မန္တလေးတိုင်းတစ်တိုင်းလုံး NLD အနိုင်ရ

နိုဝင်ဘာ ၉-၂၀၂၀
ရှိုင်းအောင်+ နေလင်း(VOM)

မန္တလေးတိုင်းအတွင်းက ပြည်ထောင်စုနယ်မြေအလွတ် ၂၈ မြို့နယ်မှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေက ရာနုန်းပြည့်အနိုင်ရနေပါတယ်။ အတည်ပြုချက်တွေ လက်မှတ်မထိုးရသေးပေမယ့် ကနဦးသိရှိရတဲ့ အချက်တွေကို NLDပါတီရဲ့ မန္တလေးတိုင်းအတွင်းရေးမှူး ဦးတင်ကိုကို မေးကြည့်တော့

“ ကျနော်တို့ ကိုယ်စားလှယ်တွေရဲ့ မဲရလာဒ် တိတိပပ မထွက်သေးပေမယ့် ယေဘုယျအားဖြင့် အကုန်နိုင်တယ်လို့ ဆိုလို့ရပါပြီ၊ ပြည်ထောင်စုနယ်မြေကတော့ သီးခြားဆိုတော့ ကျနော်တို့နဲ့ တခြားပေါ့ ခု မဲရလာဒ်စာရင်းတွေအရ အနည်းအကျဉ်းပဲ ကော်မရှင်ကိုတက်ဖို့ကျန်တာပါ၊ အကုန်နိုင်တယ်လို့ပြောနိုင်ပါပြီ “ လို့ ဆိုပါတယ်။

နေပြည်တော်ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမှာတော့ ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အနိုင်ရထားတယ်လို့ သိရပါတယ်။

စစ်တပ်အများစုရှိတဲ့ ပြင်ဦးလွင်မြို့နယ်မှာတော့ အများရင်ခုန်စရာကောင်းပြီး စိုးရိမ်စိတ်ရှိနေကြပေမယ့် ရလာဒ်ကတော့ အန်အယ်လ်ဒီပါတီကပဲ တခရိုင်လုံးမှာ အနိုင်ရခဲ့ပါတယ်။ ပြင်ဦးလွင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာက အန်အယ်လ်ဒီပါတီကိုယ်စားယှဉ်ပြိုင်တဲ့ ဒေါက်တာအောင်ခင်ပြောပြတာက
“ တခြားနေရာတော့ မသိဘူး ကျနော်တို့ မြို့နယ်ကတော့ ၅ယောက်လုံးအပြတ်အသတ်နိုင်ပါတယ်၊ ကျန်တဲ့ မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္ထရာလည်း ကျနော်တို့နိုင်တယ်လို့ သိထားပါတယ် “

၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD ပါတီအရေးနိမ့်ခဲ့တဲ့ မိတ္ထိလာ ခရိုင်မှာတော့ ဒီတခေါက် NLD က အနိုင်ရရှိသွားပါတယ်။ မိတ္ထိလာ မဲဆန္ဒနယ် အမှတ်( ၁) ကနေ တိုင်းဒေသကြီးလွှတ်တော်အတွက် အန်အယ်လ်ဒီပါတီကိုယ်စားယှဉ်ပြိုင်တဲ့ ဦးလွင်မောင်မောင်က” ကျနော် လက်မှတ်တော့ မထိုးရသေးဘူး ပြိုင်ဘက်ပါတီကို မဲ ၅ထောင်ကျော်နဲ့ ဖြတ်ပြီးနိုင်ခဲ့တယ်ဗျ၊ တခြားကိုယ်စားလှယ်တွေလည်းနိုင်ပါတယ်။ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မှာလည်း ကျနော်တို့ နိုင်တယ်လို့ သိထားပါတယ် “ လို့ VOM ကို ပြောပြပါတယ်။

