မလေးရှားကနေ ထိုင်းကိုခိုးဝင်တဲ့ မြန်မာလုပ်သားတွေ အဖမ်းခံရ

ဘန်ကောက်၊ ဒီဇင်ဘာ-၂၆-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံထဲကို ဆန်ဂိုင်ကိုလော့မြစ်ကိုဖြတ်ပြီး တရားမဝင် ဝင်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံက ငါးဖမ်းလှေတွေမှာ အလုပ်လုပ်ကိုင်ခဲ့ကြတဲ့ မြန်မာလုပ်သား ၁၁ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

သူတို့မှာ တရားဝင်ခရီးသွားထောက်ခံချက် စာရွက်စာတမ်းတွေမပါရှိဘူးလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

သူတို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရခြင်းရှိ၊မရှိ စစ်ဆေးမှာဖြစ်ပြီး လက်ရှိအချိန်ထိ ဘယ်သူမှ ဖျားနာတာမျိုးမရှိဘူးလို့ ပြောပါတယ်။

မလေးရှားကနေ ခိုးဝင်လာတဲ့မြန်မာလုပ်သားတွေကို ဆန်ဂိုင်ကိုလော့ခရိုင်မှူး Rungruang Thimabut ဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဆိပ်ခံတံတားတစ်စင်းကတစ်ဆင့် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားအဖွဲ့ကို ဒေသခံတစ်ဦးကတွေ့ရှိပြီးနောက် သူတို့ကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့တာလို့ ဆန်ဂိုင်ကိုလော့ခရိုင်မှူးက ပြောပါတယ်။

မြန်မာလုပ်သားတွေဟာ မလေးရှားနိုင်ငံက ငါးဖမ်းလှေတွေမှာ အလုပ်လုပ်ကိုင်ခဲ့ကြတယ်လို့ သူကဆိုပါတယ်။

မလေးရှားနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ နှံ့မှုတွေကြောင့် အလုပ်အကိုင်ပွဲစားတွေဟာ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံအတွင်း မှောင်ခိုခိုးသွင်းမှုတွေရှိနေတယ်လို့ ခရိုင်မှူး Rungruang Thimabut ကပြောပါတယ်။

Ref: Bangkok
Photo: The Nation
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW