ရွှေတောင်မြို့ တပ်မတော်ဆေးရုံမှာ ကိုဗစ်လူနာတစ်ဦး ပထမဆုံးအကြိမ်သေဆုံး

နိုဝင်ဘာ ၃-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်းအနောက်ခြမ်း၊ ရွှေတောင်မြို့နယ် ကုတင်-၁၀၀ တပ်မတော်စစ်ဆေးရုံမှာ Covid-19‌ရောဂါနဲ့ ဆေးကုသမှုခံယူနေရတဲ့ တပ်မတော်မှအငြိမ်းစားဝန်ထမ်း အမျိုးသားတစ်ဦး ဒီကနေ့မနက်ပိုင်းက ပထမဆုံးအကြိမ်သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်‌ရေးဝန်ကြီး ဦးထွန်းထွန်းဦးကပြောပါတယ်။

” တပ်မတော်အငြိမ်းစားဝန်ထမ်းပါ။ ဒီကနေ့မနက်က ဆုံးပါးသွားတာဖြစ်ပြီး စစ်ဘက်ဆိုင်ရာ တပ်မတော်ဆေးရုံမှာကုသနေစဉ် ဆုံးပါးသွားတာပါ။ သေဆုံးခဲ့တဲ့အချိန်က မနက် ၁ နာရီကျော်ကပါ”လို့ ဦးထွန်းထွန်းဦးကပြောပါတယ်။

သေဆုံးအမျိုးသားလူနာဟာ ရွှေတောင်မြို့နယ်၊ အောင်မြေသာ ဆောက်လုပ်ရေးဝင်းမှာနေထိုင်တဲ့ ရွှေတောင် ချည်မျှင်နဲ့ အထည်လိပ်စက်ရုံက(စစ်မှုထမ်းအငြိမ်းစား)ဝန်ထမ်းတစ်ဦးဖြစ်ပြီး နိုဝင်ဘာ၂၄ ရက်နေ့က အနံ့ပျောက်တဲ့အတွက် ခုတင်-၁၀၀ တပ်မတော်စစ်ဆေးရုံကြီးမှာ စစ်ဆေးကုသခဲ့ရာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ အသက် ၆၃ နှစ်အရွယ် ကိုဗစ်လူနာကို ဒီကနေ့နေ့လယ်ပိုင်းက ရွှေတောင်သုခဘုံ-၂ မီးသင်္ဂြိုလ်စက်မှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ရွှေတောင်ပရဟိတနာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ကိုဗစ်လူနာမှာ ရော‌ဂါနောက်ခံ ရှိ၊မရှိ တပ်မ‌တော်စစ်ဆေးရုံဘက်ကို စုံစမ်းမေးမြန်းလို့မရတာကြောင့် မသိရှိရပါဘူး။

ပဲခူးတိုင်းမှာ ဒီကနေ့ ဒီဇင်ဘာ ၃ရက်နေ့ ညနေပိုင်းအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၅၄၉၉ဦးရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အုတ်ဖိုမြို့မှာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။

#voiceofmynmar #VOM #ရွှေတောင် #ကိုဗစ်လူနာ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW