ကွာရန်တင်းဝင်နေသူရဲ့ကိုယ်စား ဆန္ဒမဲလာပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်

နိုဝင်ဘာ ၁၀-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာအုပ်စု၊ အ.ထ.က ကျောင်းက မဲရုံအမှတ်-၂ ကို ကွာရန်တင်းဝင်နေသူကိုယ်စား ဆန္ဒမဲလာပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး
တစ်ယောက်ကို ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က နိုဝင်ဘာ ၉ ရက်နေ့က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

” ရဲစခန်း (ပ)၂၅၀/၂၀၂၀၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ-၅၉(စ)အရ ပြည်ခိုင်ဖြိုး မဲရုံကိုယ်စားလှယ် ဦးမောင်ဝင်းက ကွာရန်တင်းဝင်နေတဲ့သူရဲ့ကိုယ်စား ဆန္ဒမဲ လာရောက်ပေးသူ ကိုစိုးမင်းကို အမှုဖွင့်ထားတာဖြစ်တယ်”လို့ တန့်ဆည်မြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က ကာပေါင်းကျကျေးရွာ အုပ်ချုပ်ရေးမှူးဟာ အမှတ်-၂ မဲရုံကို လာရောက်ပြီး တစ်ရွာတည်းနေ Home Quarantine ဝင်ရောက်တဲ့ မဲဆန္ဒရှင် အမျိုးသမီးတစ်ဦးရဲ့ကိုယ်စား ဆန္ဒမဲ လက်မှတ်ထုတ်ယူကာ ဆန္ဒပြုတံဆိပ်တုံး ရိုက်နေတာကို ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ် ဦးမောင်ဝင်းက တွေ့ရတာကြောင့် ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့အတွင်းရေးမှူးနဲ့အတူ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးဟာ မဲဆန္ဒရှင် အမျိုးသမီးကို ဖုန်းနဲ့ဆက်သွယ်ပြီး မဲထည့်လိုတဲ့ ပါတီကိုမေးမြန်းကာ ဆန္ဒမဲထည့်ခဲ့တာကြောင့် ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တန့်ဆည် #ကိုယ်စားမဲထည့် #အုပ်ချုပ်ရေးမှူး #ပြည်ခိုင်ဖြိုးအမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW