တပိုင်တနိုင်ကျောက်တူးသူတွေ တန်ချီတဲ့ ကျောက်စိမ်းတုံးကြီးတွေ့ပြန်သော်လည်း

တပိုင်တနိုင်ကျောက်တူးသူတွေ တန်ချီတဲ့ ကျောက်စိမ်းတုံးကြီးတွေ့ပြန်သော်လည်း

အောက်တိုဘာ ၁၇-၂၀၂၀
ဇော်မိုးထက် (ဖားကန့် )

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာအနီး မက်လက်ချောင်မှော်က ဒေသအခေါ် YTT တောင်ကုန်းမှာ ယနေ့ အောက်တိုဘာ၁၆ရက်နေ့ နေလည်ပိုင် ပိဿာချိန် ၈၀၀ခန့်ရှိတဲ့ ကျောက်စိမ်းတုံးကြီး တတုံးတွေ့ရှိတယ်လို့ မက်လင်ချောင်ရွာသားတွေဆီက သိရပါတယ် ။

ဒီကျောက်စိမ်းတုံးကြီးဟာ မမုံကျေးရွာက တပိုင်တနိုင်ကျောက်စိမ်းတူးသူ ရေမဆေးသမားတွေ တူးဖော်တွေ့ရှိတာဖြစ်ပြီး အထူးတိုက်ခိုက်ရေး ရဲတပ်ရင်းနဲ့ စစ်သားတွေက သယ်ဆောင်ခွင့်မပေးဘူးလို့ဆိုပါတယ် ။ ကျောက်စိမ်းတုံးကြီးနားကို ဘယ်သူမှကပ်လို့မရအောင် တပ်တွေ ရဲတွေနဲ့ လုံခြုံရေးတခါတည်း ချထားလိုက်တယ်လို့လည်း ရွာသားတွေက ဆိုပါတယ် ။

” တွေ့တာက မမုံက လူတွေတွေ့တာဗျ ။ တူးနေတုံးက ဘယ်သူမှဘာမှလာမပြောဘူး ။ ကျောက်ကြီးတွေ့လို့ ဖော်မယ်သယ်တော့မယ်လုပ်မှ ရဲတွေရောက်လာတာဗျ ၊မင်းတို့တူးတာတရားမဝင်ဘူး၊ ဒီကျောက်က နိုင်ငံတော်ပိုင်တာ၊နိုင်ငံတော်အပ်ရမယ်လို့ ပြောပြီးအကုန်လုံးကို မောင်းထုတ်တော့တာပဲ “လို့ အဆိုပါကျောက်စိမ်းတုံးကြီး တူးဖော်ရာမှာ ကူညီလုပ်ပေးသူ ကိုမင်းထက်ကပြောပါတယ် ။

ယခုလို ကျောက်စိမ်းတုံး တွေ့ရှိမှုနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း)တာဝန်ရှိသူကို ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး ။

ဖားကန့်ဒေသမှာ နိုဝင်ဘာ ၁၂ ရက်နေ့ညနေကလည်း ပိသာချိန် ရှစ်ရာခန့်ရှိတဲ့ ကျောက်စိမ်းတုံးတတုံး တပိုင်တနိုင် ကျောက်တူးသမားတွေက တွေ့ရှိခဲ့ပြီး နိုင်ငံတော်က သိမ်းဆည်းခဲ့ပါတယ် ။

ခုတွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံးတွေ့ရှိတဲ့နေရာနဲ့ ကိုက်လေးငါးရာအကွာမှာပဲ တန် ၂၀၀ကျော် အလေးချိန် ရှိတဲ့ ကျောက်စိမ်းတုံးကြီး ရတနာရောင်ခြည် ကုမ္မဏီက တူးဖော်တွေ့ရှိခဲ့ဘူးပါသေးတယ်။

#voiceofmyanmar #VOM #ဖားကန့် #ကျောက်စိမ်းတုံး

Zawgy

တပိုင္တႏိုင္ေက်ာက္တူးသူေတြ တန္ခ်ီတဲ့ ေက်ာက္စိမ္းတုံးႀကီးေတြ႕ျပန္ေသာ္လည္း

ေအာက္တိုဘာ ၁၇-၂၀၂၀
ေဇာ္မိုးထက္ (ဖားကန႔္ )

ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာအုပ္စု မမုံေက်း႐ြာအနီး မက္လက္ေခ်ာင္ေမွာ္က ေဒသအေခၚ YTT ေတာင္ကုန္းမွာ ယေန႔ ေအာက္တိုဘာ၁၆ရက္ေန႔ ေနလည္ပိုင္ ပိႆာခ်ိန္ ၈၀၀ခန႔္ရွိတဲ့ ေက်ာက္စိမ္းတုံးႀကီး တတုံးေတြ႕ရွိတယ္လို႔ မက္လင္ေခ်ာင္႐ြာသားေတြဆီက သိရပါတယ္ ။

ဒီေက်ာက္စိမ္းတုံးႀကီးဟာ မမုံေက်း႐ြာက တပိုင္တႏိုင္ေက်ာက္စိမ္းတူးသူ ေရမေဆးသမားေတြ တူးေဖာ္ေတြ႕ရွိတာျဖစ္ၿပီး အထူးတိုက္ခိုက္ေရး ရဲတပ္ရင္းနဲ႔ စစ္သားေတြက သယ္ေဆာင္ခြင့္မေပးဘူးလို႔ဆိုပါတယ္ ။ ေက်ာက္စိမ္းတုံးႀကီးနားကို ဘယ္သူမွကပ္လို႔မရေအာင္ တပ္ေတြ ရဲေတြနဲ႔ လုံၿခဳံေရးတခါတည္း ခ်ထားလိုက္တယ္လို႔လည္း ႐ြာသားေတြက ဆိုပါတယ္ ။

” ေတြ႕တာက မမုံက လူေတြေတြ႕တာဗ် ။ တူးေနတုံးက ဘယ္သူမွဘာမွလာမေျပာဘူး ။ ေက်ာက္ႀကီးေတြ႕လို႔ ေဖာ္မယ္သယ္ေတာ့မယ္လုပ္မွ ရဲေတြေရာက္လာတာဗ် ၊မင္းတို႔တူးတာတရားမဝင္ဘူး၊ ဒီေက်ာက္က ႏိုင္ငံေတာ္ပိုင္တာ၊ႏိုင္ငံေတာ္အပ္ရမယ္လို႔ ေျပာၿပီးအကုန္လုံးကို ေမာင္းထုတ္ေတာ့တာပဲ “လို႔ အဆိုပါေက်ာက္စိမ္းတုံးႀကီး တူးေဖာ္ရာမွာ ကူညီလုပ္ေပးသူ ကိုမင္းထက္ကေျပာပါတယ္ ။

ယခုလို ေက်ာက္စိမ္းတုံး ေတြ႕ရွိမႈနဲ႔ပတ္သက္ၿပီး အတည္ျပဳႏိုင္ဖို႔ ေက်ာက္စိမ္းတူးေဖာ္ေရးဌာန (လုံးခင္း)တာဝန္ရွိသူကို ဖုန္းေခၚဆိုခဲ့ေပမယ့္ ဆက္သြယ္လို႔မရေသးပါဘူး ။

ဖားကန႔္ေဒသမွာ ႏိုဝင္ဘာ ၁၂ ရက္ေန႔ညေနကလည္း ပိသာခ်ိန္ ရွစ္ရာခန႔္ရွိတဲ့ ေက်ာက္စိမ္းတုံးတတုံး တပိုင္တႏိုင္ ေက်ာက္တူးသမားေတြက ေတြ႕ရွိခဲ့ၿပီး ႏိုင္ငံေတာ္က သိမ္းဆည္းခဲ့ပါတယ္ ။

ခုေတြ႕ရွိခဲ့တဲ့ ေက်ာက္စိမ္းတုံးေတြ႕ရွိတဲ့ေနရာနဲ႔ ကိုက္ေလးငါးရာအကြာမွာပဲ တန္ ၂၀၀ေက်ာ္ အေလးခ်ိန္ ရွိတဲ့ ေက်ာက္စိမ္းတုံးႀကီး ရတနာေရာင္ျခည္ ကုမၼဏီက တူးေဖာ္ေတြ႕ရွိခဲ့ဘူးပါေသးတယ္။

#voiceofmyanmar #VOM #ဖားကန႔္ #ေက်ာက္စိမ္းတုံး

 

Related posts

Leave a Comment

VOM News

FREE
VIEW