ဒါကာ၊ ဒီဇင်ဘာ ၁၈-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယကဦးဆောင်စီစဉ်နေတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်းမှာ ဘင်္ဂါလားဒေ့ရှ်အနေနဲ့ ပါဝင်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက အိန္ဒိယဝန်ကြီးချုပ်မိုဒီကို ပြောကြားလိုက်ပါတယ်။ အဲ့ဒီစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ပိုးလမ်းမစီမံကိန်းအပေါ် အိန္ဒိယနိုင်ငံရဲ့ တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံရေးအကဲခတ်တွေက ရှုမြင်ထားကြပါတယ်။ ပိုးလမ်းမစီမံကိန်းကတော့ တရုတ်နိုင်ငံကို အရှေ့တောင်အာရှ၊ တောင်အာရှနဲ့အခြားဒေသတွေနဲ့ ကုန်သွယ်ရေး ဆက်သွယ်ကူးလူးနိုင်ဖို့ ဆိပ်ကမ်း၊ ရထားလမ်းနဲ့ ကားလမ်းတွေ ချိတ်ဆက်တည်ဆောက်မှာဖြစ်ပါတယ်။ အိန္ဒိယဦးဆောင်တဲ့ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကတော့ သူ့ရဲ့အရှေ့မျှော်မူဝါဒရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသ၊ အာရှပစိတ်ဖိတ်ဒေသတွေနဲ့ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ အိန္ဒိယနိုင်ငံက ကြိုးစားနေတာဖြစ်ပါတယ်။ ကီလိုမီတာ ၁၃၆၀ အရှည်ရှိတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးဟာ ဒေါ်လာသန်း ၁၄၀ တန်ကြေးရှိပြီး အိန္ဒိယနိုင်ငံအရှေ့ပိုင်း မဏိပူရပြည်နယ်ရှိ မိုရေးကို ထိုင်းနိုင်ငံမဲဆောက်နဲ့ မြန်မာနိုင်ငံမှတစ်ဆင့် ဆက်သွယ်ဖို့ ရည်ရွယ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်…
Read MoreDay: December 18, 2020
ပထမဦးဆုံး ရန်ကုန် – ကျိုက်ထီးရိုး – ဘားအံ့- ရန်ကုန်ခရီးစဉ် လေယာဉ်အနိမ့် ပျံသန်းမယ်
ဒီဇင်ဘာ ၁၈-၂၀၂၀ ယဉ်ပပထွန်း ( VOM) မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် အနိမ့်ပျံသန်းမယ့် ရန်ကုန် -ကျိူက်ထီးရိုး – ဘားအံံ့ – ရန်ကုန်ခရီးစဉ်ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့ မြန်မာအမျိုးသားလေကြောင်းရဲ ့ATR-72 လေယာဉ်နဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်(၉ )နာရီကနေ စတင်ပျံသန်းသွားမှာဖြစ်ပါတယ်။ ပျံသန်းရာမှာ ရန်ကုန်လေဆိပ်ကနေ ကျိုက်ထီးရိုး – ဘားအံ ဝန်းကျင်တစ်ဝိုက်အထိ အမြင့်ပေ ၃၀၀၀ ခန့်မှပျံသန်းကာ ရန်ကုန်လေဆိပ်ကို ပြန်လည်ဆင်းသက်မှာ ဖြစ်ပါတယ်။ ပျံသန်းနေချိန်အတွင်းမှာ ဘားအံ့ တစ်ဝိုက်ရှိ ကောင်းကင်မှ ရှုခင်းအလှအပများကြည့်နိုင်မှာဖြစ်သလို ကျိုက်ထီးရိုးစေတီတော်ကြီးကိုလည်း ကောင်းကင်ကနေ ဖူးမျှော်ကြည်ညိုနိုင်ဖို့အတွက် စေတီတော်တစ်ဝိုက်ပတ်ပြီး ပျံသန်းပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ” ခရီးစဉ်က နေ တိုင်းမထွက်ပါဘူး ။ လေယာဉ်ကိုတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက စင်းလုံးဌာနက ပျံသန်းတာဖြစ်ပါတယ်။ ကျနော်တို့နဲ့ သူတို့အသင်းနဲ့ပူးပေါင်းပြီးလုပ်တာပါ”လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းတာ တာဝန်ရှိသူတစ်ဦးကပြောပါတယ်…
Read Moreမောင်တောအခြေစိုက် DMG သတင်းထောက်တစ်ဦး ပုဒ်မ-၆၆(ဃ) နဲ့ အမှုဖွင့်ခံရ
