တောင်ကိုရီးယားရှိ မိုးမျှော်တိုက်မီးလောင်၊ လူ ၈၀ ဆေးရုံတင်ထားရ

တောင်ကိုရီးယားရှိ မိုးမျှော်တိုက်မီးလောင်၊ လူ ၈၀ ဆေးရုံတင်ထားရ

ဆိုးလ်၊ အောက်တိုဘာ-၉-၂၀၂၀
မျိုးဆက် (VOM)

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း အူဆန်မြို့ရှိ ၃၃ ထပ် မိုးမျှော်တိုက်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကို အပြီးသတ်ငြိမ်းနိုင်ဖို့ တောင်ကိုရီးယားမီးသတ်သမားတွေ ကြိုးစားနေကြပါတယ်။

မီးလောင်မှုကြောင့်အဆောက်အဦမှာနေထိုင်သူ ရာပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး မီးခိုးမွှန်မှုကြောင့် လူ ၈၀ ကို ဆေးရုံတင်ထားရပါတယ်။

မီးလောင်ကျွမ်းမှုဟာ အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် ၁၁ နာရီမှာ စတင်လောင်ကျွမ်းခဲ့ပြီး လေပြင်းတွေတိုက်ခတ်မှုကြောင့် အလျှင်အမြန်ကူးစက်လောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မီးလောင်မှုကို အောက်တိုဘာ ၉ ရက်မနက်ပိုင်းထိ အပြီးသတ်ငြိမ်းခြင်းမရှိသေးပါဘူး။ လေပြင်းတွေ အလွန်အကျွံတိုက်ခတ်တာကြောင့် မီးကိုထိန်းချုပ်ဖို့ ခက်ခဲခဲ့တယ်လို့ တောင်ကိုရီးယား သတင်းဌာနတွေက ဖော်ပြထားပါတယ်။

မီးလောင်ကျွမ်းမှုဟာ လူနေတိုက်ခန်းနဲ့ ဈေးဆိုင်ခန်းပေါင်း ၁၂၀ ရှိရာ စီးပွားရေးနဲ့ လူနေအဆောက်အဦရဲ့ ၈ လွှာနဲ့ ၁၂ လွှာအကြား ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref : BBC
Photo: Zhaniya/@zhany.yo
#voiceofmyanmar #VOM #ဆိုးလ် #မီးလောင်မှု

Zawgyi

ေတာင္ကိုရီးယားရိွ မိုးေမွ်ာ္တိုက္မီးေလာင္၊ လူ ၈၀ ေဆးရံုတင္ထားရ

ဆိုးလ္၊ ေအာက္တိုဘာ-၉-၂၀၂၀
မ်ိဳးဆက္ (VOM)

ေတာင္ကိုရီးယားနိုင္ငံေတာင္ပိုင္း အူဆန္ျမိဳ႕ရိွ ၃၃ ထပ္ မိုးေမွ်ာ္တိုက္တစ္ခုမွာ ျဖစ္ပြားခဲ႔တဲ႔ မီးေလာင္မႈကို အျပီးသတ္ျငိမ္းနုိင္ဖို႔ ေတာင္ကိုရီးယားမီးသတ္သမားေတြ ၾကိဳးစားေနၾကပါတယ္။

မီးေလာင္မႈေၾကာင္႔အေဆာက္အဦမွာေနထိုင္သူ ရာေပါင္းမ်ားစြာကို ေဘးလြတ္ရာကို ေရႊ႕ေျပာင္းေပးခဲ႔ရျပီး မီးခိုးမြႊန္မႈေၾကာင္႔ လူ ၈၀ ကို ေဆးရံုတင္ထားရပါတယ္။

မီးေလာင္ကြ်မ္းမႈဟာ ေအာက္တိုဘာ ၈ ရက္ ေဒသစံေတာ္ခ်ိန္ ၁၁ နာရီမွာ စတင္ေလာင္ကြ်မ္းခဲ႔ျပီး ေလျပင္းေတြတိုက္ခတ္မႈေၾကာင္႔ အလွ်င္အျမန္ကူးစက္ေလာင္ကြ်မ္းမႈေတြ ျဖစ္ေပၚခဲ႔ပါတယ္။

မီးေလာင္မႈကို ေအာက္တိုဘာ ၉ ရက္မနက္ပိုင္းထိ အျပီးသတ္ျငိမ္းျခင္းမရိွေသးပါဘူး။ ေလျပင္းေတြ အလြန္အကြ်ံတိုက္ခတ္တာေၾကာင္႔ မီးကိုထိန္းခ်ဳပ္ဖို႔ ခက္ခဲခဲ႔တယ္လို႔ ေတာင္ကိုရီးယား သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

မီးေလာင္ကြ်မ္းမႈဟာ လူေနတိုက္ခန္းနဲ႔ ေစ်းဆိုင္ခန္းေပါင္း ၁၂၀ ရိွရာ စီးပြားေရးနဲ႔ လူေနအေဆာက္အဦရဲ႕ ၈ လႊာနဲ႔ ၁၂ လႊာအၾကား ျဖစ္ပြားခဲ႔တယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

Ref : BBC
Photo: Zhaniya/@zhany.yo
#voiceofmyanmar #VOM #ဆိုးလ္ #မီးေလာင္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW