စကုမြို့မှာ ၂၀၂၀ရွေးကောက်ပွဲကို ကျေနပ်မှုမရှိဘူးဆိုပြီး ဆန္ဒဖော်ထုတ်

နိုဝင်ဘာ ၂၃-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ စကုမြို့မှာ ၂၀၂၀ရွေးကောက်ပွဲရဲ့တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ တရားမဲ့ပြုလုပ်ခြင်းတွေအတွက် ကျေနပ်မှုမရှိလို့ဆိုပြီး ဒီကနေ့မနက်ပိုင်းက မင်းဘူး-စကု ကားလမ်း‌ဘေး ကိုးနဝင်းဘုရားဝန်းရှေ့မှာ လူဦးရေ ၃၀ခန့်နဲ့ တရားဝင်ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

”၂၀၂၀ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမျှတမှုပွင့်လင်းမြင်သာမှု၊ တရားမဲ့ပြုလုပ်ခြင်းများအတွက်ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်၊ အခုလို ဆန္ဒဖော်ထုတ်ရတာက ပါတီတစ်ခုအတွက်မဟုတ်ဘဲ ပါတီပေါင်းစုံကိုယ်စားပြု ပြည်သူများအားလုံးကိုယ်စား ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်၊ ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ဟာဆိုရင်တရားမျှတမှန်ကန်တဲ့ရွေးကောက်ပွဲများကျင်းပနိုင်ရေးဖြစ်ပါတယ်၊ ရွေးကောက်ပွဲတွေ ကျင်းပတိုင်း ပြည်တွင်းပြည်ပစောင့်ကြည့်ရေးဆိုတာတွေ မရှိသင့်ဘူးလားဆိုတော့ ပတ်ဝန်းကျင်ကရှိသင့်ပါတယ်၊ ရွေးကောက်ပွဲဟာ ဘယ်လောက်ပွင့်လင်းမြင်သာရှိသလဲ၊ ဘယ်လောက် မျှတမှုရှိသလဲဆိုတာစောင့်ကြည့်ခွင့်တွေရှိသင့်ပါတယ်” လို့ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်ပြုလုပ်သူ ရွှေရောင်တော်ကျေးရွာမှ မခင်ချောသူက ပြောပါတယ်။

ရွေးကောက်ပွဲကော်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲသမိုင်းလှချင်တယ်ဆိုရင် ကြိုတင်မဲပေးတဲ့နေရာမှာလည်း တရားမျှတမှုမရှိလို့ အနယ်နယ်အရပ်ရပ်ကတိုင်ထားတဲ့ တိုင်စာတွေ မဲပေးတဲ့နေရာမှာလည်း သေဆုံးတဲ့သူတွေပေးတာ၊ အသက်မပြည့်တဲ့ကလေးတွေပါနေတာ၊ မဲဆန္ဒရှင်တွေက နှစ်ခါသုံးခါထပ်ပြီး မဲပေးနေတာကိုပွင့်လင်းမြင်သာစွာအမြန်ဆုံး စစ်ဆေးအရေးယူဆောင်ရွက်ပေးစေချင်ပါတယ်လို့ မခင်ချောသူကတောင်းဆိုခဲ့ပါတယ်။

ဆန္ဒထုတ်ဖော် ဟောပြောပွဲမှာဝန်းရံသူ ဦးပန်းချီကလည်း ”လူအင်အားကတော့ ကိုဗစ်ကြောင့် ၃၀ခန့်တင်လိုက်ပါတယ်၊ ဝန်းရံတာက လူဦးရေ၃၀၀ခန့်ရှိပါတယ်၊ ဝန်းရံသူကတော့အများကြီးရှိပါတယ်၊ အချိန်ကို ခိုးလိုက်ရတာနဲ့ သူတို့က လာတာနောက်ကြတော့ လူစုလူဝေးဖြစ်ပေါ်မှု မရှိတော့ပါဘူး၊ ဝန်းရံသူကတော့ လာပြီးတော့ ပြန်ပြန်သွား၂၀၀/၃၀၀ ဦးရေလောက်ရှိမှာပါ”လို့ ပြောပါတယ်

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း မကွေးတိုင်းပွင်ဖြူမြို့မှာ UECကိုဖျက်သိမ်းပေးဖို့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ထားတာဖြစ်ပါတယ်။

Photo- မင်းသူလှိုင်
#oiceofmyanmar #VOM #စကု #ရွေးကောက်ပွဲကျေနပ်မှုမရှိ #ဆန္ဒဖော်ထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW