ငြိမ်းချမ်းရေးရရင် ရွာကိုပြန်ချင်တယ်

ငြိမ်းချမ်းရေးရရင် ရွာကိုပြန်ချင်တယ် စစ်တွေ၊ အောက်တိုဘာ ၁၀- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်းက ပြည်တွင်းစစ်မှာ နှစ်အတန်ကြာလာတာနဲ့အမျှ အရပ်သားပြည်သူတွေ ပိုပြီးထိခိုက်လာပြီး နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း သိန်းနဲ့ချီပြီး မြင့်တက်လာနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလကနေစပြီး ပုဏ္ဏားကျွန်မြို့နယ်၊ ပိန္နဲတောကျေးရွာက ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမှာတော့ စစ်တွေမြို့ပေါ်ရှိ ဒက္ခောင်းကျောင်းတိုက်(ဘုန်းကြီးကျောင်း)က စစ်ဘေးရှောင်စခန်းမှာနေထိုင်ကြပြီး အိမ်ထောင်စု ၃၂ စုနဲ့ လူဦးရေ ၁၁၄ ဦး ရှိနေထိုင်နေတယ်လို့ သိရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူတွေ အများအပြားရှိလာတဲ့အတွက် လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးရပြီး ဒေသတည်ငြိမ်အေးချမ်းရင် ရွာကိုပြန်ချင်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ #voiceofmyanmar #VOM #စစ်တွေ #စစ်ဘေးရှောင် Zawgyi ငြိမ်းချမ်းရေးရရင် ရွာကိုပြန်ချင်တယ် စစ်တွေ၊ အောက်တိုဘာ ၁၀- ၂၀၂၀…

Read More

ပဲခူးတိုင်းမှာ မဲစာရင်းမပါလို့ ပုံစံ ၃ နဲ့ လျှောက်ထားသူ (၁၂၀၀၀)ကျော်ရှိ

ပဲခူးတိုင်းမှာ မဲစာရင်းမပါလို့ ပုံစံ ၃ နဲ့ လျှောက်ထားသူ (၁၂၀၀၀)ကျော်ရှိ အောက်တိုဘာ ၉-၂၀၂၀ သိင်္ဂီ(VOM) ပဲခူးတိုင်းအတွင်း ဆန္ဒမဲပေးခွင့်ရှိသူတွေ မဲစာရင်းမှာမပါဝင်တဲ့အတွက် ပုံစံ ၃ နဲ့ လျှောက်ထားလာသူ စုစုပေါင်း (၁၂၀၀၀)ကျော်ရှိတယ်လို့ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ ဒါ့အပြင် မဲဆန္ဒရှင်စာရင်းမှာ အမည်စာရင်းပါဝင်ပေမယ့် အချက်အလက်မှားယွင်းနေတာကြောင့် အချက်အလက်တွေ ပြင်ဆင်ဖို့ ပြန်လည်လျှောက်ထားလာတဲ့ အရေအတွက်က (၄၀၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။ “၃ (က) နဲ့လျှောက်ခိုင်းထားတယ်။လျှောက်လို့ရတယ်၊ လျှောက်နိုင်တယ်ဆိုတာကိုလည်း တရားဝင်ကြေငြာထားတယ်၊ အခုဆိုရင် မဲစာရင်းမှာမပါလို့ တောင်းဆိုလာတဲ့သူက (၁၂၀၀၀)ကျော်ရှိတယ်။ အချက်အလက်ပြင်ဆင်ဖို့ တောင်းဆိုလာသူက (၄၄၀၀)ကျော်ရှိတယ်။ ၄ (ဂ) နဲ့ ကန့်ကွက်သူက (၂၉၀၀)ကျော်ရှိတယ်”လို့ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကပြောပါတယ်။ မဲပေးခွင့်ရှိသူစာရင်းမှာ မိမိအမည်မပါရှိခဲ့ရင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ပုံစံ ၃…

Read More

ကျောက်မီးသွေးကုမ္မဏီက တရုတ်နိုင်ငံသားတစ်ဦး ယမ်းပေါက်ကွဲမှုကြောင့်သေဆုံး

ကျောက်မီးသွေးကုမ္မဏီက တရုတ်နိုင်ငံသားတစ်ဦး ယမ်းပေါက်ကွဲမှုကြောင့်သေဆုံး ကလေးဝ ၊ အောက်တိုဘာ ၉-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာရှိ ကျောက်မီးသွေးလုပ်ငန်းကုမ္မဏီ တစ်ခုက တရုတ်နိုင်ငံသား သူဌေးတစ်ဦးဟာ မနေ့ (အောက်တိုဘာ ၈ )မနက်ပိုင်းက စက်ရုံတွင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားတယ်လို့ ကလေးဝမြို့မရဲစခန်းကနေ သိရပါတယ်။ ” သေဆုံးသူက ဖွံ့ဖြိုးဓန ကျောက်မီးသွေးထုတ်လုပ်ရေးကုမ္မဏီလက်ခွဲ San Xin ကုမ္မဏီ သူဌေး Mr – Xie Zhong Xion (ချင်ရှုံရှန်)၊ အသက် ၄၈ နှစ် တရုတ်နိုင်ငံသား၊ လောက်တည်ရွာ ၊ ဟူနန်ပြည်နယ် ၊ တရုတ်နိုင်ငံက ဖြစ်တယ်၊ သေဆုံးရတဲ့ဖြစ်စဉ်ကတော့ သူရဲ့အခန်း အပြင်ဘက် ၂ ပေခန့်က ဖောက်ခွဲထားတာကြောင့် သေဆုံးသွားရတာဖြစ်တယ်”လို့ အဲ့ဒီအမှုကို သွားရောက်စစ်ဆေးရာမှာပါဝင်ခဲ့တဲ့ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ ရဲမှတ်တမ်းမှာတော့…

Read More

အင်ဒိုနီးရှားမှာ ပြဌာန်းလိုက်တဲ့ အလုပ်သမားဥပဒေအပေါ် အကြီးအကျယ်ဆန္ဒပြနေကြ

အင်ဒိုနီးရှားမှာ ပြဌာန်းလိုက်တဲ့ အလုပ်သမားဥပဒေအပေါ် အကြီးအကျယ်ဆန္ဒပြနေကြ ဂျကာတာ၊ အောက်တိုဘာ ၉-၂၀၂၀ မျိုးဆက် (VOM) အင်ဒိုနီးရှားမှာပြဌာန်းလိုက်တဲ့ အငြင်းပွားဖွယ် အလုပ်သမားဥပဒေဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်းကိုထိခိုက်စေတယ်ဆိုကာ လူသောင်းပေါင်းများစွာဟာ တတိယမြောက်အနေ့အဖြစ် အကြီးအကျယ်ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြပွဲတွေဟာ နိုင်ငံအနှံ့မှာဖြစ်ပွားနေပြီး ဂျကာတာမှာတော့ လူရာနဲ့ချီပြီးဖမ်းဆီးခံခဲ့ရကာ အငြင်းပွားဖွယ်ဥပဒေဟာ အောက်တိုဘာ ၁၂ ရက်မှာစတင်သက်ဝင်တော့မှာဖြစ်ပါတယ်။ အင်ဒိုနီးရှားအစိုးရကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွားရေးကို ပြန်လည်နာလန်ထူဖို့ ဒီလိုအပြောင်းအလဲတွေလုပ်ဆောင်ဖို့လိုတယ်လို့ပြောပါတယ်။ အခုတစ်ပတ်အစောပိုင်း ငြိမ်းချမ်းစွာဆန္ဒပြမှုတွေအပြီးမှာတော့ မြို့တော်ဂျကာတာအပါအဝင် ဘန်ဒွန်းကဲ့သို့ အခြားသောမြို့ကြီးတွေမှာပါ အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်တို့မှာ ဆန္ဒပြမှုတွေဆက်တိုက်ဖြစ်ပွားလာတာပါ။ ခွျှန်ထက်တဲ့အရာတွေအပါအဝင် လက်နက်တွေကိုင်ဆောင်မှုကြောင့် ဆန္ဒပြသူ ၄၀၀ ထက်မနည်းကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ စာမျက်နှာ ၁၀၀၀ ကျော်ပါရှိတဲ့ အဆိုပါဥပဒေမှာ ယခင်ပြဌာန်းချက် ၇၉ ခုကိုပြင်ဆင်ထားပါတယ်။ ပြင်ဆင်လိုက်တဲ့ဥပဒေဟာ ရင်းနှီးမြုပ်နှံမှုတွေကို…

Read More

ချောက်မြို့မှာ နေအိမ်ကွာရန်တင်းပြုလုပ်ထားတဲ့ အမျိုးသား ၁ဦး ကြိုးဆွဲချသေဆုံး

ချောက်မြို့မှာ နေအိမ်ကွာရန်တင်းပြုလုပ်ထားတဲ့ အမျိုးသား ၁ဦး ကြိုးဆွဲချသေဆုံး အောက်တိုဘာ ၉-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၁၄ ရပ်ကွက်ရှိ ယာတော ကွာရန်တင်းပြုလုပ်ထားတဲ့ နေအိမ်မှာ အသက်၂၅နှစ်အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးသွားတယ်လို့ ယာတောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ မနေ့ အောက်တိုဘာ၈ရက် နေ့လယ်ပိုင်းကဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ ဘယ်ကပြန်လာမှန်း မသိတဲ့အတွက် မိသားစုကနေ အခင်းဖြစ်တဲ့အိမ်မှာ ကွာရန်တင်း ထားခဲ့တာလို့ အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ”သူသွားတုန်းက ပုပ္ပါးကိုဆိုပြီးထောက်ခံစာယူတယ်၊ တော်တော်ကြာကြာနေပြီးမှပြန်ရောက်လာတော့ မိသားစုက ပိုးပါလာမှာစိုးလို့ လက်မခံဘဲ ကိုဗစ်ကော်မတီကိုအကြောင်းကြားပြီး Qဝင်ခိုင်းတာလို့ပြောတယ်၊ သူက ကျောက်ပန်းတောင်ဘက်က ပြန်လာတယ်ပြောတာ။ ဒါပေမယ့် အထောက်အထားလည်း ပါမလာဘူး။ ရပ်ကွက်ထဲထားဖို့လည်း မဖြစ်၊ မြို့နယ် ကွာရန်တင်းလုပ်တဲ့နေရာ ပို့မယ်ဆိုတော့လည်း ရပ်မိရပ်ဖနဲ့ မိဘတွေက နီးနီးနားနား ဒီလူမနေတော့တဲ့ အိမ်ကြီးမှာထားရင် အဆင်ပြေတယ်ဆိုပြီး ထားလိုက်တာ”လို့…

Read More

ကိုဗစ်ကာလမှာဖွင့်ထားတဲ့ ကေတီဗီ ဆိုင်ဝန်ထမ်းတွေနဲ့ ဆိုင်လာဧည့်သည်အချို့ကို ထောင်ဒဏ် ၁ နှစ်ခွဲအမိန့်ချ

ကိုဗစ်ကာလမှာဖွင့်ထားတဲ့ ကေတီဗီ ဆိုင်ဝန်ထမ်းတွေနဲ့ ဆိုင်လာဧည့်သည်အချို့ကို ထောင်ဒဏ် ၁ နှစ်ခွဲအမိန့်ချ အောက်တိုဘာ ၉-၂၀၂၀ ကိုတိုးကြီး (VOM) ကိုဗစ်-၁၉ ကူးဆက်မြန် ကပ်ရောဂါကာလမှာဖွင့်ထားတဲ့ ကေတီဗီဆိုင်က ဆိုင်ဝန်ထမ်းတွေနဲ့ ကေတီဗီကိုသွားရောက်ပြီး သီချင်းဆိုသူအချို့ကို မနေ့အောက်တိုဘာ ၈ ရက် ညနေပိုင်းက မုံရွာမြို့နယ်တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ မုံရွာ (အလုံ သုံးထောင့်ချွန်း) လမ်းဆုံအနီးမှာ တရားမဝင်ဖွင့်နေတဲ့ Rainbow ကေတီဗီဆိုင်ကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးရာမှာ ကေတီဗီအခန်းအတွင်း သီချင်းဆိုနေတဲ့ ဧည့်သည် အမျိုးသား ၃ ယောက်နဲ့ ဆိုင်ဝန်ထမ်း အမျိုးသမီး ၄ ယောက် သီချင်းဆိုနေတာကို တွေ့ရတဲ့အတွက် ဖမ်းဆီးအရေးယူပြီး အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။ ” အဲ့ဒီအမှုကို အလုံရဲကင်းစခန်းမှူး ဒုရဲအုပ် မိုးမင်းထွန်းက အမှုစစ်တယ် ၊ ရဲစွဲချက်အမှတ်…

Read More

တောင်ကိုရီးယားရှိ မိုးမျှော်တိုက်မီးလောင်၊ လူ ၈၀ ဆေးရုံတင်ထားရ

တောင်ကိုရီးယားရှိ မိုးမျှော်တိုက်မီးလောင်၊ လူ ၈၀ ဆေးရုံတင်ထားရ ဆိုးလ်၊ အောက်တိုဘာ-၉-၂၀၂၀ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း အူဆန်မြို့ရှိ ၃၃ ထပ် မိုးမျှော်တိုက်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကို အပြီးသတ်ငြိမ်းနိုင်ဖို့ တောင်ကိုရီးယားမီးသတ်သမားတွေ ကြိုးစားနေကြပါတယ်။ မီးလောင်မှုကြောင့်အဆောက်အဦမှာနေထိုင်သူ ရာပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး မီးခိုးမွှန်မှုကြောင့် လူ ၈၀ ကို ဆေးရုံတင်ထားရပါတယ်။ မီးလောင်ကျွမ်းမှုဟာ အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် ၁၁ နာရီမှာ စတင်လောင်ကျွမ်းခဲ့ပြီး လေပြင်းတွေတိုက်ခတ်မှုကြောင့် အလျှင်အမြန်ကူးစက်လောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မီးလောင်မှုကို အောက်တိုဘာ ၉ ရက်မနက်ပိုင်းထိ အပြီးသတ်ငြိမ်းခြင်းမရှိသေးပါဘူး။ လေပြင်းတွေ အလွန်အကျွံတိုက်ခတ်တာကြောင့် မီးကိုထိန်းချုပ်ဖို့ ခက်ခဲခဲ့တယ်လို့ တောင်ကိုရီးယား သတင်းဌာနတွေက ဖော်ပြထားပါတယ်။ မီးလောင်ကျွမ်းမှုဟာ လူနေတိုက်ခန်းနဲ့ ဈေးဆိုင်ခန်းပေါင်း ၁၂၀ ရှိရာ စီးပွားရေးနဲ့ လူနေအဆောက်အဦရဲ့ ၈ လွှာနဲ့…

Read More

မှုခင်းသတင်းထောက်တွေဆီကနေ ‌ရွေးကောက်ပွဲ သတင်းရယူခွင့်ကဒ်တွေ ပြန်သိမ်းမယ်

မှုခင်းသတင်းထောက်တွေဆီကနေ ‌ရွေးကောက်ပွဲ သတင်းရယူခွင့်ကဒ်တွေ ပြန်သိမ်းမယ် အောက်တိုဘာ ၉-၂၀၂၀ ကောင်းလက်ျာ(VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပ‌မယ့် အထွေထွေရွေးကောက်ပွဲမှာ သတင်းရယူဖို့အတွက် ခရိုင်နဲ့မြို့‌နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွေကနေ ထုတ်ယူထားတဲ့ မှုခင်းဂျာနယ်အဖွဲ့အစည်း ၄ ခုက သတင်းထောက်အသိမှတ်ပြုကဒ်တွေကို ပြန်လည်သိမ်းဆည်းသွားမယ်လို့ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစောဌေးကပြောပါတယ်။ ” စာက မနေ့ကမှ ရုံးကိုဝင်လာတယ်။ ဒီမှာလည်း မှုခင်းအဖွဲ့အစည်းအချို့က အသိမှတ်ပြုကဒ် ထုတ်ထားသူတွေရှိနေတယ်။ အခုတော့ ပြန်လည်ချိတ်ဆက်ပြီး သိမ်းဆည်းဖို့ လုပ်ဆောင်နေပါပြီ”လို့ ဦးစောဌေးကပြောပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမှာလည်း မှုခင်းသတင်းထောက်ဆိုသူတွေဟာ သတင်းရယူရုံသက်သက်လုပ်နေတာမျိုးကို ကြုံခဲ့ဖူးတယ့်အပြင် မိမိတို့လို့ ပရောဖက်ရှင်နယ် သတင်းသမားတွေအနေနဲ့ သတင်းရယူခွင့်ကဒ်မထုတ်ရသေးချိန် အဲ့ဒီအဖွဲ့အစည်းတွေက သတင်းထောက်ဆိုသူများက သတင်းရယူခွင့်ကတ်တွေ ထုတ်ယူ‌နေကြတာကို တွေ့မြင်ထားရတယ်လို့ မြေလတ်ဂျာနယ်လစ်ကွန်ရက်အဖွဲ့မှ အလုပ်အမှုဆောင် ဦးမင်းညိုက ပြောပါတယ်။ ” ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရွေးကောက်ပွဲကော်မရှင်ရုံးကို…

Read More

ဖားကန့်ဒေသရှိ နွမ်းပါးပြည်သူတွေအတွက် ဆန်အိတ် ငါးထောင် လှူဒါန်း

ဖားကန့်ဒေသရှိ နွမ်းပါးပြည်သူတွေအတွက် ဆန်အိတ် ငါးထောင် လှူဒါန်း အောက်တိုဘာ ၉ -၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကျောက်စိမ်းတွင်းဧရိယာအတွင်းရှိ ပြည်သူတွေကို ဖားကန့်ကျောက်စိမ်းတူးဖော်ရေးဌာနနဲ့ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ဆန်အိတ်ပေါင်း ငါးထောင် ပေးဝေလှူဒါန်းသွားမယ်လို့ ဖားကန့်ကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံးကနေ သိရပါတယ်။ အခုလှူဒါန်းမှုဟာ ဒုတိယအကြိမ် လှူဒါန်းတာဖြစ်တယ်လို့ သိရပြီး ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ပေါ်ချိန် မတ်လကလည်း ပထမအကြိမ်လှူဒါန်းခဲ့တယ်လို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။ အခုလှူဒါန်းသွားမယ့် ဆန်အိတ် ငါထောင်ဟာ ဖားကန့်ဒေသရှိ Stay at Home နေထိုင်နေကြရတဲ့ နွမ်းပါးပြည်သူတွေကို တအိမ်ထောင် ၆ပြည်နူန်း လှူဒါန်းသွားမှာဖြစ်တယ်လို့ ဖားကန့်ကျောက်မျက်လုပ်ငန်းရှင်အသင်းရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ “ဖားကန့်ကျောက်စိမ်းတူးဖော်ရေးဌာနက ဦးဆောင်မှုနဲ့ ကျနော်တို့လုပ်ငန်းရှင်တွေကပူးပေါင်းပြီးတော့ ဖားကန့်ဒေသမှာ စတေးဟုမ်းနေနေရတဲ့ပြည်သူတွေ အဆင်ပြေစေဖို့ လှူဒါန်းတာပါ။ လိုအပ်နေတဲ့ ပြည်သူတွေဆီ အမှန်တကယ်ရောက်အောင် အိမ်အရောက် ကျနော်တို့ကိုယ်တိုင် သွားရောက်လှူဒါန်းမှာပါ။ ဆန်အိတ်တချို့ရောက်လို့…

Read More

မော်လမြိုင်မြို့ရှိ ကိုဗစ်အတည်ပြုလူနာတွေထားဖို့ ဆောက်လုပ်နေတဲ့ ယာယီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေကို ထားမှာမဟုတ်

မော်လမြိုင်မြို့ရှိ ကိုဗစ်အတည်ပြုလူနာတွေထားဖို့ ဆောက်လုပ်နေတဲ့ ယာယီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေကို ထားမှာမဟုတ် အောက်တိုဘာ ၉-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ထဲမှာ Covid-19 အတည်ပြုလူနာများပြားလာတဲ့အတွက် ရောဂါပိုးစစ်ဆေးတွေ့ရှိသူတွေကို ထားရှိမယ့် ယာယီဆေးရုံဟာ ရာခိုင်နူန်းပြည့်ပြီးဆီးသွားပြီဖြစ်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေကိုမထားရှိဘူးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပြပါတယ်။ ” ‌ေ‌ဆးရုံက ရာနူန်းပြည့်ပြီးပြီ။ အဲ့ဒီဆေးရုံမှာ ကို‌ဗစ်ပိုးတွေ့ပြီး ရောဂါလက္ခဏာမပြင်းသ‌ူတွေ ထားမယ်။ ကျန်းမာရေးဝန်ထမ်းက ဘယ်လိုမှထုတ်သုံးလို့မရတော့တာကြောင့်ဘော်လန်တီယာတွေနဲ့ ကြီးကြပ်တာဝန်ယူမယ်”လို့ ဒေါက်တာထိန်းလင်းကပြောပါတယ်။ အဲ့ဒီယာယီဆေးရုံကို မော်လမြိုင်မြို့ခံ လုပ်ငန်းရှင်တစ်ဦးက စက်တင်ဘာ၂၅ ရက်နေ့ကနေ စတင်ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး အဆောက်အဦး ၃ ခုလုံးကို နှစ်ပတ်အတွင်း တည်ဆောက်ပြီးစီးခဲ့တဲ့အပြင် လူနာ၂၈၀ဦးခန့် ထားရှိနိုင်မယ်ဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။ မွန်ပြည်နယ်အတွင်း ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားချိန်မှာ Covid-19ပိုးရှိသူဦးရေ များပြား လာပြီးနောက်ပိုင်း မော်လမြိုင်ဆေးရုံကြီးမှာ နေရာအခက်အခဲရှိလာတဲ့အတွက်‌ အခုလိုယာယီဆေးရုံဆောက်လုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေထားရှိမယ် ယာယီအဆောက်အဦး ၃…

Read More
VOM News

FREE
VIEW