက္မလြယ္ကူတာကို အယ္ဒီတာေတြ နားလည္မွာပါ။ ဒါကို ေျဖရွင္းႏိုင္တဲ့ နည္းတနည္းက ေ႐ြးေကာက္ပြဲကာလအတြင္း ေန႔စဥ္ တင္ဆက္ေနတဲ့ သတင္းမဂၢဇင္းအစီအစဥ္ေတြမွာ ႏိုင္ငံေရးပါတီတစ္ခုျခင္းဆီ ရဲ႕ အၾကာင္းကို တင္ဆက္ေပးတဲ့နည္းျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္ ႏိုင္ငံေရးပါတီေတြနဲ႔ တသီးပုဂၢလကိုယ္စားလွယ္ေလာင္းစာရင္းကို အလ်ဥ္းသင့္ရင္သင့္သလို ေဖာ္ျပေပးတာကလည္း ပါတီေတြအားလုံးကို တူညီတဲ့ အခြင့္အေရးေပးတဲ့ သေဘာေဆာင္ပါတယ္။

တသီးပုဂၢလကိုယ္စားလွယ္ေလာင္း

တသီးပုဂၢလကိုယ္စားလွယ္ေလာင္းေတြကို အားေပးေထာက္ခံတဲ့မဲဆႏၵရွင္ေတြအမ်ားအျပားရွိပါတယ္။ သူတို႔ကို ပါတီကိုယ္စားလွယ္ေလာင္းေတြလိုပဲ တန္းတူအခြင့္အေရးေပးရပါတယ္။ ႐ုပ္သံ/ေရဒီယို အြန္လိုင္းမွာ အလ်ဥ္းသင့္သလို တသီးပုဂၢလကိုယ္စားလွယ္ေလာင္းေတြ ရဲ႕ အေၾကာင္းကို တင္ဆက္ေပးဖို႔ လိုပါတယ္။ ဒီလိုျပဳလုပ္တာက တသီးပုဂၢလကိုယ္စားလွယ္ေလာင္းေတြ နဲ႔ ပရိသတ္ကို မိတ္ဆက္ေပးတဲ့ သေဘာေဆာင္သလို သတင္းတိုက္ဖက္ကၾကည့္ရင္လည္း ကိုယ္စားလွယ္အားလုံးကို တန္းတူအခြင့္အေရး ေပးတဲ့သေဘာေဆာင္ပါတယ္။

လူသိထင္ရွားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ကို အင္တာဗ်ဴးလုပ္မယ္ဆိုရင္ သူၿပိဳင္မယ့္ မဲဆႏၵနယ္ေျမ မွာ ဝင္ၿပိဳင္ၾကမယ့္ တျခားကိုယ္စားလွယ္ေလာင္းေတြကိုပါ အင္တာဗ်ဳးလုပ္မွသာ မွ်တတဲ့ တင္ဆက္မႈ ျဖစ္ႏိုင္ပါတယ္။

ပညာရွင္၊ ကြၽမ္းက်င္သူ၊ သတင္းသမား၊ သုေတသီ၊ ပရဟိတၱအသင္းကိုယ္စားလွယ္
ေ႐ြးေကာက္ပြဲကာလမွာ ပညာရွင္၊ ကြၽမ္းက်င္သူ၊ ႏိုင္ငံေရးအကဲခတ္၊ သတင္းသမား၊ သုေတသီ၊ ပရဟိတၱအသင္းကိုယ္စားလွယ္ အစရွိတဲ့ပုဂၢိဳလ္ေတြရဲ႕ သေဘာထားအျမင္ေတြ၊ သုံးသပ္ခ်က္ေတြ ကို ေရဒီလို ႐ုပ္သံနဲ႔ အြန္လိုင္း အစီအစဥ္ေတြမွာ တင္ဆက္ျပသေလ့ရွိပါတယ္။ အစီအစဥ္မွာ ပါဝင္ေဆြးေႏြးသူေတြအားလုံးကို ၾကားေနသူေတြလို႔ တထစ္ခ် ယူဆလို႔မရပါဘူး။ ပါတီစြဲ ပုဂၢိဳလ္စြဲ ရွိသူေတြလည္းပါႏိုင္ပါတယ္။ တကယ္လို႔ ဒီလိုလူေတြပါတယ္ဆိုရင္ သူတို႔ရဲ႕ပါတီေနာက္ခံေတြကို ရွင္းရွင္းလင္း ေဖာ္ျပဖို႔လိုအပ္ပါတယ္။ ဥပမာ ပါဝင္ေဆြးေႏြးတဲ့ ပုဂၢိဳလ္က ႏိုင္ငံေရးပါတီတစ္ခုခု နဲ႔ ပတ္သက္ေနတဲ့အဖြဲ႕အစည္းရဲ႕ ကူညီပံ့ပိုးမႈနဲ႔ ရပ္တည္ေနတယ္ဆိုရင္လည္း သူ႔ရဲ႕ေနာက္ခံ ကိုေဖာ္ျပဖို႔ လိုပါတယ္။

