ကိုဗစ်ကြားကရွေးကောက်ပွဲ အဆင်ပြေမှုများတယ်လို့ PACE တွေ့ရှိ

မန္တလေး-နိုဝင်ဘာ-၁၀-၂၀၂၀
ဆွေလင်းထွန်း+နေလင်း(VOM)

ကိုဗစ် ရောဂါကပ်ကြားကလုပ်ရတဲ့ ရွေးကောက်ပွဲ အခြေအနေတွေရှုတ်ထွေးနိုင်ပြီး ပြဿနာတွေရှိနိုင်တယ်လို့ ထင်ကြပေမယ့် ၂၀၁၅ လောက် မပြည့်စုံသော်ငြား အတော်များများ အဆင်ပြေတာကိုတွေ့ရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) အဖွဲ့ရဲ့ စစ်တမ်းတွေက ဖေါ်ပြထားတာတွေ့ရပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) ဟာ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ကာလတိုစောင့်ကြည့်လေ့လာသူ ၁၈၈၈ ဦးနဲ့ မဲရုံပေါင်း ၉၀၀ ကျော်ကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ မဲရုံ ၄၉၉ ရုံမှာ စာရင်းအင်းနည်းပညာနဲ့ စောင့်ကြည့်လေ့လာခဲ့ပြီး ကျန်တဲ့ မဲရုံ ၄၀၀ ကျော်ကတော့ နိုင်ငံရေးအရ ခြုံငုံမိအောင် စောင့်ကြည့်လေ့လာတဲ့ မဲရုံတွေ ဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ မဲရလာဒ်တွေ ရေတွက်တာကို မြို့နယ် ၃၀၅ မြို့နယ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲရုံးတွေမှာ လူဦးရေ ၃၀၅ ဦးနဲ့သွားရောက်လေ့လာခဲ့ပါတယ်။

စောင့်ကြည့်လေ့လာခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အဆိုပါ အဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ ကိုဟန်စိုးထွန်းက “ကျနော်တို့ခန့်မှန်းထားတာထက်ပိုပြီး တည်တည်ငြိမ်ငြိမ် အေးအေးဆေး ဆောင်ရွက်နိုင်ခဲ့တယ်။ အဖြစ်အများဆုံး ပြဿာနကတော့ အချို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက စောင့်ကြည့်လေ့လာခွင့်ကို သိပ်နားမလည်ကြတာမျိုးရှိတယ်။ ကျနော်တို့ကို အစောပိုင်းမှာ ပေးမဝင်ခဲ့ပေမယ့် ဖြေရှင်းလိုက်တဲ့အချိန်မှာ အားလုံးနီးပါး ပြေလည်သွားတယ်” လို့ VOM ကို ပြောပါတယ်။

အချို့မြို့နယ်တွေက မဲရုံတွေမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေနဲ့ သတင်းထောက်တွေကို မဲရုံအတွင်း ဝင်ရောက်လေ့လာခွင့် မပြုခဲ့တဲ့ ကိစ္စတွေကတော့ မဲရုံဝန်ထမ်းတွေကို သင်တန်းတွေပေးရာမှာ အားနည်းခဲ့တဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ PACE အဖွဲ့ရဲ့ စောင့်ကြည့်မှုအရ မဲရုံတွေရဲ့ ၅ ရာခိုင်နှုန်းမှာ ဝင်ရောက်လေ့လာခွင့် မရခဲ့ပါဘူး။

ကိုဗစ်စည်းမျဉ်းတွေနဲ့အညီ မဲရုံတွေကို ပြင်ဆင်ထားမှု အားကောင်းပြီး လူတဦးနဲ့တဦး ခြောက်ပေခွာဖို့ ညွှန်ကြားချက်ကိုတော့ လိုက်နာမှု အနည်းငယ် အားနည်းတာကို တွေ့ရတယ်လို့ သိရပါတယ်။ PACE က စောင့်ကြည့်ခဲ့တဲ့ မဲရုံတွေရဲ့ ၁ရာခိုင်နှုန်းမှာသာ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီး မဲရုံတွေရဲ့ ၃၀ ရာခိုင်နှုန်းမှာတော့ မဲစာရင်းမှာ မပါလို့ မဲပေးခွင့်မရခဲ့တဲ့သူတွေ ရှိခဲ့ပါတယ်။

ကိုဟန်စိုးထွန်းက ဆက်ပြီး ပြောပြတာက ကြိုတင်မဲပေးတာတွေမှာ အငြင်းပွားတာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်လေ့လာခွင့်ပေးတာ နောက်ကျတဲ့အတွက် PACE အနေနဲ့ စောင့်ကြည့်မှု မလုပ်ခဲ့ရလို့ အငြင်းပွားမှု ဘယ်လောက်ဖြစ်ခဲ့တယ်ဆိုတာ အတိအကျမသိပေမယ့်လည်း အငြင်းပွားမှုအနည်းငယ်တော့ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

မဲရေတွက်တာနဲ့ ပတ်သက်ပြီး အများအားဖြင့် NLD နဲ့ USDP တို့က စောဒက တက်ခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့်တော့ အနည်းငယ်ပဲ ရှိတယ်လို့ PACE အဖွဲ့ထံက သိရပါတယ်။

၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာ ဒီမိုကရေစီစံနှုန်းတွေဖြစ်တဲ့ စောင့်ကြည့်လေ့လာခွင့်နဲ့ သတင်းအချက်အလက် ရရှိခွင့်တွေမှာတော့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ မရရှိခဲ့ဘဲ တချို့ လုပ်ထုံးလုပ်နည်းတွေမှာ အားနည်းသွားတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဟန်စိုးထွန်းက “၂၀၁၅ ရွေးကောက်ပွဲမှာဆိုလည်း ဒီမိုကရေစီစံနှုန်းတွေကို မီဖို့ဆိုရင်တော့ အများကြီး လိုသေးတယ်။ ဥပဒေအပိုင်းမှာဆိုရင် စောင့်ကြည့်လေ့လာခွင့် ဥပဒေမျိုးက ရွေးကောက်ပွဲကော်မရှင်ဥပဒေအောက်မှာ ရှိနေတဲ့အတွက် အပြန်အလှန် ထိန်းကျောင်းနိုင်မှု အားနည်းပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီတာမျိုးဖြစ်ခဲ့တာကြောင့် ဥပဒေပိုင်းကို ပြင်ဆင်ဖို့ လိုတယ်” လို့ အကြံပြုပါတယ်။

မဲရလာဒ်တွေ တရားဝင် ထုတ်ပြန်တဲ့အချိန်ထိ နိုင်ငံသားတွေကို တည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ကျန်နေသေးတဲ့ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှု အပြည့်အဝနဲ့ ဆောင်ရွက်ဖို့တိုက်တွန်းခဲ့ပါတယ်။ မဲစာရင်းတွေ၊ မဲရလာဒ်တွေ၊ မဲရုံစာရင်းတွေကိုလည်း open data တွေ ရမှသာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာနဲ့ ပွင့်လင်းမြင်သာမှုရှိမှာ ဖြစ်တယ်လို့ PACE အဖွဲ့က ကိုဟန်စိုးထွန်းက အကြံပြုခဲ့ပါတယ်။

#voiceofmyanmar #VOM #PACE #2020ရွေးကောက်ပွဲစစ်တမ်း #ဟန်စိုးထွန်း

zawgy

ကိုဗစ္ၾကားကေ႐ြးေကာက္ပြဲ အဆင္ေျပမႈမ်ားတယ္လို႔ PACE ေတြ႕ရွိ

မႏၲေလး-ႏိုဝင္ဘာ-၁၀-၂၀၂၀
ေဆြလင္းထြန္း+ေနလင္း(VOM)

ကိုဗစ္ ေရာဂါကပ္ၾကားကလုပ္ရတဲ့ ေ႐ြးေကာက္ပြဲ အေျခအေနေတြရႈတ္ေထြးႏိုင္ၿပီး ျပႆနာေတြရွိႏိုင္တယ္လို႔ ထင္ၾကေပမယ့္ ၂၀၁၅ ေလာက္ မျပည့္စုံေသာ္ျငား အေတာ္မ်ားမ်ား အဆင္ေျပတာကိုေတြ႕ရွိတယ္လို႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕(PACE) အဖြဲ႕ရဲ႕ စစ္တမ္းေတြက ေဖၚျပထားတာေတြ႕ရပါတယ္။

ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕(PACE) ဟာ ေ႐ြးေကာက္ပြဲက်င္းပတဲ့ေန႔မွာ ကာလတိုေစာင့္ၾကည့္ေလ့လာသူ ၁၈၈၈ ဦးနဲ႔ မဲ႐ုံေပါင္း ၉၀၀ ေက်ာ္ကို ေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။ မဲ႐ုံ ၄၉၉ ႐ုံမွာ စာရင္းအင္းနည္းပညာနဲ႔ ေစာင့္ၾကည့္ေလ့လာခဲ့ၿပီး က်န္တဲ့ မဲ႐ုံ ၄၀၀ ေက်ာ္ကေတာ့ ႏိုင္ငံေရးအရ ၿခဳံငုံမိေအာင္ ေစာင့္ၾကည့္ေလ့လာတဲ့ မဲ႐ုံေတြ ျဖစ္ပါတယ္။ ညေနပိုင္းမွာေတာ့ မဲရလာဒ္ေတြ ေရတြက္တာကို ၿမိဳ႕နယ္ ၃၀၅ ၿမိဳ႕နယ္က ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ခြဲ႐ုံးေတြမွာ လူဦးေရ ၃၀၅ ဦးနဲ႔သြားေရာက္ေလ့လာခဲ့ပါတယ္။

ေစာင့္ၾကည့္ေလ့လာခဲ့တဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ အဆိုပါ အဖြဲ႕ရဲ႕ စီမံကိန္းမန္ေနဂ်ာ ကိုဟန္စိုးထြန္းက “က်ေနာ္တို႔ခန႔္မွန္းထားတာထက္ပိုၿပီး တည္တည္ၿငိမ္ၿငိမ္ ေအးေအးေဆး ေဆာင္႐ြက္ႏိုင္ခဲ့တယ္။ အျဖစ္အမ်ားဆုံး ျပႆာနကေတာ့ အခ်ိဳ႕ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲေတြက ေစာင့္ၾကည့္ေလ့လာခြင့္ကို သိပ္နားမလည္ၾကတာမ်ိဳးရွိတယ္။ က်ေနာ္တို႔ကို အေစာပိုင္းမွာ ေပးမဝင္ခဲ့ေပမယ့္ ေျဖရွင္းလိုက္တဲ့အခ်ိန္မွာ အားလုံးနီးပါး ေျပလည္သြားတယ္” လို႔ VOM ကို ေျပာပါတယ္။

အခ်ိဳ႕ၿမိဳ႕နယ္ေတြက မဲ႐ုံေတြမွာ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူေတြနဲ႔ သတင္းေထာက္ေတြကို မဲ႐ုံအတြင္း ဝင္ေရာက္ေလ့လာခြင့္ မျပဳခဲ့တဲ့ ကိစၥေတြကေတာ့ မဲ႐ုံဝန္ထမ္းေတြကို သင္တန္းေတြေပးရာမွာ အားနည္းခဲ့တဲ့အတြက္ေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ၎က ဆက္ေျပာပါတယ္။ PACE အဖြဲ႕ရဲ႕ ေစာင့္ၾကည့္မႈအရ မဲ႐ုံေတြရဲ႕ ၅ ရာခိုင္ႏႈန္းမွာ ဝင္ေရာက္ေလ့လာခြင့္ မရခဲ့ပါဘူး။

ကိုဗစ္စည္းမ်ဥ္းေတြနဲ႔အညီ မဲ႐ုံေတြကို ျပင္ဆင္ထားမႈ အားေကာင္းၿပီး လူတဦးနဲ႔တဦး ေျခာက္ေပခြာဖို႔ ၫႊန္ၾကားခ်က္ကိုေတာ့ လိုက္နာမႈ အနည္းငယ္ အားနည္းတာကို ေတြ႕ရတယ္လို႔ သိရပါတယ္။ PACE က ေစာင့္ၾကည့္ခဲ့တဲ့ မဲ႐ုံေတြရဲ႕ ၁ရာခိုင္ႏႈန္းမွာသာ အျငင္းပြားမႈေတြ ျဖစ္ခဲ့ၿပီး မဲ႐ုံေတြရဲ႕ ၃၀ ရာခိုင္ႏႈန္းမွာေတာ့ မဲစာရင္းမွာ မပါလို႔ မဲေပးခြင့္မရခဲ့တဲ့သူေတြ ရွိခဲ့ပါတယ္။

ကိုဟန္စိုးထြန္းက ဆက္ၿပီး ေျပာျပတာက ႀကိဳတင္မဲေပးတာေတြမွာ အျငင္းပြားတာေတြနဲ႔ ပတ္သက္ၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေစာင့္ၾကည့္ေလ့လာခြင့္ေပးတာ ေနာက္က်တဲ့အတြက္ PACE အေနနဲ႔ ေစာင့္ၾကည့္မႈ မလုပ္ခဲ့ရလို႔ အျငင္းပြားမႈ ဘယ္ေလာက္ျဖစ္ခဲ့တယ္ဆိုတာ အတိအက်မသိေပမယ့္လည္း အျငင္းပြားမႈအနည္းငယ္ေတာ့ ျဖစ္ခဲ့တယ္လို႔ ေျပာပါတယ္။

မဲေရတြက္တာနဲ႔ ပတ္သက္ၿပီး အမ်ားအားျဖင့္ NLD နဲ႔ USDP တို႔က ေစာဒက တက္ခဲ့ၾကၿပီး ရာခိုင္ႏႈန္းအားျဖင့္ေတာ့ အနည္းငယ္ပဲ ရွိတယ္လို႔ PACE အဖြဲ႕ထံက သိရပါတယ္။

၂၀၁၅ နဲ႔ ၂၀၂၀ ၾကားမွာ ဒီမိုကေရစီစံႏႈန္းေတြျဖစ္တဲ့ ေစာင့္ၾကည့္ေလ့လာခြင့္နဲ႔ သတင္းအခ်က္အလက္ ရရွိခြင့္ေတြမွာေတာ့ ႀကီးမားတဲ့ ေျပာင္းလဲမႈေတြ မရရွိခဲ့ဘဲ တခ်ိဳ႕ လုပ္ထုံးလုပ္နည္းေတြမွာ အားနည္းသြားတာေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။

ကိုဟန္စိုးထြန္းက “၂၀၁၅ ေ႐ြးေကာက္ပြဲမွာဆိုလည္း ဒီမိုကေရစီစံႏႈန္းေတြကို မီဖို႔ဆိုရင္ေတာ့ အမ်ားႀကီး လိုေသးတယ္။ ဥပေဒအပိုင္းမွာဆိုရင္ ေစာင့္ၾကည့္ေလ့လာခြင့္ ဥပေဒမ်ိဳးက ေ႐ြးေကာက္ပြဲေကာ္မရွင္ဥပေဒေအာက္မွာ ရွိေနတဲ့အတြက္ အျပန္အလွန္ ထိန္းေက်ာင္းႏိုင္မႈ အားနည္းၿပီး ဒီမိုကေရစီစံႏႈန္းေတြနဲ႔ မညီတာမ်ိဳးျဖစ္ခဲ့တာေၾကာင့္ ဥပေဒပိုင္းကို ျပင္ဆင္ဖို႔ လိုတယ္” လို႔ အႀကံျပဳပါတယ္။

မဲရလာဒ္ေတြ တရားဝင္ ထုတ္ျပန္တဲ့အခ်ိန္ထိ ႏိုင္ငံသားေတြကို တည္တည္ၿငိမ္ၿငိမ္ရွိဖို႔နဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုလည္း က်န္ေနေသးတဲ့ လုပ္ငန္းစဥ္ေတြမွာ ပြင့္လင္းျမင္သာမႈ အျပည့္အဝနဲ႔ ေဆာင္႐ြက္ဖို႔တိုက္တြန္းခဲ့ပါတယ္။ မဲစာရင္းေတြ၊ မဲရလာဒ္ေတြ၊ မဲ႐ုံစာရင္းေတြကိုလည္း open data ေတြ ရမွသာ လုပ္ငန္းစဥ္ေတြ ေဆာင္႐ြက္ရာနဲ႔ ပြင့္လင္းျမင္သာမႈရွိမွာ ျဖစ္တယ္လို႔ PACE အဖြဲ႕က ကိုဟန္စိုးထြန္းက အႀကံျပဳခဲ့ပါတယ္။

#voiceofmyanmar #VOM #PACE #2020ေ႐ြးေကာက္ပြဲစစ္တမ္း #ဟန္စိုးထြန္း

 

Related posts

Leave a Comment

VOM News

FREE
VIEW