ကိုဗစ်ကြားကရွေးကောက်ပွဲ အဆင်ပြေမှုများတယ်လို့ PACE တွေ့ရှိ

မန္တလေး-နိုဝင်ဘာ-၁၀-၂၀၂၀ ဆွေလင်းထွန်း+နေလင်း(VOM) ကိုဗစ် ရောဂါကပ်ကြားကလုပ်ရတဲ့ ရွေးကောက်ပွဲ အခြေအနေတွေရှုတ်ထွေးနိုင်ပြီး ပြဿနာတွေရှိနိုင်တယ်လို့ ထင်ကြပေမယ့် ၂၀၁၅ လောက် မပြည့်စုံသော်ငြား အတော်များများ အဆင်ပြေတာကိုတွေ့ရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) အဖွဲ့ရဲ့ စစ်တမ်းတွေက ဖေါ်ပြထားတာတွေ့ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) ဟာ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ကာလတိုစောင့်ကြည့်လေ့လာသူ ၁၈၈၈ ဦးနဲ့ မဲရုံပေါင်း ၉၀၀ ကျော်ကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ မဲရုံ ၄၉၉ ရုံမှာ စာရင်းအင်းနည်းပညာနဲ့ စောင့်ကြည့်လေ့လာခဲ့ပြီး ကျန်တဲ့ မဲရုံ ၄၀၀ ကျော်ကတော့ နိုင်ငံရေးအရ ခြုံငုံမိအောင် စောင့်ကြည့်လေ့လာတဲ့ မဲရုံတွေ ဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ မဲရလာဒ်တွေ ရေတွက်တာကို မြို့နယ် ၃၀၅ မြို့နယ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲရုံးတွေမှာ လူဦးရေ ၃၀၅ ဦးနဲ့သွားရောက်လေ့လာခဲ့ပါတယ်။ စောင့်ကြည့်လေ့လာခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အဆိုပါ အဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ ကိုဟန်စိုးထွန်းက…

Read More

ကော့မှူးမြို့မှာ ပါတီအောင်ပွဲခံလှည့်လည်ရာ အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး ကားကြိတ်မိပြီး သေဆုံး

နိုဝင်ဘာ ၁၀-၂၀၂၀ အေးချမ်းသူ(VOM) ကော့မှူးမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲ NLDပါတီအနိူင်ရရှိတဲ့အတွက် အောင်ပွဲခံလှည့်လည်ရာမှာ ကလေးငယ်တစ်ဦးကားကြိတ်မိပြီး ပွဲချင်းပြီးသေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့ နိုဝင်ဘာ ၉ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ “နတ်စင်ကုန်း မရောက်ခင် ဇလုပ်ကြီးရွာရှိတယ်၊ အဲ့ဒီမှာ ဆိုင်ကယ်နဲ့လှည့်ကြတာ၊ ဆိုင်ကယ်ပေါ်ကပြုတ်ကျပြီး နောက်က ကားတက်ကြိတ်တာ၊ ဖြစ်တာက ကျိုက်ထော်လမ်းနားမှာဖြစ်တာ”လို့ နတ်စင်ကုန်းကျေးရွာမှာနေတဲ့ ကိုမျိုးသီဟထွန်းက VOMကိုပြောပါတယ်။ သေဆုံးသူ ကလေးငယ်ဟာ အသက် ၃နှစ်အရွယ်ရှိပြီး ဇလုပ်ကြီးကျေးရွာမှာနေထိုင်တာဖြစ်တယ်လို့ ညီနောင်ခြောက်ဦးပရဟိတအဖွဲ့မှ ကိုအောင်ဆန်းဦးက VOM ကို ပြောပါတယ်။ ကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး ကော့မှူးမြို့မရဲစခန်းကို VOMသတင်းဌာနက ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ #voiceofmyanmar #VOM #ကော့မှူး #အောင်နိုင်ရေးလှည့်လည် #ကလေးတစ်ဦးသေဆုံး

Read More

ပါးစပ်နဲ့နှာခေါင်းစည်းကောင်းမကောင်း ဘယ်လိုစစ်ဆေးမလဲ

နိုဝင်ဘာ ၁၀-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…

Read More

ရန်ကုန်တိုင်းအတွင်းက ရွေးကောက်ပွဲအငြင်းပွားမှု

နိုဝင်ဘာ ၁၀-၂၀၂၀ ညီသစ်(VOM) ရန်ကုန်တိုင်းအတွင်းရှိ သုံးခွမြို့နယ်၊ ဒဂုံမြို့နယ် နဲ့ မရမ်းကုန်းမြို့နယ်တွေမှာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲပေးရာမှာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ မဲရုံအမှတ်(၃)မှာ ဆိုင်ဝန်ထမ်း(၃၀)ဝန်းကျင်က သက်ဆိုင်ရာမြို့နယ်တွေမှာ မဲမပေးဘဲ ဒဂုံမြို့နယ်အတွင်းကို မဲပေးခွင့်ရဖို့ NLD ကိုယ်စားလှယ်လောင်း ဦးရဲမင်းဦး၊ ရပ်ကွက်ဥက္ကဋ္ဌ နဲ့ စည်ပင်ဥက္ကဋ္ဌ တို့ရဲ့ သဘောတူညီချက်တွေနဲ့ စီစဉ်ခဲ့တယ်လို့ ဒဂုံမြို့နယ် ပြည့်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျကပြောပါတယ်။ ” မှန်တယ် ၊ အဲ့ဒါက မှန်တယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ UBP ရော PPP ရော ကန့်ကွက်တယ်ပေါ့နော် မှန်တာပေါ့ ။ မဲစလစ်တွေထုတ်ပေးကတည်းက ကျနော်တို့ ပါတီငယ်တွေကဘာမှမသိလိုက်ဘူး၊ အာဏာရပါတီပဲသိပြီးတော့ သူတို့က အိမ်တိုင်ရာရောက် အဲ့ဒါတွေကိုသွားပြီးတော့ မဲစည်းရုံးတဲ့သဘောမျိုးနဲ့ သွားပြီးတော့ပေးခွင့်ရခဲ့တယ်၊ လုပ်ကြတယ်။ အဲ့ဒီတော့…

Read More

ကွာရန်တင်းဝင်နေသူရဲ့ကိုယ်စား ဆန္ဒမဲလာပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်

နိုဝင်ဘာ ၁၀-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာအုပ်စု၊ အ.ထ.က ကျောင်းက မဲရုံအမှတ်-၂ ကို ကွာရန်တင်းဝင်နေသူကိုယ်စား ဆန္ဒမဲလာပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်ကို ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က နိုဝင်ဘာ ၉ ရက်နေ့က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။ ” ရဲစခန်း (ပ)၂၅၀/၂၀၂၀၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ-၅၉(စ)အရ ပြည်ခိုင်ဖြိုး မဲရုံကိုယ်စားလှယ် ဦးမောင်ဝင်းက ကွာရန်တင်းဝင်နေတဲ့သူရဲ့ကိုယ်စား ဆန္ဒမဲ လာရောက်ပေးသူ ကိုစိုးမင်းကို အမှုဖွင့်ထားတာဖြစ်တယ်”လို့ တန့်ဆည်မြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က ကာပေါင်းကျကျေးရွာ အုပ်ချုပ်ရေးမှူးဟာ အမှတ်-၂ မဲရုံကို လာရောက်ပြီး တစ်ရွာတည်းနေ Home Quarantine ဝင်ရောက်တဲ့ မဲဆန္ဒရှင် အမျိုးသမီးတစ်ဦးရဲ့ကိုယ်စား ဆန္ဒမဲ လက်မှတ်ထုတ်ယူကာ ဆန္ဒပြုတံဆိပ်တုံး ရိုက်နေတာကို ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ် ဦးမောင်ဝင်းက…

Read More

ကချင်ပြည်နယ် လီဆူတိုင်းရင်းသားမဲဆန္ဒနယ်မှာ NLDပါတီအနိုင်မရ

နိုဝင်ဘာ ၁၀-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်အတွက် လီဆူတိုင်းရင်းသားမဲဆန္ဒနယ်မှာ ၂၀၁၅က အနိုင်ရရှိခဲ့တဲ့ NLD ပါတီဟာ အခု ၂၀၂၀ရွေးကောက်ပွဲမှာတော့ အနိုင်မရခဲ့ဘူးလို့ သိရပါတယ်။ လီဆူတိုင်းရင်းသားမဲဆန္ဒနယ်မှာ လက်ရှိလီဆူဝန်ကြီး NLDပါတီ ကိုယ်စားလှယ် ဦးအာတီယောဟန်နဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းတို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ အခုလက်ရှိ အနိုင်ရထားတဲ့ ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းကတော့ ” နောက်ထပ် လက်ကျန် မဲဆန္ဒနယ်တွေက မဲဆန္ဒရှင် အရေအတွက်ထက် လက်ရှိ အသာစီးရထားတဲ့ အရေအတွက်ကပိုများနေလို့ အနိုင်သေချာသွားပြီ”လို့ ပြောပါတယ်။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းဟာ ကချင်ပြည်နယ် တစ်ခုလုံးမှာပြိုင်ထားတဲ့ မဲဆန္ဒအရေအတွက် ၂၀၀၀၀ ကျော်ရရှိထားတာဖြစ်ပါတယ်။ ဒုတိယလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကိုယ်စားလှယ်လောင်း ဦးအားတီယောဟန်ကတော့ ပူတာအို မဲဆန္ဒအရေအတွက် ၁၈၀၀ ကျော် ရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကချင် #လီဆူတိုင်းရင်းသားမဲဆန္ဒနယ် #NLDအနိုင်မရ

Read More

တောင်ကြီးမြို့မှာ ပအိုဝ်းတွေ စုရုံးနေလို့ သက်ဆိုင်ရာကတားမြစ်

နိုဝင်ဘာ ၁၀-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့နယ်ရှိ ဆန္ဒမဲများ ရေတွက်‌‌နေတာဟာ အခုချိန်ထိ အဖြေမသိရသေးလို့ မြို့တော်ခန်းမရှေ့မှာ ပအိုဝ်းတိုင်းရင်းသားတွေ စုရုံးနေလို့ သက်ဆိုင်ရာက သွားရောက်တားမြစ်ခဲ့ရပါတယ်။ နယ်တွေက ပအိုဝ်းတွေပါ တောင်ကြီးမြို့ပေါ်ကို တက်ရောက်လာတာကြောင့် မြို့အဝင်ကနေ တားဆီးပြီး ပြန်လွှတ်ရတဲ့အကြောင်းကို PNO အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောခွန်ကျော်ဝင်းက အခုလိုပြောပါတယ်။ ဆန္ဒဖော်ထုတ်ကြဖို့ လာရောက်စုရုံးကြတာမဟုတ်ဘဲ ကြန့်ကြာနေတဲ့ မဲရလဒ်တွေကို လာစောင့်နေကြတာပါ လို့ PNO အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောခွန်ကျော်ဝင်းက ပြောပါတယ်။ တောင်ကြီးမြို့ရဲ့ မဲတွေဟာ လက်ရှိမှာ ရေတွက်ပြီးစီးပြီး စာရင်းသွင်းနေတာဖြစ်ပြီး ညနေ ၄ နာရီ (ခန့်မှန်း) လောက်မှာမှ ကြေညာနိုင်မယ်လို့ မြို့နယ်ရွေးကော်ကော်မရှင်ကနေ သိရပါတယ်။ #VOM #VoiceofMyanmar #PNO #တောင်ကြီး #Election

Read More

ကိုရိုနာဗိုင်းရပ်စ်ကို ၉၀ ရာခိုင်နှုန်းကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတစ်မျိုးထွက်ပေါ်

ဝါရှင်တန်၊ နိုဝင်ဘာ-၁၀-၂၀၂၀ မျိုးဆက် (VOM) ထိရောက်တဲ့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိတယ်လို့ ကနဦးတွေ့ရှိခဲ့တဲ့ အချက်အလက်တွေမှာဖော်ပြထားပါတယ်။ ဒီအောင်မြင်မှုဟာ သိပ္ပံပညာနဲ့ လူသားတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ နေ့တစ်နေ့ဖြစ်ကြောင်း အဲဒီကာကွယ်ဆေးကို ထုတ်လုပ်ခဲ့တဲ့ Pfizer နှင့် BioNTech ကုမ္ပဏီတို့က ထုတ်ဖော်ပြောဆိုပါတယ်။ ကာကွယ်ဆေးကို နိုင်ငံခြောက်နိုင်ငံမှ လူပေါင်း ၄၃၅၀၀ ဦးမှာ စမ်းသပ်ခဲ့ပြီး ဘေးထွက်ဆိုးကျိုးတွေမရှိခဲ့ပါဘူး။ ကာကွယ်ဆေးအသုံးပြုဖို့ အရေးပေါ်ခွင့်ပြုချက်ကို အခုလကုန်မှာ လျှောက်ထားဖို့ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေက စီစဉ်နေပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း အဲဒီကြေညာချက်အပေါ် သိပ္ပံပညာရှင်တွေက ကြိုဆိုခဲ့ကြပြီး နွေဦးရာသီမှာ ကပ်ရောဂါကင်းဝေးပြီး ပုံမှန်လူနေမှုဘဝသို့ ပြန်ရောက်နိုင်တယ်လို့ အချို့က သုံးသပ်ပြောဆိုကြပါတယ်။ ကာကွယ်ဆေးကို သုံးပတ်ခြား နှစ်ကြိမ်ထိုးဖို့လိုအပ်ကြောင်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ စမ်းသပ်မှုတွေကို အမေရိကန်၊ ဂျာမနီ၊…

Read More

သာယာဝတီမှာ ‌ရွေးကောက်ပွဲစောင့်ကြည့်သူ ဖိလစ်ပိုင်နိုင်ငံသူနဲ့စကားပြန်အမျိုးသားမှာ ကိုဗစ်ပိုးတွေ့

နိုဝင်ဘာ ၁၀-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ထဲကို ၂၀၂၀ အထွေထွေ‌ရွေးကောက်ပွဲအတွက် လာရေ ာက်စောင့်ကြည့်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသူ အမျိုးသမီးနဲ့ စကားပြန်အမျိုးသားတို့မှာ Covid-19 ပိုး စစ်ဆေး‌တွေ့ရှိခဲ့တယ်လို့ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရဲမြင့်ကပြောပါတယ်။ ” ဒီကနေ့မနက် ၈ နာရီလောက်က ဦးနဲ့လာရောက်တွေ့ဆုံပြီး အပြန်မှာ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာပါ။ လက်တလော သူတို့သဘောဆန္ဒအရ ရန်ကုန်ပြန်ပို့ဖို့ လုပ်လိုက်ရတယ်။ ရုံးက ကျွန်တော်အပါအဝင် ၆ ဦး နှာခေါင်းတို့ပတ်ယူ စစ်ဆေးရပါမယ်”လို့ ဦးရဲမြင့်ကပြောပါတယ်။ လက်ရှိ‌ရွေးကောက်ပွဲမှာ နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို လာရောက်လေ့လာခွင့်ပြုထားပြီး အဲ့ဒီစောင့်ကြည့်ရေးအဖွဲ့ထဲက Anferal Asian Network For Free election က သာယာဝတီမှာ လာရောက်စောင့်ကြည့်သူ ဖိလစ်ပိုင်နိုင်ငံသူနဲ့ စကားပြန်တို့ ၂ဦးမှာ ကိုဗစ်ပိုးစစ်‌ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး အတူလိုက်ပါလာတဲ့ ယာဉ်မောင်းမှာ ပိုးမတွေ့ခဲ့ရဘူးလို့ သိရပါတယ်။ ဖိလစ်ပိုင်သူ အမျိုးသမီးနဲ့ စကားပြန်အမျိုးသားတို့ဟာ…

Read More

ရန်ကုန်တိုင်းက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဒေါ်ထုမေ အနိူင်ရရှိ

နိုဝင်ဘာ ၁၀-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်ထုမေဟာ အနိူင်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ “လက်ရှိ ရန်ကုန်တိုင်းမြို့နယ် ၄၁ တော့ အနိူင်ရရှိထားပြီးပါပြီ “လို့ ဒေါ်ထုမေက VOMကိုပြောပါတယ်။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် မြို့နယ် ၄၅မြို့နယ်မှာ မဲပေးခွင့်ရှိသူ (၁၁၀၉၄၇)ဦးရှိပြီး မဲရရှိမှုစာရင်းတွေအရ ဒေါ်ထုမေ(တစ်သီးပုဂ္ဂလ) ၁၈၀၉၉၊ ဦးတင်ထူးကျော်(တစ်သီးပုဂ္ဂလ)၅၃၆၆၊ ဦးဦးမြင့်ကျော်(ANP)ပါတီ ၈၃၇၈၊ ဒေါ်ခင်မျိုးဦး(NLD)ပါတီမှ ၉၀၂၃၊ ဒေါက်တာစံလှကျော်(တစ်သီးပုဂ္ဂလ) ၁၃၄၉ တို့ ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာတော့ ဒေါ်ထုမေဟာ မြို့နယ် ၄၁မြို့နယ်အနိူင်ရရှိထားပြီး ကျန်တဲ့လေးမြို့နယ်မှာ မဲဆန္ဒရှင်အရေအတွက် ၃၀၀၀ နှင့်၅၀၀၀ သာရှိတဲ့အတွက် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကျန်မဲတွေ အကုန်ရရှိတဲ့အချိန်ထိ ဒေါ်ထုမေကို အနိူင်ရရှိမှာမဟုတ်ဘူးလို့သိရပါတယ်။ ရွေးကောက်ပွဲအနိူင်ရရှိပြီးနောက် လုပ်ဆောင်မယ့်လုပ်ငန်းတွေနဲ့ပတ်သတ်ပြီး ဒေါ်ထုမေက” ကျွန်မပြည်သူတွေကို အရင်ကတည်းက ကတိပေးပြီးသားပါ။ ရွေးကောက်ပွဲကတိကဝတ် ၁၀ချက်ရှိပါတယ်။ ဒါတွေကို လုပ်ဆောင်ပေးသွားမှာပါ”လို့ VOMကိုပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က…

Read More
VOM News

FREE
VIEW