ရှိတဲ့အားနဲ့ စည်းစည်းလုံးလုံးလုပ်သွားမယ်ဆိုတဲ့ ဒေါက်တာတင်မာအောင်

မန္တလေး- အောက်တိုဘာ ၂၄-၂၀၂၀

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပဖြစ်တာ ၇ နေရာပဲရှိတာမို့ ပြည်နယ်လွှတ်တော်မှာ အနိုင်ရခဲ့ရင် ပြည်နယ်လွှတ်တော်ရှိတဲ့ ၁၄ ယောက်အပြင် မဖြစ်မနေရှိနေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ပါ ညှိနိုုင်းပြီး ရခိုင်ပြည်အရေးဆောင်ရွက်သွားမယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ရဲ့ တောင်ကုတ်မဲဆန္ဒနယ်အမှတ် ၂ကနေ ပြည်နယ်လွှတ်တော်အတွက်ယှဉ်ပြိုင်မယ့် ဒေါက်တာတင်မာအောင် ကပြောပါတယ်။

ဒေါက်တာတင်မာအောင်အနေနဲ့ အန်အယ်လ်ဒီပါတီရဲ့ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူးလုပ်ခဲ့ဘူးသလို နိုင်ငံတကာအဖွဲ့အစည်းအတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွေ့အကြုံတွေ၊ ကိုယ်တိုင်ဦးဆောင်တဲ့ ဒေါက်တာစောမရအောင်ဖေါင်ဒေးရှင်းကနေ ပရဟိတတွေလုပ်နေသူဖြစ်ပြီး ဘာ့ကြောင့် လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်လုပ်ကိုင်ဖြစ်တာလဲ၊ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဘာလုပ်ပေးနိုင်မလဲဆိုတာတွေကို Voice Of Myanmar (VOM) ရဲ့ အယ်ဒီတာချုပ်ဦးနေလင်းက ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။

#voiceofmyanmar #VOM #ALD #ဒေါက်တာတင်မာအောင် #ကိုယ်စားလှယ်လောင်းမိတ်ဆက်

zawgy




ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပဖြစ်တာ ၇ နေရာပဲရှိတာမို့ ပြည်နယ်လွှတ်တော်မှာ အနိုင်ရခဲ့ရင် ပြည်နယ်လွှတ်တော်ရှိတဲ့ ၁၄ ယောက်အပြင် မဖြစ်မနေရှိနေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ပါ ညှိနိုင်းပြီး ရခိုင်ပြည်အရေးဆောင်ရွက်သွားမယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ရဲ့ တောင်ကုတ်မဲဆန္ဒနယ်အမှတ် ၂ကနေ ပြည်နယ်လွှတ်တော်အတွက်ယှဉ်ပြိုင်မယ့် ဒေါက်တာတင်မာအောင် ကပြောပါတယ်။



 

Related posts

Leave a Comment

VOM News

FREE
VIEW