ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၁၉၂ စု မှာ ရွေးကောက်ပွဲမလုပ်နိုင် အောက်တိုဘာ ၁၇-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း (၁၉၂)ရွာရှိတယ်လို့ အောက်တိုဘာလာ ၁၆ ရက် ညပိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေငြာချက်အရ သိရပါတယ်။ မြို့နယ်အလိုက် ကြေငြာထားချက်မှာတော့ အင်ဂျန်းယန်မြို့နယ်မှာ ၆၁ စု ၊ ဆွမ်ပရာဘွမ် မြို့နယ်မှာ ၃၁ စု၊ မံစီမြို့နယ်မှာ ၂၂ စု ၊ မိုးမောက်မြို့နယ်မှာ ၂၁ စု ၊မချမ်းဘောမြို့နယ်မှာ ၁၅ စု၊ ဝိုင်းမော်မြို့နယ်မှာ ၁၃ စု၊ ရွှေကူမြို့နယ်မှာ ၉ စု ၊ ချီဖွေမြို့နယ်မှာ ၉ အုပ်စု၊ ဆော့လော်မြို့နယ်မှာ ၈ စု၊ တနိုင်းမြို့နယ်မှာ ၂ စု၊ ခေါင်လန်းဖူးမြို့နယ်မှာ ၁ စုပါဝင်နေပါတယ်။ အဲ့ဒီရွာတွေနဲ့…
Read MoreDay: October 17, 2020
ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီရဲ့ ဒုတိယဥက္ကဌ ဦးကျော်ဇောဦး နဲ့ VOM တွေ့ဆုံမေးမြန်းချက်
ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီရဲ့ ဒုတိယဥက္ကဌ ဦးကျော်ဇောဦး နဲ့ VOM တွေ့ဆုံမေးမြန်းချက် စစ်တွေ၊ အောက်တိုဘာ ၁၇- ၂၀၂၀ ထက်အောင်စိုင်း(VOM) လာမယ် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာ ကျရောက်တော့မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေအများစုမှာ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက်ယဉ်ပြိုင်ကြမှာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အင်အားကြီး ပါတီတစ်ခုဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီရဲ့ ရွေးကောက်ပွဲကာလမှာ ပြည်သူတွေအနေနဲ့ မိမိတို့ မဲပေးကြဖို့တိုက်တွန်း လိုက်တာဖြစ်ပါတယ်။ ရခိုင့်ဦးဆောင်ပါတီရဲ့ ကြွေးကြော်သံကတော့ “ ရဲရင့်အသံရှင်မုန်တိုင်းပင်ဖြတ်သန်း” ဆိုတဲ့ ဆောင်ပုတ်နဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြည်သူကိုယ်စား ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ရဲရဲဝံ့ဝံ့ တောင်းဆိုတင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ငြိမ်းချမ်းသာယာရေး၊ လာမယ့် ရွေးကောက်ပွဲမှာ…
Read Moreရှမ်းပြည်နယ်က မြို့နယ်အချို့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ကိစ္စ ပါတီအချို့ဝေဖန်မှုတွေရှိနေ
ရှမ်းပြည်နယ်က မြို့နယ်အချို့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ကိစ္စ ပါတီအချို့ဝေဖန်မှုတွေရှိနေ အောက်တိုဘာ ၁၇-၂၀၂၀ နေနန်းနွယ်(VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပခြင်းမပြုနိုင်တဲ့ နယ်မြေတွေကို မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ရှမ်းပြည်နယ်ရှိ မြို့နယ် ၆ မြို့နယ်က နယ်မြေအားလုံးနဲ့ မြို့နယ် ၁၇ ခုအတွင်းရှိ ကျေးရွာအုပ်စု ၁၃၃ ခု နှင့် ရပ်ကွက် ၇ ခု ပါဝင်တယ်လို့ သိရပါသည်။ “ရှမ်းပြည်နယ်မှာက အဓိက ၆ မြို့နယ်ပေါ့။ ၆ မြို့နယ်ထဲမှာ ၅ မြို့နယ်ကတော့ အရင်တုန်းက ၂၀၁၅ မှာလည်း မကျင်းပခဲ့နိုင်ဘူး၊ ဟိုး အရင်တုန်းကလည်း မကျင်းပနိုင်ခဲ့ဘူး၊ ၁၉၉၀ လောက်ထဲက မလုပ်ခဲ့နိုင်တဲ့နေရာတွေဖြစ်တယ်။ မိုင်းကိုင်ကိုကျတော့ ဘာအကြောင်းပြချက်မှ သိပ် လောက်လောက်လားလားမတွေ့ဘူး၊ အဲ့ဒါကို ပိတ်တယ်ဆိုတာကိုတော့ ကျွန်တော်တော့ သိပ်နားမလည်နိုင်ဖြစ်တယ်။ မကျင်းပရခြင်းအကြောင်းအရင်းကိုလည်း…
Read Moreသန့်စင်ပြီး ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်အတွင်း စွန့်ထုတ်ဖို့ ဂျပန်အစိုးရစီစဉ်နေ
သန့်စင်ပြီး ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်အတွင်း စွန့်ထုတ်ဖို့ ဂျပန်အစိုးရစီစဉ်နေ တိုကျို၊ အောက်တိုဘာ-၁၇-၂၀၂၀ မျိုးဆက်(VOM) ဂျပန်နိုင်ငံဟာ ပျက်စီးသွားတဲ့ ဖူကူရှီးမားနျူကလီးယားစက်ရုံမှ သန့်စင်ပြီး ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်ပြင်အတွင်း စွန့်ပစ်ဖို့ စီစဉ်နေတယ်လို့ ဂျပန်အခြေစိုက်သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဆူနာမီဒဏ်ကိုအကြီးအကျယ်ခံခဲ့ရပြီး အအေးပေးရာမှာ အသုံးပြုတဲ့ ရေတွေပါဝင်တဲ့ ရေဒီယိုသတ္တိကြွရေတွေကို ဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ အချေအတင်ဆွေးနွေးပြီးနောက် ဂျပန်အစိုးရက အခုလိုစီစဉ်နေတာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေနဲ့ ငါးဖမ်းသမားအုပ်စုတွေကတော့ အဲဒီကိစ္စကို ဆန့်ကျင်နေကြပေမယ့်လည်း သိပ္ပံပညာရှင်အများစုက ဒါဟာအန္တရာယ်ဖြစ်နိုင်ခြေ နည်းပါးကြောင်း ပြောဆိုကြပါတယ်။ ဂျပန်အစိုးရအနေနဲ့ သန့်စင်ပြီး ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်အတွင်းစွန့်ပစ်ရေးကိစ္စ အပြီးသတ်ဆုံးဖြတ်ချက်မချရသေးပါဘူး။ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို လျှော့ချဖို့ စစ်ထုတ်ထားတဲ့ ရေတန်ချိန်တစ်သန်းကျော်ကို စွန့်ထုတ်ရေးမှာ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ စတင်နိုင်ဖွယ်ရှိတယ်လို့ ဂျပန်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ အဆိုပါလုပ်ငန်းစဉ်တစ်ခုလုံးပြီးမြောက်ဖို့ နှစ် ၃၀ ကြာမြင့်နိုင်ကြောင်း…
Read Moreကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှသာ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်မယ်
ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှသာ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်မယ် အောက်တိုဘာ ၁၇-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ပြီး ရောဂါထိန်းချုပ်နိုင်ချိန်ရောက်မှသာ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်မယ့် အခြေအနေဖြစ်နေတယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။ လက်ရှိ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် အခြေခံပညာကျောင်းတွေကို ပိတ်ထားရဆဲဖြစ်တဲ့အပြင် ကျောင်းပြန်ဖွင့်မယ့်ရက်ကိုလည်း အတိအကျမထုတ်ပြန်နိုင်တဲ့အခြေအနေ ဖြစ်နေပါတယ် ။ ” ကာကွယ်ဆေးပေါ်ပြီး အကုန်လုံးကို ထိုးနှံနိုင်ပြီး ကျောင်းတွေလည်းဖွင့်လို့ရပြီ အပ်နှံနိုင်ပါပြီဆိုရင် ဆရာတို့ ဖွင့်မယ်။ အထူးအခြေအနေဆိုတော့ အထူးစဉ်းစားမှာပေါ့။ စာသင်ချိန်က ၉ လဖြစ်ချင်မှဖြစ်မယ်။ မြို့ကျောင်းတွေက နဂိုထဲက ၉ လအပြည့်စာမသင်ကြဘူး။ ကျောင်းတွေ တစ်နှစ်လောက်နားရတဲ့အခြေအနေလားဆိုတာလည်း ပြောလို့မရသေးပါဘူး”လို့ ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။ တကယ်လို့ ကိုဗစ်ထိန်းချုပ်နိုင်ပြီး အခြေခံပညာစာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်တဲ့အခါ ကျောင်းသူ၊ကျောင်းသားတွေကို သင်ကြားမယ့် စာသင်ချိန်ကာလဟာ ပုံမှန်ကာလထက် လျော့နည်းနိုင်တယ်လို့လည်း သိရပါတယ်။ “ကျောင်းတွေပိတ်ထားတာ ကောင်းတယ်လို့မြင်တယ်။…
Read Moreကိုဗစ်အသိပေးချက်ထုတ်ပြန်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို ဆဲဆိုကြိမ်းမောင်းရန်ရှာသူအား အမှုဖွင့်ဖမ်းဆီးထား
ကိုဗစ်အသိပေးချက်ထုတ်ပြန်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို ဆဲဆိုကြိမ်းမောင်းရန်ရှာသူအား အမှုဖွင့်ဖမ်းဆီးထား အောက်တိုဘာ ၁၇-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ ရွှေပြည်ကုန်းကျေးရွာမှာ မနေ့အောက်တိုဘာ ၁၆ရက်နေ့ညပိုင်းက ကိုဗစ် အသိပေးချက်ထုတ်ပြန်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို ဆဲဆိုကြိမ်းမောင်းရန်ရှာခဲ့သူကို ဘေးစီမံအက်ဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ရေတာရှည်မြို့ မရဲစခန်းကနေ သိရပါတယ်။ ” သူက မူးနေလား မမူးနေလားတော့ မသိဘူး။ အသံချဲ့စက်နဲ့ ကြေညာချက်ထုတ်ပြန်နေတဲ့အဖွဲ့ကို ဆဲရုံမက ပုဆိုးလှန်ပြတယ်။ နောက် ဂေါ်ပြားနဲ့ရိုက်ဖို့ထိပါ ပြင်လို့ အမှုဖွင့်တာပါ”လို့ ရွှေပြည်ကုန်းကျေးရွာ ရာအိမ်မှူး ဒေါ်တင်တင်ကပြောပါတယ်။ ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်းကျေးအုပ်ချုပ်ရေးမှူး နဲ့ရွှေပြည်ကုန်းကျေးရွာ ရာအိမ်မှူးတို့ပါတဲ့အဖွဲ့ဟာ မြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီကနေ ထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာကို ကားပေါ်မှာ အသံချဲ့စက်နဲ့ လိုက်လံကြေညာနေချိန် ရွှေပြည်ကုန်းကျေးရွာနေ အသက်(၃၅ နှစ်)အရွယ်အမျိုးသားက နေအိမ်ခြံဝင်းအတွင်းကနေ ပုဆိုးလှန်ပြခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများပြုလုပ်ခဲ့တဲ့အပြင် ဂေါ်ပြားနဲ့ရိုက်ဖို့ရန်ရှာခဲ့တာဖြစ်တယ်လို့ ရေတာရှည်မြို့မရဲစခန်းကနေ သိရပါတယ်။ ရေတာရှည်မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးပြောပြတာကတော့ ” အုပ်ချုပ်ရေးမှူးအဖွဲ့ကရန်ကုန်နဲ့အခြားမြို့ကပြန်လာသူတွေ…
Read Moreမန္တလေးတိုင်း ကျောက်ဆည်ခရိုင်က မဲဆန္ဒရှင်တွေ မဲမပေးခင် သိသင့်သည့်အချက်အလက်များ
မန္တလေးတိုင်း ကျောက်ဆည်ခရိုင်က မဲဆန္ဒရှင်တွေ မဲမပေးခင် သိသင့်သည့်အချက်အလက်များ အောက်တိုဘာ ၁၇-၂၀၂၀ ဆွေလင်းထွန်း(VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ ကျောက်ဆည်ခရိုင်ထဲက မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့ တံဆိပ်တုံးကို နှိပ်ရမှာဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေအတွက်ကတော့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ပါပေးရမှာမို့ မဲပေးရမယ့်လက်မှတ်ကဒ်ပြား…
Read Moreရခိုင်က မြို့နယ်(၉) ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း UECရဲ့ထုတ်ပြန်မှုအပေါ် ပါတီတချို့ ဝေဖန်
ရခိုင်က မြို့နယ်(၉) ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း UECရဲ့ထုတ်ပြန်မှုအပေါ် ပါတီတချို့ ဝေဖန် အောက်တိုဘာ ၁၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တဲ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်(၉) ခု၊ ပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်းက ရပ်ကျေးအုပ်စုတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မှာမဟုတ်ကြောင်း ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြည်နယ်တွင်းက ပါတီတွေရဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိလာပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုင်ငံတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် (၉) မြို့နယ်ဖြစ်တဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ကျောက်တော်မြို့နယ်တို့ပါဝင်တာဖြစ်ပါတယ်။ အခုလိုမျိုး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲမှာ အနိုင်းအရှုံးနဲ့ဟာ မဲဆန္ဒရှင်ပြည်သူတွေအပေါ် မူတည်နေပြီး UEC အနေနဲ့ ဘယ်သူတွေနဲ့မှ…
Read Moreမန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်အတွင်းမှာရှိကြတဲ့ မဲဆန္ဒရှင်တွေ မဲမပေးခင် သိသင့်သည်များ
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်အတွင်းမှာရှိကြတဲ့ မဲဆန္ဒရှင်တွေ မဲမပေးခင် သိသင့်သည်များ မန္တလေး – အောက်တိုဘာ ၁၇-၂၀၂၀ ဆွေလင်းထွန်း(VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ ပြင်ဦးလွင်ခရိုင်ထဲက မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့ တံဆိပ်တုံးကို နှိပ်ရမှာဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေအတွက်ကတော့…
Read Moreတပိုင်တနိုင်ကျောက်တူးသူတွေ တန်ချီတဲ့ ကျောက်စိမ်းတုံးကြီးတွေ့ပြန်သော်လည်း
တပိုင်တနိုင်ကျောက်တူးသူတွေ တန်ချီတဲ့ ကျောက်စိမ်းတုံးကြီးတွေ့ပြန်သော်လည်း အောက်တိုဘာ ၁၇-၂၀၂၀ ဇော်မိုးထက် (ဖားကန့် ) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာအနီး မက်လက်ချောင်မှော်က ဒေသအခေါ် YTT တောင်ကုန်းမှာ ယနေ့ အောက်တိုဘာ၁၆ရက်နေ့ နေလည်ပိုင် ပိဿာချိန် ၈၀၀ခန့်ရှိတဲ့ ကျောက်စိမ်းတုံးကြီး တတုံးတွေ့ရှိတယ်လို့ မက်လင်ချောင်ရွာသားတွေဆီက သိရပါတယ် ။ ဒီကျောက်စိမ်းတုံးကြီးဟာ မမုံကျေးရွာက တပိုင်တနိုင်ကျောက်စိမ်းတူးသူ ရေမဆေးသမားတွေ တူးဖော်တွေ့ရှိတာဖြစ်ပြီး အထူးတိုက်ခိုက်ရေး ရဲတပ်ရင်းနဲ့ စစ်သားတွေက သယ်ဆောင်ခွင့်မပေးဘူးလို့ဆိုပါတယ် ။ ကျောက်စိမ်းတုံးကြီးနားကို ဘယ်သူမှကပ်လို့မရအောင် တပ်တွေ ရဲတွေနဲ့ လုံခြုံရေးတခါတည်း ချထားလိုက်တယ်လို့လည်း ရွာသားတွေက ဆိုပါတယ် ။ ” တွေ့တာက မမုံက လူတွေတွေ့တာဗျ ။ တူးနေတုံးက ဘယ်သူမှဘာမှလာမပြောဘူး ။ ကျောက်ကြီးတွေ့လို့ ဖော်မယ်သယ်တော့မယ်လုပ်မှ ရဲတွေရောက်လာတာဗျ ၊မင်းတို့တူးတာတရားမဝင်ဘူး၊ ဒီကျောက်က နိုင်ငံတော်ပိုင်တာ၊နိုင်ငံတော်အပ်ရမယ်လို့…
Read More