႐ုပ္သံမွာ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ပိုစတာေတြကို ျပသတဲ့အခါမွာ ကိုယ္စားလွယ္ေလာင္းတစ္ဦးတည္း ရဲ႕ အမည္/႐ုပ္ပုံကို အသားေပး ေဖာ္ျပတာ မ်ိဳးမလုပ္ရပါဘူး၊ ဒီလိုလုပ္ျခင္းအားျဖင့္အဆိုပါ ကိုယ္စားလွယ္ ေလာင္းကိုတျခားကိုယ္စားလွယ္ေလာင္းေတြထက္ တစ္ပန္းသာေအာင္ေၾကာ္ျငာေပးသလို ျဖစ္သြားႏိုင္ ပါတယ္။

သတင္းေထာက္ေတြအေနနဲ႔ ႏိုင္ငံေရးပါတီရဲ႕တံဆိပ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းရဲ႕ ႐ုပ္ပုံ ပါတီရဲ႕ အေရာင္ေတြကို ဝတ္ဆင္ျခင္းမျပဳရပါဘူး။ ဆိုရွယ္မီဒီယာ (သတင္းေထာက္ေတြရဲ႕ ေဖ့စ္ဘုတ္ပ႐ိုဖိုင္မွာလည္း ႏိုင္ငံေရးပါတီပုံ ကိုယ္စားလွယ္ေလာင္း႐ုပ္ပုံ ၊ တံဆိပ္၊ အ‌ေရာင္ေတြကို ဝတ္ဆင္ၿပီး ပ႐ိုဖိုင္ပုံ တင္လို႔ မရပါဘူး) ဆိုရွယ္မီဒီယာအေကာင့္က ပုဂၢလိကအေကာင့္ လို႔ဆိုေပမယ့္ ကိုယ့္ရဲ႕ သတင္းဌာန ပုံရိပ္ကို ထိခိုက္ႏိုင္သလို သတင္းေထာက္ရဲ႕ ႏိုင္ငံေရးခံယူခ်က္က သူတင္ျပတဲ့ သတင္းေတြအေပၚ လႊမ္းမိုးမႈရွိတယ္လို႔ ပရိသတ္က ျမင္သြားႏိုင္ပါတယ္။

ေ႐ြးေကာက္ပြဲကာလအတြင္းစစ္တမ္းေကာက္ယူမႈ

တကယ္လို႔ သတင္းဌာနတစ္ခုခုက စစ္တမ္းေကာက္ယူမယ္ဆိုရင္ စစ္တမ္းရဲ႕ ရလာဒ္က သတင္းတိုက္ရဲ႕ သေဘာထားအျမင္လႊမ္းမိုးမႈမရွိတဲ့ တိက်မွန္ကန္တဲ့ စစ္တမ္းျဖစ္ဖို႔လိုပါတယ္။ တိက်မွန္ကန္မႈရွိမရွိ အကဲျဖတ္ႏိုင္ေအာင္ စစ္တမ္းေကာက္ယူပုံနည္းစံနစ္၊ ေဒတာ ေတြကို သတင္းတိုက္က အခ်ိန္မေ႐ြး ခ်ျပဖို႔ အဆင္သင့္ျပင္ဆင္ ထားဖို႔လိုပါတယ္။

စစ္တမ္းရဲ႕ရလာဒ္ကို ေဖာ္ျပတဲ့အခါမွာ စကားလုံးအသုံးအႏႈန္းကို သတိထားရပါတယ္။ ဥပမာ စစ္တမ္းက “ အႀကံျပဳသည္” “အဆိုျပဳသည္””ၫႊန္ျပသည္” လို႔သာသုံးရပါတယ္။ “သက္ေသျပသည္” “ထင္ထင္ရွားရွားေဖာ္ျပသည္” ဆိုတဲ့ အသုံးအႏႈန္းမ်ိဳးကိုေရွာင္ရပါတယ္။

သေဘာထားစစ္တမ္းရလာဒ္ ကို ဘယ္အခ်ိန္မွာ ထုတ္ျပန္မလဲဆိုတာအေရးႀကီးပါတယ္။ မဲ႐ုံေတြပိတ္ၿပီး မွသာ သေဘာထားစစ္တမ္းရဲ႕ရလာဒ္ကို တင္ျပခြင့္ရွိပါတယ္။ မဲ႐ုံေတြမပိတ္ခင္ မဲဆႏၵရွင္ေတြက ဘယ္ပါတီကိုမဲထည့္ခဲ့တယ္ဆိုတာကိုေဖာ္ျပခြင့္မရွိပါဘူး။ ၿဗိတိန္မွာဒီစည္းမ်ဥ္းကို ခ်ိဳးေဖာက္ရင္ ရာဇဝတ္ျပစ္မႈ ေျမာက္ပါတယ္။

ပရိသတ္ပါဝင္မႈ

ေရဒီယို ႐ုပ္သံ ဝက္ဆိုက္ေပၚမွာ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ ပရိသတ္ရဲ႕ သေဘာထားအျမင္ေတြ တင္ျပေပးဖို႔ လိုအပ္ပါတယ္။ ဒါေပမဲ့ တင္ျပတဲ့အခါမွာ မွ်တမႈရွိဖို႔လိုပါတယ္။ ႏိုင္ငံေရးပါတီေတြထဲက ပါတီတစ္ခုခုကိုပဲ လူထုက အင္တိုက္အားတိုက္ေထာက္ခံေနတဲ့ ပုံစံမျဖစ္ေအာင္ဂ႐ုစိုက္ဖို႔လိုပါတယ္။

ႏိုင္ငံေရးပါတီဝင္သတင္းသမား

ဒီမိုကေရစီစံနစ္ေအာက္မွာ သတင္းသမားေတြက မိမိႏွစ္သက္ရာ ႏိုင္ငံေရးပါတီရဲ႕ အဖြဲ႕ဝင္ျဖစ္ခြင့္ရွိသလို မဲေပးခြင့္လည္းရွိပါတယ္။ သတင္းသမားေတြက ေ႐ြးေကာက္ပြဲကာလမွာ မိမိရဲ႕ ပါတီအတြက္ မဲဆြယ္စည္း႐ုံးတာ၊ ပါတီေအာင္ႏိုင္ေရးအတြက္ နိင္ငံေရးလႈပ္ရွားမႈေတြကို လုပ္ခြင့္မရွိပါဘူး။

သတင္းေထာက္ေတြရဲ႕လုံၿခဳံေရး

‌ေ႐ြးေကာက္ပြဲကာလမွာ မေမွ်ာ္လင့္ပဲ အၾကမ္းဖက္မႈျဖစ္ႏိုင္ပါတယ္။ လူစုလူေဝးေနရာေတြမွာ သတင္းယူတဲ့အခါ အမ်ိဳးသမီးသတင္းေထာက္ေတြကအမ်ိဳးသားေတြထက္ပိုၿပီးအႏၲရာယ္မ်ားပါတယ္။ လူစုလူေဝးေနရာတြမွာ သတင္းသြားမယူခင္ တဖက္နဲ႔တဖက္ အခ်င္းမ်ားတာပဲျဖစ္ျဖစ္ အၾကမ္းဖက္တိုက္ခိုက္တာပဲျဖစ္ျဖစ္ ျဖစ္လာခဲ့ရင္ ဘယ္လိုကာကြယ္မလဲဆိုတာကို အယ္ဒီတာနဲ႔ ႀကိဳတင္ေဆြးေႏြးဖို႔လိုပါတယ္။ ပဋိပကၡျဖစ္ႏိုင္တဲ့ေနရာေတြမွာ မၾကာခဏသတင္းယူရတဲ့ သတင္းေထာက္ေတြကို ေရွးဦးသူနာျပဳသင္တန္းအပါအဝင္ လုံၿခဳံေရးနဲ႔ပတ္သက္တဲ့ သင္တန္းေတြစီစဥ္ေပးသင့္ပါတယ္။ လူစုလူေဝးေနရာေတြမွာ သတင္းသြားယူနဲ႔အခါ ေတာက္ပတဲ့ အေရာင္အက်ႌမဝတ္ဖို႔၊ ကင္မရာသမားက ကင္မရာ႐ိုက္ေနရင္ ေနာက္တေယာက္က ကင္မရာသမားေနာက္ကေန ေဘးပတ္ဝန္းက်င္ကိုအကဲခတ္ဖို႔၊ ေျပးလို႔လြယ္တဲ့ ဖိနပ္စီးဖို႔၊ အဖြဲ႕နဲ႔ သြားတယ္ဆိုရင္လည္း အခ်င္းခ်င္းဆက္သြယ္ႏိုင္တဲ့နည္းေတြကို ညႇိႏႈိင္းထားဖို႔ အစရွိတဲ့ ႀကိဳတင္ျပင္ဆင္မႈေတြကို သတင္းတိုက္ေတြက ျပဳလုပ္ေပးျခင္းအားျဖင့္ သတင္းေထာက္ေတြကို အကာအကြယ္ေပးႏိုင္ပါတယ္။

တင္ထားေဆြ
ေအာင္တိုဘာ ၁ရက္ ၂၀၂၀

Related posts

Leave a Comment

VOM News

FREE
VIEW