မဲရုံတာဝန်ကျ ဒု-မဲရုံမှူး ဆရာမတစ်ဦး Covid-19ပိုးတွေ့ရှိ ထိတွေ့သူ၂၁ ဦးကို ကွာရန်တင်းစင်တာပို့ထားရ

နိုဝင်ဘာ ၁၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဇင်းရပ်ကွက် မဲရုံအမှတ်-၆မှာ နိုဝင်ဘာ ၈ ရက်နေ့က ဒု-မဲရုံးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ တစ်ဦး Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့
ပြီး ထိတွေ့ခဲ့တဲ့ ဆရာ၊ဆရာမ၂၁ ဦးကို ကွာရန်တင်းစင်တာတွေကိုပို့ဆောင်ပေးထားတယ်လို့မဇင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းကပြောပါတယ်။

” မနေ့ကညနေပိုင်းမှာ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာပါ။ မဲရုံးမှူးကတော့ ဒီရပ်ကွက်ထဲကဖြစ်ပြီး ပိုးတွေ့လူနာဆရာမက ပဲခူးမြို့‌ပေါ် ရပ်ကွက်တစ်ခုကပါ။ သူနဲ့ထိတွေ့သူ၂၁ ဦးလုံးကို ပရဟိတအဖွဲ့တွေပိုင်တဲ့ ကား ၇ စီးနဲ့ ကွာရန်တင်းစခန်းတွေပို့လိုက်ပြီ”လို့ ဦးအောင်မင်းကပြောပါတယ်။

ပဲခူးမြို့နယ်အတွင်း နိုဝင်ဘာ ၁၃ ရက်နေ့က Covid-19 ရောဂါပိုးတွေ့လူနာ ၁၉ ဦးရှိပြီး ပဲခူးတက္ကသိုလ်ဝင်းအတွင်းရှိ ကုသဆောင်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သကျနွယ်လူမှုကူညီရေးအဖွဲ့နဲ့ ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

Covid-19 ပိုးတွေ့လူနာတွေကတော့ ပဲခူးဆေးရုံက (စောင့်ကြည့်လူနာ) အမျိုးသမီး၊ အမျိုးသား ၄ ဦး၊ ဖျားနာကုသခန်း(မြို့တော်ခန်းမ)မှ အမျိုးသမီး အမျိုးသား ၆ ဦး၊ ကြေးသွန်းဘုရားဝန်း(ကုန်တင်ကားသမား စစ်ဆေးရာဌာန)မှ အမျိုးသား၂ ဦး၊ Amara Gold Hotel မှ(ရောဂါပိုးရှိသူနဲ့ထိတွေ့မိသူ)အမျိုးသား ၁ ဦး၊ အသောက FQစခန်း
မှ အမျိုးသား အမျိုးသမီး ၆ ဦးတို့ဖြစ်တယ်လို့ ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

” မဲရုံတာဝန်ထမ်းပြီးရောဂါတွေ့သူက ဆရာမပေါ့။ ဒါပေမယ့် အရှေ့ပိုင်းမှာ မဲရုံကော်မရှင်(ရပ်ကျေး)အဖွဲ့ဝင် ပိုးတွေ့လို့ အဖွဲ့လိုက် ကျူဝင်ရတာလည်း ရှိဖူးတယ်။ ခုပိုး‌တွေ့သူဆရာမက ဖျားနာရာက ပိုး‌စစ်ဆေးတွေ့ရှိပါ”လို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာရန်နိုင်မောင်ကရှင်းပြပါတယ်။

ပဲခူးတိုင်းအတွင်း ပဲခူး၊ဖြူး၊တောင်ငူစတဲ့မြို့နယ်တွေမှာ ရောဂါပိုး‌ရှိသူတွေနဲ့ထိတွေ့ထားသူမဟုတ်ပေမယ့်လည်း ရပ်ကွက်ထဲသာမန်နေထိုင်ရာကနေ အနံ့ပျောက်ပြီး စစ်ဆေးကုသချိန် Covid-19 ရောဂါပိုးတွေ့လာတဲ့အတွက် ဒေသခံတွေအနေနဲ့ လူစုလူဝေးရှောင်ကျဉ်ဖို့မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့အပြင်သွားပါက Mask တပ်ဆင်လိုအပ်တဲ့အပြင် လက်
ကိုမကြာခဏဆေးပေးစေလိုတယ်လို့တိုင်းကျန်းမာရေးဦးစီးမှူးက ဆက်လက်သ
တိပေးပြောဆိုလိုက်ပါတယ်။

Photo -Su Ya
#voiceofmyanmar #VOM #ပဲခူး #ဒုမဲရုံမှူး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW