ကိုရိုနာဗိုင်းရပ်စ်ကို ၉၀ ရာခိုင်နှုန်းကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတစ်မျိုးထွက်ပေါ်

ဝါရှင်တန်၊ နိုဝင်ဘာ-၁၀-၂၀၂၀
မျိုးဆက် (VOM)

ထိရောက်တဲ့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိတယ်လို့ ကနဦးတွေ့ရှိခဲ့တဲ့ အချက်အလက်တွေမှာဖော်ပြထားပါတယ်။

ဒီအောင်မြင်မှုဟာ သိပ္ပံပညာနဲ့ လူသားတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ နေ့တစ်နေ့ဖြစ်ကြောင်း အဲဒီကာကွယ်ဆေးကို ထုတ်လုပ်ခဲ့တဲ့ Pfizer နှင့် BioNTech ကုမ္ပဏီတို့က ထုတ်ဖော်ပြောဆိုပါတယ်။

ကာကွယ်ဆေးကို နိုင်ငံခြောက်နိုင်ငံမှ လူပေါင်း ၄၃၅၀၀ ဦးမှာ စမ်းသပ်ခဲ့ပြီး ဘေးထွက်ဆိုးကျိုးတွေမရှိခဲ့ပါဘူး။ ကာကွယ်ဆေးအသုံးပြုဖို့ အရေးပေါ်ခွင့်ပြုချက်ကို အခုလကုန်မှာ လျှောက်ထားဖို့ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေက စီစဉ်နေပါတယ်။

ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း အဲဒီကြေညာချက်အပေါ် သိပ္ပံပညာရှင်တွေက ကြိုဆိုခဲ့ကြပြီး နွေဦးရာသီမှာ ကပ်ရောဂါကင်းဝေးပြီး ပုံမှန်လူနေမှုဘဝသို့ ပြန်ရောက်နိုင်တယ်လို့ အချို့က သုံးသပ်ပြောဆိုကြပါတယ်။

ကာကွယ်ဆေးကို သုံးပတ်ခြား နှစ်ကြိမ်ထိုးဖို့လိုအပ်ကြောင်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

စမ်းသပ်မှုတွေကို အမေရိကန်၊ ဂျာမနီ၊ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်အာဖရိကနဲ့ တူရကီနိုင်ငံတို့မှာ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ဆေးထိုးပြီးနောက် ခုနှစ်ရက်အကြာမှာ ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မှု ၉၀ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW