ချောက်မြို့မှာ နေအိမ်ကွာရန်တင်းပြုလုပ်ထားတဲ့ အမျိုးသား ၁ဦး ကြိုးဆွဲချသေဆုံး

ချောက်မြို့မှာ နေအိမ်ကွာရန်တင်းပြုလုပ်ထားတဲ့ အမျိုးသား ၁ဦး ကြိုးဆွဲချသေဆုံး

အောက်တိုဘာ ၉-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၁၄ ရပ်ကွက်ရှိ ယာတော ကွာရန်တင်းပြုလုပ်ထားတဲ့ နေအိမ်မှာ အသက်၂၅နှစ်အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးသွားတယ်လို့ ယာတောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ မနေ့ အောက်တိုဘာ၈ရက် နေ့လယ်ပိုင်းကဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ ဘယ်ကပြန်လာမှန်း မသိတဲ့အတွက် မိသားစုကနေ အခင်းဖြစ်တဲ့အိမ်မှာ ကွာရန်တင်း
ထားခဲ့တာလို့ အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

”သူသွားတုန်းက ပုပ္ပါးကိုဆိုပြီးထောက်ခံစာယူတယ်၊ တော်တော်ကြာကြာနေပြီးမှပြန်ရောက်လာတော့ မိသားစုက ပိုးပါလာမှာစိုးလို့ လက်မခံဘဲ ကိုဗစ်ကော်မတီကိုအကြောင်းကြားပြီး Qဝင်ခိုင်းတာလို့ပြောတယ်၊ သူက ကျောက်ပန်းတောင်ဘက်က ပြန်လာတယ်ပြောတာ။ ဒါပေမယ့် အထောက်အထားလည်း ပါမလာဘူး။ ရပ်ကွက်ထဲထားဖို့လည်း မဖြစ်၊ မြို့နယ် ကွာရန်တင်းလုပ်တဲ့နေရာ ပို့မယ်ဆိုတော့လည်း ရပ်မိရပ်ဖနဲ့ မိဘတွေက နီးနီးနားနား ဒီလူမနေတော့တဲ့ အိမ်ကြီးမှာထားရင် အဆင်ပြေတယ်ဆိုပြီး ထားလိုက်တာ”လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ သေဆုံးသူဟာ တယောက်ထဲ ကွာရန်တင်းဝင်နေချိန် စိတ်ဖောက်ပြန်ပြီးကြိုးဆွဲချသေဆုံးတယ်လို့ သုံးသပ်ထားကာ သေမှုသေခင်းအမှတ်စဉ်-၁၁/၂၀၂၀နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်

မကွေးတိုင်းအတွင်းမှာ ပိုးတွေ့လူနာ(၈၆)ဦးရှိအထဲက လူနာ (၄၅)ဦးဟာ ကုသနေဆဲဖြစ်ပြီး ဆေးရုံဆင်းတဲ့လူနာ(၄၁)ဦးရှိတယ်လို့ သိရပါတယ်။

ချောက်မြို့နယ်အတွင်းမှာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိမ်းချုပ်တုန့်ပြန်ရေးကော်မတီက CBFQစင်တာနဲ့ မဟာစည်CBFQစင်တာ ၂ခုရှိပြီး ကွာရန်တင်းဝင်သူတွေအတွက် စောင့်ကြပ်ပေးနေတဲ့အပြင် မြို့မြို့ဖတွေက အစားအသောက်အတွက်တာဝန်ယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ချောက်မြို့ #ကွာရန်တင်း #ကြိုးဆွဲချသေဆုံး

Zawgyi

ေခ်ာက္ၿမိဳ႕မွာ ေနအိမ္ကြာရန္တင္းျပဳလုပ္ထားတဲ့ အမ်ိဳးသား ၁ဦး ႀကိဳးဆြဲခ်ေသဆုံး

ေအာက္တိုဘာ ၉-၂၀၂၀
ဂ်န္ကိုးလ္(VOM)

မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕၊ အမွတ္ ၁၄ ရပ္ကြက္ရွိ ယာေတာ ကြာရန္တင္းျပဳလုပ္ထားတဲ့ ေနအိမ္မွာ အသက္၂၅ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ဆြဲႀကိဳးခ်ေသဆုံးသြားတယ္လို႔ ယာေတာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန သိရပါတယ္။

ဒီျဖစ္စဥ္ဟာ မေန႔ ေအာက္တိုဘာ၈ရက္ ေန႔လယ္ပိုင္းကျဖစ္ခဲ့တာျဖစ္ၿပီး ေသဆုံးသူဟာ ဘယ္ကျပန္လာမွန္း မသိတဲ့အတြက္ မိသားစုကေန အခင္းျဖစ္တဲ့အိမ္မွာ ကြာရန္တင္း
ထားခဲ့တာလို႔ အမည္မေဖာ္လိုတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးကေျပာပါတယ္။

”သူသြားတုန္းက ပုပၸါးကိုဆိုၿပီးေထာက္ခံစာယူတယ္၊ ေတာ္ေတာ္ၾကာၾကာေနၿပီးမွျပန္ေရာက္လာေတာ့ မိသားစုက ပိုးပါလာမွာစိုးလို႔ လက္မခံဘဲ ကိုဗစ္ေကာ္မတီကိုအေၾကာင္းၾကားၿပီး Qဝင္ခိုင္းတာလို႔ေျပာတယ္၊ သူက ေက်ာက္ပန္းေတာင္ဘက္က ျပန္လာတယ္ေျပာတာ။ ဒါေပမယ့္ အေထာက္အထားလည္း ပါမလာဘူး။ ရပ္ကြက္ထဲထားဖို႔လည္း မျဖစ္၊ ၿမိဳ႕နယ္ ကြာရန္တင္းလုပ္တဲ့ေနရာ ပို႔မယ္ဆိုေတာ့လည္း ရပ္မိရပ္ဖနဲ႔ မိဘေတြက နီးနီးနားနား ဒီလူမေနေတာ့တဲ့ အိမ္ႀကီးမွာထားရင္ အဆင္ေျပတယ္ဆိုၿပီး ထားလိုက္တာ”လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

ရဲတပ္ဖြဲ႕ကေတာ့ ေသဆုံးသူဟာ တေယာက္ထဲ ကြာရန္တင္းဝင္ေနခ်ိန္ စိတ္ေဖာက္ျပန္ၿပီးႀကိဳးဆြဲခ်ေသဆုံးတယ္လို႔ သုံးသပ္ထားကာ ေသမႈေသခင္းအမွတ္စဥ္-၁၁/၂၀၂၀နဲ႔အမႈဖြင့္ထားတယ္လို႔ သိရပါတယ္

မေကြးတိုင္းအတြင္းမွာ ပိုးေတြ႕လူနာ(၈၆)ဦးရွိအထဲက လူနာ (၄၅)ဦးဟာ ကုသေနဆဲျဖစ္ၿပီး ေဆး႐ုံဆင္းတဲ့လူနာ(၄၁)ဦးရွိတယ္လို႔ သိရပါတယ္။

ေခ်ာက္ၿမိဳ႔နယ္အတြင္းမွာ ၿမိဳ႕နယ္ကိုဗစ္-၁၉ေရာဂါကာကြယ္ထိမ္းခ်ဳပ္တုန႔္ျပန္ေရးေကာ္မတီက CBFQစင္တာနဲ႔ မဟာစည္CBFQစင္တာ ၂ခုရွိၿပီး ကြာရန္တင္းဝင္သူေတြအတြက္ ေစာင့္ၾကပ္ေပးေနတဲ့အျပင္ ၿမိဳ႕ၿမိဳ႕ဖေတြက အစားအေသာက္အတြက္တာဝန္ယူထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေခ်ာက္ၿမိဳ႔ #ကြာရန္တင္း #ႀကိဳးဆြဲခ်ေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW