နိုဝင်ဘာ ၂၄-၂၀၂၀ အေးချမ်းသူ(VOM) မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာမှာ ထောက်ပံ့ကြေးမရလို့ ဦးဆောင်တိုင်ကြားသူကို အုပ်ချုပ်ရေးမှူးရဲ့ အစ်ကိုဖြစ်သူနဲ့လူတစ်စုက ရဲဒင်း၊ ဒုတ်၊ သံတုတ်၊ လေးခွတို့နဲ့ ဝိုင်းဝန်း ထိုးခုတ်ခဲ့တဲ့ဖြစ်စဉ် နိုဝင်ဘာ ၂၂ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ ရွှေမြယာကျေးရွာ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ “ကိုဝေဖြိုးက လက်သီးနဲ့ထိုးတယ်။ ဝက်ကလေးက သံဒုတ်နဲ့ရိုက်တယ်။ ဝင်းအောင်နဲ့ ဗိုက်ကြီးက လေးခွနဲ့ပစ်တယ်။ သူတို့နဲ့ပါလာတဲ့တစ်ယောက်က ရဲဒင်းနဲ့ခုတ်တာဗျ။ နာမည်တော့ မသိဘူး”လို့ ဒေသခံတစ်ဦးက VOMကိုပြောပါတယ်။ ရွှေမြယာကျေးရွာမှာနေတဲ့ ကိုမျိုးအောင်ဆိုသူဟာ နိုဝင်ဘာ ၂၂ရက်နေ့က နိူင်ငံတော်ထောက်ပံ့ကြေးငွေလေးသောင်းမရသူတွေကို စာရင်းကောက်ယူကာ တိုင်ကြားဖို့ ပြုလုပ်နေချိန် အုပ်ချူပ်ရေးမှူးရဲ့ အကိုဖြစ်သူ ကိုဝေဖြိုးတို့အဖွဲ့မှ ကိုမျိုးအောင်ဆိုသူကို ဝိုင်းဝန်းရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေမြယာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေမိုးကို VOMက ဖုန်းဖြင့်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းအောင်ကို ဆက်သွယ်ရာမှာတော့”ကြားပါတယ်။ ဒီလိုဗျ စုပြီးတော့သူက…
Read MoreDay: November 23, 2020
ကချင်ပြည်နယ်မှာ၂၀၂၀ခုနှစ်အတွင်း မုဒိန်းမှုပိုများလာ
နိုဝင်ဘာ ၂၄-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်အတွင်း ၂၀၂၀ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာ ၂၀ ရက်နေ့အထိ အမှုကြီး ၁၀ မျိုး ဖမ်းဆီးရရှိမှုအရ လူသတ်မှုထက် မုဒိမ်းမှုပိုများလာတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောပါတယ်။ လူသတ်မှု ၊ ဓားပြမှု၊ ပြန်ပေးမှု၊ မုဒိန်းမှု၊ ဖောက်ထွင်းမှု၊ ခိုးမှု၊ တိရစ္ဆာန်ခိုးယူမှု၊ နိုင်ငံတော်ပုံကန်မှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှုစတဲ့ အမှုကြီးဆယ်မျိုး ဖမ်းဆီးရရှိတဲ့စာရင်း နှိုင်းယှဉ်ချက်အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ၁၃၈ မှု၊ ၂၀၁၉ မှာ ၉၄ မှု၊ ၂၀၂၀ မှာ ၁၀၇ မှု ဖြစ်ခဲ့ပါတယ်။ “ ၂၀၁၉ နဲ့ စာလျှင်တော့ ၁၀ မှုလောက် တိုးတာပေါ့နော် ၂၀၁၈ နဲ့ စာလျှင်တော့ ၃၈ မှုလောက် ကျသွားတယ် ဒါ…
Read Moreစကုမြို့မှာ ၂၀၂၀ရွေးကောက်ပွဲကို ကျေနပ်မှုမရှိဘူးဆိုပြီး ဆန္ဒဖော်ထုတ်
နိုဝင်ဘာ ၂၃-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ စကုမြို့မှာ ၂၀၂၀ရွေးကောက်ပွဲရဲ့တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ တရားမဲ့ပြုလုပ်ခြင်းတွေအတွက် ကျေနပ်မှုမရှိလို့ဆိုပြီး ဒီကနေ့မနက်ပိုင်းက မင်းဘူး-စကု ကားလမ်းဘေး ကိုးနဝင်းဘုရားဝန်းရှေ့မှာ လူဦးရေ ၃၀ခန့်နဲ့ တရားဝင်ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ”၂၀၂၀ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမျှတမှုပွင့်လင်းမြင်သာမှု၊ တရားမဲ့ပြုလုပ်ခြင်းများအတွက်ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်၊ အခုလို ဆန္ဒဖော်ထုတ်ရတာက ပါတီတစ်ခုအတွက်မဟုတ်ဘဲ ပါတီပေါင်းစုံကိုယ်စားပြု ပြည်သူများအားလုံးကိုယ်စား ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်၊ ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ဟာဆိုရင်တရားမျှတမှန်ကန်တဲ့ရွေးကောက်ပွဲများကျင်းပနိုင်ရေးဖြစ်ပါတယ်၊ ရွေးကောက်ပွဲတွေ ကျင်းပတိုင်း ပြည်တွင်းပြည်ပစောင့်ကြည့်ရေးဆိုတာတွေ မရှိသင့်ဘူးလားဆိုတော့ ပတ်ဝန်းကျင်ကရှိသင့်ပါတယ်၊ ရွေးကောက်ပွဲဟာ ဘယ်လောက်ပွင့်လင်းမြင်သာရှိသလဲ၊ ဘယ်လောက် မျှတမှုရှိသလဲဆိုတာစောင့်ကြည့်ခွင့်တွေရှိသင့်ပါတယ်” လို့ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်ပြုလုပ်သူ ရွှေရောင်တော်ကျေးရွာမှ မခင်ချောသူက ပြောပါတယ်။ ရွေးကောက်ပွဲကော်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲသမိုင်းလှချင်တယ်ဆိုရင် ကြိုတင်မဲပေးတဲ့နေရာမှာလည်း တရားမျှတမှုမရှိလို့ အနယ်နယ်အရပ်ရပ်ကတိုင်ထားတဲ့ တိုင်စာတွေ မဲပေးတဲ့နေရာမှာလည်း သေဆုံးတဲ့သူတွေပေးတာ၊ အသက်မပြည့်တဲ့ကလေးတွေပါနေတာ၊ မဲဆန္ဒရှင်တွေက နှစ်ခါသုံးခါထပ်ပြီး မဲပေးနေတာကိုပွင့်လင်းမြင်သာစွာအမြန်ဆုံး စစ်ဆေးအရေးယူဆောင်ရွက်ပေးစေချင်ပါတယ်လို့ မခင်ချောသူကတောင်းဆိုခဲ့ပါတယ်။ ဆန္ဒထုတ်ဖော် ဟောပြောပွဲမှာဝန်းရံသူ ဦးပန်းချီကလည်း ”လူအင်အားကတော့…
Read Moreကျန်းမာရေးထောက်ခံစာအပြင် ခိုင်လုံတဲ့အကြောင်းပြချက်ရှိမှသာ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးကို ဝင်ခွင့်ရမယ်
နိုဝင်ဘာ ၂၃-၂၀၂၀ သိင်္ဂီထွန်း(VOM) ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိပြီးနောက် ၄ ရက်အကြာ ယာယီပိတ်ထားခဲ့တဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးကို ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ထားပြီး ရုံးလုပ်ငန်းတွေဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ် ။ ပဲခူးတိုင်းအစိုးရရုံးကို လာရောက်မယ့်သူတွေဟာ အုပ်ချုပ်ရေး မှူး ထောက်ခံချက် ၊ကျန်းမာရေးထောက်ခံချက်တွေ လိုအပ်တဲ့အပြင် ခိုင်လုံတဲ့အကြောင်းပြချက်ရှိဖို့လည်း လိုအပ်တယ်လို့ တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ” လက်ရှိအခန်းတွေအားလုံးကို ပိုးသတ်ထားတာက ၇၂ နာရီလည်းကြာသွားပြီဖြစ်လို့ လုပ်ငန်းဆက်လုပ်နေတယ်၊ အစိုးရအဖွဲ့ရုံးဆိုတော့ လုံးလုံးပိတ်ထားလို့မရဘူးပေါ့။ ရုံးတွေပိတ်ထားရင်တောင် အွန်လိုင်းကနေတောက်လျှောက်လုပ်နေရတာရှိတယ်။ ကိုဗစ်ဆိုင်ရာ ဆောင်ရွက်မှုက နဂိုထဲက ဝင်တဲ့သူအကုန်လုံးကို အဝင်ဝမှာ လက်ဆေးစဉ်ထားထားတယ်။ခိုင်လုံတဲ့ အကြောင်းပြချက်ရှိရမယ်။ ကိုယ်ရေးအချက်အလက်တောင်းတယ်။ ဆက်သွယ်စရာနေရာလိပ်စာ၊ လိုအပ်တဲ့အချက်အလက်ပေါ့ ရယူတယ်။ အခုပိုးတွေ့ထားတဲ့သူကလည်း ရုံးကကူးတာလည်းမဟုတ်ဘူး။ ရပ်ကွက်ထဲက ကူးတာပေါ့။ သူရောက်ရောက်ချင်းမနက်မှာပဲ ချက်ခြင်းသိတာပေါ့။ သိသိချင်း ပို့နိုင်ခဲ့လို့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်တာပေါ့”လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ရဲ့ သယံဇာတ၊သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စည်ပင်သာယာရေးဝန်ကြီး…
Read Moreခွဲစိပ်ခန်းတာဝန်ကျဝန်ထမ်းတချို့ ကိုဗစ်ကူးစက်ခံရလို့ ခွဲစိပ်ရမယ့် လူနာတွေ ရက်ရွေ့
မန္တလေး၊ နိုဝင်ဘာ- ၂၃- ၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးဆေးရုံကြီးက ခွဲစိပ်ခန်းတာဝန်ကျ ဝန်ထမ်းတစ်ချို့ ကိုဗစ်ရောဂါ ကူးစက်ခံရတာကြောင့် ခွဲစိပ်ရမယ့် လူနာတွေကို အရင်ခွဲစိပ်မှုတွေထက်စာရင် လျော့ပြီးခွဲစိပ်ရတာမျိုးတွေ ရှိနေတယ်လို့ လူနာရှင်တွေနဲ့ ဆေးရုံအသိုင်းအဝိုင်းက သိရပါတယ်။ ပခုက္ကူကနေ ခွဲစိပ်ဖို့ရောက်နေတဲ့ လူနာရှင်တယောက်က ” ကျနော့်အကိုက ခေါင်းခိုက်မိထားတာ ဒီကနေ့ခွဲဖို့ချိန်းထားတာကိုနောက် ၂ ရက်မှပြန်ချိန်းတယ် သိရတာတော့ ခွဲစိပ်ခန်းတာဝန်ကျဝန်ထမ်းတွေ ကိုဗစ်ထိထားလို့ ပြန်ချိန်းတာလို့ပြောတယ်၊ ကျနော်တို့ကနယ်ကလာတာဆိုတော့ အမြန်ပြီးချင်ပေမယ့်မတတ်နိုင်ဘူး စောင့်ရမှာပေါ့ ” လို့ ပြောပါတယ်။ ဒီလို ကိစ္စတွေနဲ့ ဆက်စပ်ပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုဒွေးက ကိုမေးကြည့်တော့ “အလုပ်သမားဝန်ထမ်း ၁၀ ယောက်လောက်ထိထားတယ်၊ ဆေးရုံကနေထိတာတော့ မဟုတ်ပါဘူး၊ ရပ်ကွက်ထဲကနေ သူတို့မိသားစုတွေ ထိရာကနေ သူတို့ကိုထိသွားတာ၊ ပုံမှန်အတိုင်းတော့ ခွဲစိပ်မှာပါ၊ အစားတွေ ပြန်ပေးတာဘဲလေ၊ အရင်တုန်းကထက်စာရင်တော့…
Read Moreအမေရိကန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ဒီဇင်ဘာလမှာ စတင်နိုင်
ဝါရှင်တန်၊ နိုဝင်ဘာ-၂၃-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံတာတွေကို ဒီဇင်ဘာ ၁၁ ရက်မှာ စတင်သွားနိုင်တယ်လို့ အမေရိကန် ကာကွယ်ဆေးအစီအစဉ်အကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကာကွယ်ဆေးတစ်မျိုးကို ခွင့်ပြုလိုက်ပြီဆိုတာနဲ့ ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးမယ့်နေရာတွေကို ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဒေါက်တာမွန်ဆက်ဖ်ဆလာဝီက ပြောပါတယ်။ အမေရိကန်နိုင်ငံတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးနှံ့မည့်အစီအစဉ်နဲ့ ပတ်သက်ပြီး ဒေါက်တာမွန်ဆက်ဖ်ဆလာဝီက အခုလိုမှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ ဗိုင်းရပ်စ်ကူးစက်မှု ၁၂ သန်းကျော်ရှိနေပြီး သေဆုံးသူ ၂၅၅၀၀၀ ဦးသေဆုံးသွားပြီဖြစ်တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ မှတ်တမ်းထုတ်ပြန်ချက်တွေ ဖော်ပြထားပြီး ဒါဟာကမ္ဘာပေါ်မှာ ကူးစက်မှုအမြင့်ဆုံးဖြစ်ဖြစ်ပါတယ်။ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ မိတ်ဖက် BioNTech ကုမ္ပဏီတို့ဟာ သူတို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အမေရိကန်မှာ အရေးပေါ်အသုံးပြုခွင့်အတွက် နိုဝင်ဘာ ၂၀ ရက်မှာ လျှောက်ထားခဲ့ကြပါတယ်။ Ref: BBC…
Read Moreပဲခူးတိုင်းအတွင်းက stay home မဟုတ်တဲ့မြို့တွေမှာ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုတော့မယ်
နိုဝင်ဘာ ၂၃-၂၀၂၀ သိင်္ဂီထွန်း ( VOM ) ပဲခူးတိုင်းထဲက stay at home သတ်မှတ်ထားခြင်းမရှိတဲ့မြို့တွေမှာ Aအဆင့်ရှိ စားသောက်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်တွေကို နိုဝင်ဘာလကုန်ကစပြီး ဖွင့်လှစ်ခွင့်ပြုဖို့ စီစဉ်နေပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ့် စားသောက်ဆိုင်တွေအထဲမှာ KTV နဲ့ စင်တင် တွေတော့ မပါရှိသေးဘူးလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက “ခုလက်ရှိက စားသောက်ဆိုင်ပဲဖြစ်တယ်။ KTV လို့မပြောသေးပါဘူး။ အခုလည်း ခွင့်ပြုထားတာမရှိပါဘူး။ အခုထိတော့မပါသေးဘူး။ စင်တင်ကတော့ အဓိက ကျနော်တို့ ပဲခူးတိုင်းဒေသကြီးမှာ စင်တင်နဲ့ပတ်သက်တဲ့ Managementက လုံ/နယ်ဘက်ကပေါ့။ လုံ/နယ်က ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ သက်ဆိုင်ရာကော်မတီကိုတင်တော့မှ ဆုံးဖြတ်မှာပေါ့”လို့ ပြောပါတယ်။ ဒါကြောင့် စားသောက်ဆိုင်တွေ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့အတွက် ပဲခူးတိုင်းအတွင်း စတေဟုမ်း သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်အားလုံးကိုလည်း တိုင်းဒေသကြီးကနေ ညွှန်ကြားစာတွေ…
Read Moreဖားကန့်ကို တရားမဝင်ခိုးဝင်လာတဲ့ အမျိုးသား ၃ဦးကို သဘာဝဘေးစီဥပဒေနဲ့ အမှုဖွင့်
နိုဝင်ဘာ ၂၃-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင် စုပေါင်းစစ်ဆေးရေးဂိတ်ကို ရှောင်ဖယ်ကာ ဖားကန့်မြို့အတွင်း ဝင်ရောက်လာတဲ့ အမျိုးသား ၃ ဦးကို ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ကော်မတီက သာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကနေ သိရပါတယ်။ တရားမဝင်ဝင်ရောက်လာသူအမျိုးသား(၃)ဦးဟာ ကျော်မင်းထွန်း ၊ခင်ဇော်လင်း ၊ဦးစောမောင်တို့ဖြစ်ပြီး သူတို့သုံးဦးဟာ မန္တလေးကနေ ခရီးသည်တင်လိုင်းကားနဲ့ လာရောက်ကာ ဖားကန့်မြို့ကို မနေ့ နိုဝင်ဘာ ၂၂ရက်နေ့ညနေ ၅ နာရီကျော်က တရားမဝင် ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” နန့်စီးအောင်စုပေါင်းစစ်ဆေးရေးဂိတ် ၊ကာမိုင်းစစ်ဆေးရေးဂိတ် ၊လယ်ပြင်စစ်ဆေးရေးဂိတ် တွေကို စစ်ဆေးမှုမခံယူဘဲ တောလမ်းကနေရှောင်လာခဲ့ပြီး အခုလိုတရားမဝင် ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့စစ်ဆေးမှုတွေအရ သိရှိခဲ့ရတယ်”လို့ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကပြောပါတယ်။ လက်ရှိမှာတော့ တရားမဝင်ဝင်ရောက်လာသူ အမျိုးသား(၃)ဦးကို သက်ဆိုင်ရာ ရဲစခန်းကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဖားကန့်မြို့နယ်မှာ…
Read Moreထောက်ပံ့ကြေး ၄သောင်းကိစ္စနဲ့ အမျိုးသမီး ဆယ်အိမ်မှူးတစ်ဦး ဓားနဲ့အခုတ်ခံရ
နိုဝင်ဘာ ၂၃-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ လှိုင်သာယာအရှေပိုင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်မှာ ထောက်ပံ့ကြေးငွေလေးသောင်းပေးဖို့ စလစ်ဝေရာမှာ မရတဲ့အတွက် အမျိုးသမီး ဆယ်အိမ်မှူးတစ်ဦးကို အမျိုးသားတစ်ဦးက ဓါးနဲ့ခုတ်တဲ့ဖြစ်စဉ် မနေ့ နိုဝင်ဘာ၂၂ရက်က ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပြချက်အရ သိရပါတယ်။ “လှသောင်းလမ်းနဲ့ ဗိုလ်တာရာလမ်းဆုံမှာ ခေါကြီးက ဆိုင်ကယ်ပေါ်ကဆင်းပြီး စလစ်ဝေတာငါ့အိမ်မပါဘူးဆိုပြီး ဓားရှည်နဲ့ ခုတ်တာဗျ သေတော့မသေပါဘူး”လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်တဲ့ ဦးအေးထွန်းက VOMကို ပြောပါတယ်။ ဓါးနဲ့ခုတ်တဲ့သူဟာ ခေါကြီး(ခ)ဦးအောင်ကျော်ဝင်းဖြစ်ပြီး ဆယ်အိမ်မှူး ဒေါ်မြင့်မြင့်ချိုဟာ ခေါကြီးရဲ့နေအိမ်မှာ စလစ်ပေးခဲ့တာကို မသိရှိဘဲ ဓားရှည်နဲ့ခုတ်ခဲ့ခြင်းဖြစ်တယ်လို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်ကပြောပါတယ်။ “ထောက်ပံ့ကြေးကိစွမှာ မရှိတဲ့သူထက် လက်ဝတ်ရွှေတတောင်ဆစ်လောက်ရှိတဲ့သူတွေက ပိုလိုချင်တာ၊ မရှိဆင်းရဲသားကိုပေးတာ ပြောလည်းမရဘူး။ ပြောလိုက်ရင် နိူင်ငံတော်ကကြေညာထားတာ လူတန်းစေ့ဆိုတာနဲ့ကိုင်ပေါက်တယ်”လို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်ကပြောပါတယ်။ ဓားနဲ့ခုတ်ခံရတဲ့ ဆယ်အိမ်မှုးဒေါ်မြင့်မြင့်ချိုမှာ ဝဲတံတောင် အလျား(၁)လက်မခန့်၊ အနက်လက်မဝက်ခန့် ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိခဲ့တဲ့အတွက် လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး…
Read More