ဘာသာရေးခွဲခြားမှု အနည်းအကျဉ်းရှိပြီး အတိုင်အတောရှိတဲ့ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မှာလည်း နောက်ဆုံးတော့ အစ္စလာမ်ဘာသာဝင် ဒေါ်ဝင်းမြမြက အနိုင်ရရှိခဲ့ပါတယ်။ ကျောက်ဆည်ခရိုင်ရဲ့ အခြေအနေကို တံတားဦးကနေ အန်အယ်လ်ဒီပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝဏ္ဏအောင်က
“ ကျနော်တော့ ၇၅.၈၂ ရာနုန်းနဲ့ နိုင်ပါတယ် ကျနော်ရတာ ၇၃၄၀၉ မဲ ပြိုင်ဘက်ပါတီ USDP က ၂၀၉၇၆ မဲရပါတယ်။ ကျနော့်နယ်မှာ အကုန်ကျနော်တို့နိုင်သလို ခရိုင်အနေနဲ့လည်း ကျနော်တို့ အကုန်နိုင်နေပါတယ်”
လို့ပြောပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ပြည်ထောင်စုနယ်မြေ ၈ခုအပါတွက်ရင် ပြည်သူ့လွှတ်တော်အတွက် ၃၆ နေရာ ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာ၊ တိုင်းဒေသကြီးအတွက် ၅၆ ယောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအနိုင်ရစာရင်း တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ထုတ်ပြန်ပေးတာမရှိသေးပါဘူး။

အန်အယ်လ်ဒီပါတီဟာ ၂၀၁၅ တုန်းကတော့ မိတ္ထိလာ၊ သာစည်၊ ရမည်းသင်းနဲ့ ပျော်ဘွယ်၊ ချမ်းအေးသာစံ ၊ ဇေယျာသီရိတို့မှာ ရှုံးနိမ့်တာရှိခဲ့ပေမယ့် ခုတော့ ရာနုန်းပြည့်နီးပါး အနိုင်ရတာဖြစ်ပါတယ်။

#voiceofmyanmar #NLD #မန္တလေးတိုင်း

zawgy

မႏၲေလးတိုင္းတစ္တိုင္းလုံး NLD အႏိုင္ရ

ႏိုဝင္ဘာ ၉-၂၀၂၀
ရႈိင္းေအာင္+ ေနလင္း(VOM)

မႏၲေလးတိုင္းအတြင္းက ျပည္ေထာင္စုနယ္ေျမအလြတ္ ၂၈ ၿမိဳ႕နယ္မွာ NLD ပါတီရဲ႕ ကိုယ္စားလွယ္ေလာင္းေတြက ရာႏုန္းျပည့္အႏိုင္ရေနပါတယ္။ အတည္ျပဳခ်က္ေတြ လက္မွတ္မထိုးရေသးေပမယ့္ ကနဦးသိရွိရတဲ့ အခ်က္ေတြကို NLDပါတီရဲ႕ မႏၲေလးတိုင္းအတြင္းေရးမႉး ဦးတင္ကိုကို ေမးၾကည့္ေတာ့

“ က်ေနာ္တို႔ ကိုယ္စားလွယ္ေတြရဲ႕ မဲရလာဒ္ တိတိပပ မထြက္ေသးေပမယ့္ ေယဘုယ်အားျဖင့္ အကုန္ႏိုင္တယ္လို႔ ဆိုလို႔ရပါၿပီ၊ ျပည္ေထာင္စုနယ္ေျမကေတာ့ သီးျခားဆိုေတာ့ က်ေနာ္တို႔နဲ႔ တျခားေပါ့ ခု မဲရလာဒ္စာရင္းေတြအရ အနည္းအက်ဥ္းပဲ ေကာ္မရွင္ကိုတက္ဖို႔က်န္တာပါ၊ အကုန္ႏိုင္တယ္လို႔ေျပာႏိုင္ပါၿပီ “ လို႔ ဆိုပါတယ္။

ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမ ေဇယ်ာသီရိမွာေတာ့ ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌးက အႏိုင္ရထားတယ္လို႔ သိရပါတယ္။

စစ္တပ္အမ်ားစုရွိတဲ့ ျပင္ဦးလြင္ၿမိဳ႕နယ္မွာေတာ့ အမ်ားရင္ခုန္စရာေကာင္းၿပီး စိုးရိမ္စိတ္ရွိေနၾကေပမယ့္ ရလာဒ္ကေတာ့ အန္အယ္လ္ဒီပါတီကပဲ တခ႐ိုင္လုံးမွာ အႏိုင္ရခဲ့ပါတယ္။ ျပင္ဦးလြင္ၿမိဳ႕နယ္ကေန ျပည္သူ႔လႊတ္ေတာ္ေနရာက အန္အယ္လ္ဒီပါတီကိုယ္စားယွဥ္ၿပိဳင္တဲ့ ေဒါက္တာေအာင္ခင္ေျပာျပတာက
“ တျခားေနရာေတာ့ မသိဘူး က်ေနာ္တို႔ ၿမိဳ႕နယ္ကေတာ့ ၅ေယာက္လုံးအျပတ္အသတ္ႏိုင္ပါတယ္၊ က်န္တဲ့ မိုးကုတ္၊ စဥ့္ကူး၊ သပိတ္က်င္း၊ မတၳရာလည္း က်ေနာ္တို႔ႏိုင္တယ္လို႔ သိထားပါတယ္ “

၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက NLD ပါတီအေရးနိမ့္ခဲ့တဲ့ မိတၳိလာ ခ႐ိုင္မွာေတာ့ ဒီတေခါက္ NLD က အႏိုင္ရရွိသြားပါတယ္။ မိတၳိလာ မဲဆႏၵနယ္ အမွတ္( ၁) ကေန တိုင္းေဒသႀကီးလႊတ္ေတာ္အတြက္ အန္အယ္လ္ဒီပါတီကိုယ္စားယွဥ္ၿပိဳင္တဲ့ ဦးလြင္ေမာင္ေမာင္က” က်ေနာ္ လက္မွတ္ေတာ့ မထိုးရေသးဘူး ၿပိဳင္ဘက္ပါတီကို မဲ ၅ေထာင္ေက်ာ္နဲ႔ ျဖတ္ၿပီးႏိုင္ခဲ့တယ္ဗ်၊ တျခားကိုယ္စားလွယ္ေတြလည္းႏိုင္ပါတယ္။ မလႈိင္၊ ဝမ္းတြင္း၊ သာစည္မွာလည္း က်ေနာ္တို႔ ႏိုင္တယ္လို႔ သိထားပါတယ္ “ လို႔ VOM ကို ေျပာျပပါတယ္။

ဘာသာေရးခြဲျခားမႈ အနည္းအက်ဥ္းရွိၿပီး အတိုင္အေတာရွိတဲ့ ေက်ာက္ဆည္ခ႐ိုင္ စဥ့္ကိုင္မွာလည္း ေနာက္ဆုံးေတာ့ အစၥလာမ္ဘာသာဝင္ ေဒၚဝင္းျမျမက အႏိုင္ရရွိခဲ့ပါတယ္။ ေက်ာက္ဆည္ခ႐ိုင္ရဲ႕ အေျခအေနကို တံတားဦးကေန အန္အယ္လ္ဒီပါတီရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးဝဏၰေအာင္က
“ က်ေနာ္ေတာ့ ၇၅.၈၂ ရာႏုန္းနဲ႔ ႏိုင္ပါတယ္ က်ေနာ္ရတာ ၇၃၄၀၉ မဲ ၿပိဳင္ဘက္ပါတီ USDP က ၂၀၉၇၆ မဲရပါတယ္။ က်ေနာ့္နယ္မွာ အကုန္က်ေနာ္တို႔ႏိုင္သလို ခ႐ိုင္အေနနဲ႔လည္း က်ေနာ္တို႔ အကုန္ႏိုင္ေနပါတယ္”
လို႔ေျပာပါတယ္။

မႏၲေလးတိုင္းအတြင္းမွာ ျပည္ေထာင္စုနယ္ေျမ ၈ခုအပါတြက္ရင္ ျပည္သူ႔လႊတ္ေတာ္အတြက္ ၃၆ ေနရာ ၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ၁၂ ေနရာ၊ တိုင္းေဒသႀကီးအတြက္ ၅၆ ေယာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိအႏိုင္ရစာရင္း ေတြကိုေတာ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က အတည္ျပဳ ထုတ္ျပန္ေပးတာမရွိေသးပါဘူး။

အန္အယ္လ္ဒီပါတီဟာ ၂၀၁၅ တုန္းကေတာ့ မိတၳိလာ၊ သာစည္၊ ရမည္းသင္းနဲ႔ ေပ်ာ္ဘြယ္၊ ခ်မ္းေအးသာစံ ၊ ေဇယ်ာသီရိတို႔မွာ ရႈံးနိမ့္တာရွိခဲ့ေပမယ့္ ခုေတာ့ ရာႏုန္းျပည့္နီးပါး အႏိုင္ရတာျဖစ္ပါတယ္။

#voiceofmyanmar #NLD #မႏၲေလးတိုင္း

 

Related posts

Leave a Comment

VOM News

FREE
VIEW