အဓမ္မပြုကျင့်ခံရတဲ့ ဦးဂါရွာသူအမှုက တပ်မတော်သားတွေကို တပ်မတော်အက်ဥပဒေပုဒ်မ ၁၁၄(က)အရ စွဲချက်တင်

ဒီဇင်ဘာ ၄-၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က အဓမ္မပြုကျင့်ခံရတဲ့ ဦးဂါကျေးရွာသူကိစ္စက တပ်မတော်သား ၃ ဦးကို ဒီဇင်ဘာ ၃ရက်နေ့ မနက်ပိုင်းက စစ်တွေတပ်နယ်ရှိ တပ်မတော်စစ်တရားခုံရုံးမှာ စွဲချက်တင်စစ်ဆေးခဲ့တယ်လို့ ကာယကံရှင် ဦးဂါရွာသူနဲ့ အမှုကိုလိုက်ပါဆောင်ရွက်နေသူတွေက ပြောပါတယ်။ စွဲချက်တင်တဲ့အခါမှာ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေပုဒ်မ-၁၁၄(က) အရ တပ်မတော်သား(၃)ဦးကို စွဲချက်တင်ခဲ့တာဖြစ်ပြီး လက်ရှိစွဲချက်တင်ထားတဲ့ ပုဒ်မတွေဟာ ထောင်ဒဏ်(၇) နှစ်အပြင် အဲ့ဒီပုဒ်မထက်များပြားတဲ့ ပြစ်ဒဏ်တွေလည်းပါဝင်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ အသက် (၃၆) နှစ်အရွယ် ဦးဂါရွာသူတစ်ဦးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း အဲ့ဒီအချိန်က ကာယကံရှင်ကိုယ်တိုင်မီဒီယာကို ပြောဆိုထားတာဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာ ကာယကံရှင်ဦးဂါရွာသူဟာ စစ်တွေမြို့မရဲစခန်းမှာ မုဒိမ်းမှုအပါအဝင်ပုဒ်မ (၃) ခုနဲ့ အမှုဖွင့်ထားတာလည်း…

Read More

ကချင်နေရပ်ပြန်စစ်ရှောင်တွေရဲ့  အနာဂါတ်

ရေးသားသူ -သရ   “နှစ်ဘက်စလုံး လာနေတဲ့ နေရာဆိုတော့ နှစ်ဘက်စလုံးက မသင်္ကာဖြစ်ပြီး ရေထဲမှာ ဘာထည့်ထားမှန်း မသိဘူးနော အဲ့ဒီလိုမျိုး စိုးရိမ်တယ်လေ “   ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနား (KBC) စစ်ရှောင်စခန်းမှာ ဆယ်စုနှစ်တစ်ခုစာ နေလာခဲ့ရပြီး သူ့မွေးရပ်မြေကို  ပြန်ရတော့မှာမို့ ဦးမရန်နော်တောင် ဝမ်းသာပေမယ့် စိုးရိမ်စိတ်နဲ့ တွေးဆစွာ တလုံးချင်း ပြောပြနေတာပါ။   ဟိုးတုန်းကနဲ့ မတူတော့တဲ့ သူ့ဇာတိကျေးရွာလေးက ခြုံအတိနဲ့ ပျက်စီးနေတဲ့နေအိမ်တွေ နောက်ပြီး ၂ဖက် လက်နက်ကိုင်တွေ တဖွဲ့ပြီးတဖွဲ့ နေခဲ့လေတော့ ရေတွင်းတွေထဲ သောက်မရအောင် အဆိပ်သို့မဟုတ် တခုခုခပ်ခဲ့မလား သံသယစိတ်ကြောင့် မြင်နေရပေမယ့် မသောက်ရဲတဲ့ ရေတွင်းတွေအကြောင်း  သူတိုမိသားစု အဲ့ဒီရွာလေးကို ပြန်နေတဲ့အခါ အဓိကလိုအပ်မယ့် သောက်သုံးရေးကိစ္စအကြောင်း တွေးပူနေတာပါ။   သူ့မွေးရပ်မြေကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂…

Read More

ရွှေတောင်မြို့ တပ်မတော်ဆေးရုံမှာ ကိုဗစ်လူနာတစ်ဦး ပထမဆုံးအကြိမ်သေဆုံး

နိုဝင်ဘာ ၃-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ ရွှေတောင်မြို့နယ် ကုတင်-၁၀၀ တပ်မတော်စစ်ဆေးရုံမှာ Covid-19‌ရောဂါနဲ့ ဆေးကုသမှုခံယူနေရတဲ့ တပ်မတော်မှအငြိမ်းစားဝန်ထမ်း အမျိုးသားတစ်ဦး ဒီကနေ့မနက်ပိုင်းက ပထမဆုံးအကြိမ်သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်‌ရေးဝန်ကြီး ဦးထွန်းထွန်းဦးကပြောပါတယ်။ ” တပ်မတော်အငြိမ်းစားဝန်ထမ်းပါ။ ဒီကနေ့မနက်က ဆုံးပါးသွားတာဖြစ်ပြီး စစ်ဘက်ဆိုင်ရာ တပ်မတော်ဆေးရုံမှာကုသနေစဉ် ဆုံးပါးသွားတာပါ။ သေဆုံးခဲ့တဲ့အချိန်က မနက် ၁ နာရီကျော်ကပါ”လို့ ဦးထွန်းထွန်းဦးကပြောပါတယ်။ သေဆုံးအမျိုးသားလူနာဟာ ရွှေတောင်မြို့နယ်၊ အောင်မြေသာ ဆောက်လုပ်ရေးဝင်းမှာနေထိုင်တဲ့ ရွှေတောင် ချည်မျှင်နဲ့ အထည်လိပ်စက်ရုံက(စစ်မှုထမ်းအငြိမ်းစား)ဝန်ထမ်းတစ်ဦးဖြစ်ပြီး နိုဝင်ဘာ၂၄ ရက်နေ့က အနံ့ပျောက်တဲ့အတွက် ခုတင်-၁၀၀ တပ်မတော်စစ်ဆေးရုံကြီးမှာ စစ်ဆေးကုသခဲ့ရာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ အသက် ၆၃ နှစ်အရွယ် ကိုဗစ်လူနာကို ဒီကနေ့နေ့လယ်ပိုင်းက ရွှေတောင်သုခဘုံ-၂ မီးသင်္ဂြိုလ်စက်မှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ရွှေတောင်ပရဟိတနာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သေဆုံးခဲ့တဲ့ ကိုဗစ်လူနာမှာ ရော‌ဂါနောက်ခံ ရှိ၊မရှိ တပ်မ‌တော်စစ်ဆေးရုံဘက်ကို…

Read More

တောင်ကြီးမြို့မှာ မီတာဘောက်စ်ကို Viberကနေ ဓာတ်ပုံရိုက်ပို့ပေးရင် ကျသင့်နှုန်းပြန်ပြောပေးမယ်

ဒီဇင်ဘာ ၃-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့ရှိ Stay At Home နဲ့Lock down ဧရိယာအတွင်း နေထိုင်သူတွေဟာ မိမိနေအိမ်ရှိ မီတာဘောက်စ်ကို ဓာတ်ပုံရိုက်ပြီး Viber ကနေ ပို့ပေးပါက ကျသင့်ငွေကို ပြန်လည်ဖြေကြားပေးမယ်လို့ လင်းသီဟလျှပ်စစ်နဲ့ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်ကနေ ကြေညာထားတာဖြစ်ပါတယ်။ “ယူနစ်ဂဏန်းနဲ့ မီတာနံပါတ် သေသေချာချာမြင်ရအောင်တော့ ရိုက်ပို့ပေးဖို့လိုပါတယ်။ ဘေလ်ကိုလည်း ပုံပို့လာတဲ့ သက်ဆိုင်ရာနံပါတ်ကို ပြန်ပို့ပေးပါမှာ။ ဘေလ်ဆောင်ဖို့အတွက်ကိုလည်း ပုံမှန်ဆို ၁၂ လပိုင်း လမကုန်ခင် ဆောင်ရမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့က ၁ လပိုင်း ၃၁ ရက်နေ့အထိ နောက်ဆုတ်ပေးထားပါတယ်။ နိုင်ငံတော်က ကြေညာထားတာကတော့ ၁ လပိုင်း ၂၅ ရက်ထိပါပဲ၊ ကျွန်တော်တို့ကတော့ ရက်ထပ်တိုးပြီး ၃၁ ရက်နေ့ထိ အချိန်ပေးထားပါတယ်၊ ဒါကလည်း အခြေအနေအပေါ်မူတည်ပြီး ထပ်ပြီး ရွှေ့ဖို့လိုသလားကိုတော့ လကုန်ပြီးမှ…

Read More

ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ကို အမှုဖွင့်ခဲ့တဲ့ NLD ဥပဒေအထောက်အကူပြုဥက္ကဋ္ဌ ပုဒ်မ၅၀၅(ခ)နဲ့ ဖမ်းဆီးခံရ

ဒီဇင်ဘာ ၃-၂၀၂၀ အေးချမ်းသူ(VOM) မင်းကင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမောင်မြင့်ကို အမှုဖွင့်တိုင်ကြားထားတဲ့ မြို့နယ်NLDပါတီ ဥပဒေအထောက်အကူပြု ဥက္ကဋ္ဌ ကို ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရသူရဲ့ညီဖြစ်သူ ဦးကျော်မင်းအောင်ကVOMကိုပြောပါတယ်။ “တရားရုံးဖမ်းဝရမ်းနဲ့လာတာဗျ ပုဒ်-၅၀၅(ခ)ပဲပါတယ်။ ကျန်တာတော့ မပါဘူး”လို့ ဦးကျော်မင်းအောင်ကပြောပါတယ်။ မင်းကင်းမြို့နယ် NLDပါတီ ဥပဒေအထောက်အကူပြုဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်ကို ဒီကနေ့မနက် ၁၀ နာရီခွဲက မင်းကင်းမြို့နယ်တရားရုံး ဖမ်းဝရမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးကျော်မင်းထွဋ်ဟာ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စာလှယ် ဦးမောင်မြင့်ကို ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၈(ဂ)နဲ့ မင်းကင်းရဲစခန်းမှာ အမှုဖွင့်ပြီးနောက်ပိုင်း အခုလိုဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်တယ်လို့ ညီဖြစ်သူက ရှင်းပြပါတယ်။ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမောင်မြင့်ဟာ လူမျိုးရေး၊ဘာသာရေးကို ထိခိုက်ပြောဆိုကာ မဲဆွယ်စည်းရုံးခဲ့တာကြောင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ- ၅၈(ဂ)နဲ့ နိုဝင်ဘာလ၂၀ရက်နေ့က မင်းကင်းမြို့မရဲစခန်းမှာ မင်းကင်းမြို့နယ် NLDပါတီ ဥပဒအထောက်အကူပြုအဖွဲ့က အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ မင်းကင်းမြို့နယ်ဟာ ရွေးကောက်ပွဲကာလအတွင်း အပြန်အလှန်အမှုဖွင့်တာတွေရှိခဲ့ပြီး NLDဘက်ကတရားစွဲဆိုမှု ၁၄မှုနဲ့ ပြည်ခိုင်ဖြိုးဘက်က…

Read More

မသန်ပေမယ့် စွမ်းကြသူတွေရဲ့  ရင်တွင်းစကားသံများ

မန္တလေး၊ ဒီဇင်ဘာ- ၃- ၂၀၂၀ ရှိုင်းအောင်(VOM)   ဒီကနေ့  ဒီဇင်ဘာ ၃ ရက်ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပါတယ်။ မသန်စွမ်းသူတွေရဲ့ ရည်ရွယ်ချက်၊ လိုလားချက်တွေ အများဆုံးက ဘာတွေဖြစ်မလည်းဆိုတာကို မြန်မာနိုင်ငံအတွင်းက ဒေသတွေက အောင်မြင်မှုတွေရရှိထားတဲ့ မသန်စွမ်းတွေအပြင် လူ့အခွင့်အရေးလုပ်နေသူတွေ၊ စိတ်ရောဂါအထူးကုတွေ၊ အစိုးရရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မသန်စွမ်းအရေးဦးစားပေးလုပ်နေတဲ့ အရာရှိတွေနဲ့ ရွှေမင်းသားဖေါင်ဒေးရှင်းကလုပ်တဲ့ တိုက်ရိုက်စကားဝိုင်းက ပြောပြချက်တွေကို မသန်စွမ်းသူများ အထိမ်းအမှတ်နေ့မှာ ဂုဏ်ပြုတင်ဆက်ပေးပါရစေ။   အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ နေရာဒေသတွေမှာလည်း နည်းအမျိုးမျိုးနဲ့ ကျင်းပကြမယ်ထင်ပါတယ်။ ကိုဗစ်ကာလမှာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ရဲ့ ဆောင်ပုဒ်ကတော့ “ပိုမိုကောင်းမွန်တဲ့ ကိုဗစ်အလွန် ကမ္ဘာတည်ဆောက်ဖို့ လက်လှမ်းမှီပါဝင်ပြီး ရေရှည်တည့်တံ့စေရန် ကြိုးပမ်းစို့” မသန်စွမ်းသူတွေရဲ့ အနာဂါတ် လှပမယ့် ဆောင်ပုဒ်လှလှလေး ကျနော်တို့ ရရှိထားတဲ့အတွက် ဒီဆောင်ပုဒ်နဲ့ မသန်စွမ်းသူများနေ့တွေကို အနှစ်သာရ…

Read More

စစ်ကိုင်းတိုင်းမှာ ၁ လအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၃၅ ယောက် သေဆုံးပြီး ၁၃၅ ယောက်ဒဏ်ရာရ

ဒီဇင်ဘာ ၃-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ တစ်လထဲ ယာဉ်တိုက်မှု ၁၀၂ မှုဖြစ်ပွားခဲ့တယ်လို့ အမှတ် ၁၇ ယာဉ်ထိန်းရဲတပ်ဖွဲ့ မုံရွာတပ်ဖွဲ့ခွဲရုံးကနေ သိရပါတယ်။ ” ဘာကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားရသလဲဆိုတာ စနစ်တကျ မှတ်တမ်း ရယူပြီး အလာတူ ကိစ္စ ထပ်မံ မဖြစ်ပွားဖို့ လုပ်ဆောင်နေပါတယ် နိုဝင်ဘာလက ယာဉ်မတော်တဆမှု ၁၀၂ မှုရှိတယ် ၊ ယာဉ်မဆင်မခြင်းမောင်းလို့ဖြစ်တာက ၆ မှု ၊ ယာဉ်ချို့ယွင်းတာကြောင့်က ၁ မှု ၊ သာမာန် ဒဏ်ရာရတဲ့ အမှုက ၂၃ မှု ၊ ပြင်ထန်ဒဏ်ရာရတဲ့ အမှုက ၃၉ မှု ၊ လူသေဆုံးမှုက ၃၃ မှုဖြစ်တယ်”လို့ အမှတ်-၁၇ ယာဉ်ထိန်းရဲတပ်ဖွဲ့…