ဒီဇင်ဘာ ၁၈- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group(DMG)က မောင်တော်မြို့နယ် အခြေစိုက်သတင်းထောက်တစ်ဦးကို လမ်းတံတားအထူးအဖွဲ့မှ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) နဲ့ မောင်တော်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ DMG သတင်းဌာနက ဒီကနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ နေ့က DMG သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ မောင်တောခရိုင် (၃) မိုင် လမ်းတံတားကို ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီဖြစ်တဲ့ သတင်းနဲ့ပတ်သက်ပြီး လမ်းတံတားအထူးအဖွဲ့က အင်ဂျင်နီယာ တစ်ဦးနဲ့ ခရီးသည်တင်ကား ယာဉ်မောင်းတစ်ဦးတို့ကို အသံစုံစုံနဲ့ ဖော်ပြပေမယ့် တံတားကို ပြန်လည်ပြုပြင်ရာမှာ သစ်တန်ချိန် (၃၀) လောက်ကုန်သွားပြီဖြစ်တယ်လို့ ဖြေကြားခဲ့တာမရှိဘဲ သတင်းမှာဖော်ပြတယ်ဆိုပြီး မောင်တောအခြေစိုက်သတင်းထောက်ကို အမှုဖွင့်တရားစွဲဆိုခံထားရတာဖြစ်တယ်လို့ DMG သတင်းဌာနကနေ သိရပါတယ်။ DMG သတင်းဌာန ဒု-တာဝန်ခံအယ်ဒီတာ ဦးနေဝင်းစံကတော့ “အဲဒီ သတင်းမှာပါတဲ့…
Read Moreဗစ်တိုးရီးယားအမှုမှာ မှားဖမ်းခံရတဲ့ ကိုအောင်ကြီးက နစ်နာကြေးငွေ သိန်း ၅၀၀၀ ရလိုမှုနဲ့ တရားစွဲထားတဲ့အမှု ပထမဆုံးရုံးချိန်
နေပြည်တော်၊ ဒီဇင်ဘာ- ၁၈- ၂၀၂၀ တာတီး(VOM) နေပြည်တော်က ဗစ်တိုးရီးယားအမှုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကိုအောင်ကြီးကို မှားယွင်းဖမ်းဆီးခဲ့တဲ့အတွက် နစ်နာကြေး သိန်း ၅ထောင်ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲခဲ့တဲ့ ကိုအောင်ကြီးရဲ့ ပထမဆုံးရုံးချိန်းကို ဒက္ခိဏခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “ဒီကနေ့ကျွန်တော်တို့တင်တဲ့အဆိုလွှာမှာအကျအပေါက်၊ အတိမ်းအစောင်းမရှိဘူးလို့ တရားရုံးကဆုံးဖြတ်ပါတယ်၊ အကျအပေါက်အတိမ်းအစောင်းမရှိတဲ့အတွက်ကြောင့် အဆိုလွှာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပို့ပြီးတော့ တရားမမှုတွေရဲ့ သဘောသဘာဝအရ ငြင်းချက်သမ္မာန်စာတစ်ဖက်ကိုထုတ်ရတယ်၊ အဆိုလွှာနဲ့တွဲပြီးငြင်းချက်သမ္မာန်စာထုတ်ရတယ်၊ ချိန်းတဲ့နေ့မှာငြင်းဆိုမယ်ဆိုရင်ခင်ဗျားသော်၎င်း၊ကိုယ်စားလှယိသော်၎င်းရှေ့နေသော်၎င်း၊တရားရုံးကိုခြေပလွှာတင်ပါဆိုပြီးတရားရုံးကတစ်ဖက်ကိုငြင်းချက်သမ္မာန်စာထုတ်ရပါတယ်၊ အဲလိုဖြစ်စဉ်တွေရှိလို့ တရားရုံးကအမိန့်ချလိုက်ပြီ ။ ရဲချုပ်ကိုဦးတည်ပြီးတော့ တရားရုံးကအမိန့်ဒီနေ့ထုတ်ပါပြီ၊ ဘယ်သူလာမယ်ဆိုတာတော့မသိဘူး၊ကျွန်တော်တို့ကစွဲထားတာကမြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့ရဲ့ဦးစီးဦးဆောင်ကရဲချူပ်ပေါ့နော်..သူကတော့တစ်ယောက်ယောက်ကိုတာဝန်ပေးမယ်ပေါ့နော်ဘယ်လိုဖြစ်ဖြစ်တရားရုံးကဆင့်ခေါ်ပြီဖြစ်တဲ့အတွက် လာရမယ်.လာရမယ့်နေ့က ဇန်နဝါရီ ၁၅ ရက်နေ့ဖြစ်ပါတယ်၊” “လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ တရားရုံးက ငြင်းချက်ထုတ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဆင့်ခေါ်စာထုတ်ဖို့ဆုံးဖြတ်ခဲ့ပြီး ရုံးချိန်းကိုတော့ ဇန်နဝါရီ ၁၅ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ကာယကံရှင် ကိုအောင်ကြီးကတော့ အမှုမဖြစ်ခင်နေရတဲ့ပုံစံနဲ့…
Read Moreကျိုက်ထိုမှာ အထောက်အထားမဲ့သူ ၇ ဦးနဲ့ ငွေကြေးယူပြီး ပို့ဆောင်သူ ရဲအရာရှိဆိုသူနဲ့ ယာဉ်မောင်းတို့ကို ဖမ်းမိ
ဒီဇင်ဘာ ၁၈-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံစုကျေးရွာအုပ်စု၊ ကမ်းနီရွာအနီး ရန်ကုန် -မော်လမြိုင်ကားလမ်းပေါ်မှာ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက မော်တော်ယာဉ်တိမ်းမှောက်ရာကနေ အထောက်အထားမဲ့သူ ၇ ဦးကို အခကြေးငွေယူ ပို့ဆောင်ပေးခဲ့တဲ့ ရဲအရာရှိဆိုသူနဲ့အဖော်လိုက်ပါလာသူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိမ်ဇရပ်မြို့အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ” အသေးစိတ်အချက်လက်တွေကိုတော့ စခန်းသာမေးလိုက်ပါ၊ မနေ့ညနေက တရားမဝင် အထောက်အထားမဲ့သူ ၇ ဦးနဲ့ လိုက်ပို့ဆောင်ပေးတဲ့သူကို ဖမ်းမိခဲ့တာပါ။ ဒီအတိုင်းပဲ သတင်းရထားပါတယ်”လို့ သိမ်ဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် ၉၀ အကျော်မှာ မော်တော်ယာဉ် ၁ စီး တိမ်းမှောက်သွားကြောင်းသတင်းအရ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာကနေ မော်လမြိုင်ကို ပို့ဆောင်ပေးဖို့ ဒု-ရဲအုပ်ဆိုသူ ရဲဝင်းအောင်၊ ဖာရွက်(ခ)အရှည်ကြီး(ခ)အောင်အောင်နဲ့ ယာဉ်မောင်း ဦးတင်ဝင်းဆိုသူတို့က RAV-4…
Read Moreဘုန်းကြီးကျောင်းအနောက်ဘက် ချောက်ထဲကနေ ကိုရင်တစ်ပါး အလောင်းတွေ့
ဒီဇင်ဘာ ၁၈-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မြစင်္ကြာဘုန်းကြီးကျောင်းအနောက်ဘက် ချောက်ထဲမှာ ကိုရင်တစ်ပါးအလောင်းကို တွေ့ရှိခဲ့တဲ့ဖြစ်စဉ် မနေ့ ဒီဇင်ဘာ ၁၇ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “သတင်းပေးပေးချင်း ကျွန်တော်တို့ရှာတဲ့အခါတော့ တန်းမတွေ့ဘူးဗျ။ ၁၂ခွဲလောက်မှ တွေ့တာ။ တကယ့်ချုံကြီးတွေထဲကတွေ့တာ၊ လူသွားတာတောင်မနည်းသွားရတယ်။ ကျွန်တော်တို့အထင်က အပေါ်ကနေပြုတ်ကျတယ်။ ဖိနပ်တစ်ဖက်ကအပေါ်မှာ ဖိနပ်တစ်ဖက်ကအောက်မှာ။ လျှောပြီးပြုတ်ကျတာပေါ့။ တင်ပါးတွေမှာလည်း ပွန်းနေတာ။ အောက်ရောက်တော့ ဇတ်ကျိုးသွားတယ်လို့ ကျွန်တော်တို့အနေနဲ့ယူဆရတယ်၊ ဆရာတော်နဲ့ပြောကြည့်တဲ့အခါမှာတော့ ဒီကိုယ်တော်ကပျောက်နေတာ သုံးရက်လောက်ရှိပြီ။ ၁၄ရက်နေ့ ဥပုသ်နေ့က ဘောလုံးကစားရင်း ပျောက်သွားတာ။ အဲ့ဒီကျောင်းပေါ်မှာဘောလုံးကစားရင်းပျောက်သွားတယ်လို့ကြားတယ်။ လူပျောက်တိုင်တယ်လို့တော့မကြားဘူး။ ဆရာတော်ကိုမေးကြည့်တဲ့အခါမှာတော့ ဒီကိုယ်တော်ဟာမကြာခဏ အိမ်ပြန်လေ့ရှိတယ်။ ဒီလိုပဲဘောလုံးကန်ရင်းနဲ့ သူ့အိမ်ပြန်သွားလိုက်၊ပြန်လာလိုက်နဲ့မို့ သူပျောက်သွားတဲ့အချိန်မှာ သတိမထားမိဘူး။ သူ့အိမ်ပြန်သွားတာလို့ပဲ ထင်တာပေါ့။ ကျွန်တော်တို့အလောင်းသယ်ခါမှ သူတို့ကျောင်းက ကိုရင်မှန်းသိတာ”လို့ ချမ်းမြသာစည်ရပ်ကွက် နယ်ထိန်း ရဲတပ်သား အောင်ကိုကိုထွန်းက ပြောပါတယ်။ ကိုရင်ရဲ့ အလောင်းကို အေးသာယာရပ်ကွက်-၃…
Read More