စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့မှာ NLD ပါတီက အနိုင်မဲများနဲ့ ဦးဆောင်ထား

နိုဝင်ဘာ ၉-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့နယ်မှာ NLDပါတီက အနိုင်မဲတွေရရှိထားပြီဖြစ်တယ်လို့ မုံရွာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ရဲကျော်ကပြောပါတယ်။

” ကလေးဝမြို့က တိုင်းဒေသကြီး (၂) နေရာမှာတော့ ကွာဟမဲ ၁၂၈ မဲနဲ့ USDP အနိုင်ရတယ် ၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်မှာ ပြည်နယ်ဦးစီးအရာရှိနေရာအတွက် မှန်းထားတဲ့ဟာလည်း ရှုံးတယ် ၊ မဲစာရင်းတွေက အချို့နေရာတွေမှာ အတည်မဖြစ်သေးဘူး ပုံစံ ၁၉ အတည်ဖြစ်မှ စိတ်ချရတာ”လို့ မုံရွာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ရဲကျော်က ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ မြို့နယ် (၃၇) မြို့နယ်မှာ ဆန္ဒမဲရုံ (၄၁၀၇)ရုံ ရှိပြီး ဆန္ဒမဲပေးနိုင်တဲ့ ပြည်သူ (၄၃၀၅၃၀၄) ယောက်ရှိပြီး ကြိုတင်မဲဆန္ဒရှင် ၇ သိန်းကျော်ဟာလည်း ကြိုတင်မဲသတ်မှတ်ကာလတွေမှာ မဲပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။

” ပြိုင်ဆိုင်မှုအားကြီးတဲ့ မြို့နယ်တွေရှိတယ်၊ မင်းကင်းကထိပ်ဆုံးပဲ၊ နောက်ပြီး ဝက်လက်နဲ့ ကန့်ဘလူဘက်တွေဖြစ်တယ်၊ ယှဉ်ပြိုင်မှုအားကောင်းတဲ့နေရာအားလုံး အနိုင်ရခဲ့တယ် “လို့ မုံရွာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ရဲကျော်က ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ အင်အားကြီး ပါတီ ၂ ခုဖြစ်တဲ့ USDP ပါတီနဲ့ NLD ပါတီ အပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ နာဂအမျိုးသားပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ‌တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၆၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲမှာလည်း စစ်ကိုင်းတိုင်းတစ်တိုင်းလုံး NLDပါတီက ၁၁၈ နေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

#voiceomyanmar #VOM #စစ်ကိုင်းတိုင်း #ရွေးကောက်ပွဲရလဒ်

Related posts

Leave a Comment

VOM News

FREE
VIEW