အသက် ၁၅ နှစ် အရွယ်မိန်းကလေးကိုကျန်းမာရေးမှူးက မဖွယ်မရာပြုကျင့်

အသက် ၁၅ နှစ် အရွယ်မိန်းကလေးကိုကျန်းမာရေးမှူးက မဖွယ်မရာပြုကျင့်

နေပြည်တော်၊ အောက်တိုဘာ ၁-၂၀၂၀
ကောင်းလကျ်ာ(VOM)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်မှာရှိတဲ့ ကျန်းမာရေးဆေးခန်းမှာ မနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ဆေခန်းလာပြတဲ့ အသက် ၁၅ နှစ် အရွယ် မိန်းကလေးကို ကျန်းမာရေးမှူးက မဖွယ်မရာပြုကျင့်ခဲ့တယ်ဆိုပြီး အမှုဖွင့်တိုင်ကြားထားတယ်လို့ ဇင်းကျိုက်နယ်မြေရဲစခန်းကနေ သိရပါတယ်။

“အမှုဖွင့်လှစ် တိုင်ကြားထားတယ်ဆိုတာ ဟုတ်ပါတယ်။ ပြုကျင့်တယ်လို့ဆိုသူက ကျန်းမာရေးဝန်ထမ်းဖြစ်နေလို့ အသေးစိတ်အချက်လက်ကိုတော့ လူကိုယ်တိုင် လာရောက်မေးမြန်းစေချင်တယ်”လို့ ပေါင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဇင်းကျိုက်မြို့၊ ကျေးရွာတစ်ရွာမှာနေတဲ့ အ သက် ၁၅ နှစ်အရွယ် မိန်းကလေးနဲ့ အဘွားဖြစ်သူတို့ နှစ်ဦးဟာ ဇလပ်ရပ်ကွက် ကျန်းမာရေးဆေးခန်းကို ကျန်းမာရေးအတွက် လာရောက် စစ်ဆေးကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။

ကုသမှုလာရောက်ခံယူချိန် ကျန်းမာရေးမှူး အသက်(၃၉နှစ်)အရွယ် အမျိုးသားက စစ်ဆေးကုသပေးခဲ့ပြီး အဘွားဖြစ်သူကို ဆေးခန်းအပြင်ဘက် တစ်နေရာမှာ အကျောဆေးသွင်းပေးထားပြီးနောက်ပိုင်း မျက်စိနာနေတဲ့ အသက်၁၅နှစ်အရွယ် မိန်းကလေးကို ဆေးခန်းထဲမှာ ဆေးထိုးကုသနေချိန် မဖွယ်မရာပွတ်သပ်ကိုင်တွယ်မှု ပြုကျင့်ခဲ့တာဖြစ်တယ်လို့ ဇင်းကျိုက်နယ်မြေရဲစခန်းကနေ သိရပါတယ်။

အမှုနဲ့ပတ်သက်တဲ့ ကျန်းမားရေးမှူးကို ဇင်းကျိုက်နယ်မြေရဲစခန်းက အမျိုးသမီးငယ်ကို မဖွယ်မရာပြုကျင့်ခဲ့တယ်ဆိုပြီး (ပ)၅၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၇ ဓမ္မတာနဲ့ဆန့်ကျင်သောပြစ်မှုနဲ့ ကနဦး အမှုဖွင့်ဖမ်းဆီးစစ်ဆေးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပေါင် #ကျန်းမားရေးမှူး #မိန်းကလေး #မဖွယ်မရာပြုကျင့်

Zawgyi

အသက္ ၁၅ ႏွစ္ အ႐ြယ္မိန္းကေလးကိုက်န္းမာေရးမႉးက မဖြယ္မရာျပဳက်င့္

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁-၂၀၂၀
ေကာင္းလက်္ာ(VOM)

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ဇင္းက်ိဳက္ၿမိဳ႕၊ ဖလပ္ရပ္ကြက္မွာရွိတဲ့ က်န္းမာေရးေဆးခန္းမွာ မေန႔ စက္တင္ဘာ ၃၀ ရက္ေန႔ မနက္ပိုင္းက ေဆခန္းလာျပတဲ့ အသက္ ၁၅ ႏွစ္ အ႐ြယ္ မိန္းကေလးကို က်န္းမာေရးမႉးက မဖြယ္မရာျပဳက်င့္ခဲ့တယ္ဆိုၿပီး အမႈဖြင့္တိုင္ၾကားထားတယ္လို႔ ဇင္းက်ိဳက္နယ္ေျမရဲစခန္းကေန သိရပါတယ္။

“အမႈဖြင့္လွစ္ တိုင္ၾကားထားတယ္ဆိုတာ ဟုတ္ပါတယ္။ ျပဳက်င့္တယ္လို႔ဆိုသူက က်န္းမာေရးဝန္ထမ္းျဖစ္ေနလို႔ အေသးစိတ္အခ်က္လက္ကိုေတာ့ လူကိုယ္တိုင္ လာေရာက္ေမးျမန္းေစခ်င္တယ္”လို႔ ေပါင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ဇင္းက်ိဳက္ၿမိဳ႕၊ ေက်း႐ြာတစ္႐ြာမွာေနတဲ့ အ သက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးနဲ႔ အဘြားျဖစ္သူတို႔ ႏွစ္ဦးဟာ ဇလပ္ရပ္ကြက္ က်န္းမာေရးေဆးခန္းကို က်န္းမာေရးအတြက္ လာေရာက္ စစ္ေဆးကုသမႈခံယူခဲ့တယ္လို႔ သိရပါတယ္။

ကုသမႈလာေရာက္ခံယူခ်ိန္ က်န္းမာေရးမႉး အသက္(၃၉ႏွစ္)အ႐ြယ္ အမ်ိဳးသားက စစ္ေဆးကုသေပးခဲ့ၿပီး အဘြားျဖစ္သူကို ေဆးခန္းအျပင္ဘက္ တစ္ေနရာမွာ အေက်ာေဆးသြင္းေပးထားၿပီးေနာက္ပိုင္း မ်က္စိနာေနတဲ့ အသက္၁၅ႏွစ္အ႐ြယ္ မိန္းကေလးကို ေဆးခန္းထဲမွာ ေဆးထိုးကုသေနခ်ိန္ မဖြယ္မရာပြတ္သပ္ကိုင္တြယ္မႈ ျပဳက်င့္ခဲ့တာျဖစ္တယ္လို႔ ဇင္းက်ိဳက္နယ္ေျမရဲစခန္းကေန သိရပါတယ္။

အမႈနဲ႔ပတ္သက္တဲ့ က်န္းမားေရးမႉးကို ဇင္းက်ိဳက္နယ္ေျမရဲစခန္းက အမ်ိဳးသမီးငယ္ကို မဖြယ္မရာျပဳက်င့္ခဲ့တယ္ဆိုၿပီး (ပ)၅၂/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၇ ဓမၼတာနဲ႔ဆန႔္က်င္ေသာျပစ္မႈနဲ႔ ကနဦး အမႈဖြင့္ဖမ္းဆီးစစ္ေဆးထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေပါင္ #က်န္းမားေရးမႉး #မိန္းကေလး #မဖြယ္မရာျပဳက်င့္

Related posts

Leave a Comment

VOM News

FREE
VIEW