Read More

စလင်းမြို့နယ်နဲ့ ချောက်မြို့နယ်မှာ မြေယာအငြင်းပွားမှုတွေဖြစ်နေ

ဒီဇင်ဘာ ၃-၂၀၂၀ ဂျန်ကိုလ်း (VOM) မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာနဲ့ ချောက်မြို့နယ်၊ ကျောက်ရဲရွာသစ်မှာ တောင်သူတွေမြေယာအငြင်းပွားမှုဖြစ်နေကြတဲ့အတွက် မြို့နယ်က ကွင်းဆင်းစစ်ဆေးနေရတယ်လို့ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ မြေနုကျွန်းဟာ ချောက်မြို့နယ်နဲ့ စလင်းမြို့နယ်ရဲ့နယ်ခြားဒေသဖြစ်ပြီး မြေနုကျွန်းပြဿနာကြောင့်၂၀၁၆ခုနှစ်ကလည်း မြေတိုင်းတာမှု တစ်ခါပြုလုပ်ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ရဲအုပ်စု၊ ရွာသစ်ကျေးရွာနေ ဦးမောင်သောင်းက”စလင်းမြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာနဲ့ ချောက်မြို့နယ်၊ ရွာသစ်ကျေးရွာတို့မြေယာပြဿနာဖြစ်တော့ နှစ်ဖက်မြေစာရင်းတွေ တိုင်းလိုက်တဲ့အခါ ကျွန်တော့်တို့ဘက်ပါတယ်ဆိုတဲ့ သင်္ဘောမြုပ်ကြီးဟာ စလင်းမြို့နယ်ဘက်မှာ တက်တက်စဉ်ကြီးကွာနေပါတယ်၊၂၀၁၆ခုနှစ်မှာလည်းတစ်ခါ တိုင်းပါတယ်၊ တိုင်းတော့လည်း ထိုနည်း၎င်းပါပဲ၊ တာဝန်ရှိလူကြီးတွေနှစ်ဖက်လုံးကို ထွန်ယက်မစိုက်ပျိုးဖို့တားထားတာကို စလင်းမြို့နယ်ဘက်က ကျူးကျော်ဝင်ရောက်ပြီးတော့စိုက်ပျိုးနေတယ်”လို့ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်ကိုပဲ ကျောက်ရဲကျွန်းကျေးရွာနေ ဦးခင်မောင်ဇော်ကလည်း ”မြေနုကျွန်းကိုကျူးကျော်လုပ်နေတာမဟုတ်ပါဘူး၊ ကျွန်တော်တို့ပိုင်တဲ့နယ်နိမိတ်ထဲကိုပဲ လုပ်တာပါ၊ သူတို့မှာ လုပ်စရာမြေနုကျွန်းကမရှိတော့ ဟိုတိုင် ဒီတော လုပ်နေတာပါ၊ ကျွန်တော်တို့ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ကိုယ်နယ်နိမိတ်ထဲ ကိုယ်ထွန်ယက်စိုက်ပျိုးနိုင်တယ်လို့ ပြောပါတယ်၊ အခုလိုမြေနုကျွန်းပြဿနာတွေဖြစ်နေရတာဟာ တာဝန်ရှိသူတွေက ပြတ်ပြတ်သား မဆုံးဖြတ်လို့ဖြစ်နေတာပါ” လို့ ပြောပါတယ်။…

Read More

နျူကလီးယားအစီအစဉ် တိုးမြင့်လုပ်ဆောင်မယ့် ဥပဒေကြမ်း အီရန်ပါလီမန်အတည်ပြု

တီဟီရန်၊ ဒီဇင်ဘာ ၃-၂၀၂၀ မျိုးဆက် (VOM) အီရန်ထိပ်တန်းနျူကလီးယာပညာရှင် လုပ်ကြံသတ်ဖြတ်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံနျူကလီးယား အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်ဖို့ အစိုးရကိုတိုက်တွန်းထားတဲ့ ဥပဒေကြမ်းတစ်ရပ်ကို အီရန်လွှတ်တော်အမတ်တွေက ပါလီမန်မှာအတည်ပြုလိုက်ပါတယ်။ အဲ့ဒီဥပဒေကြမ်းအပေါ် အီရန်အစိုးရကတော့ ထောက်ခံမှုမရှိပါဘူး။ ဒါပေမယ့်ကွန်ဆာဗေးတစ်တွေရဲ့ တောင်းဆိုမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုမိုခက်ခဲတဲ့ အခြေအနေနဲ့ အီရန်အစိုးရရင်ဆိုင်နေရဖွယ်ရှိပါတယ်။ သဘောထားတင်းမာသူတွေဦးဆောင်တဲ့ အီရန်ပါလီမန်က အဲဒီဥပဒေကြမ်းကို ဒီဇင်ဘာ ၁ ရက်မှာ အတည်ပြုခဲ့ပြီး အီရန်အစိုးရအနေနဲ့ ယူရေနီယံသန့်စင်မှုအဆင့်ကို ပိုမိုမြင့်မားစွာလုပ်ဆောင်ဖို့နဲ့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)ရဲ့ ကြားဖြတ်စစ်ဆေးမှုတွေကို ဆိုင်းငံ့ထားဖို့ တိုက်တွန်းထားပါတယ်။ ဥပဒေကြမ်းပါ ပြဌာန်းချက်တွေဟာ အဓိကဥရောပနိုင်ငံတွေနဲ့ ရုရှားတို့အပါအဝင် ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ကို ချိုးဖောက်နေပါတယ်။ နျူကလီးယားသဘောတူစာချုပ်ကို ထိန်းသိမ်းလိုတဲ့ သဘောထားအလယ်အလတ်ရှိတဲ့ သမ္မတရူဟာနီရဲ့ အီရန်အစိုးရက လွှတ်တော်အမတ်တွေလုပ်ဆောင်မှုကို ဝေဖန်ခဲ့ပြီး ဥပဒေကြမ်းကြောင့် ရလဒ်ကောင်းတွေ မရရှိနိုင်ဘူးလို့ဆိုပါတယ်။ အဲဒီဥပဒေကြမ်းဟာ…

Read More

မဲလိမ်မဲခိုးမှုတွေဖော်ထုတ်ဖို့ လွတ်လပ်သောကော်မရှင်ဖွဲ့စည်းပေးရေး ဆန္ဒပြတောင်းဆို

ဒီဇင်ဘာ ၃-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာဘောလုံးကွင်းမှာ ဒီကနေ့မနက်ပိုင်းက မဲလိမ်မဲခိုးမှုတွေဖော်ထုတ်ဖို့အတွက် လွတ်လပ်သောကော်မရှင်ဖွဲ့စည်းပေးရေး ဆန္ဒဖော် ထုတ်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ကြသူတွေဟာ အင်အား၂၀ခန့်နဲ့ ဝန်းရံသူ ၅၀ခန့်ရှိပြီး “မဲလိမ်မဲခိုးဖော်ထုတ်ပေးရေး(ဒို့အရေး)”၊ “လွပ်လပ်မျှတသော စီစစ်ရေးကော်မရှင်ဖွဲ့စည်းပေးရေး(ဒို့အရေး)” “ပြည်သူ့ဆန္ဒအမှန်ဖော်ထုတ်ပေးရေး(ဒို့အရေး)”၊ “တရားမျှတမှုမရှိသောရွေးကောက်ပွဲရလဒ်အလိုမရှိ ” စတဲ့ စာသားတွေပါဆိုင်းဘုတ်တွေကိုင်ကာ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဦးသန်းနိူင်ဦးက “ပြည်သူ့ဆန္ဒအမှန်ရရှိရေးအတွက် မဲလိမ်မှုမဲခိုးမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့၊ လွတ်လပ်ပြီးတရားမျှတဲ့ ကော်မရှင်ဖွဲ့စည်းပေးဖို့ ရည်ရွယ်ချက်နဲ့ဆန္ဒပြတာပါ”လို့ ပြောပါတယ်။ မကြာသေးခင်ရက်ပိုင်းကလည်း ရန်ကုန်တိုင်းအတွင်း အင်းစိန်၊တောင်ဒဂုံ၊ဆူးလေ၊ဒလ၊ ရွှေပြည်သာမြို့တို့မှာ ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိတဲ့သူတွေနဲ့ပြည်ခိုင်ဖြိုးပါတီတို့မှ ဆန္ဒဖော်ထုတ်တာတွေပြုလုပ်ခဲ့ကြပြီး ဦးဆောင်သူတွေလည်း တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲ #ဆန္ဒပြ

Read More
VOM News

FREE
VIEW