ထောင်တချို့မှာ ကိုဗစ်ကူးစက်လာလို့ အချုပ်သားတွေကို ထောင်ထဲမှာဘဲ ရမာန်ယူ

ရန်ကုန်-အောက်တိုဘာ၂၈-၂၀၂၀
ထက်ခေါင်လင်း (VOM)

အကျဉ်းထောင်တချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှု ဖြစ်ပွားလာနေတဲ့အတွက် ထောင်ထဲရှိ အချုပ်သားတွေကို အကျဉ်းထောင်ထဲမှာပင် ဗီဒီယိုကွန်းဖရန့်စနစ်နဲ့ ရုံးထုတ်ရမန်ယူကြောင်း အကျဉ်းဦးစီးဌာနက သိရပါတယ်။

တရားရေးဌာနနဲ့ အကျဉ်းဦးစီးဌာနတို့ ညှိနှိုင်းချက်တွေအရ မဖြစ်မနေ ရုံးထုတ်ရမယ့် အရေးကြီး အမှုတွေကိုပဲ ကျန်းမာရေး ဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း PPE ဝတ်စုံနဲ့ ရုံးထုတ်နေပြီး အမှုတော်တော်များများကိုတော့ ထောင်ထဲမှာသာ ရုံးထုတ်ရမန်ယူတယ်လို့ ရန်ကုန်တိုင်း အကျဉ်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

ဦးဇော်ဇော်က “တော်တော်များများကိုတော့ အပြင်ရုံး မထုတ်တော့ဘူး။ တရားသူကြီးနဲ့ အချုပ်တို့ တိုက်ရိုက်တွေ့ဆုံတဲ့ ဗီဒီယို ကွန်းဖရန့်နဲ့ ရမန်ယူတယ်။ အမှုအားလုံးနီးပါးတော့ ဒီအတိုင်းသွားနေတယ်။ အရေးကြီးလို့ တရားသူကြီးက ထုတ်မှ ရမယ်ဆိုတဲ့ အမှုမျိုးကိုပဲ သတ်မှတ်တဲ့အတိုင်း ထုတ်တယ်။ ဘယ်အမှုရယ်လို့တော့ သတ်သတ်မှတ်မှတ် ချမှတ်ထားတာ မရှိပါဘူး။ ဒီလိုလုပ်တော့ ရုံးချိန်းတွေမှာ ၂ ဖက်ရှေ့နေ ကြားနာတာမျိုးတော့ မရှိဘူးပေါ့” လို့ ဆိုပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့လည်း အကျဉ်းထောင်က အကျဉ်းသား၊ အချုပ်သားတွေရဲ့ နေထိုင်စားသောက်မှုကို လာရောက်စစ်ဆေးပေးသလို လိုအပ်တဲ့ လက်ဆေးအဆီတွေ၊ နှာခေါင်းစည်းတွေ၊ PPE ဝတ်စုံတွေကို ထောက်ပံ့ပေးတယ်လို့ သူက ဆက်ပြောတယ်။

အကျဉ်းထောင်ထဲက သူတွေကို ကိုဗစ်ကြောင့် ထောင်ဝင်စာပိတ်လိုက်ပေမယ့် ပစ္စည်းပို့ခွင့်နဲ့ အကျဉ်းသား အပ်ငွေတွေထဲက တပတ်တခါ ဈေးဝယ်ပေးတယ်၊ အကျဉ်းထောင်ထဲကို အသစ်ရောက်လာတဲ့ အချုပ်သား၊ အကျဉ်းသားတွေကို ထောင်ထဲက လူဟောင်းများနဲ့ ၂၁ ရက်တိတိ ရောမထားပဲ သီးခြားစီ ခွဲထားတယ်လို့ ဦးဇော်ဇော်က ပြောတယ်။

ယခုလအကုန်ပိုင်းမှာ ပဲခူးတိုင်း သာယာဝတီနဲ့ ဧရာဝတီတိုင်း မအူပင်ထောင်တွေမှာ အကျဉ်းသား၊ အချုပ်သားနဲ့ ဝန်ထမ်းတွေ ရာနဲ့ချီ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်။ အဲ့ဒီလို အကျဉ်းထောင်တွေကို ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု ဖြစ်လာတဲ့အတွက် အကျဉ်းထောင်တွေထဲမှာလဲ စည်းကမ်းများ ပိုမိုတင်းကျပ်လာတယ်လို့ အကျဉ်းထောင် အသိုင်းအဝိုင်းက သိရပါတယ်။

သာယာဝတီထောင်လို ဗဟိုအကျဉ်းထောင်အဖြစ် သတ်မှတ်ထားတဲ့ ထောင်မျိုးတောင် ကိုဗစ်ကူးစက်မှု ဖြစ်လာပြီ ဆိုတဲ့အတွက် နယ်ထောင်များအနေနဲ့ ပိုမိုးဆိုးဝါးစွာ ဖြစ်လာနိုင်တဲ့ အခြေအနေကို အထူးသတိပြုရမယ့်အပြင် အကျဉ်းထောင်တွေမှာ မူးယစ်ဆေး နည်းနည်းလေးနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတွေကို လွှတ်ပေးတာမျိုးနဲ့ အကျဉ်းသား ဦးရေ လျော့ချမှုကို ပိုမိုစဉ်းစား သုံးသပ်ရန် လိုအပ်လာပြီလို နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး အသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က သုံးသပ်ပါတယ်။

နိုင်ငံတကာက အကျဉ်းထောင်တွေဟာ ယခင်အချိန်များထဲက ကိုဗစ်ကူးစက်မှု ဖြစ်ခဲ့ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ယခုမှ ဖြစ်တာတဲ့အတွက် ပြင်ဆင်ချိန်ရတဲ့ အနေအထားမျိုးမှာ သေသေချာချာ ပြင်ဆင်မှုတွေ အားနည်းခဲ့လို့ အခုလို အကျဉ်းထောင်တွေမှာ ကူးစက်မှု ဖြစ်ပေါ်လာရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဦးဘိုကြည်က “အကျဉ်းထောင်တွေမှာ ကိုဗစ်ကာကွယ်တာဆီးဖို့ အဓိက လိုတာက နေရာအကျယ်အဝန်းပဲ။ အခု မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းသား၊ အချုပ်သားတွေနေဖို့ လုံလောက်တဲ့ နေရာအကျယ်အဝန်းကို မတွေ့ရဘူး။ လုံလောက်တဲ့ အိပ်ရေးဝဝ အိပ်ရတာ၊ စားသောက်ရတာမျိုး သိပ်မရှိဘူး။ ကျန်းမာရေး အခြေအနေက အပြင်မှာတောင် ဒီလောက် ကသောင်းကနင်းဖြစ်နေတာ ထောင်ထဲမှာဆို ပိုဆိုးပေါ့” လို့ ဆိုပါတယ်။

အကျဉ်းထောင်သတင်းတွေကို အများသိ‌အောင် ထုတ်ပြန်ပေးဖို့ လိုတာကိုလည်း ဦးဘိုကြည်က
“နောက်ပြီး အကျဉ်းထောင်တွေထဲက သတင်းအချက်အလက်တွေကို လျှို့ဝှက်ထားတာ မဖြစ်သင့်ဘူး။ အများပြည်သူ သိအောင် ထုတ်ပြန်ဖို့လိုတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကရော၊ အကျဉ်းဦးစီးဌာနကပါ သတင်းထိန်ချန်ထားတာ မဖြစ်သင့်ဘူး။ ကိုဗစ်ဖြစ်လာတာက အပြစ်မဟုတ်ပါဘူး။ သတင်းထိန်ချန်ထားတာက အပြစ်ဖြစ်တယ်။ ဒါကို အစိုးရရော၊ ဝန်ကြီးဌာနဘက်ကပါ မူဝါဒတွေကို ပြန်သုံးသပ်ဖို့လိုတယ်” လို့ ဆိုပါတယ်။

အဲ့ဒီလို အကျဉ်းထောင်တွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ ဖြစ်လာတဲ့အတွက် ထောင်ကျနေတဲ့သူတွေရဲ့ မိသားစုဝင်တွေမှာ စိုးရိမ်စိတ်တွေ ပိုဖြစ်လာရတယ်လို့ ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဌဟောင်း ဒေါက်တာအေးမောင်ရဲ့ ညီမဖြစ်သူ ဒေါ်မိမိခိုင်က ပြောပါတယ်။

ဒေါ်မိမိခိုင်က “ကျမတို့ ထောင်ဝင်စာ ပိတ်ထားတော့ လူကိုတွေ့ခွင့်မရဘူး။ အစားအသောက်နဲ့ ပစ္စည်းတွေကို ထောင်အဝက ဝန်ထမ်းတွေကိုပဲ ပေးခဲ့ရတာ။ သူ့ကျန်းမာရေးကအစ အဲ့ဒီဝန်ထမ်းကို ကောင်းလားမေးရင် ကောင်းတယ်ပဲ ပြောတယ်။ သူတို့ပြောတာပဲ သိရတယ်။ အခုလို ထောင်တွေအထိ ကိုဗစ်က ကူးစက်လာတယ်ဆိုတော့ ထောင်ထဲ ရောက်နေသူတွေရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေ အားလုံးက စိုးရိမ်ကြမှာပဲ။ ကျမတို့လည်း စိုးရိမ်တယ်” လို့ ဆိုတယ်။

လက်ရှိမြန်မာနိုင်ငံက အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေမှာ အကျဉ်းသား တစ်သိန်းဝန်းကျင်ရှိတယ်လို့ အေအေပီပီရဲ့စာရင်းတွေအရသိရပါတယ်။

#voiceofmyanmar #VOM #အကျဉ်းထောင်နဲ့ကိုဗစ်

Zawgy

ေထာင္တခ်ိဳ႕မွာ ကိုဗစ္ကူးစက္လာလို႔ အခ်ဳပ္သားေတြကို ေထာင္ထဲမွာဘဲ ရမန္ယူ

ရန္ကုန္-ေအာက္တိုဘာ၂၈-၂၀၂၀
ထက္ေခါင္လင္း (VOM)

အက်ဥ္းေထာင္တခ်ိဳ႕မွာ ကိုဗစ္ေရာဂါပိုး ကူးစက္မႈ ျဖစ္ပြားလာေနတဲ့အတြက္ ေထာင္ထဲရွိ အခ်ဳပ္သားေတြကို အက်ဥ္းေထာင္ထဲမွာပင္ ဗီဒီယိုကြန္းဖရန႔္စနစ္နဲ႔ ႐ုံးထုတ္ရမန္ယူေၾကာင္း အက်ဥ္းဦးစီးဌာနက သိရပါတယ္။

တရားေရးဌာနနဲ႔ အက်ဥ္းဦးစီးဌာနတို႔ ညႇိႏႈိင္းခ်က္ေတြအရ မျဖစ္မေန ႐ုံးထုတ္ရမယ့္ အေရးႀကီး အမႈေတြကိုပဲ က်န္းမာေရး ဝန္ႀကီးဌာန လမ္းၫႊန္ခ်က္အတိုင္း PPE ဝတ္စုံနဲ႔ ႐ုံးထုတ္ေနၿပီး အမႈေတာ္ေတာ္မ်ားမ်ားကိုေတာ့ ေထာင္ထဲမွာသာ ႐ုံးထုတ္ရမန္ယူတယ္လို႔ ရန္ကုန္တိုင္း အက်ဥ္းဦးစီးဌာနက ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဇာ္က ေျပာပါတယ္။

ဦးေဇာ္ေဇာ္က “ေတာ္ေတာ္မ်ားမ်ားကိုေတာ့ အျပင္႐ုံး မထုတ္ေတာ့ဘူး။ တရားသူႀကီးနဲ႔ အခ်ဳပ္တို႔ တိုက္႐ိုက္ေတြ႕ဆုံတဲ့ ဗီဒီယို ကြန္းဖရန႔္နဲ႔ ရမန္ယူတယ္။ အမႈအားလုံးနီးပါးေတာ့ ဒီအတိုင္းသြားေနတယ္။ အေရးႀကီးလို႔ တရားသူႀကီးက ထုတ္မွ ရမယ္ဆိုတဲ့ အမႈမ်ိဳးကိုပဲ သတ္မွတ္တဲ့အတိုင္း ထုတ္တယ္။ ဘယ္အမႈရယ္လို႔ေတာ့ သတ္သတ္မွတ္မွတ္ ခ်မွတ္ထားတာ မရွိပါဘူး။ ဒီလိုလုပ္ေတာ့ ႐ုံးခ်ိန္းေတြမွာ ၂ ဖက္ေရွ႕ေန ၾကားနာတာမ်ိဳးေတာ့ မရွိဘူးေပါ့” လို႔ ဆိုပါတယ္။

က်န္းမာေရး ဝန္ႀကီးဌာနအေနနဲ႔လည္း အက်ဥ္းေထာင္က အက်ဥ္းသား၊ အခ်ဳပ္သားေတြရဲ႕ ေနထိုင္စားေသာက္မႈကို လာေရာက္စစ္ေဆးေပးသလို လိုအပ္တဲ့ လက္ေဆးအဆီေတြ၊ ႏွာေခါင္းစည္းေတြ၊ PPE ဝတ္စုံေတြကို ေထာက္ပံ့ေပးတယ္လို႔ သူက ဆက္ေျပာတယ္။

အက်ဥ္းေထာင္ထဲက သူေတြကို ကိုဗစ္ေၾကာင့္ ေထာင္ဝင္စာပိတ္လိုက္ေပမယ့္ ပစၥည္းပို႔ခြင့္နဲ႔ အက်ဥ္းသား အပ္ေငြေတြထဲက တပတ္တခါ ေဈးဝယ္ေပးတယ္၊ အက်ဥ္းေထာင္ထဲကို အသစ္ေရာက္လာတဲ့ အခ်ဳပ္သား၊ အက်ဥ္းသားေတြကို ေထာင္ထဲက လူေဟာင္းမ်ားနဲ႔ ၂၁ ရက္တိတိ ေရာမထားပဲ သီးျခားစီ ခြဲထားတယ္လို႔ ဦးေဇာ္ေဇာ္က ေျပာတယ္။

ယခုလအကုန္ပိုင္းမွာ ပဲခူးတိုင္း သာယာဝတီနဲ႔ ဧရာဝတီတိုင္း မအူပင္ေထာင္ေတြမွာ အက်ဥ္းသား၊ အခ်ဳပ္သားနဲ႔ ဝန္ထမ္းေတြ ရာနဲ႔ခ်ီ ကိုဗစ္ေရာဂါပိုး ကူးစက္ခံခဲ့ရပါတယ္။ အဲ့ဒီလို အက်ဥ္းေထာင္ေတြကို ကိုဗစ္ေရာဂါပိုး ကူးစက္ျပန႔္ပြားမႈ ျဖစ္လာတဲ့အတြက္ အက်ဥ္းေထာင္ေတြထဲမွာလဲ စည္းကမ္းမ်ား ပိုမိုတင္းက်ပ္လာတယ္လို႔ အက်ဥ္းေထာင္ အသိုင္းအဝိုင္းက သိရပါတယ္။

သာယာဝတီေထာင္လို ဗဟိုအက်ဥ္းေထာင္အျဖစ္ သတ္မွတ္ထားတဲ့ ေထာင္မ်ိဳးေတာင္ ကိုဗစ္ကူးစက္မႈ ျဖစ္လာၿပီ ဆိုတဲ့အတြက္ နယ္ေထာင္မ်ားအေနနဲ႔ ပိုမိုးဆိုးဝါးစြာ ျဖစ္လာႏိုင္တဲ့ အေျခအေနကို အထူးသတိျပဳရမယ့္အျပင္ အက်ဥ္းေထာင္ေတြမွာ မူးယစ္ေဆး နည္းနည္းေလးနဲ႔ ေထာင္က်ေနတဲ့ အက်ဥ္းသားေတြကို လႊတ္ေပးတာမ်ိဳးနဲ႔ အက်ဥ္းသား ဦးေရ ေလ်ာ့ခ်မႈကို ပိုမိုစဥ္းစား သုံးသပ္ရန္ လိုအပ္လာၿပီလို ႏိုင္ငံေရး အက်ဥ္းသားမ်ား ေစာင့္ေရွာက္ေရး အသင္း တြဲဖက္အတြင္းေရးမႉး ဦးဘိုၾကည္က သုံးသပ္ပါတယ္။

ႏိုင္ငံတကာက အက်ဥ္းေထာင္ေတြဟာ ယခင္အခ်ိန္မ်ားထဲက ကိုဗစ္ကူးစက္မႈ ျဖစ္ခဲ့ေပမယ့္ ျမန္မာႏိုင္ငံအေနနဲ႔ ယခုမွ ျဖစ္တာတဲ့အတြက္ ျပင္ဆင္ခ်ိန္ရတဲ့ အေနအထားမ်ိဳးမွာ ေသေသခ်ာခ်ာ ျပင္ဆင္မႈေတြ အားနည္းခဲ့လို႔ အခုလို အက်ဥ္းေထာင္ေတြမွာ ကူးစက္မႈ ျဖစ္ေပၚလာရတာျဖစ္တယ္လို႔ သူက ေျပာပါတယ္။

ဦးဘိုၾကည္က “အက်ဥ္းေထာင္ေတြမွာ ကိုဗစ္ကာကြယ္တာဆီးဖို႔ အဓိက လိုတာက ေနရာအက်ယ္အဝန္းပဲ။ အခု ျမန္မာႏိုင္ငံက အက်ဥ္းေထာင္ေတြမွာ အက်ဥ္းသား၊ အခ်ဳပ္သားေတြေနဖို႔ လုံေလာက္တဲ့ ေနရာအက်ယ္အဝန္းကို မေတြ႕ရဘူး။ လုံေလာက္တဲ့ အိပ္ေရးဝဝ အိပ္ရတာ၊ စားေသာက္ရတာမ်ိဳး သိပ္မရွိဘူး။ က်န္းမာေရး အေျခအေနက အျပင္မွာေတာင္ ဒီေလာက္ ကေသာင္းကနင္းျဖစ္ေနတာ ေထာင္ထဲမွာဆို ပိုဆိုးေပါ့” လို႔ ဆိုပါတယ္။

အက်ဥ္းေထာင္သတင္းေတြကို အမ်ားသိ‌ေအာင္ ထုတ္ျပန္ေပးဖို႔ လိုတာကိုလည္း ဦးဘိုၾကည္က
“ေနာက္ၿပီး အက်ဥ္းေထာင္ေတြထဲက သတင္းအခ်က္အလက္ေတြကို လွ်ိဳ႕ဝွက္ထားတာ မျဖစ္သင့္ဘူး။ အမ်ားျပည္သူ သိေအာင္ ထုတ္ျပန္ဖို႔လိုတယ္။ ျပည္ထဲေရးဝန္ႀကီးဌာနကေရာ၊ အက်ဥ္းဦးစီးဌာနကပါ သတင္းထိန္ခ်န္ထားတာ မျဖစ္သင့္ဘူး။ ကိုဗစ္ျဖစ္လာတာက အျပစ္မဟုတ္ပါဘူး။ သတင္းထိန္ခ်န္ထားတာက အျပစ္ျဖစ္တယ္။ ဒါကို အစိုးရေရာ၊ ဝန္ႀကီးဌာနဘက္ကပါ မူဝါဒေတြကို ျပန္သုံးသပ္ဖို႔လိုတယ္” လို႔ ဆိုပါတယ္။

အဲ့ဒီလို အက်ဥ္းေထာင္ေတြမွာ ကိုဗစ္ေရာဂါပိုး ကူးစက္မႈေတြ ျဖစ္လာတဲ့အတြက္ ေထာင္က်ေနတဲ့သူေတြရဲ႕ မိသားစုဝင္ေတြမွာ စိုးရိမ္စိတ္ေတြ ပိုျဖစ္လာရတယ္လို႔ ရန္ကုန္တိုင္း၊ အင္းစိန္အက်ဥ္းေထာင္မွာ ေထာင္ဒဏ္ႏွစ္ရွည္က်ခံေနရတဲ့ ရခိုင္အမ်ိဳးသားပါတီ ဥကၠဌေဟာင္း ေဒါက္တာေအးေမာင္ရဲ႕ ညီမျဖစ္သူ ေဒၚမိမိခိုင္က ေျပာပါတယ္။

ေဒၚမိမိခိုင္က “က်မတို႔ ေထာင္ဝင္စာ ပိတ္ထားေတာ့ လူကိုေတြ႕ခြင့္မရဘူး။ အစားအေသာက္နဲ႔ ပစၥည္းေတြကို ေထာင္အဝက ဝန္ထမ္းေတြကိုပဲ ေပးခဲ့ရတာ။ သူ႔က်န္းမာေရးကအစ အဲ့ဒီဝန္ထမ္းကို ေကာင္းလားေမးရင္ ေကာင္းတယ္ပဲ ေျပာတယ္။ သူတို႔ေျပာတာပဲ သိရတယ္။ အခုလို ေထာင္ေတြအထိ ကိုဗစ္က ကူးစက္လာတယ္ဆိုေတာ့ ေထာင္ထဲ ေရာက္ေနသူေတြရဲ႕ မိသားစုဝင္ေတြ၊ ေဆြမ်ိဳးသားခ်င္းေတြ အားလုံးက စိုးရိမ္ၾကမွာပဲ။ က်မတို႔လည္း စိုးရိမ္တယ္” လို႔ ဆိုတယ္။

လက္ရွိျမန္မာႏိုင္ငံက အက်ဥ္းေထာင္နဲ႔ အက်ဥ္းစခန္းေတြမွာ အက်ဥ္းသား တစ္သိန္းဝန္းက်င္ရွိတယ္လို႔ ေအေအပီပီရဲ႕စာရင္းေတြအရသိရပါတယ္။

#voiceofmyanmar #VOM #အက်ဥ္းေထာင္နဲ႔ကိုဗစ္

 

Related posts

Leave a Comment

VOM News

FREE
VIEW