အီသီယိုပီးယားမှာ လက်နက်ကိုင်တွေက လူ ၁၀၀ ကျော်ကို သတ်ဖြတ်

အာဒစ်အာဘာဘာ၊ ဒီဇင်ဘာ-၂၄-၂၀၂၀
မျိုးဆက် (VOM)

အီသီယိုးပီးယားနိုင်ငံ အနောက်ပိုင်းရှိ ကျေးရွာတစ်ရွာမှာ အမည်မသိလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးသွားတယ်လို့ အီသီယိုပီးယား လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် လူ ၃၀ ကျော်ကိုဆေးရုံတင်ပို့ထားပြီး သူတို့ထဲကအချို့ဟာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ အခြေအနေရှိတယ်လို့ ဒေသခံဆေးခန်းမှ သူနာပြုတစ်ဦးကပြောပါတယ်။

သေဆုံးသူအချို့ဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး အချို့ကတော့ ဓါးထိုးခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။

ဘန်နစ်ရှင်ဂူ-ဂူမုဇ်ဒေသမှာ ဒီဇင်ဘာ ၂၃ ရက်ကဖြစ်ပွားတဲ့ တိုက်ခိုက်မှုဟာ အဲ့ဒီဒေသကို ဝန်ကြီးချုပ် အာဘီယာအာမက် သွားရောက်ပြီးနောက်တစ်ရက်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုဟာ တိုင်းရင်းသားမျိုးနွယ်စုတွေနေထိုင်ကြတဲ့ ဘီကိုဂျီကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ အီသီယိုပီးယား လူ့အခွင့်အရေး ကော်မရှင်ကပြောပါတယ်။

တိုက်ခိုက်မှုအတွင်း လက်နက်ကိုင်တွေဟာ လူ ၁၀၀ ကျော်ကို မီးရှို့တာတွေ၊ သေနတ်နဲ့ပစ်ပြီး သတ်ခဲ့တာလို့ ကော်မရှင်ကဆိုပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကိုဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြစ်တင်ပြောဆိုထားပါတယ်။

Ref : BBC
#voiceofmyanmar #VOM #အာဒစ်အာဘာဘာ

Related posts

Leave a Comment

VOM News

FREE
VIEW