နိုင်ဂျီးရီးယားရှိ စာသင်ကျောင်းကို သေနတ်သမားတွေဝင်စီး၊ ကျောင်းသားရာပေါင်းများစွာ ပျောက်ဆုံးနေ

အဘူဂျာ၊ ဒီဇင်ဘာ-၁၃-၂၀၂၀
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အလယ်တန်းကျောင်းတစ်ကျောင်းကို သေနတ်သမားတွေ ဝင်ရောက်စီးနှင်းပြီးနောက် ကျောင်းသားရာပေါင်းများစွာ ပျောက်ဆုံးနေပါတယ်။

သေနတ်သမားတွေဟာ မော်တော်ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာချိန်မှာ လူတွေထွက်ပြေးတာကြောင့် သေနတ်တွေကို လေထဲကို ပစ်ဖောက်ခဲ့ကြပါတယ်။

သူတို့ဟာ ကတ်စီနာပြည်နယ်ရှိ ကျောင်းသား ၈၀၀ ကျော်တက်ရောက်နေတဲ့ အစိုးရရဲ့သိပ္ပံ အလယ်တန်းကျောင်းကို ဒီဇင်ဘာ ၁၀ ရက်ညနေပိုင်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ သေနတ်သမားတွေ ပုန်းအောင်းနေတဲ့ တောအုပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ နိုင်ဂျီးရီးယားစစ်ဘက်က ပြောပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေ မသေချာသေးပေမယ့် ကျောင်းသားတွေ ထိခိုက်သေဆုံးတဲ့ သတင်းမကြားရသေးပါဘူး။

ဒီတိုက်ခိုက်နဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီက ပြစ်တင်ရှုတ်ချလိုက်ပြီး ပျောက်ဆုံးနေတဲ့ ကျောင်းသားတွေကို ရှာဖွေဖို့ အမိန့်ထုတ်ထားပါတယ်။

Ref: BBC
Photo: GAIL KANKARA
#voiceofmyanmar #VOM #အဘူဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW