မဲဆန္ဒရှင်တွေအတွက် ကျန်းမာရေးနဲ့အညီ ပြည့်စုံအောင်လုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က UEC ကို သတိပေး

မဲဆန္ဒရှင်တွေအတွက် ကျန်းမာရေးနဲ့အညီ ပြည့်စုံအောင်လုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က UEC ကို သတိပေး

နေပြည်တော်၊ အောက်တိုဘာ ၆-၂၀၂၀
ကိုလတ် (VOM)

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်းတွေနဲ့အညီ မဲပေးဖို့ဆောင်ရွက်ထားတဲ့ သရုပ်ပြအစီအစဉ်ကို နေပြည်တော်က အ.ထ.က- ၅ကျောင်းမှာ ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီသရုပ်ပြတဲ့နေရာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ကို လိုအပ်တာတွေ အကုန်မှာသွားပါတယ်။ Save ဖြစ်ဖို့အတွက် ဆောင်ရွက်ရမယ့်အပိုင်းတွေ တိုးချဲ့လုပ်ရမယ့် လိုအပ်ချက်တွေကို ညွှန်ကြားပြင်ဆင်သွားတာတွေရှိပါတယ်။ အဲ့ဒီအချက်တွေမှတ်သားပြီး ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အချက်အလက် အသေးစိတ်ကို မှတ်သားထားပါတယ်။ အဲ့ဒီအတိုင်း ဒုတိယအကြိမ် ပြင်ဆင်သွားမှာဖြစ်ပါတယ်”လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ သရုပ်ပြအစီစဉ်မှာတော့ ရန်ကုန်တိုင်းက မဲဆန္ဒရှင် ၈၀၀ ကျော်ရှိတဲ့ ရန်ကင်းမြို့နယ်၊ အမှတ်- ၁ ရပ်ကွက်ရဲ့မဲရုံပုံစံနဲ့ စီစဉ်ဆောင်ရွက်သွားမယ့် တာဝန်ချထားပေးမှုကို သရုပ်ပြပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နေပြည်တော် ပြည်ထောင်စုနယ်မြေထဲက မဲဆန္ဒရှင်၂၀၀၀ ကျော်ရှိတဲ့ မြို့နယ်ထဲက မဲရုံထားရှိမှု အခြေအနေကိုလည်း သရုပ်ပြခဲ့တာဖြစ်ပါတယ်။

“ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် အ.ထ.က ၅ မှာပြုလုပ်မယ့် မဲရုံအမှတ်-၁ မှာ မဲပေးမယ့်ပုံစံကို ပြသတာဖြစ်ပါတယ်။ အဲ့ဒီမှာ ဘယ်လို ပြသမလဲဆိုရင် ဒီမှာကတော့ ပြည်ထောင်စုနယ်မြေက အမျိုးသားလွတ်တော်ရယ် ပြည်သူ့လွှတ်တော်ရယ် နှစ်ရပ်ကို မဲပေးရမှာဖြစ်ပါတယ်။ မဲဆန္ဒရှင်ဦးရေက ၂၁၀၃ ယောက် ရှိပါတယ်။ ဒါကြာင့်မို့လို့ ၂၁၀၃ ရှိတဲ့အတွက် လူတစ်ထောင်ကျော်ထက် များတဲ့အတွက် အဆိုင်း နှစ်ဆိုင်းနဲ့ မဲပေးခြင်းစနစ်ကို ဆောင်ရွက်မှာဖြစ်ပါတယ်”လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

နေပြည်တော် ပြည်ထောင်စုနယ်မြေတစ်ခုလုံးမှာဆိုရင် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် (၂)နေရာအတွက်သာ မဲပေးကြရမှာဖြစ်ပြီး မဲဆန္ဒရှင်ပေါင်း ၈သိန်း ၆သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

မဲဆႏၵရွင္ေတြအတြက္ က်န္းမာေရးနဲ႔အညီ ျပည္႔စုံေအာင္လုပ္ေဆာင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္က UEC ကို သတိေပး

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၆-၂၀၂၀
ကိုလတ္ (VOM)

လာမယ္႔ ၂၀၂၀ ေရြးေကာက္ပြဲကို ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္ေရး နည္းလမ္းေတြနဲ႔အညီ မဲေပးဖို႔ေဆာင္ရြက္ထားတဲ႔ သ႐ုပ္ျပအစီအစဥ္ကို ေနျပည္ေတာ္က အ.ထ.က- ၅ေက်ာင္းမွာ ဒီကေန႔ ေအာက္တိုဘာလ ၆ ရက္ေန႔ မနက္ပိုင္းက က်င္းပျပဳလုပ္ခဲ႔ၿပီး အဲ့ဒီသ႐ုပ္ျပတဲ့ေနရာကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္တက္ေရာက္ခဲ႔ပါတယ္။

“ဟုတ္ကဲ႔ က်ေနာ္တို႔ကို လိုအပ္တာေတြ အကုန္မွာသြားပါတယ္။ Save ျဖစ္ဖို႔အတြက္ ေဆာင္ရြက္ရမယ္႔အပိုင္းေတြ တိုးခ်ဲ႕လုပ္ရမယ္႔ လိုအပ္ခ်က္ေတြကို ၫႊန္ၾကားျပင္ဆင္သြားတာေတြရွိပါတယ္။ အဲ႔ဒီအခ်က္ေတြမွတ္သားၿပီး ျပင္ဆင္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ အခ်က္အလက္ အေသးစိတ္ကို မွတ္သားထားပါတယ္။ အဲ႔ဒီအတိုင္း ဒုတိယအႀကိမ္ ျပင္ဆင္သြားမွာျဖစ္ပါတယ္”လို႔ ေရြးေကာက္ပဲြေကာ္မရွင္ရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခင္ေမာင္ဦးက ေျပာပါတယ္။

ဒီကေန႔ က်င္းပျပဳလုပ္တဲ႔ သ႐ုပ္ျပအစီစဥ္မွာေတာ႔ ရန္ကုန္တိုင္းက မဲဆႏၵရွင္ ၈၀၀ ေက်ာ္ရွိတဲ႔ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္- ၁ ရပ္ကြက္ရဲ႕မဲ႐ုံပုံစံနဲ႔ စီစဥ္ေဆာင္ရြက္သြားမယ့္ တာ၀န္ခ်ထားေပးမႈကို သ႐ုပ္ျပျပဳလုပ္ခဲ႔တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမထဲက မဲဆႏၵရွင္၂၀၀၀ ေက်ာ္ရွိတဲ႔ ၿမိဳ႕နယ္ထဲက မဲ႐ုံထားရွိမႈ အေျခအေနကိုလည္း သ႐ုပ္ျပခဲ့တာျဖစ္ပါတယ္။

“ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္၊ ဇဗၺဴသီရိျမဳိ႕နယ္၊ ေဇယ်သိဒၶိရပ္ကြက္ အ.ထ.က ၅ မွာျပဳလုပ္မယ္႔ မဲ႐ုံအမွတ္-၁ မွာ မဲေပးမယ္႔ပုံစံကို ျပသတာျဖစ္ပါတယ္။ အဲ့ဒီမွာ ဘယ္လို ျပသမလဲဆိုရင္ ဒီမွာကေတာ႔ ျပည္ေထာင္စုနယ္ေျမက အမ်ဳိးသားလြတ္ေတာ္ရယ္ ျပည္သူ႔လႊတ္ေတာ္ရယ္ ႏွစ္ရပ္ကို မဲေပးရမွာျဖစ္ပါတယ္။ မဲဆႏၵရွင္ဦးေရက ၂၁၀၃ ေယာက္ ရွိပါတယ္။ ဒါၾကာင္႔မို႔လို႔ ၂၁၀၃ ရွိတဲ႔အတြက္ လူတစ္ေထာင္ေက်ာ္ထက္ မ်ားတဲ႔အတြက္ အဆိုင္း ႏွစ္ဆိုင္းနဲ႔ မဲေပးျခင္းစနစ္ကို ေဆာင္ရြက္မွာျဖစ္ပါတယ္”လို႔ ဦးခင္ေမာင္ဦးက ေျပာပါတယ္။

ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမတစ္ခုလုံးမွာဆိုရင္ အမ်ဳိးသားလႊတ္ေတာ္နဲ႔ ျပည္သူ႔လႊတ္ေတာ္ (၂)ေနရာအတြက္သာ မဲေပးၾကရမွာျဖစ္ၿပီး မဲဆႏၵရွင္ေပါင္း ၈သိန္း ၆ေသာင္းေက်ာ္ ရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW